မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး (ဆဋ္ဌမအကြိမ်မြောက်)
×





Credit: RFA Burmese

#Unicode Version#
မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပီရူး(Peru- ပေရူး) နိုင်ငံတွေက ရုရှားနိုင်ငံလုပ် MiG-35 တိုက်လေယာဉ်ပျံတွေကို ဝယ်ယူလိုတဲ့အတွက် ညှိနိုင်းနေတယ်လို့ သိရပါတယ်။

အဲဒီ ဘက်စုံသုံးတိုက်လေယာဉ်တွေဟာ MiG-29 တိုက်လေယာဉ်တွေကို မွမ်းမံတည်ဆောက်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ စမ်းသပ်ပျံသန်းခဲ့ပါတယ်။ ဝေဟင်က ဝေဟင်နဲ့ ဝေဟင်က မြေပြင်ပစ် ဒုံးကျည်တွေတပ်ဆင်ထားပြီး အသံထက် ၂ ဆကျော်မြန်အောင် ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။

မစ်လေယာဉ်ပျံကုမ္ပဏီအကြီးအကဲ Ilya Tarasenko အီလီယာ တာရာဆင်ကိုး က လေယာဉ်တွေ အောင်မြင်စွာ ရောင်းချနိုင်မယ်လို့ မျှော်လင့်ကြောင်းပြောပါတယ်။ အဲဒီ MiG-35 တိုက်လေယာဉ်တွေကို လာမယ့် ၂ဝ၁၉ မှာစတင်ရောင်းချနိုင်ဖို့ ရည်မှန်းထားကြောင်းလည်း မော်စကိုကလာတဲ့ သတင်းမှာ ဖေါ်ပြပါတယ်။

https://www.facebook.com/rfaburmese

ဖိုးသူတော် (www.phothutaw.com)
Credit: RFA Burmese
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top