ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD ပါတီရဲ႕ ဥကၠဌေဟာင္း ဦးေအာင္ေရႊ ဒီကေန႔ ၾသဂုတ္လ ၁၃ ရက္ေန႔ ည ၉ နာရီ ၃၆ မိနစ္မွာ ကြယ္လြန္ခဲ႔႔ပါတယ္။ ကြယ္လြန္ခ်ိန္မွာ အသက္ ၉၉ ႏွစ္ရွိပါၿပီ။ ၁၉၉၀ ခုႏွစ္ကာလတ၀ိုက္ NLD ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦးတင္ဦးတို႔ ဖမ္းဆီးခံရခ်ိန္ကစၿပီး၊ NLD ပါတီကို ထိမ္းသိမ္း ဦးေဆာင္ခဲ့သူတဦးျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္တို႔ ျပန္လည္လႊတ္ေျမာက္ၿပီးေနာက္ပိုင္း၊ ၂၀၀၈ ဖဲြ႔စည္းပံုအရ NLD ပါတီကို ျပန္လည္ဖဲြ႕စည္းမႈမွာေတာ့ ႏိုင္ငံေရးအရ အနားယူသြားပါတယ္။ ဦးေအာင္ေရြဟာ တပ္မေတာ္မွာ ၁၉၄၅ခုႏွစ္ကစၿပီး တာ၀န္အဆင့္ဆင့္ ထမ္းေဆာင္ခဲ့ၿပီး၊ ေျမာက္ပိုင္းတိုင္း တိုင္းမႈးဘ၀ ဗိုလ္မႈးခ်ဳပ္အဆင့္နဲ႔ တပ္မေတာ္က အနားယူခဲ့ပါတယ္။ ကြယ္လြန္ခ်ိန္မွာေတာ့ သားသံုးဦး၊ သမီး သံုးဦး က်န္ရစ္ခဲ့ပါတယ္။ ဦးေအာင္ေရႊ ကြယ္လြန္သြားတဲ့သတင္းနဲ႔ပတ္သက္လို႔ မသီဂၤထိုက္က NLD ပါတီ အလုပ္အမႈေဆာင္အဖဲြ႔၀င္ ေဒါက္တာေမ၀င္းျမင့္ကို ဆက္သြယ္ေမးျမန္းရာမွာေတာ့၊ ေဒၚေအာင္ဆန္းစုၾကည္၊ ဦးတင္ဦးတို႔ အပါအ၀င္ ပါတီ ေခါင္းေဆာင္ပိုင္းေတြ အဖမ္းခံေနရခ်ိန္ ပါတီအေနနဲ႔ အခက္ခဲဆံုး အၾကပ္တည္းဆံုး ကာလကို ျဖတ္သန္းရခ်ိန္မွာ ပါတီကို ဦးေဆာင္မႈ ေပးခဲ႔သူျဖစ္ပါတယ္လို႔ ေဒါက္တာ ေမး၀င္းျမင့္က အခုလို ေျပာဆိုခဲ႔ပါတယ္။

ေဒါက္တာေမ၀င္းျမင့္။ ။ ၉ နာရီ ၃၆ မိနစ္မွာ ဆံုးသြားပါၿပီ။

သိဂၤ ီထိုက္။ ။ သမၼတႀကီး လာၾကည့္တာ ဒီကေန႔ပါလား။

ေဒါက္တာ ေမ၀င္းျမင့္။ ။ ဒီကေန႔ပါရွင့္။ ဒီကေန႔ ၿပီးခဲ႔တဲ႔ ၂ နာရီ မိနစ္ ၂၀ ၊ ၂၅ ေလာက္တုန္းက အဲဒီတုန္းက လာပါတယ္။

သိဂၤ ီထုိက္။ ။ သူနဲ႔ ပတ္သက္လို႔ အခု ပါတီဘက္ကေရာ၊ ေဒၚေအာင္ဆန္းစုၾကည္ဘက္ကေရာ။ ဘာေတြမ်ား ေဆာင္ရြက္ေနတာ ရွိပါလဲ။

ေဒါက္တာ ေမ၀င္းျမင့္။ ။ အခုဆံုးတဲ႔ အခ်ိန္က ဘယ္လုိေျပာမလဲ မိုးလည္းအရမ္းခ်ဳပ္ေနၿပီေလ။ သက္ဆုိင္ရာကို သတင္းပို႔ၿပီးသြားၿပီ။ စီစဥ္တာေတာ့ ပါတီဘက္ကဘဲ စီစဥ္မွာ ျဖစ္ပါတယ္။ ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ဦးေဆာင္ၿပီးဘဲ ပါတီနဲ႔ စ်ာပန ကိစၥကို လုပ္ေပးမွာ ျဖစ္ပါတယ္။ က်မတို႔ အေသးစိတ္ေတာ့ မသိရေသးပါဘူးေနာ္။ သိတဲ႔အခါမွ ေျပာျပပါမယ္။

သိဂၤ ီထုိက္။ ။ ဆရာမ အမွတ္တရ တခုခု ေျပာလို႔ ရပါလား။

ေဒါက္တာ ေမ၀င္းျမင့္။ ။ အန္တီတို႔လည္း စိတ္မေကာင္း ျဖစ္ေနရတယ္ေပါ့ေနာ္။ အန္တီကေတာ့ အန္ကယ္နဲ႔ ေတာက္ေလွ်ာက္ တြဲခဲ႔ရတာေပါ့ေနာ္။ တြဲၿပီးလုပ္ခဲ႔ရေတာ့ အန္ကယ္က ၁၉၉၀ ျပည့္ႏွစ္ မရမ္းကုန္းၿမိဳ႕နယ္ အမွတ္ ၁ ကိုယ္စားလွယ္ေပါ့ေနာ္။ မရမ္းကုန္းၿမိဳ႕နယ္ ကိုယ္စားလွယ္ ျဖစ္တဲ႔ အခါက်ေတာ့ ေတာက္ေလွ်ာက္တြဲခဲ႔ရတယ္။ အဲဒီ အခ်ိန္တုန္းက ေဒၚေအာင္ဆန္းစုၾကည္က ေနအိမ္အက်ယ္ခ်ဳပ္က်တယ္။ အဲဒီအခါမွာ အင္မတန္ ခက္ခဲ ၾကမ္းတမ္းတဲ႔ ကာလ တခုလံုးကို အန္ကယ္ ဦးေအာင္ေရႊက ဥကၠဌ အျဖစ္နဲ႔ အဖြဲ႔ခ်ဳပ္ရဲ႕ အလံ၊ ဆိုင္းဘုတ္ မက်ေအာင္ ၾကံ့ၾကံ့ခံ ရပ္တည္ေပးခဲ႔တဲ႔ ေခါင္းေဆာင္ေကာင္း တဦး ျဖစ္ပါတယ္။

အဲဒီအခါမွာ အန္ကယ္ ဟို က်မတို႔ မွတ္မွတ္ရရ ေျပာမယ္ဆိုရင္ ၁/ ၉၀ လက္မွတ္ထိုးတဲ႔ အခ်ိန္မွာ မေက်နပ္ပါဘူး။ က်မတို႔က ဘာေၾကာင့္ထိုးရလဲလို႔ ေမးတဲ႔ အခါမွာ အန္ကယ္ ျပန္ေျဖခဲ႔တဲ႔ စကားတခြန္း ရွိပါတယ္။ ေထာင္တြင္းမွာ က်ခံေနရတဲ႔ ႏုိင္ငံေရး အက်ဥ္းသား အဖြဲ႔၀င္ေတြက အဖြဲ႔ခ်ဳပ္ ဆိုင္းဘုတ္နဲ႔ ပါတီ ရွိေနမွသာလ်င္ သူတို႔ အတြက္ ကယ္တင္ႏုိင္မယ္။ အဲဒီတုန္းက ၁/ ၉၀ ကို လက္မွတ္မထိုးရင္ ဖမ္းမွာေလ။ ဆိုင္းဘုတ္ခ်ၿပီး လုပ္မွာဆိုေတာ့ ဒါကို ၾကံ့ၾကံံ့ခံၿပီး ဒါကို ရပ္တည္ၿပီး အန္ကယ္ လက္မွတ္ထိုးရတာ ျဖစ္ပါတယ္။ ဒါေပမယ့္ အန္ကယ္ စိတ္မေကာင္းလြန္းလို႔ အန္ကယ့္ ေဘာပင္နဲ႔ေတာင္ လက္မွတ္ မထိုးပါဘူးတဲ႔။ သူတို႔ေဘာပင္နဲ႔ဘဲ လက္မွတ္ထုိးပါတယ္ ဆိုတဲ႔ စကားေလးက အခုအခ်ိန္ထိ က်မရင္ထဲမွာ စြဲေနတာ ရွိပါတယ္။ ဒါေလးကေတာ့ အမွတ္တရေပါ့ေနာ္။

 မသိဂႌထုိက္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thithtoolwin

#Unicode Version#
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ဥက္ကဌဟောင်း ဦးအောင်ရွှေ ဒီကနေ့ သြဂုတ်လ ၁၃ ရက်နေ့ ည ၉ နာရီ ၃၆ မိနစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၉ နှစ်ရှိပါပြီ။ ၁၉၉၀ ခုနှစ်ကာလတဝိုက် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ ဖမ်းဆီးခံရချိန်ကစပြီး၊ NLD ပါတီကို ထိမ်းသိမ်း ဦးဆောင်ခဲ့သူတဦးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ ပြန်လည်လွှတ်မြောက်ပြီးနောက်ပိုင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအရ NLD ပါတီကို ပြန်လည်ဖွဲ့စည်းမှုမှာတော့ နိုင်ငံရေးအရ အနားယူသွားပါတယ်။ ဦးအောင်ရွေဟာ တပ်မတော်မှာ ၁၉၄၅ခုနှစ်ကစပြီး တာဝန်အဆင့်ဆင့် ထမ်းဆောင်ခဲ့ပြီး၊ မြောက်ပိုင်းတိုင်း တိုင်းမှုးဘ၀ ဗိုလ်မှုးချုပ်အဆင့်နဲ့ တပ်မတော်က အနားယူခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့ သားသုံးဦး၊ သမီး သုံးဦး ကျန်ရစ်ခဲ့ပါတယ်။ ဦးအောင်ရွှေ ကွယ်လွန်သွားတဲ့သတင်းနဲ့ပတ်သက်လို့ မသီင်္ဂထိုက်က NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမေဝင်းမြင့်ကို ဆက်သွယ်မေးမြန်းရာမှာတော့၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ အပါအဝင် ပါတီ ခေါင်းဆောင်ပိုင်းတွေ အဖမ်းခံနေရချိန် ပါတီအနေနဲ့ အခက်ခဲဆုံး အကြပ်တည်းဆုံး ကာလကို ဖြတ်သန်းရချိန်မှာ ပါတီကို ဦးဆောင်မှု ပေးခဲ့သူဖြစ်ပါတယ်လို့ ဒေါက်တာ မေးဝင်းမြင့်က အခုလို ပြောဆိုခဲ့ပါတယ်။

ဒေါက်တာမေဝင်းမြင့်။ ။ ၉ နာရီ ၃၆ မိနစ်မှာ ဆုံးသွားပါပြီ။

သိင်္ဂ ီထိုက်။ ။ သမ္မတကြီး လာကြည့်တာ ဒီကနေ့ပါလား။

ဒေါက်တာ မေဝင်းမြင့်။ ။ ဒီကနေ့ပါရှင့်။ ဒီကနေ့ ပြီးခဲ့တဲ့ ၂ နာရီ မိနစ် ၂၀ ၊ ၂၅ လောက်တုန်းက အဲဒီတုန်းက လာပါတယ်။

သိင်္ဂ ီထိုက်။ ။ သူနဲ့ ပတ်သက်လို့ အခု ပါတီဘက်ကရော၊ ဒေါ်အောင်ဆန်းစုကြည်ဘက်ကရော။ ဘာတွေများ ဆောင်ရွက်နေတာ ရှိပါလဲ။

ဒေါက်တာ မေဝင်းမြင့်။ ။ အခုဆုံးတဲ့ အချိန်က ဘယ်လိုပြောမလဲ မိုးလည်းအရမ်းချုပ်နေပြီလေ။ သက်ဆိုင်ရာကို သတင်းပို့ပြီးသွားပြီ။ စီစဉ်တာတော့ ပါတီဘက်ကဘဲ စီစဉ်မှာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်ပြီးဘဲ ပါတီနဲ့ ဈာပန ကိစ္စကို လုပ်ပေးမှာ ဖြစ်ပါတယ်။ ကျမတို့ အသေးစိတ်တော့ မသိရသေးပါဘူးနော်။ သိတဲ့အခါမှ ပြောပြပါမယ်။

သိင်္ဂ ီထိုက်။ ။ ဆရာမ အမှတ်တရ တခုခု ပြောလို့ ရပါလား။

ဒေါက်တာ မေဝင်းမြင့်။ ။ အန်တီတို့လည်း စိတ်မကောင်း ဖြစ်နေရတယ်ပေါ့နော်။ အန်တီကတော့ အန်ကယ်နဲ့ တောက်လျှောက် တွဲခဲ့ရတာပေါ့နော်။ တွဲပြီးလုပ်ခဲ့ရတော့ အန်ကယ်က ၁၉၉၀ ပြည့်နှစ် မရမ်းကုန်းမြို့နယ် အမှတ် ၁ ကိုယ်စားလှယ်ပေါ့နော်။ မရမ်းကုန်းမြို့နယ် ကိုယ်စားလှယ် ဖြစ်တဲ့ အခါကျတော့ တောက်လျှောက်တွဲခဲ့ရတယ်။ အဲဒီ အချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်ကျတယ်။ အဲဒီအခါမှာ အင်မတန် ခက်ခဲ ကြမ်းတမ်းတဲ့ ကာလ တခုလုံးကို အန်ကယ် ဦးအောင်ရွှေက ဥက္ကဌ အဖြစ်နဲ့ အဖွဲ့ချုပ်ရဲ့ အလံ၊ ဆိုင်းဘုတ် မကျအောင် ကြံ့ကြံ့ခံ ရပ်တည်ပေးခဲ့တဲ့ ခေါင်းဆောင်ကောင်း တဦး ဖြစ်ပါတယ်။

အဲဒီအခါမှာ အန်ကယ် ဟို ကျမတို့ မှတ်မှတ်ရရ ပြောမယ်ဆိုရင် ၁/ ၉၀ လက်မှတ်ထိုးတဲ့ အချိန်မှာ မကျေနပ်ပါဘူး။ ကျမတို့က ဘာကြောင့်ထိုးရလဲလို့ မေးတဲ့ အခါမှာ အန်ကယ် ပြန်ဖြေခဲ့တဲ့ စကားတခွန်း ရှိပါတယ်။ ထောင်တွင်းမှာ ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား အဖွဲ့ဝင်တွေက အဖွဲ့ချုပ် ဆိုင်းဘုတ်နဲ့ ပါတီ ရှိနေမှသာလျင် သူတို့ အတွက် ကယ်တင်နိုင်မယ်။ အဲဒီတုန်းက ၁/ ၉၀ ကို လက်မှတ်မထိုးရင် ဖမ်းမှာလေ။ ဆိုင်းဘုတ်ချပြီး လုပ်မှာဆိုတော့ ဒါကို ကြံ့ကြံံ့ခံပြီး ဒါကို ရပ်တည်ပြီး အန်ကယ် လက်မှတ်ထိုးရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အန်ကယ် စိတ်မကောင်းလွန်းလို့ အန်ကယ့် ဘောပင်နဲ့တောင် လက်မှတ် မထိုးပါဘူးတဲ့။ သူတို့ဘောပင်နဲ့ဘဲ လက်မှတ်ထိုးပါတယ် ဆိုတဲ့ စကားလေးက အခုအချိန်ထိ ကျမရင်ထဲမှာ စွဲနေတာ ရှိပါတယ်။ ဒါလေးကတော့ အမှတ်တရပေါ့နော်။

 မသိင်္ဂီထိုက်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com


ဖိုးသူတော် (www.phothutaw.com)
Credit: thithtoolwin


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top