ကေလးသရုပ္ေဆာင္ကေန အခုဆိုလူႀကီးသရုပ္ေဆာင္တစ္ေယာက္အေနနဲ႔ ပရိသတ္ေတြကပါ လက္ခံအားေပးမႈကိုရရွိေနတဲ့ သရုပ္ေဆာင္ ယြန္းယြန္းတစ္ေယာက္ ၿမန္မာစာဂုုဏ္ထူးနဲ႔၁၀တန္းစာေမးပြဲကို ေအာင္ျမင္ျပီးေနာက္မွာေတာ့အခုဆိုရင္ ရန္ကုန္တကၠသိုလ္မွာ ပထမနွစ္ကိုတက္ေရာက္ေနျပီလည္းျဖစ္ပါတယ္။ ေမဂ်ာေတြအမ်ားႀကီးရွိတဲ့အထဲကမွPsychology ဘာသာရပ္ကိုေရြးခ်ယ္တက္ေရာက္တာေၾကာင့္ ပရိသတ္ေတြကလည္းယြန္းယြန္းပညာေရးနဲ႔ပတ္သက္လို႔စိတ္ဝင္စားေနၾကတာကိုု ေတြ႔ရပါတယ္။
Yoon Yoon
ယြန္းယြန္းတစ္ေယာက္ဘာျဖစ္လို႕ Psychology ဘာသာရပ္ကိုုယူျဖစ္ခဲ့တယ္ဆိုတာနဲ႔ပတ္သက္ၿပီး သူမရဲ့ေဖ့ဘြတ္မွာအခုလိုပဲေရးသားထားတာေတြ႕ရပါတယ္။ "Psychology ကုိ ကုိယ္တုိင္ၾကဳိက္လုိ႔ပဲတက္ခဲ့တာပါ။ ခုထိလည္းေနာင္တမရပါဘူး ။ ဒါေပမယ့္ အခုခ်ိန္ထိတစ္ခ်ဳိ႕ေတြက " Psycho ကလား" or "Psychoတက္ေနတာလား" လုိ႔ေမးရင္တစ္မ်ဳိးႀကီးခံစားရတာေလး တစ္ခုပါပဲ။

Psychology" ဒါမွမဟုတ္ "စိတ္ပညာ" တက္ေနတာလားဆုိေတာ္ေသး။ မသိရင္ စိတၱဇဘာသာပဲသင္ေနသလုိလုိ ကုိယ္တုိင္ကပဲရူးေနသလုိလုိတကယ္ဆုိ Psycho နဲ႔ Psychology က အဓိပၸါယ္ခ်င္း ဘာမွကုိမဆုိင္တာပါ။  ညီမသိသေလာက္ေျပာရရင္ Psycho က စိတ္အေျခအေနပုံမွန္မဟုတ္ဘဲ ရူးသြပ္ေနတဲ့သူကုိ ဆုိလုိခ်င္တာ ျဖစ္ၿပီးေတာ့ psychology ကေတာ့ လူေတြရဲ႕အျပဳအမူနဲ႔စိတ္ျဖစ္စဥ္ေတြအေၾကာင္းကုိ သိပၸံနည္းက်ေလ့လာတဲ့ ဘာသာရပ္ျဖစ္ပါတယ္။

Developed countriesေတြမွာဆုိ Psychology ရဲ႕အေရးပါမႈကုိသိၿပီးေတာ့ အေလးထားသင္ယူေနၾကသလုိ တြင္တြင္က်ယ္က်ယ္လည္း applyလုပ္ေနၾကပါတယ္။ Psychology က ေလ့လာဖူး၊ သင္ဖူးထားရင္ ဘယ္ career ကုိပဲေရြးေရြး မေသမခ်င္းတစ္ဘဝလုံး အသုံးခ်လုိ႔ရတဲ့ဘာသာပါ"လို႕ယြန္းယြန္းကေျဖရွင္းခဲ့ျပီျဖစ္ပါတယ္။ ယြန္းယြန္းကေတာ့၂၀၁၆ခုနွစ္ကေအာင္ျမင္ခဲ့တာလည္းျဖစ္ျပီး လတ္တေလာမွာေတာ့ေၾကာ္ၿငာေတြနဲ႕ အတူ ဇာတ္ကားေတြလည္းရိုက္ကူးေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmarcelewiki

#Unicode Version#
ကလေးသရုပ်ဆောင်ကနေ အခုဆိုလူကြီးသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေကပါ လက်ခံအားပေးမှုကိုရရှိနေတဲ့ သရုပ်ဆောင် ယွန်းယွန်းတစ်ယောက် မြန်မာစာဂုုဏ်ထူးနဲ့၁၀တန်းစာမေးပွဲကို အောင်မြင်ပြီးနောက်မှာတော့အခုဆိုရင် ရန်ကုန်တက္ကသိုလ်မှာ ပထမနှစ်ကိုတက်ရောက်နေပြီလည်းဖြစ်ပါတယ်။ မေဂျာတွေအများကြီးရှိတဲ့အထဲကမှPsychology ဘာသာရပ်ကိုရွေးချယ်တက်ရောက်တာကြောင့် ပရိသတ်တွေကလည်းယွန်းယွန်းပညာရေးနဲ့ပတ်သက်လို့စိတ်ဝင်စားနေကြတာကိုု တွေ့ရပါတယ်။

ယွန်းယွန်းတစ်ယောက်ဘာဖြစ်လို့ Psychology ဘာသာရပ်ကိုုယူဖြစ်ခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး သူမရဲ့ဖေ့ဘွတ်မှာအခုလိုပဲရေးသားထားတာတွေ့ရပါတယ်။ "Psychology ကို ကိုယ်တိုင်ကြိုက်လို့ပဲတက်ခဲ့တာပါ။ ခုထိလည်းနောင်တမရပါဘူး ။ ဒါပေမယ့် အခုချိန်ထိတစ်ချို့တွေက " Psycho ကလား" or "Psychoတက်နေတာလား" လို့မေးရင်တစ်မျိုးကြီးခံစားရတာလေး တစ်ခုပါပဲ။

Psychology" ဒါမှမဟုတ် "စိတ်ပညာ" တက်နေတာလားဆိုတော်သေး။ မသိရင် စိတ္တဇဘာသာပဲသင်နေသလိုလို ကိုယ်တိုင်ကပဲရူးနေသလိုလိုတကယ်ဆို Psycho နဲ့ Psychology က အဓိပ္ပါယ်ချင်း ဘာမှကိုမဆိုင်တာပါ။  ညီမသိသလောက်ပြောရရင် Psycho က စိတ်အခြေအနေပုံမှန်မဟုတ်ဘဲ ရူးသွပ်နေတဲ့သူကို ဆိုလိုချင်တာ ဖြစ်ပြီးတော့ psychology ကတော့ လူတွေရဲ့အပြုအမူနဲ့စိတ်ဖြစ်စဉ်တွေအကြောင်းကို သိပ္ပံနည်းကျလေ့လာတဲ့ ဘာသာရပ်ဖြစ်ပါတယ်။

Developed countriesတွေမှာဆို Psychology ရဲ့အရေးပါမှုကိုသိပြီးတော့ အလေးထားသင်ယူနေကြသလို တွင်တွင်ကျယ်ကျယ်လည်း applyလုပ်နေကြပါတယ်။ Psychology က လေ့လာဖူး၊ သင်ဖူးထားရင် ဘယ် career ကိုပဲရွေးရွေး မသေမချင်းတစ်ဘဝလုံး အသုံးချလို့ရတဲ့ဘာသာပါ"လို့ယွန်းယွန်းကဖြေရှင်းခဲ့ပြီဖြစ်ပါတယ်။ ယွန်းယွန်းကတော့၂၀၁၆ခုနှစ်ကအောင်မြင်ခဲ့တာလည်းဖြစ်ပြီး လတ်တလောမှာတော့ကြော်ငြာတွေနဲ့ အတူ ဇာတ်ကားတွေလည်းရိုက်ကူးနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmarcelewiki
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top