ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဖုန္းတစ္လံုးဟာ အခန္ ့မသင့္ရင္ ဗံုးတစ္လံုးျဖစ္သြားႏိုင္တယ္ဆိုတဲ့ အသိကို ေဘာင္းဘီအိတ္ထဲ Redmi Note 4 ထည့္ျပီး ဆိုင္ကယ္စီးစဥ္ မီးေလာင္ေပါက္ကဲြမႈနဲ ့ၾကံဳခဲ့တဲ့ အိႏိၵယႏိုင္ငံသားတစ္ဦးကေတာ့ ေသေသခ်ာခ်ာသိသြားပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္ ဘာဗာနာ ဆူရာ့ကီရန္ဟာ အေပါင္ဆိုင္ပိုင္ရွင္တစ္ဦး ျဖစ္ျပီး အန္ဒရာပရာေဒ့ခ်္ျပည္နယ္ အေရွ ့ဂိုဒါဗာရီဒီစၾတိတ္မွာ ဆိုင္ကယ္စီးရင္း ဖုန္းကို ေဘာင္းဘီအိတ္ထဲမွာ ထည့္ထားခဲ့တာ ျဖစ္ပါတယ္။ ဆူရာ့ကီရန္ဟာ ဖုန္းမီးေလာင္တာနဲ ့ဆိုင္ကယ္ကို ရပ္ျပီး အိတ္ကပ္ထဲက မီးေလာင္ေနတဲ့ ဖုန္းကို ခက္ခက္ခဲခဲ ဆဲြထုတ္ခဲ့တယ္လို ့ဆိုပါတယ္။ ရဲတပ္ဖဲြ ့ရဲ့အဆိုအရ အနီးအနားမွ ေဒသခံမ်ားကလည္း ဆူရာ့ကီရန္ကို ဝိုင္းကူျပီး ေရနဲ ့ေလာင္းေပးခဲ့တယ္လို ့ေဖာ္ျပထားပါတယ္။

ဖုန္းဟာ အိတ္ကပ္ထဲကေန အျပင္ကို ေရာက္လာတဲ့ အခ်ိန္အထိ မီးေလာင္ေနဆဲျဖစ္ျပီး ေရနဲ ့ဝိုင္းေလာင္းမွ ျငိမ္းသြားတာ ျဖစ္ပါတယ္။ မီးေလာင္ေပါက္ကဲြမႈေၾကာင့္ ဆူရာ့ကီရန္ရဲ့ တင္ပါးတစ္ျခမ္းဟာ ဆိုးဆိုးဝါးဝါး မီးေလာင္ဒဏ္ရာ ရသြားခဲ့ပါတယ္။  ဆူရာ့ကီရန္ဟာ ဒီဖုန္းကို Flipkart အြန္လိုင္းစတိုးကေန ဝယ္တာ ရက္ ၂၀ ပဲ ရိွေသးတယ္လို ့ဆိုပါတယ္။ အခုလိုမ်ိဳး ခ်ိဳ ့ယြင္းခ်က္ရိွတဲ့ ဖုန္းကို ေရာင္းခဲ့တဲ့ ကုမၸဏီကို သူ ့အေနနဲ ့တရားစဲြဖို ့ရိွျပီး ဒီစၾတိတ္စားသံုးသူ ဖိုရမ္ကို အယူခံတက္ဖို ့စီစဥ္ေနတယ္လို ့သိရပါတယ္။

ဖုန္းမီးေလာင္ ေပါက္ကဲြမႈဟာ ဘက္ထရီခ်ိဳ ့ယြင္းခ်က္နဲ ့ဆက္စပ္ေနျပီး မ်ားေသာအားျဖင့္ အားသြင္းတဲ့အခ်ိန္မ်ိဳးမွာ မီးေလာင္ဖို ့အလားအလာပိုမ်ားတာ ျဖစ္ေပမယ့္ ယခု Redmi Note 4 ကေတာ့ အားမသြင္းဘဲနဲ ့မီးေလာင္ေပါက္ကဲြခဲ့တာ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ဇူလိုင္လကုန္ပိုင္းကလည္း အိႏိၵယဖုန္းအေရာင္းဆိုင္တစ္ဆိုင္ထဲမွာ Xiaomi ထုတ္ ဖုန္းတစ္လံုးကို SIM card ေပါက္ဖြင့္ဖို ့လုပ္ေနစဥ္ မီးေလာင္ေပါက္ကဲြခဲ့တယ္လို ့ဆိုပါတယ္။ ဒီဖုန္းကလည္း Redmi Note 4 ပဲ ျဖစ္တယ္လို ့ဆိုပါတယ္။

ယခုျဖစ္ရပ္ဟာ ပထမျဖစ္စဥ္နဲ ့သီတင္းပတ္ႏွစ္ပတ္အတြင္း ဆက္တိုက္ ျဖစ္ပြားလာတာ ျဖစ္လို ့Redmi စီးရီးေတြေပၚ သံသယျဖစ္စရာ ရိွလာပါတယ္။ Xiaomi Redmi Note 4 စမတ္ဖုန္းမ်ားဟာ အိႏိၵယမွာ လူၾကိဳက္အမ်ားဆံုး နဲ ့ေရာင္းအားအသြက္ဆံုး ဖုန္းျဖစ္တာေၾကာင့္ Xiaomi အေနနဲ ့Redmi Note 4 မီးေလာင္ရျခင္းမ်ားကိုု မျဖစ္မေန စံုစမ္းရေတာ့မွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ဖုန်းတစ်လုံးဟာ အခန့်မသင့်ရင် ဗုံးတစ်လုံးဖြစ်သွားနိုင်တယ်ဆိုတဲ့ အသိကို ဘောင်းဘီအိတ်ထဲ Redmi Note 4 ထည့်ပြီး ဆိုင်ကယ်စီးစဉ် မီးလောင်ပေါက်ကွဲမှုနဲ့ကြုံခဲ့တဲ့ အိန္ဒိယနိုင်ငံသားတစ်ဦးကတော့ သေသေချာချာသိသွားပါတယ်။

အသက် ၂၅ နှစ်အရွယ် ဘာဗာနာ ဆူရာ့ကီရန်ဟာ အပေါင်ဆိုင်ပိုင်ရှင်တစ်ဦး ဖြစ်ပြီး အန်ဒရာပရာဒေ့ချ်ပြည်နယ် အရှေ့ဂိုဒါဗာရီဒီစတြိတ်မှာ ဆိုင်ကယ်စီးရင်း ဖုန်းကို ဘောင်းဘီအိတ်ထဲမှာ ထည့်ထားခဲ့တာ ဖြစ်ပါတယ်။ ဆူရာ့ကီရန်ဟာ ဖုန်းမီးလောင်တာနဲ့ဆိုင်ကယ်ကို ရပ်ပြီး အိတ်ကပ်ထဲက မီးလောင်နေတဲ့ ဖုန်းကို ခက်ခက်ခဲခဲ ဆွဲထုတ်ခဲ့တယ်လို့ဆိုပါတယ်။ ရဲတပ်ဖွဲ့ရဲ့အဆိုအရ အနီးအနားမှ ဒေသခံများကလည်း ဆူရာ့ကီရန်ကို ဝိုင်းကူပြီး ရေနဲ့လောင်းပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။

ဖုန်းဟာ အိတ်ကပ်ထဲကနေ အပြင်ကို ရောက်လာတဲ့ အချိန်အထိ မီးလောင်နေဆဲဖြစ်ပြီး ရေနဲ့ဝိုင်းလောင်းမှ ငြိမ်းသွားတာ ဖြစ်ပါတယ်။ မီးလောင်ပေါက်ကွဲမှုကြောင့် ဆူရာ့ကီရန်ရဲ့ တင်ပါးတစ်ခြမ်းဟာ ဆိုးဆိုးဝါးဝါး မီးလောင်ဒဏ်ရာ ရသွားခဲ့ပါတယ်။  ဆူရာ့ကီရန်ဟာ ဒီဖုန်းကို Flipkart အွန်လိုင်းစတိုးကနေ ဝယ်တာ ရက် ၂၀ ပဲ ရှိသေးတယ်လို့ဆိုပါတယ်။ အခုလိုမျိုး ချို့ယွင်းချက်ရှိတဲ့ ဖုန်းကို ရောင်းခဲ့တဲ့ ကုမ္ပဏီကို သူ့အနေနဲ့တရားစွဲဖို့ရှိပြီး ဒီစတြိတ်စားသုံးသူ ဖိုရမ်ကို အယူခံတက်ဖို့စီစဉ်နေတယ်လို့သိရပါတယ်။

ဖုန်းမီးလောင် ပေါက်ကွဲမှုဟာ ဘက်ထရီချို့ယွင်းချက်နဲ့ဆက်စပ်နေပြီး များသောအားဖြင့် အားသွင်းတဲ့အချိန်မျိုးမှာ မီးလောင်ဖို့အလားအလာပိုများတာ ဖြစ်ပေမယ့် ယခု Redmi Note 4 ကတော့ အားမသွင်းဘဲနဲ့မီးလောင်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကလည်း အိန္ဒိယဖုန်းအရောင်းဆိုင်တစ်ဆိုင်ထဲမှာ Xiaomi ထုတ် ဖုန်းတစ်လုံးကို SIM card ပေါက်ဖွင့်ဖို့လုပ်နေစဉ် မီးလောင်ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။ ဒီဖုန်းကလည်း Redmi Note 4 ပဲ ဖြစ်တယ်လို့ဆိုပါတယ်။

ယခုဖြစ်ရပ်ဟာ ပထမဖြစ်စဉ်နဲ့သီတင်းပတ်နှစ်ပတ်အတွင်း ဆက်တိုက် ဖြစ်ပွားလာတာ ဖြစ်လို့Redmi စီးရီးတွေပေါ် သံသယဖြစ်စရာ ရှိလာပါတယ်။ Xiaomi Redmi Note 4 စမတ်ဖုန်းများဟာ အိန္ဒိယမှာ လူကြိုက်အများဆုံး နဲ့ရောင်းအားအသွက်ဆုံး ဖုန်းဖြစ်တာကြောင့် Xiaomi အနေနဲ့Redmi Note 4 မီးလောင်ရခြင်းများကိုု မဖြစ်မနေ စုံစမ်းရတော့မှာ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top