ကန်တော်ကြီးအနီး နိုင်ငံတကာအဆင့်မီ Royal Garden View ကွန်ဒို အထူးအရောင်းပြပွဲ
×





#Unicode Version#
Apple ထုတ်ကုန်တွေက လူတွေတော်တော်များများ အရူးအမူးကြိုက်နှစ်သက်တဲ့ ကုန်ပစ္စည်းပါ။ သင့်လက်ထဲကိုင်ထားတဲ့ အိုင်ဖုန်းလေးပဲ ဖြစ်ဖြစ်၊ အက်ပဲလ်ထုတ်လုပ်ကုန်ပစ္စည်းတစ်ခုပဲဖြစ်ဖြစ် ပျက်စီးသွားတဲ့အခါမျိုးကျ အတော်လေးနှမြာတသဖြစ်ကြမှာပါ။ အခုလည်း တရုတ်နိုင်ငံက အမျိုးသားတစ်ဦးက သူ့ရဲ့ အိုင်ဖုန်းကိုဆုံးရှုံးလိုက်ရလို့ ရူးရူးမူးမူးဖြစ်သွားတာက သိပ်ကိုထိတ်လန့်စရာပါပဲ။

ရှီဂျီဟောင်းက အမျိုးစားတစ်ဦးက သူ့ရဲ့အဲပဲလ်ထုတ်ကုန် အိုင်ဖုန်းတစ်လုံး အထပ်မြင့်တိုက်ပေါ်က နေပြုတ်သွားလို့ စိတ်ထိခိုက်ပြီး အနည်းငယ်ရှော့ရသွားခဲ့တယ်ထင်ပါရဲ့။ အဆောက်အဦးအပေါ်က နေ ပြုတ်ကျကျပြီးချင်းပဲ အဆောက်အအုံရဲ့ ၂၅ ထပ်ကိုထပ်ပြီး သူကိုယ်တိုင်လဲ ခုန်ချပစ်ဖို့ ကြံစည်ခဲ့ တယ်လို့ သိရပါတယ်။

ရူးရူးမူးမူးနဲ့ စွဲလမ်းစွာအသုံးပြုနေတဲ့ အိုင်ဖုန်းကို ဆုံးရှုံးလိုက်ရလို့ စိတ်အချဉ်ဖောက်ပြီး အခုလိုရဲတင်း လွန်းတဲ့ လုပ်ရပ်ကိုလုပ် လိုက်တာပါ။ အထပ်မြင့်ရဲ့ အစွန်းအပြင်ဘက်ကိုထွက်ပြီး ခုန်ချသေကြောင်း ကြံမယ်ချည်းပဲ လုပ်နေလို့ အနားမှာရှိနေခဲ့တဲ့ လူတွေလည်း အထိတ်အလန့်ဖြစ်ခဲ့ကြရပါတယ်။ သူ့ရဲ့ ဒီလိုခြိမ်းခြောက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးတွေလည်း အလုပ်ရှုပ်ကုန်ကြပါ တယ်။ သူကိုတားမြစ်ဖို့နဲ့ ကယ်ဆယ်နိုင်ဖို့ကို အသည်းအသန်ကြိုးစားခဲ့ကြလို့ အောင်မြင်စွာကယ်ဆယ်ထိန်း သိမ်းနိုင်ခဲ့ပါတယ်။ ပိုင်ဆိုင်မှုပစ္စည်းတစ်ခုကြောင့်လဲ အခုလိုအသိစိတ်မဲ့သွားတဲ့ အမျိုးသားကို တပ်ဖွဲ့ ဝင်တွေက နှစ်သိမ့်ပြီး စိတ်သက်သာရအောင် လုပ်ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: သဒ္ဒါချို(ရွှေအင်းလေး)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top