Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အခ်ိန္ေပးၿပီး မဖတ္ႏိုင္သူေတြ ရွိမွာစိုးတဲ့အတြက္ အရင္ဆုံး ေဆာင္းပါးရဲ႕အဓိက အခ်က္ေလးေတြကို ေျပာျပပါရေစ။ လိင္မႈ ေရးရာအတြက္ တရက္တာမွာ ဘယ္လို အခ်ိန္ေတြက အေကာင္းဆုံး အခ်ိန္ေတြလဲ ဆိုတာကို ေလ့လာသူေတြက ေစာင့္ၾကည့္ ခဲ့ၾကပါတယ္။

အဲဒီမွာ ေတြ႕လာရတာကေတာ့ မနက္ခင္း ၇နာရီ ၁၅ မိနစ္လို အခ်ိန္မွာ လိင္ဆက္ဆံမႈျပဳတာဟာ အေကာင္းဆုံး ျဖစ္တယ္ လို႔ ဆိုပါတယ္။ အေၾကာင္းကေတာ့ အဲဒီ အခ်ိန္ဟာ က်ေနာ္တို႔ရဲ႕ကိုယ္ခႏၶာက်န္းမာေရး အေကာင္းဆုံး၊ အားအင္အျပည့္ဆုံး အ ခ်ိန္ ျဖစ္ေနလို႔ပါတဲ့။

အဆိုပါ အခ်ိန္မွာ လိင္ဆက္ဆံမယ္ဆိုရင္ Endorphins ဆိုတဲ့ ခႏၶာကိုယ္က ေဟာ္မုန္းဓာတ္ကို ေလ်ာ့နည္းေစမယ္၊ ဒီဓာတ္ က စိတ္ဖိစီးမႈကို ေလ်ာ့နည္းေစၿပီး တရက္တာလုံး စိတ္ ေက်ေက်နပ္နပ္နဲ႔ ျဖတ္သန္းႏိုင္ေစမွာလည္း ျဖစ္ပါတယ္။ ၿပီးေတာ့ လိင္ဆက္ဆံမႈ ျပဳလုပ္ၿပီး ၃နာရီ အၾကာမွာ အလုပ္နဲ႔ ပတ္သက္ၿပီး အာ႐ုံစိုက္ႏိုင္မႈႏႈန္းလည္း ျမင့္တက္ ေကာင္းမြန္လာတာ ေတြ႕ရပါတယ္။

အရက္ေသာက္တတ္သူေတြအတြက္လည္း မနက္ခင္း လိင္ဆက္ဆံျခင္းက အေကာင္းဆုံး ျဖစ္လာေစၿပီး အရက္ေသာက္ဖို႔ အေကာင္းဆုံးအခ်ိန္က ညေန ၆နာရီ ၁၀မိနစ္ ျဖစ္လာပါတယ္။ ေသာက္သုံးလိုမႈ ဆႏၵကလည္း အဆိုပါ အခ်ိန္မွာ ရွိလာသလို မနက္ဘက္ လိင္ဆက္ဆံ၊ ညေနဘက္ အရက္ေသာက္သုံးေလ့ အခ်ိန္မွန္လာေစႏိုင္တာလည္း ျဖစ္ပါတယ္။

အခု ေလ့လာခ်က္ကို က်န္းမာသန္စြမ္းတဲ့ အမ်ိဳးသား ၁၀၀၀ေက်ာ္ အေပၚမွာ ေလ့လာမႈ ျပဳၿပီး ထုတ္ျပန္ထားတာ ျဖစ္တယ္ လို႔ ဆိုပါတယ္။

မနက္ခင္း လိင္ဆက္ဆံဖို႔အတြက္ အိပ္ရာႏိုးႏိုးခ်င္း လိင္ဆက္ဆံဖို႔ မဟုတ္ဘဲ အိပ္စက္ရာကေန ႏိုးထၿပီး ၄၅မိနစ္၊ မနက္ ခင္း ၇ နာရီခြဲေလာက္မွာ လိင္ဆက္ဆံတာ အေကာင္းဆုံးလို႔ ေလ့လာသူေတြက ေတြ႕ရွိခဲ့တာပါ။


တစ္ညတာလုံး အိပ္စက္ အနားယူမႈနဲ႔အတူ အေကာင္းဆုံး လိင္ထိေတြ႕မႈေရာ အိမ္ေထာင္ေရးသုခနဲ႔ တေန႔တာ အဆင္ေျပ ေပ်ာ္႐ႊင္မႈကိုပါ ေပးစြမ္းႏိုင္မွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

မူလ ေဆာင္းပါးမွာ တရက္တာအတြက္ အေကာင္းဆုံး လည္ပတ္လုပ္ေဆာင္သင့္တဲ့ အခ်ိန္ဇယားေလး ပါရွိလို႔ အဆိုပါ အခ်ိန္ဇယား အေၾကာင္းကို ေျပာျပခ်င္ပါတယ္။ မနက္ ၆နာရီ ၄၅မိနစ္မွာ အိပ္ရာထပါ။ ၇ နာရီကေန ၉ နာရီအတြင္း အိပ္ စက္ေပးဖို႔ေတာ့ လိုအပ္တာေပါ့။ မနက္ ၇နာရီမွာ ေလ့က်င့္ခန္းလုပ္၊ ေျပးပါ၊ အဆိုပါအခ်ိန္ ေလ့က်င့္ခန္းလုပ္ေဆာင္မႈက အဆီပိုေတြကို ပိုမို ေလာင္ကြၽမ္းမႈ ျမန္ေစတယ္လို႔ ဆိုပါတယ္။

မနက္ ၇နာရီ ၁၅ မိနစ္မွာ မနက္စာစားပါ။ အေကာင္းဆုံးက အိပ္ယာထၿပီး မိနစ္ ၃၀အၾကာမွာ မနက္စာ စားသုံးျခင္း ျဖစ္ ပါတယ္။ အခုလို အခ်ိန္မွန္ အိပ္ရာထ၊ ေလ့က်င့္ခန္းလုပ္၊ မနက္စာ စာသုံးျခင္းက ကိုယ္အေလးခ်ိန္လည္း မွန္ေစသလို အဝ လြန္ျခင္းကို တားဆီးႏိုင္တယ္လို႔ ဆိုပါတယ္။

မနက္စာ စားၿပီး ၇နာရီ ခြဲမွာေတာ့ လိင္ဆက္ဆံမႈ ျပဳတာ ေကာင္းပါတယ္။ အိပ္ရာႏိုးၿပီး ၄၅မိနစ္ အၾကာခန႔္မွာပါ။ အထူး သ ျဖင့္ အမ်ိဳးသားေတြမွာ လိင္ဆက္ဆံမႈ အေကာင္းဆုံး ခံစားရရွိသလို က်န္းမာေရးအတြက္လည္း ေကာင္းၿပီး တေန႔တာ လန္း ဆန္းေစတယ္လို႔ ဆိုပါတယ္။

အဲဒီေနာက္ ၉ နာရီ ၄၅ မိနစ္မွာ လုပ္ငန္းခြင္ ဝင္ပါၿပီ။ မနက္ဘက္ လိင္ဆက္ဆံထားမႈက အလုပ္ခြင္ အဆင္ေျပမႈေရာ ေပ်ာ္ ႐ႊင္မႈေရာ စိတ္ဖိစီးမႈပါ နည္းေစမွာ ျဖစ္ပါတယ္။ မနက္ ၁၀ နာရီ ၄၅ မိနစ္မွာ ခဏ အနားယူပါ။ ၿပီးမွ အလုပ္ဆက္လုပ္ပါ။ ေန႔လယ္ ၁၂နာရီ ၁၅မိနစ္မွာ ေန႔လယ္စာ စားပါ။

ေန႔ခင္း ၃နာရီ ခြဲမွာေတာ့ အလုပ္တြင္း အခ်ိန္ၾကာ လုပ္ေဆာင္မႈေၾကာင့္ လူေရာ စိတ္ေရာ ပင္ပန္းလာပါတယ္။ အနားယူ ေပးပါ။ ေကာ္ဖီ၊ မုန႔္ စားသုံး အပန္းေျဖပါ။ ညေန ၆နာရီမွာေတာ့ ညစာ စားပါ။ အရက္ေသာက္တတ္သူေတြအေနနဲ႔လည္း သင့္ေတာ္ေအာင္ ေသာက္သုံးႏိုင္ၿပီး ညေန ၆နာရီထက္ ေနာက္မက်ဘဲ ပုံမွန္ညစာ စားေပးျခင္းက အဝလြန္မႈ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္တာလည္း ေတြ႕ရပါတယ္။

ၿပီးရင္ေတာ့ ကိုယ္ပိုင္အခ်ိန္ အပန္းေျဖမႈနဲ႔ အနားယူႏိုင္ၿပီး ည ၁၀နာရီေလာက္မွာ အိပ္ရာဝင္သင့္ပါတယ္။ ဒါမွလည္း မနက္ ၆နာရီ ၄၅မိနစ္ အိပ္ရာထဖို႔ အိပ္ခ်ိန္ ၈နာရီဝန္းက်င္ အေကာင္းဆုံး ရရွိမွာ ျဖစ္ပါတယ္။

ညဘက္ အိပ္ရာဝင္ခ်ိန္အတြင္းမွာေတာ့ ေလ့လာခ်က္အရ လိင္ဆက္ဆံမႈ ျပဳသည္ မျပဳသည္ကို အက်ိဳးဆက္ မေဖာ္ျပထား ေပမယ့္ လိင္ဆက္ဆံဖို႔ေတာ့ ေျပာထားတာ မေတြ႕ရပါဘူး။ မနက္ဘက္မွာပဲ အေကာင္းဆုံး လိင္ဆက္ဆံဖို႔ ဆိုထားတာပါ။

အခု ေလ့လာခ်က္ကို Forza Supplements ကေန စစ္တမ္းေကာက္မႈေရာ ေလ့လာမႈပါ ေဆာင္႐ြက္ခဲ့တာ ျဖစ္ၿပီး အဓိကအ ေနနဲ႔ေတာ့ အမ်ိဳးသားေတြအတြက္ လိင္ဆက္ဆံမႈ အေကာင္းဆုံး အခ်ိန္ကို သိလာရတာပဲ ျဖစ္ပါတယ္။

Ref: www.dailymail.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Burma.irrawaddy

#Unicode Version#
အချိန်ပေးပြီး မဖတ်နိုင်သူတွေ ရှိမှာစိုးတဲ့အတွက် အရင်ဆုံး ဆောင်းပါးရဲ့အဓိက အချက်လေးတွေကို ပြောပြပါရစေ။ လိင်မှု ရေးရာအတွက် တရက်တာမှာ ဘယ်လို အချိန်တွေက အကောင်းဆုံး အချိန်တွေလဲ ဆိုတာကို လေ့လာသူတွေက စောင့်ကြည့် ခဲ့ကြပါတယ်။


အဲဒီမှာ တွေ့လာရတာကတော့ မနက်ခင်း ၇နာရီ ၁၅ မိနစ်လို အချိန်မှာ လိင်ဆက်ဆံမှုပြုတာဟာ အကောင်းဆုံး ဖြစ်တယ် လို့ ဆိုပါတယ်။ အကြောင်းကတော့ အဲဒီ အချိန်ဟာ ကျနော်တို့ရဲ့ကိုယ်ခန္ဓာကျန်းမာရေး အကောင်းဆုံး၊ အားအင်အပြည့်ဆုံး အ ချိန် ဖြစ်နေလို့ပါတဲ့။

အဆိုပါ အချိန်မှာ လိင်ဆက်ဆံမယ်ဆိုရင် Endorphins ဆိုတဲ့ ခန္ဓာကိုယ်က ဟော်မုန်းဓာတ်ကို လျော့နည်းစေမယ်၊ ဒီဓာတ် က စိတ်ဖိစီးမှုကို လျော့နည်းစေပြီး တရက်တာလုံး စိတ် ကျေကျေနပ်နပ်နဲ့ ဖြတ်သန်းနိုင်စေမှာလည်း ဖြစ်ပါတယ်။ ပြီးတော့ လိင်ဆက်ဆံမှု ပြုလုပ်ပြီး ၃နာရီ အကြာမှာ အလုပ်နဲ့ ပတ်သက်ပြီး အာရုံစိုက်နိုင်မှုနှုန်းလည်း မြင့်တက် ကောင်းမွန်လာတာ တွေ့ရပါတယ်။

အရက်သောက်တတ်သူတွေအတွက်လည်း မနက်ခင်း လိင်ဆက်ဆံခြင်းက အကောင်းဆုံး ဖြစ်လာစေပြီး အရက်သောက်ဖို့ အကောင်းဆုံးအချိန်က ညနေ ၆နာရီ ၁၀မိနစ် ဖြစ်လာပါတယ်။ သောက်သုံးလိုမှု ဆန္ဒကလည်း အဆိုပါ အချိန်မှာ ရှိလာသလို မနက်ဘက် လိင်ဆက်ဆံ၊ ညနေဘက် အရက်သောက်သုံးလေ့ အချိန်မှန်လာစေနိုင်တာလည်း ဖြစ်ပါတယ်။

အခု လေ့လာချက်ကို ကျန်းမာသန်စွမ်းတဲ့ အမျိုးသား ၁၀၀၀ကျော် အပေါ်မှာ လေ့လာမှု ပြုပြီး ထုတ်ပြန်ထားတာ ဖြစ်တယ် လို့ ဆိုပါတယ်။

မနက်ခင်း လိင်ဆက်ဆံဖို့အတွက် အိပ်ရာနိုးနိုးချင်း လိင်ဆက်ဆံဖို့ မဟုတ်ဘဲ အိပ်စက်ရာကနေ နိုးထပြီး ၄၅မိနစ်၊ မနက် ခင်း ၇ နာရီခွဲလောက်မှာ လိင်ဆက်ဆံတာ အကောင်းဆုံးလို့ လေ့လာသူတွေက တွေ့ရှိခဲ့တာပါ။


တညတာလုံး အိပ်စက် အနားယူမှုနဲ့အတူ အကောင်းဆုံး လိင်ထိတွေ့မှုရော အိမ်ထောင်ရေးသုခနဲ့ တနေ့တာ အဆင်ပြေ ပျော်ရွှင်မှုကိုပါ ပေးစွမ်းနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မူလ ဆောင်းပါးမှာ တရက်တာအတွက် အကောင်းဆုံး လည်ပတ်လုပ်ဆောင်သင့်တဲ့ အချိန်ဇယားလေး ပါရှိလို့ အဆိုပါ အချိန်ဇယား အကြောင်းကို ပြောပြချင်ပါတယ်။ မနက် ၆နာရီ ၄၅မိနစ်မှာ အိပ်ရာထပါ။ ၇ နာရီကနေ ၉ နာရီအတွင်း အိပ် စက်ပေးဖို့တော့ လိုအပ်တာပေါ့။ မနက် ၇နာရီမှာ လေ့ကျင့်ခန်းလုပ်၊ ပြေးပါ၊ အဆိုပါအချိန် လေ့ကျင့်ခန်းလုပ်ဆောင်မှုက အဆီပိုတွေကို ပိုမို လောင်ကျွမ်းမှု မြန်စေတယ်လို့ ဆိုပါတယ်။

မနက် ၇နာရီ ၁၅ မိနစ်မှာ မနက်စာစားပါ။ အကောင်းဆုံးက အိပ်ယာထပြီး မိနစ် ၃၀အကြာမှာ မနက်စာ စားသုံးခြင်း ဖြစ် ပါတယ်။ အခုလို အချိန်မှန် အိပ်ရာထ၊ လေ့ကျင့်ခန်းလုပ်၊ မနက်စာ စာသုံးခြင်းက ကိုယ်အလေးချိန်လည်း မှန်စေသလို အဝ လွန်ခြင်းကို တားဆီးနိုင်တယ်လို့ ဆိုပါတယ်။

မနက်စာ စားပြီး ၇နာရီ ခွဲမှာတော့ လိင်ဆက်ဆံမှု ပြုတာ ကောင်းပါတယ်။ အိပ်ရာနိုးပြီး ၄၅မိနစ် အကြာခန့်မှာပါ။ အထူး သ ဖြင့် အမျိုးသားတွေမှာ လိင်ဆက်ဆံမှု အကောင်းဆုံး ခံစားရရှိသလို ကျန်းမာရေးအတွက်လည်း ကောင်းပြီး တနေ့တာ လန်း ဆန်းစေတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ၉ နာရီ ၄၅ မိနစ်မှာ လုပ်ငန်းခွင် ဝင်ပါပြီ။ မနက်ဘက် လိင်ဆက်ဆံထားမှုက အလုပ်ခွင် အဆင်ပြေမှုရော ပျော် ရွှင်မှုရော စိတ်ဖိစီးမှုပါ နည်းစေမှာ ဖြစ်ပါတယ်။ မနက် ၁၀ နာရီ ၄၅ မိနစ်မှာ ခဏ အနားယူပါ။ ပြီးမှ အလုပ်ဆက်လုပ်ပါ။ နေ့လယ် ၁၂နာရီ ၁၅မိနစ်မှာ နေ့လယ်စာ စားပါ။

နေ့ခင်း ၃နာရီ ခွဲမှာတော့ အလုပ်တွင်း အချိန်ကြာ လုပ်ဆောင်မှုကြောင့် လူရော စိတ်ရော ပင်ပန်းလာပါတယ်။ အနားယူ ပေးပါ။ ကော်ဖီ၊ မုန့် စားသုံး အပန်းဖြေပါ။ ညနေ ၆နာရီမှာတော့ ညစာ စားပါ။ အရက်သောက်တတ်သူတွေအနေနဲ့လည်း သင့်တော်အောင် သောက်သုံးနိုင်ပြီး ညနေ ၆နာရီထက် နောက်မကျဘဲ ပုံမှန်ညစာ စားပေးခြင်းက အဝလွန်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်တာလည်း တွေ့ရပါတယ်။

ပြီးရင်တော့ ကိုယ်ပိုင်အချိန် အပန်းဖြေမှုနဲ့ အနားယူနိုင်ပြီး ည ၁၀နာရီလောက်မှာ အိပ်ရာဝင်သင့်ပါတယ်။ ဒါမှလည်း မနက် ၆နာရီ ၄၅မိနစ် အိပ်ရာထဖို့ အိပ်ချိန် ၈နာရီဝန်းကျင် အကောင်းဆုံး ရရှိမှာ ဖြစ်ပါတယ်။

ညဘက် အိပ်ရာဝင်ချိန်အတွင်းမှာတော့ လေ့လာချက်အရ လိင်ဆက်ဆံမှု ပြုသည် မပြုသည်ကို အကျိုးဆက် မဖော်ပြထား ပေမယ့် လိင်ဆက်ဆံဖို့တော့ ပြောထားတာ မတွေ့ရပါဘူး။ မနက်ဘက်မှာပဲ အကောင်းဆုံး လိင်ဆက်ဆံဖို့ ဆိုထားတာပါ။

အခု လေ့လာချက်ကို Forza Supplements ကနေ စစ်တမ်းကောက်မှုရော လေ့လာမှုပါ ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး အဓိကအ နေနဲ့တော့ အမျိုးသားတွေအတွက် လိင်ဆက်ဆံမှု အကောင်းဆုံး အချိန်ကို သိလာရတာပဲ ဖြစ်ပါတယ်။

Ref: www.dailymail.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: Burma.irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top