ကန်တော်ကြီးအနီး နိုင်ငံတကာအဆင့်မီ Royal Garden View ကွန်ဒို အထူးအရောင်းပြပွဲ
×

G-Dragon ရဲ့ပရိသတ်တွေဟာ သူ့ရဲ့မွေးနေ့ကို ပုံစံမျိုးစုံနဲ့ အကောင်းဆုံးဖြစ်အောင် ကျင်းပပေးခဲ့ကြပြီး တစ်ဦးကဆိုရင် ခြင်္သေ့စစ်စစ်တစ်ကောင် လက်ဆောင်ပေးခဲ့ပါတယ်။

သြဂုတ်လ ၁၈ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ G-Dragon ရဲ့ အသက် ၃၀ ပြည့်မွေးနေ့မှာ သူ့ရဲ့ fan Page တစ်ခုဖြစ်တဲ့ OnlyJingyo အဖွဲ့က အာဖရိကမှာ ခြင်္သေ့တစ်ကောင် မွေးခဲ့တာဖြစ်ပါတယ်။

သူတို့အဖွဲ့က Enesikiria Pride of the Maasai Mara ဆိုတဲ့ ခြင်္သေ့ကို G-Dragon ရဲ့ နာမည်နဲ့ မွေးလိုက်တာ

ဖြစ်ပါတယ်။ သူတို့ရဲ့ရက်ရောလွန်းလှတဲ့ အလှူကြောင့် G-Dragon ရဲ့ခြင်္သေ့ကို World Wildlife Foundation အဖွဲ့က သေချာ ဂရုစိုက်သွားမှာ ဖြစ်ပါတယ်။

အဲဒီ Fan Page က မွေးနေ့လက်ဆောင်အဖြစ် ခြင်္သေ့ကို ရွေးချယ်ရခြင်း အကြောင်းရင်းကတော့ G-Dragon က သိဟ်ရာသီဖွားဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။





Source & Photos : allkpop
Credit: Duwun

#Unicode Version#
G-Dragon ရဲ့ပရိသတ်တွေဟာ သူ့ရဲ့မွေးနေ့ကို ပုံစံမျိုးစုံနဲ့ အကောင်းဆုံးဖြစ်အောင် ကျင်းပပေးခဲ့ကြပြီး တစ်ဦးကဆိုရင် ခင်္သြေ့စစ်စစ်တစ်ကောင် လက်ဆောင်ပေးခဲ့ပါတယ်။

သြဂုတ်လ ၁၈ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ G-Dragon ရဲ့ အသက် ၃၀ ပြည့်မွေးနေ့မှာ သူ့ရဲ့ fan Page တစ်ခုဖြစ်တဲ့ OnlyJingyo အဖွဲ့က အာဖရိကမှာ ခင်္သြေ့တစ်ကောင် မွေးခဲ့တာဖြစ်ပါတယ်။

သူတို့အဖွဲ့က Enesikiria Pride of the Maasai Mara ဆိုတဲ့ ခင်္သြေ့ကို G-Dragon ရဲ့ နာမည်နဲ့ မွေးလိုက်တာ

ဖြစ်ပါတယ်။ သူတို့ရဲ့ရက်ရောလွန်းလှတဲ့ အလှူကြောင့် G-Dragon ရဲ့ခင်္သြေ့ကို World Wildlife Foundation အဖွဲ့က သေချာ ဂရုစိုက်သွားမှာ ဖြစ်ပါတယ်။

အဲဒီ Fan Page က မွေးနေ့လက်ဆောင်အဖြစ် ခင်္သြေ့ကို ရွေးချယ်ရခြင်း အကြောင်းရင်းကတော့ G-Dragon က သိဟ်ရာသီဖွားဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

အလှူအတန်းရက်ရောတဲ့ G-Dragon ကလည်း သူတို့ရဲ့ မွန်မြတ်လှတဲ့ အလှူအတွက် ဝမ်းသာ ဂုဏ်ယူနေမှာပါ။

သူကိုယ်တိုင်လည်း သူ့မွေးနေ့မှာ UNHCR ကို ဒေါ်လာ ၇၁,၆၃၃.၉၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

လှူဒါန်းမှုအမျိုးမျိုးကို ပြုလုပ်တတ်တဲ့ G-Dragon ရဲ့အကျင့်လေးက သူ့ရဲ့ပရိသတ်တွေဆီလည်း ကူးဆက်သွားခဲ့ပါတယ်။ G-Dragon ရဲ့ပရိသတ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Always GD အဖွဲ့က ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်အတွင်း ကိုရီးယား ဝမ်ငွေ ၁၃၀,၅၀၁,၅၀၆ (၁၁၆,၇၇၃ ဒေါ်လာ) လှူဒါန်းခဲ့ကြပါတယ်။

G-Dragon ရဲ့နာမည်ရင်းက ကွန်ဂျီယောင် (Kwon Ji-yong) ဖြစ်ပြီး ၁၉၈၈ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ တောင်ကိုရီးယားရဲ့ နာမည်အကြီးဆုံး ဆယ်လီတစ်ဦးဖြစ်တဲ့ G-Dragon ဟာ ရက်ပါ၊ အဆိုတော်၊ သီချင်းရေးဆရာနဲ့ ဖက်ရှင်ရှေ့ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

Source & Photos : allkpop

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top