ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕၊ ဆတ္ရိုးက်ရပ္ကြက္၊ ကယ္ဆယ္ေရးစခန္းအမွတ္(၁)ရွိ MPT ဆက္သြယ္ေရး တာဝါတိုင္တြင္ ယမန္ေန႕ညက မီးေလာင္မႈ ျဖစ္ပြားခ့ဲသည္ဟု ျပည္နယ္မီးသတ္ဦးစီးဌာနကအတည္ျပဳေျပာသည္။

ၾသဂုတ္ ၂၂ ရက္ ညေန ၈ နာရီခြဲအခ်ိန္တြင္ အဆိုပါ ဆက္သြယ္ေရးတာဝါတိုင္ရွိ ဒီဇယ္မီးစက္အား စက္နိႈးထားရာမွ ဘတ္ထရီအိုးသို႔ အားဝင္ရာတြင္ မိုးေရစိုစြတ္ေနသျဖင့္ ဝါယာေရွာ့ ျဖစ္ရာမွ မီးစတင္ေလာင္ကၽြမ္းျခင္းျဖစ္သည္ မီးသတ္ဦးစီးဌာနက ေျပာသည္။

“မီးေလာင္မႈေၾကာင့္ ဆုံးရႈံးမႈ တန္ဖိုး ၃သိန္းခြဲေလာက္ရွိပါတယ္”ဟု ျပည္နယ္မီးသတ္ဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

မီးေလာင္က်ြမ္းရာသို ့ မီးသတ္ဌာနမွ မီးသတ္ကား ၃စီး ျဖင့္ မီးၿငိမ္းသတ္ခဲ့သည္ ဟုသိရသည္။

မီးေလာင္မႈႏွင့္ ပတ္သတ္ၿပီး မီးေပါ့ဆစြာ သံုးစြဲသူအား မီးေလာင္မႈပုဒ္မျဖစ္သည့္ ပုဒ္မ ၂၈၅ ျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္ထားသည္ ဟုသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Narinjara

#Unicode Version#
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်၊ ကယ်ဆယ်ရေးစခန်းအမှတ်(၁)ရှိ MPT ဆက်သွယ်ရေး တာဝါတိုင်တွင် ယမန်နေ့ညက မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု ပြည်နယ်မီးသတ်ဦးစီးဌာနကအတည်ပြုပြောသည်။

သြဂုတ် ၂၂ ရက် ညနေ ၈ နာရီခွဲအချိန်တွင် အဆိုပါ ဆက်သွယ်ရေးတာဝါတိုင်ရှိ ဒီဇယ်မီးစက်အား စက်နှိုးထားရာမှ ဘတ်ထရီအိုးသို့ အားဝင်ရာတွင် မိုးရေစိုစွတ်နေသဖြင့် ဝါယာရှော့ ဖြစ်ရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်သည် မီးသတ်ဦးစီးဌာနက ပြောသည်။

“မီးလောင်မှုကြောင့် ဆုံးရှုံးမှု တန်ဖိုး ၃သိန်းခွဲလောက်ရှိပါတယ်”ဟု ပြည်နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းရာသို့ မီးသတ်ဌာနမှ မီးသတ်ကား ၃စီး ဖြင့် မီးငြိမ်းသတ်ခဲ့သည် ဟုသိရသည်။

မီးလောင်မှုနှင့် ပတ်သတ်ပြီး မီးပေါ့ဆစွာ သုံးစွဲသူအား မီးလောင်မှုပုဒ်မဖြစ်သည့် ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားသည် ဟုသိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: Narinjara


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top