ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

  ဓာတ္ပံု − Han Htue Lwin FB
Accident အမည္ျဖင့္ သီခ်င္းတစ္ပုဒ္ကို Mary ႏွင့္ တြဲဖက္ ဖန္တီးေနၿပီး အြန္လိုင္းက ျဖန္႔ခ်ိမည္ျဖစ္ေၾကာင္း Big Bag အဖြဲ႕မွ ရဲေဇာ္မ်ဳိးကေျပာသည္။

‘‘Accident က ကိုက်ား (က်ားေပါက္)ေရးတာ။ သီခ်င္း ပံုစံကေတာ့ Slow ပဲ။ Mary ရဲ႕ သီခ်င္းေတြေလာက္ေတာ့ Slow မဟုတ္ဘူး။ ကြၽန္ေတာ္တို႔ဆိုေန က်ပံုစံနဲ႔လည္း အရမ္းႀကီးခြဲမထြက္ ဘူး။ ဒီပံုစံက Jazz ဘက္ကို ပို ေရာက္တယ္’’ဟု ၎ကေျပာ သည္။ Mary ၏ သီခ်င္းတစ္ပုဒ္ကို က်ားေပါက္၏ ထုတ္လုပ္ေရးက ျဖန္႔ခ်ိရန္စီစဥ္ခဲ့ရာမွ ၎တို႔၏ အဖြဲ႕ႏွင့္ပူးေပါင္း၍ လုပ္ျဖစ္ခဲ့ျခင္းျဖစ္သည္ဟု ရဲေဇာ္မ်ဳိးက ဆို သည္။

‘‘ဒီသီခ်င္းမွာ Instrument က အမ်ားႀကီးတီးထားတာမဟုတ္ဘဲ တစ္ေယာက္ကို တစ္လိုင္းပဲ။ ေဝေဝဆာဆာၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ တီးတာမဟုတ္ဘူး။ Instrument နည္းနည္းေလးနဲ႔ Base ဆို Base။ ရွင္းရွင္းေလးေပါ့’’ဟု ယင္းသီခ်င္း တီးခတ္ထားသည့္ အပိုင္းကို ရဲေဇာ္မ်ဳိးက ေျပာသည္။

အဆိုပါသီခ်င္းကို ၾသဂုတ္ ၉ ရက္တြင္ အသံသြင္းခဲ့ၿပီး သီခ်င္းျဖန္႔မည့္အခ်ိန္ကို အတိအက် မေျပာႏိုင္ေသးေၾကာင္း ၎က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
ဓာတ်ပုံ − Han Htue Lwin FB

 Accident အမည်ဖြင့် သီချင်းတစ်ပုဒ်ကို Mary နှင့် တွဲ ဖက် ဖန်တီးနေပြီး အွန်လိုင်းက ဖြန့်ချိမည်ဖြစ်ကြောင်း Big Bag အဖွဲ့မှ ရဲဇော်မျိုးကပြောသည်။

‘‘Accident က ကိုကျား (ကျားပေါက်)ရေးတာ။ သီချင်း ပုံစံကတော့ Slow ပဲ။ Mary ရဲ့ သီချင်းတွေလောက်တော့ Slow မဟုတ်ဘူး။ ကျွန်တော်တို့ဆိုနေ ကျပုံစံနဲ့လည်း အရမ်းကြီးခွဲမထွက် ဘူး။ ဒီပုံစံက Jazz ဘက်ကို ပို ရောက်တယ်’’ဟု ၎င်းကပြော သည်။ Mary ၏ သီချင်းတစ်ပုဒ်ကို ကျားပေါက်၏ ထုတ်လုပ်ရေးက ဖြန့်ချိရန်စီစဉ်ခဲ့ရာမှ ၎င်းတို့၏ အဖွဲ့နှင့်ပူးပေါင်း၍ လုပ်ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ရဲဇော်မျိုးက ဆို သည်။

‘‘ဒီသီချင်းမှာ Instrument က အများကြီးတီးထားတာမဟုတ် ဘဲ တစ်ယောက်ကို တစ်လိုင်းပဲ။ ဝေဝေဆာဆာမြိုင်မြိုင်ဆိုင်ဆိုင် တီးတာမဟုတ်ဘူး။ Instrument နည်းနည်းလေးနဲ့ Base ဆို Base။ ရှင်းရှင်းလေးပေါ့’’ဟု ယင်းသီချင်း တီးခတ်ထားသည့် အပိုင်းကို ရဲဇော်မျိုးက ပြောသည်။

အဆိုပါသီချင်းကို သြဂုတ် ၉ ရက်တွင် အသံသွင်းခဲ့ပြီး သီချင်းဖြန့်မည့်အချိန်ကို အတိအကျ မပြောနိုင်သေးကြောင်း ၎င်းက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top