ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

အခ်စ္ေရးနဲ႔ပတ္သက္ၿပီး ပရိသတ္ စိတ္၀င္စားျခင္းကုိ အထူးခံခဲ့ရတဲ့အဆိုေတာ္ရဲရင့္ေအာင္ကေျခာက္လေက်ာ္ၾကာတြဲျဖစ္ခဲ့တဲ့ ခ်စ္သူဧၿငိမ္းျဖဴကုိ ပရိသတ္ေရွ႕ ခ်ျပခဲ့တာေတြ႕ရပါတယ္။ ခ်စ္သူ ဧၿငိမ္း ျဖဴကလည္း Laurel Art အႏုပညာေက်ာင္းကုိ တည္ေထာင္ထားတဲ့ဒါ႐ိုက္တာသီတာလင္းရဲ႕ရင္ေသြး၊အႏုပညာေက်ာင္းဆင္း အႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ရဲရင့္ေအာင္ရဲ႕ ခ်စ္သူ သ႐ုပ္ေဆာင္ဧၿငိမ္းျဖဴ နဲ႔ေတြ႕ဆံုခုိက္

“အခုလတ္တေလာအႏုပညာလႈပ္ရွားမႈအေနနဲ႔ဆိုရင္ေတာ့

Media ေတြအတြက္ ဓာတ္ပံုေတြ႐ိုက္ေနတယ္။ ေၾကာ္ျငာေတြ႐ိုက္ျဖစ္တယ္။ ၿပီးေတာ့ ရန္ေအာင္၊ မို႔မို႔ျမင့္ေအာင္၊

ရဲေအာင္၊ ေမသန္းႏုတုိ႔နဲ႔ကက္ဆက္ဇာတ္လမ္းေလး ႐ိုက္ေနပါတယ္။ဟုတ္ပါတယ္ ..ညီမအေမ (ဒါ႐ိုက္တာသီတာလင္း)႐ိုက္တဲ့ဇာတ္ကားေတြမွာေခါင္းေဆာင္မင္းသမီးေနရာက မပါရဘဲတစ္ခန္းစ၊ ႏွစ္ခန္းစပဲပါျဖစ္တယ္ဆိုတာကအေမက ပညာဆိုတာ ေလ့လာၿပီးမွျပည့္၀မွာတဲ့။ အခုက ပညာသင္ေနဆဲကာလလုိ႔ကုိယ့္ဟာကုိယ္မွတ္ယူၿပီး ႀကိဳးစားခုိင္းတယ္။

အေမတုိ႔ အခုလိုလုပ္ေပးတာကို ညီမလည္းသေဘာက် ေက်နပ္ပါတယ္။ပညာေတြစံုၿပီး ႐ိုက္ဖုိ႔အဆင္ေျပေလာက္တဲ့
အေနအထားေလာက္ေရာက္မွ ပရိသတ္အတြက္ အႏု
ပညာခ်ျပတာေကာင္းပါတယ္။

အခု ဆရာဦးၾကည္စိုးထြန္းစီစဥ္တဲ့ ကက္ဆက္ေခြဇာတ္လမ္းေတြမွာေတာ့ အပုဒ္ေပါင္း ၃၀ ေက်ာ္ ၄၀ ေလာက္ပါ၀င္ထားပါတယ္။ ညီမရဲ႕ အခ်စ္ေရး
ကေတာ့ အားလံုးသိထားၾကတဲ့အတုိင္းပါပဲ။သူနဲ႔စေတြ႕တာကေတာ့ ၂၀၁၃ခုႏွစ္ေလာက္ကပါ။ ဒီအတုိင္း သူငယ္ခ်င္းအျဖစ္နဲ႔ပဲ ႏွစ္ေတြအၾကာႀကီးခင္ခဲ့ပါတယ္။

ခ်စ္သူျဖစ္တာကေတာ့ အခုမွေျခာက္လေက်ာ္ခုနစ္လေလာက္ပဲရွိပါေသးတယ္။ သူ Propose လုပ္ေတာ့ အံ့ေတာ့အံ့ၾသသြားတယ္။ သူက ဖုန္းနဲ႔ပဲ Propose လုပ္ခဲ့တာပါ။ ညီမကသူ႔ခ်စ္သူပါဆိုၿပီး Public အေပၚခ်ျပလုိက္တဲ့အေပၚ ညီမရဲ႕ခံစားခ်က္ဆုိရင္ ..

.ေပ်ာ္ပါတယ္။ ဘာမွဖံုးကြယ္မေနဘဲအခုလိုလူေတြေရွ႕မွာ Official တြဲရဲတယ္လုိ႔ေျပာလုိက္တဲ့အတြက္ ၀မ္းသာပါတယ္။ဒါေပမဲ့ သူက မိန္းကေလး Fanေတြမ်ားတဲ့အတြက္
စိုးရိမ္စိတ္ေတာ့ျဖစ္မိတယ္။

သူ႔ Fan ေတြကညီမကုိလုိက္ခ်စ္ေပးတဲ့သူရွိသလို၊ တခ်ဳိ႕ သူ႔ကုိခ်စ္တဲ့စိတ္ေၾကာင့္ ညီမကုိ
အျမင္မၾကည္တာေတြလည္းရွိတယ္။

ဒါေပမဲ့အခုေနာက္ပုိင္း သူ႔ Fan ေတြကလည္းသူ႔ကုိခ်စ္တဲ့စိတ္နဲ႔ ကုိယ့္ကုိလုိက္ခ်စ္လာတယ္။လက္ခံလာတယ္။ ဒီလိုပဲ ကုိယ့္ Fanေတြကလည္း သူ႔ကုိလုိက္ခ်စ္လာၾကတယ္။

တခ်ဳိ႕သူ႔ Fan ေတြဆို ညီမကုိမေကာင္းေျပာတဲ့သူေတြကုိပါ
ကိုယ့္ဘက္ကာၿပီး ေျပာေပးၾကတယ္။ ညီမ Fan ေတြကလည္းညီမခ်စ္သူတစ္ေယာက္အေနနဲ႔သူ႔ကုိလက္ခံေပးလာၾကတယ္။သူ႔သီခ်င္းေတြကုိလည္း သေဘာက်လာၾကတယ္။ သူ႔ Fan နဲ႔ ကုိယ့္ Fanအခုလိုေတြျဖစ္လာေတာ့ အရမ္း၀မ္းသာမိပါတယ္။ အေဖတုိ႔အေမတုိ႔ကေတာ့ညီမရဲ႕အခ်စ္ေရးကိစၥနဲ႔ပတ္သက္ၿပီး ၀င္ေရာက္မစြက္ဖက္ပါဘူး။

ကုိယ့္သမီးကိုစိတ္ခ်မ္းသာေစခ်င္တယ္။ ကုိယ့္သမီးစိတ္ဆင္းရဲရမယ္ဆိုရင္ေတာ့လက္မခံဘူးေလ။ အေမတုိ႔ကေတာ့ သမီးစိတ္ခ်မ္းသာဖုိ႔ပဲ ၾကည့္ေပးၾကတာပါ။ သူနဲ႔ဘ၀လက္တြဲေဖာ္အျဖစ္ လက္တြဲဖုိ႔ကေတာ့ဖူးစာလည္းပါမွေပါ့။ ေနာက္ၿပီး အခုခ်ိန္မွာသူလည္း သူ႔အလုပ္သူလုပ္။ ကုိယ္လည္းကုိယ့္အလုပ္ကုိယ္လုပ္နဲ႔ဆိုေတာ့အိမ္ေထာင္ ေရးကိစၥကေတာ့ ၾကာဦးမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဂ်ဴလုိင္မိုး(အိုေအစစ္ ဂ်ာနယ္)
#Unicode Version#
အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ် စိတ်ဝင်စားခြင်းကို အထူးခံခဲ့ရတဲ့အဆိုတော်ရဲရင့်အောင်ကခြောက်လကျော်ကြာတွဲဖြစ်ခဲ့တဲ့ ချစ်သူဧငြိမ်းဖြူကို ပရိသတ်ရှေ့ ချပြခဲ့တာတွေ့ရပါတယ်။ ချစ်သူ ဧငြိမ်း ဖြူကလည်း Laurel Art အနုပညာကျောင်းကို တည်ထောင်ထားတဲ့ဒါရိုက်တာသီတာလင်းရဲ့ရင်သွေး၊အနုပညာကျောင်းဆင်း အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ရဲရင့်အောင်ရဲ့ ချစ်သူ သရုပ်ဆောင်ဧငြိမ်းဖြူ နဲ့တွေ့ဆုံခိုက်

“အခုလတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ဆိုရင်တော့

Media တွေအတွက် ဓာတ်ပုံတွေရိုက်နေတယ်။ ကြော်ငြာတွေရိုက်ဖြစ်တယ်။ ပြီးတော့ ရန်အောင်၊ မို့မို့မြင့်အောင်၊

ရဲအောင်၊ မေသန်းနုတို့နဲ့ကက်ဆက်ဇာတ်လမ်းလေး ရိုက်နေပါတယ်။ဟုတ်ပါတယ် ..ညီမအမေ (ဒါရိုက်တာသီတာလင်း)ရိုက်တဲ့ဇာတ်ကားတွေမှာခေါင်းဆောင်မင်းသမီးနေရာက မပါရဘဲတစ်ခန်းစ၊ နှစ်ခန်းစပဲပါဖြစ်တယ်ဆိုတာကအမေက ပညာဆိုတာ လေ့လာပြီးမှပြည့်ဝမှာတဲ့။ အခုက ပညာသင်နေဆဲကာလလို့ကိုယ့်ဟာကိုယ်မှတ်ယူပြီး ကြိုးစားခိုင်းတယ်။

အမေတို့ အခုလိုလုပ်ပေးတာကို ညီမလည်းသဘောကျ ကျေနပ်ပါတယ်။ပညာတွေစုံပြီး ရိုက်ဖို့အဆင်ပြေလောက်တဲ့
အနေအထားလောက်ရောက်မှ ပရိသတ်အတွက် အနု
ပညာချပြတာကောင်းပါတယ်။

အခု ဆရာဦးကြည်စိုးထွန်းစီစဉ်တဲ့ ကက်ဆက်ခွေဇာတ်လမ်းတွေမှာတော့ အပုဒ်ပေါင်း ၃၀ ကျော် ၄၀ လောက်ပါဝင်ထားပါတယ်။ ညီမရဲ့ အချစ်ရေး
ကတော့ အားလုံးသိထားကြတဲ့အတိုင်းပါပဲ။သူနဲ့စတွေ့တာကတော့ ၂၀၁၃ခုနှစ်လောက်ကပါ။ ဒီအတိုင်း သူငယ်ချင်းအဖြစ်နဲ့ပဲ နှစ်တွေအကြာကြီးခင်ခဲ့ပါတယ်။

ချစ်သူဖြစ်တာကတော့ အခုမှခြောက်လကျော်ခုနစ်လလောက်ပဲရှိပါသေးတယ်။ သူ Propose လုပ်တော့ အံ့တော့အံ့သြသွားတယ်။ သူက ဖုန်းနဲ့ပဲ Propose လုပ်ခဲ့တာပါ။ ညီမကသူ့ချစ်သူပါဆိုပြီး Public အပေါ်ချပြလိုက်တဲ့အပေါ် ညီမရဲ့ခံစားချက်ဆိုရင် ..

.ပျော်ပါတယ်။ ဘာမှဖုံးကွယ်မနေဘဲအခုလိုလူတွေရှေ့မှာ Official တွဲရဲတယ်လို့ပြောလိုက်တဲ့အတွက် ဝမ်းသာပါတယ်။ဒါပေမဲ့ သူက မိန်းကလေး Fanတွေများတဲ့အတွက်
စိုးရိမ်စိတ်တော့ဖြစ်မိတယ်။

သူ့ Fan တွေကညီမကိုလိုက်ချစ်ပေးတဲ့သူရှိသလို၊ တချို့ သူ့ကိုချစ်တဲ့စိတ်ကြောင့် ညီမကို
အမြင်မကြည်တာတွေလည်းရှိတယ်။

ဒါပေမဲ့အခုနောက်ပိုင်း သူ့ Fan တွေကလည်းသူ့ကိုချစ်တဲ့စိတ်နဲ့ ကိုယ့်ကိုလိုက်ချစ်လာတယ်။လက်ခံလာတယ်။ ဒီလိုပဲ ကိုယ့် Fanတွေကလည်း သူ့ကိုလိုက်ချစ်လာကြတယ်။

တချို့သူ့ Fan တွေဆို ညီမကိုမကောင်းပြောတဲ့သူတွေကိုပါ
ကိုယ့်ဘက်ကာပြီး ပြောပေးကြတယ်။ ညီမ Fan တွေကလည်းညီမချစ်သူတစ်ယောက်အနေနဲ့သူ့ကိုလက်ခံပေးလာကြတယ်။သူ့သီချင်းတွေကိုလည်း သဘောကျလာကြတယ်။ သူ့ Fan နဲ့ ကိုယ့် Fanအခုလိုတွေဖြစ်လာတော့ အရမ်းဝမ်းသာမိပါတယ်။ အဖေတို့အမေတို့ကတော့ညီမရဲ့အချစ်ရေးကိစ္စနဲ့ပတ်သက်ပြီး ဝင်ရောက်မစွက်ဖက်ပါဘူး။

ကိုယ့်သမီးကိုစိတ်ချမ်းသာစေချင်တယ်။ ကိုယ့်သမီးစိတ်ဆင်းရဲရမယ်ဆိုရင်တော့လက်မခံဘူးလေ။ အမေတို့ကတော့ သမီးစိတ်ချမ်းသာဖို့ပဲ ကြည့်ပေးကြတာပါ။ သူနဲ့ဘဝလက်တွဲဖော်အဖြစ် လက်တွဲဖို့ကတော့ဖူးစာလည်းပါမှပေါ့။ နောက်ပြီး အခုချိန်မှာသူလည်း သူ့အလုပ်သူလုပ်။ ကိုယ်လည်းကိုယ့်အလုပ်ကိုယ်လုပ်နဲ့ဆိုတော့အိမ်ထောင် ရေးကိစ္စကတော့ ကြာဦးမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: ဂျူလိုင်မိုး(အိုအေစစ် ဂျာနယ်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top