ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

heavy metal လိုမ်ိဳးသီခ်င္းမ်ားကို နားေထာင္ျခင္းကစိတ္တည္ၿငိမ္ေစႏိုင္

သီခ်င္းေတြဟာ မယဥ္ပါးတဲ့တိရစာၦန္တစ္ေကာင္ကိုေတာင္ ယဥ္ပါးလာေအာင္လုပ္ယူႏိုင္တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ heavy metalလို သီခ်င္းအမ်ိဳးအစားမ်ားဟာ ေႏြးေထြးၿပီး စိတ္တည္ၿငိမ္ေအာင္လုပ္ေပးႏိုင္မယ္လို႔ ေတြးမိၾကဖူးပါသလား။ သိပၸံပညာအရ ဒါဟာအမွန္တကယ္ပါပဲ။

သီခ်င္းနားေထာင္ျခင္းက လူကိုစိတ္ေရာကိုယ္ပါ သြက္လက္ေစပါတယ္။ ကိုယ့္ကိုယ္ကိုယ္လည္း ပိုငယ္႐ြယ္သြားတယ္ထင္ရေစၿပီး ေကာင္းေကာင္းအိပ္ေပ်ာ္ေစပါတယ္။ ပုံမွန္အားျဖင့္ classical အမ်ိဳးအစားက လူကိုစိတ္တည္ၿငိမ္ၿငိမ္းခ်မ္းေစတယ္လို႔ ေတာ္ေတာ္မ်ားမ်ားကမွတ္ယူၾကပါတယ္။ ဒါေပမယ့္ အသံက်ယ္က်ယ္နဲ႔ ခပ္ျမဴးျမဴးသီခ်င္းေတြကလည္း ဒီလိုအက်ိဳးသက္ေရာက္မႈမ်ိဳး ရႏိုင္ပါတယ္လို႔သိပၸံပညာက သက္ေသျပထားပါတယ္။ heavy metal၊ emo၊ hardcore နဲ႔ punk သီခ်င္းအမ်ိဳးအစားေတြဟာလည္း ေဒါသထြက္တာတို႔၊ စိတ္မတည္မၿငိမ္အေျခအေနမ်ိဳးေတြမွာ စိတ္ကိုတည္ၿငိမ္ေအးခ်မ္းေစတယ္လို႔ ၾသစေတးယ်ႏိုင္ငံရွိ ကြင္းစ္လန္းတကၠသိုလ္ (Queensland) က ေလ့လာခ်က္တစ္ရပ္က ဆိုပါတယ္။

ေလ့လာခ်က္အရ က်ယ္ေလာင္ၿပီး အစီအစဥ္မက်ပဲနဲ႔သီခ်င္းစာသားထဲေတြမွာ စိုးရိမ္စိတ္၊ စိတ္ဓာတ္က်မႈနဲ႔ အထီးက်န္မႈေတြကို ေျပျပစ္စြာထည့္သြင္းသီကုံးေရးဖြဲ႕ထားတဲ့ သီခ်င္းအမ်ိဳးအစားေတြဟာ နားေထာင္သူေတြကို အဆိုးျမင္စိတ္ေတြကို တျဖည္းျဖည္းတိုက္ထုတ္ႏိုင္ၿပီး အေကာင္းျမင္စိတ္ဘက္ကို တြန္းပို႔ေပးႏိုင္တယ္လို႔ ဆိုပါတယ္။ သုေတသနပညာရွင္ ဂ်န္နီဗီးလ္ဒင္ဂယ္လ္ ( Genevieve Dingle) နဲ႔ သူမရဲ႕တပည့္ျဖစ္သူ လီယာ့ရွာမန္ (Leah Sharman)တို႔ဟာ heavy music ႀကိဳက္ႏွစ္သက္တဲ့ အသက္ ၁၈မွ ၃၄ႏွစ္ၾကား လူ ၃၉ ေယာက္ကို စမ္းသပ္ခဲ့ပါတယ္။ ပထမဆုံးသူတို႔ကို ေဒါသထြက္ေအာင္လုပ္ပါတယ္။ အဲ့ဒီေနာက္မွာႏွစ္ဖြဲ႕ခြဲၿပီး တစ္ဖြဲ႕ကို ခဏေလာက္ၿငိမ္သက္စြာ ေနခိုင္းပါတယ္။ တစ္ဖြဲ႕ကိုေတာ့ သီခ်င္းကိုေပးနားေထာင္ပါတယ္။

ေမွ်ာ္လင့္ထားသလိုပါပဲ။ သီခ်င္းနားေထာင္သူမ်ားရဲ႕ ႏွလုံးခုန္ႏႈန္းဟာ ပိုေကာင္းလာတာကို ေတြ႕ရပါတယ္။ စိတ္ပိုင္းဆိုင္ရာဟာလည္း အေကာင္းဘက္ကို ဦးတည္သြားတာေတြ႕ရွိရပါတယ္။ တစ္ျခားေလ့လာခ်က္အခ်ိဳ႕မွာလည္း metal၊ punk နဲ႔ hardcoreအမ်ိဳးအစားသီခ်င္းေတြဟာ လူကိုပိုၿပီးယုံၾကည္မႈရွိေစၿပီး အလုပ္လုပ္ရာမွာလည္းအဆင္ေျပေစတယ္လို႔ ဆိုပါတယ္။ ဒီေလ့လာခ်က္ဟာ ဒီသီခ်င္းအမ်ိဳးအစား ႀကိဳက္ႏွစ္သက္သူမ်ားအတြက္ ဝမ္းသာစရာသတင္းတစ္ခုျဖစ္ပါတယ္။

Ref: Reader’s Digest : Why Listening to Heavy Metal Music can actually make you calmer-seriously


ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Sophia (ရုိးရာေလး)

#Unicode Version#
heavy metal လိုမျိုးသီချင်းများကို နားထောင်ခြင်းကစိတ်တည်ငြိမ်စေနိုင်

သီချင်းတွေဟာ မယဉ်ပါးတဲ့တိရစ္ဆာန်တစ်ကောင်ကိုတောင် ယဉ်ပါးလာအောင်လုပ်ယူနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် heavy metalလို သီချင်းအမျိုးအစားများဟာ နွေးထွေးပြီး စိတ်တည်ငြိမ်အောင်လုပ်ပေးနိုင်မယ်လို့ တွေးမိကြဖူးပါသလား။ သိပ္ပံပညာအရ ဒါဟာအမှန်တကယ်ပါပဲ။

သီချင်းနားထောင်ခြင်းက လူကိုစိတ်ရောကိုယ်ပါ သွက်လက်စေပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ပိုငယ်ရွယ်သွားတယ်ထင်ရစေပြီး ကောင်းကောင်းအိပ်ပျော်စေပါတယ်။ ပုံမှန်အားဖြင့် classical အမျိုးအစားက လူကိုစိတ်တည်ငြိမ်ငြိမ်းချမ်းစေတယ်လို့ တော်တော်များများကမှတ်ယူကြပါတယ်။ ဒါပေမယ့် အသံကျယ်ကျယ်နဲ့ ခပ်မြူးမြူးသီချင်းတွေကလည်း ဒီလိုအကျိုးသက်ရောက်မှုမျိုး ရနိုင်ပါတယ်လို့သိပ္ပံပညာက သက်သေပြထားပါတယ်။ heavy metal၊ emo၊ hardcore နဲ့ punk သီချင်းအမျိုးအစားတွေဟာလည်း ဒေါသထွက်တာတို့၊ စိတ်မတည်မငြိမ်အခြေအနေမျိုးတွေမှာ စိတ်ကိုတည်ငြိမ်အေးချမ်းစေတယ်လို့ သြစတေးယျနိုင်ငံရှိ ကွင်းစ်လန်းတက္ကသိုလ် (Queensland) က လေ့လာချက်တစ်ရပ်က ဆိုပါတယ်။

လေ့လာချက်အရ ကျယ်လောင်ပြီး အစီအစဉ်မကျပဲနဲ့သီချင်းစာသားထဲတွေမှာ စိုးရိမ်စိတ်၊ စိတ်ဓာတ်ကျမှုနဲ့ အထီးကျန်မှုတွေကို ပြေပြစ်စွာထည့်သွင်းသီကုံးရေးဖွဲ့ထားတဲ့ သီချင်းအမျိုးအစားတွေဟာ နားထောင်သူတွေကို အဆိုးမြင်စိတ်တွေကို တဖြည်းဖြည်းတိုက်ထုတ်နိုင်ပြီး အကောင်းမြင်စိတ်ဘက်ကို တွန်းပို့ပေးနိုင်တယ်လို့ ဆိုပါတယ်။ သုတေသနပညာရှင် ဂျန်နီဗီးလ်ဒင်ဂယ်လ် ( Genevieve Dingle) နဲ့ သူမရဲ့တပည့်ဖြစ်သူ လီယာ့ရှာမန် (Leah Sharman)တို့ဟာ heavy music ကြိုက်နှစ်သက်တဲ့ အသက် ၁၈မှ ၃၄နှစ်ကြား လူ ၃၉ ယောက်ကို စမ်းသပ်ခဲ့ပါတယ်။ ပထမဆုံးသူတို့ကို ဒေါသထွက်အောင်လုပ်ပါတယ်။ အဲ့ဒီနောက်မှာနှစ်ဖွဲ့ခွဲပြီး တစ်ဖွဲ့ကို ခဏလောက်ငြိမ်သက်စွာ နေခိုင်းပါတယ်။ တစ်ဖွဲ့ကိုတော့ သီချင်းကိုပေးနားထောင်ပါတယ်။

မျှော်လင့်ထားသလိုပါပဲ။ သီချင်းနားထောင်သူများရဲ့ နှလုံးခုန်နှုန်းဟာ ပိုကောင်းလာတာကို တွေ့ရပါတယ်။ စိတ်ပိုင်းဆိုင်ရာဟာလည်း အကောင်းဘက်ကို ဦးတည်သွားတာတွေ့ရှိရပါတယ်။ တစ်ခြားလေ့လာချက်အချို့မှာလည်း metal၊ punk နဲ့ hardcoreအမျိုးအစားသီချင်းတွေဟာ လူကိုပိုပြီးယုံကြည်မှုရှိစေပြီး အလုပ်လုပ်ရာမှာလည်းအဆင်ပြေစေတယ်လို့ ဆိုပါတယ်။ ဒီလေ့လာချက်ဟာ ဒီသီချင်းအမျိုးအစား ကြိုက်နှစ်သက်သူများအတွက် ဝမ်းသာစရာသတင်းတစ်ခုဖြစ်ပါတယ်။

Ref: Reader’s Digest : Why Listening to Heavy Metal Music can actually make you calmer-seriously


ဖိုးသူတော် (www.phothutaw.com)
Credit:  Sophia (ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top