ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ဒီသတင္းၾကားၾကားျခင္း အရမ္းပဲစိတ္မေကာင္းျဖစ္မိပါတယ္။ စာဖတ္သူေတြထဲ ဟယ္ရီေပၚတာ ပရိသတ္​ေတြပါမယ္ဆိုရင္ ဒါဟာဝမ္းနည္းဖြယ္သတင္းတစ္ပုဒ္ျဖစ္မွာ အေသအခ်ာပါ။ ဘာ့ေၾကာင့္လဲဆိုေတာ့ ဟယ္ရီေပၚတာခ်စ္သူေတြဟာ သူတို႔ခ်စ္ရတဲ့ ေမွာ္တုတ္တံ (wand) ထုတ္လုပ္သူ အိုလီဗန္ဒါတစ္ျဖစ္လဲ ဂြၽန္ဟတ္ကို ဆုံးရႈံးထားတာ မၾကာေသးလို႔ပါ။ အခုလည္း ဝန္ႀကီးဖ်ဴ႕စ္က သူတို႔ကို ထားသြားျပန္ၿပီေလ။

ေကာ္နီလီးယပ္စ္ဖ်ဳ႕စ္ တစ္ျဖစ္လဲ ေရာဘတ္ဟာဒီဟာ ၁၉၂၅ ေအာက္တိုဘာ ၂၉မွာ ေမြးဖြားခဲ့ၿပီး ၂၀၁၇ ၾသဂုတ္လ ၃ရက္ေန႔မွာ ေသဆုံးခဲ့ပါတယ္။ ကြယ္လြန္ခ်ိန္မွာ အသက္ ၉၁ႏွစ္ရွိေနၿပီျဖစ္ၿပီး လူႀကီးေရာဂါနဲ႔ပဲ ေသဆုံးသြားခဲ့တယ္လို႔ ဆိုပါတယ္။ ေရာဘတ္ဟာ အႏုပညာနယ္ပယ္မွာ အႏွစ္ ၇၀ေက်ာ္က်င္လည္ခဲ့သူျဖစ္ၿပီး ထူးခြၽန္ထက္ျမက္ကာ လူတိုင္းခ်ီးက်ဴးရတဲ့ မင္းသားတစ္လက္ျဖစ္ပါတယ္။ သူ႔ရဲ႕အႏုပညာဘဝအစမွာေတာ့ ရွိတ္စပီးယားျပဇာတ္ေတြ၊ ႐ုပ္ရွင္ေတြမွာ သ႐ုပ္ေဆာင္ခဲ့ပါတယ္။

ေနာက္ပိုင္းမွာ သူဟာ ဇာတ္ကားေျမာက္ျမားစြာ အစီအစဥ္ေျမာက္ျမားစြာမွာ ပါဝင္တင္ဆက္ခဲ့ၿပီး BBC ရဲ႕အေအာင္ျမင္ဆုံး Series ေတြထဲကတစ္ခုျဖစ္တဲ့ All Creatures Great and Smallမွာ သ႐ုပ္ေဆာင္ခဲ့ၿပီးေနာက္ ပိုၿပီးလူသိမ်ားထင္ရွားလာပါတယ္။ ေရာဘတ္ဟာ ဝင္စတန္ခ်ာခ်ီ(Winston Churchill)ကို အလြန္ေလးစားသူျဖစ္ၿပီး ခ်ာခ်ီရဲ႕မိန႔္ခြန္းေတြကို အခ်ိန္ျပည့္နားေထာင္ေနေလ့ရွိသူပါ။ ခ်ာခ်ီအေၾကာင္း ျပဇာတ္ေတြ ႐ုပ္ရွင္ေတြမွာလည္း သ႐ုပ္ေဆာင္ခဲ့ပါေသးတယ္။ သူ႔ကိုပိုထင္ရွားလာေစတဲ့ ဇာတ္ေကာင္ကေတာ့ ဟယ္ရီေပၚတာကားေတြထဲက ေခါင္းခပ္မာမာနဲ႔ ဝန္ႀကီးေကာ္နီလီးယပ္စ္ဖ်ဳ႕စ္ ကာ႐ိုက္တာပဲျဖစ္ပါတယ္။ ဇာတ္ကားကို ပိုအသက္ဝင္ေစဖို႔နဲ႔ အလွည့္အေျပာင္းေနရာေတြမွာဆိုရင္ အေရးႀကီးတဲ့ေနရာေတြမွာ ပိုင္ပိုင္ႏိုင္ႏိုင္ သ႐ုပ္ေဆာင္ႏိုင္ခဲ့သူျဖစ္ပါတယ္။

ဟယ္ရီေပၚတာပရိသတ္​ေတြကေတာ့ လူဆိုးျဖစ္ျဖစ္ လူေကာင္းျဖစ္ျဖစ္ ဇာတ္ေကာင္ေတြအကုန္လုံးကို ခ်စ္ျမတ္ႏိုးၾကသူေတြခ်ည္းပါ။ အခုလို ႐ုတ္တရက္ သတင္းဟာ တစ္ကမာၻလုံးက ေရာဘတ္ကိုခ်စ္ၾကတဲ့ ၊ ေခါင္းမာတဲ့ဝန္ႀကီး ေကာ္နီလီးယပ္စ္ကိုခ်စ္ၾကတဲ့ ပရိသတ္ေတြအတြက္ ေၾကကြဲဖြယ္သတင္းတစ္ခုလို႔ဆိုရင္ မမွားႏိုင္ပါဘူး။ ဟယ္ရီေပၚတာကားေတြမွာ ပါစီ​ေဝစေလ (Percy Weasley) အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ သ႐ုပ္ေဆာင္ ခရစ္စ္ရန္ကင္ (chris Rankin)က “ BBC က ေမွာ္ဝန္ႀကီးဌာနရဲ႕ ဝန္ႀကီးေရာဘတ္ဟာဒီ ကြယ္လြန္သြားၿပီလို႔ေျပာပါတယ္။ ဒါဟာအရမ္​းဝမ္းနည္းဖြယ္ေကာင္းတဲ့ ကိစၥပါ။ သူက အံၾသစရာပုံျပင္ေတြကို ေျပာျပတတ္တဲ့ အရမ္းၾကင္နာတတ္သူတစ္ေယာက္ပါ။”လို႔ သူ႔ရဲ႕တြစ္တာအေကာင့္မွာ တင္ခဲ့ပါတယ္။


Ref:Pottermore; “British actor Robert Hardy has died, aged 91”

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Sophia (yoyarlay)


#Unicode Version#
ဒီသတင်းကြားကြားခြင်း အရမ်းပဲစိတ်မကောင်းဖြစ်မိပါတယ်။ စာဖတ်သူတွေထဲ ဟယ်ရီပေါ်တာ ပရိသတ်တွေပါမယ်ဆိုရင် ဒါဟာဝမ်းနည်းဖွယ်သတင်းတစ်ပုဒ်ဖြစ်မှာ အသေအချာပါ။ ဘာ့ကြောင့်လဲဆိုတော့ ဟယ်ရီပေါ်တာချစ်သူတွေဟာ သူတို့ချစ်ရတဲ့ မှော်တုတ်တံ (wand) ထုတ်လုပ်သူ အိုလီဗန်ဒါတစ်ဖြစ်လဲ ဂျွန်ဟတ်ကို ဆုံးရှုံးထားတာ မကြာသေးလို့ပါ။ အခုလည်း ဝန်ကြီးဖျူ့စ်က သူတို့ကို ထားသွားပြန်ပြီလေ။

ကော်နီလီးယပ်စ်ဖျု့စ် တစ်ဖြစ်လဲ ရောဘတ်ဟာဒီဟာ ၁၉၂၅ အောက်တိုဘာ ၂၉မှာ မွေးဖွားခဲ့ပြီး ၂၀၁၇ သြဂုတ်လ ၃ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၁နှစ်ရှိနေပြီဖြစ်ပြီး လူကြီးရောဂါနဲ့ပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ ရောဘတ်ဟာ အနုပညာနယ်ပယ်မှာ အနှစ် ၇၀ကျော်ကျင်လည်ခဲ့သူဖြစ်ပြီး ထူးချွန်ထက်မြက်ကာ လူတိုင်းချီးကျူးရတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ သူ့ရဲ့အနုပညာဘဝအစမှာတော့ ရှိတ်စပီးယားပြဇာတ်တွေ၊ ရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ သူဟာ ဇာတ်ကားမြောက်မြားစွာ အစီအစဉ်မြောက်မြားစွာမှာ ပါဝင်တင်ဆက်ခဲ့ပြီး BBC ရဲ့အအောင်မြင်ဆုံး Series တွေထဲကတစ်ခုဖြစ်တဲ့ All Creatures Great and Smallမှာ သရုပ်ဆောင်ခဲ့ပြီးနောက် ပိုပြီးလူသိများထင်ရှားလာပါတယ်။ ရောဘတ်ဟာ ဝင်စတန်ချာချီ(Winston Churchill)ကို အလွန်လေးစားသူဖြစ်ပြီး ချာချီရဲ့မိန့်ခွန်းတွေကို အချိန်ပြည့်နားထောင်နေလေ့ရှိသူပါ။ ချာချီအကြောင်း ပြဇာတ်တွေ ရုပ်ရှင်တွေမှာလည်း သရုပ်ဆောင်ခဲ့ပါသေးတယ်။ သူ့ကိုပိုထင်ရှားလာစေတဲ့ ဇာတ်ကောင်ကတော့ ဟယ်ရီပေါ်တာကားတွေထဲက ခေါင်းခပ်မာမာနဲ့ ဝန်ကြီးကော်နီလီးယပ်စ်ဖျု့စ် ကာရိုက်တာပဲဖြစ်ပါတယ်။ ဇာတ်ကားကို ပိုအသက်ဝင်စေဖို့နဲ့ အလှည့်အပြောင်းနေရာတွေမှာဆိုရင် အရေးကြီးတဲ့နေရာတွေမှာ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။

ဟယ်ရီပေါ်တာပရိသတ်တွေကတော့ လူဆိုးဖြစ်ဖြစ် လူကောင်းဖြစ်ဖြစ် ဇာတ်ကောင်တွေအကုန်လုံးကို ချစ်မြတ်နိုးကြသူတွေချည်းပါ။ အခုလို ရုတ်တရက် သတင်းဟာ တစ်ကမ္ဘာလုံးက ရောဘတ်ကိုချစ်ကြတဲ့ ၊ ခေါင်းမာတဲ့ဝန်ကြီး ကော်နီလီးယပ်စ်ကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် ကြေကွဲဖွယ်သတင်းတစ်ခုလို့ဆိုရင် မမှားနိုင်ပါဘူး။ ဟယ်ရီပေါ်တာကားတွေမှာ ပါစီဝေစလေ (Percy Weasley) အဖြစ် သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် ခရစ်စ်ရန်ကင် (chris Rankin)က “ BBC က မှော်ဝန်ကြီးဌာနရဲ့ ဝန်ကြီးရောဘတ်ဟာဒီ ကွယ်လွန်သွားပြီလို့ပြောပါတယ်။ ဒါဟာအရမ်းဝမ်းနည်းဖွယ်ကောင်းတဲ့ ကိစ္စပါ။ သူက အံသြစရာပုံပြင်တွေကို ပြောပြတတ်တဲ့ အရမ်းကြင်နာတတ်သူတစ်ယောက်ပါ။”လို့ သူ့ရဲ့တွစ်တာအကောင့်မှာ တင်ခဲ့ပါတယ်။


Ref:Pottermore; “British actor Robert Hardy has died, aged 91”

ဖိုးသူတော် (www.phothutaw.com)
Credit: Sophia (yoyarlay)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top