မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး (ဆဋ္ဌမအကြိမ်မြောက်)
×





—Ref:Contactmusic
Credit: 7daydaily

#Unicode Version#
အမေရိကန်မင်းသား တွမ်ခရုဇ်သည် ‘Mission:Impossible 6’ ဇာတ်ကားရိုက်ကူးရေးတွင် အဆောက်အအုံတစ်ခု၌ ခေါင်မိုးပေါ်သို့ လှမ်းခုန်ရသည့် စွန့်စားခန်းတစ်ခုတွင် ဒဏ်ရာရရှိခဲ့သည်။

TMZ သတင်းဌာနက ဖော်ပြသော ဗီဒီယိုဖိုင်တွင် တွမ်ခရုဇ်သည် အဆောက်အအုံတစ်ခု၏ ခေါင်မိုးပေါ်သို့ လှမ်းခုန်ခဲ့သော် လည်း ချော်ကျသွား၍ ယင်းအဆောက်အအုံ အစွန်းပိုင်းနှင့် တိုက်မိခဲ့ကြောင်း တွေ့ရသည်။

အသက် (၅၅) နှစ်အရွယ် တွမ်ခရုဇ်သည် ခန္ဓာကိုယ်ပေါ်၌ သိုင်းကြိုးတပ်ထားသောကြောင့် အောက်သို့ ပြုတ်မကျဘဲ ထိုအ ဆောက်အအုံပေါ်သို့ ပြန်လည်တွယ်တက်ခဲ့ရာ ကယ်ဆယ်ရေး အဖွဲ့က တွဲခေါ်သွားခဲ့သည်။

‘Mission: Impossible 6’  ဇာတ်ကားအတွက် တွမ်ခရုဇ်သည် တစ်နှစ်ကြာ လေ့ကျင့်ခဲ့ရ ကြောင်း ထိုဇာတ်ကားထုတ်လုပ် သူ ဒေးဗစ်အယ်လီဆန်က ပြောသည်။ သို့သော် တွမ်ခရုဇ် ဒဏ်ရာရခြင်းနှင့် ပတ်သက်၍ အတိအကျ မသိရသေးပေ။

—Ref:Contactmusic
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top