ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

မာယာလူမ်ဳိးလုိ႔ ဆုိလုိက္တာနဲ႔ ဥာဏ္အလြန္ထက္ၿပီး တီထြင္မႈေတြကိုဖန္တီးခဲ့ၿပီး သမုိင္းထဲကေပ်ာက္ျခင္းမလွ ေပ်ာက္သြားတဲ့ လူမ်ဳိးစုတစ္စု အျဖစ္ အားလုံးသိၿပီးျဖစ္မွာပါ။ အခုေဖာ္ျပတဲ့ Chichen Itza ၿမဳိ႕ေတာ္ဟာ ဒီမာယာလူမ်ဳိးေတြတည္ေဆာက္ခဲ့တဲ့ၿမဳိ႕ေတာ္ျဖစ္ပါတယ္။ အက်ယ္အ၀န္းအားျဖင့္ ၄မုိင္ပတ္လည္က်ယ္၀န္းပါတယ္။ Mexico ႏုိင္ငံ၊ Yucatan ၏ ၿမိဳ႕ေတာ္ Merida ရဲ့ အေရွ႕ဘက္ ၇၅ မိုင္အကြာမွာ တည္ရိွပါတယ္။

 
ေအဒီ ၆ရာစုကေန ၉ရာစုေက်ာ္အထိ အလြန္စည္ကားတဲ့ၿမဳိ႕ျဖစ္ခဲ့ပါတယ္။ ေအဒီ ၁၀ရာစုခန္႔မွာ Toltec လူမ်ဳိးေတြရဲ႕သိမ္းပုိက္ျခင္းကုိခံခဲ့ရၿပီး မာယာလူမ်ဳိးေတြလုပ္အားနဲ႔ ၿမဳိ႕ေတာ္ႀကီးကုိ ဘာသာေရးအေဆာက္အအုံေတြကို ေဆာက္လုပ္ခဲ့ၿပီး သူတုိ႔နဲ႔အတူ လူသားယဇ္ပူေဇာ္ျခင္း စနစ္လည္းပါလာခဲ့ပါတယ္။ ယဇ္ပူေဇာ္တဲ့အခါ လူေတြကို Chichen ထိပ္ကေနပစ္ခ်ၿပီး အသက္ရွင္က်န္ရစ္သူကိုသာ ျမင့္ျမတ္သူလို႔ယံုၾကည္ၿပီးကိုးကြယ္ခဲ့ၾကပါတယ္။ ေအဒီ ၁၃ရာစုမွာေတာ့ မာယာေတြဟာ ဒီၿမဳိ႕ကိုအၿပီးတုိင္စြန္႔ခြာခဲ့ၾကပါတယ္။ က်ဴးေက်ာ္သူေတြဟာ မာယာဘုန္းေတာ္ႀကီးေတြကုိ မသတ္ခဲ့ရင္ ၊ စာအုပ္ေတြကုိမီးမရႈိ႕ခဲ့ရင္ မာယာေတြရဲ႕ သမုိင္းအေထာက္အထားေတြကို ဒီထက္အမ်ားႀကီးပုိသိရမွာျဖစ္ပါတယ္။

 
Chi ဆိုတာက ပါးစပ္၊ Chen ဆိုတာက ေရတြင္း၊ Itza ဆိုတာက အစ္ဇာလူမ်ဳိးႏြယ္စု လို႔ အဓိပၸာယ္ရပါတယ္။ အဓိပၸါယ္အျပည့္အစုံကေတာ့ ‘at the mouth of the well of the Itza’ ျဖစ္ပါတယ္။

မတည္ေဆာက္ခင္က အဲဒီေနရာမွာ တစ္ႏွစ္ပတ္လုံးေရရႏုိင္တဲ့ တြင္းေပါက္ႀကီး ႏွစ္ခုရွိတာေၾကာင့္ Chichen Itza တည္ေဆာက္ဖုိ႔ ဒီေနရာကိုေရြးခ်ယ္ခဲ့ၾကတာပဲျဖစ္ါပတယ္။ ဒီအေပါက္ႀကီးႏွစ္ခုထဲက တစ္ခုဟာ လူသားေတြကုိယဇ္ပူေဇာ္ရာ ေနရာလည္းျဖစ္ပါတယ္။ ဒီေနရာမွာ ေယာက်ၤား ၊ မိန္းမ ၊ ကေလးမ်ားစြာဟာ Chac ဘုရားထံ ယဇ္ပူေဇာ္ျခင္းကုိခံခဲ့ရပါတယ္။ Chac ဟာ မာယာလူမ်ဳိးမ်ားရဲ႕ မိုး နဲ႔ မုိးႀကဳိးဘုရားျဖစ္ပါတယ္။

 
ဒီၿမဳိ႕ရဲ႕ အထူးျခားဆုံး အေက်ာ္ၾကားဆုံးေနရာဟာ Castillo ျဖစ္ပါတယ္။ စပိန္စကားနဲ႔ ဆုိရင္ ရဲတုိက္ျဖစ္ပါတယ္။ Castillo ဟာ နကၡတၱေဗဒ နည္းလမ္းအတုိင္းတည္ေဆာက္တဲ့ ပိရမစ္ပုံစံ ၇၉ေပအျမင့္ အေဆာက္အဦးျဖစ္ၿပီး အျပင္ဘက္မွာ ေလွကား ၄ခုရွိပါတယ္။ သတင္းမီဒီယာေတြမွာ မၾကာခဏေဖာ္ျပခံရတဲ့ပုံလည္းျဖစ္ပါတယ္။

ဒီေနရာမွာေနထုိင္ခဲ့တဲ့ မာယာလူမ်ဳိးေတြဟာ လက္မႈပညာအတတ္ ၊ ပန္းပုအတတ္ ၊ ယက္ကန္းအတတ္ ၊ ေက်ာက္မ်က္အတတ္ နဲ႔ အုိးအတတ္ေတြမွာ အလြန္ကြ်မ္းက်င္သူေတြျဖစ္ပါတယ္။

 
အေဆာက္အဦးအားလုံးကုိ ေက်ာက္တုံးေတြနဲ႔သာ ေဆာက္လုပ္ထားပါတယ္။ ထူးျခားတာကေတာ့ သူတုိ႔ရဲ႕ဘုရားေက်ာင္းေတြ ၊ ပိရမစ္ေတြ နဲ႔ အေဆာက္အဦးေတြေဆာက္လုပ္တဲ့ေနရာမွာ ေက်ာက္တုံးသယ္ဖုိ႔အတြက္ ဘီးေတြကို အသုံးမျပဳခဲ့တာပါ။


အေဆာက္အဦးမ်ားဖ်က္စီးရၿပီးေနာက္ က်န္ခဲ့တဲ့အထဲမွာ ေက်ာ္ၾကားတဲ့အေဆာက္အဦးေတြကေတာ့ The Warrior’s Temple, El Castillo နဲ႔ The Great Ball Court တုိ႔ျဖစ္ပါတယ္။


Chichen Itza ဟာ ကမာၻသစ္ရဲ႕ အႀကီးက်ယ္ဆုံး အံၾသဖြယ္ရာ ခုႏွစ္ခုထဲမွာလည္း ထည့္သြင္းသတ္မွတ္ခံခဲ့ရသလုိ ၁၉၈၈မွာ UNESCO ရဲ႕ ကမာၻ႔အေမႊအႏွစ္အျဖစ္သတ္မွတ္ျခင္းကုိလည္း ခံခဲ့ရပါတယ္။ ႏွစ္စဥ္ ကမာၻလွည့္ခရီးသည္ေပါင္း ၁.၄သန္းခန္႔ လာေရာက္လည္ပတ္တဲ့ေနရာလည္းျဖစ္ပါတယ္။



 

 

 
 

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thutazone

#Unicode Version#
မာယာလူမျိုးလို့ ဆိုလိုက်တာနဲ့ ဉာဏ်အလွန်ထက်ပြီး တီထွင်မှုတွေကိုဖန်တီးခဲ့ပြီး သမိုင်းထဲကပျောက်ခြင်းမလှ ပျောက်သွားတဲ့ လူမျိုးစုတစ်စု အဖြစ် အားလုံးသိပြီးဖြစ်မှာပါ။ အခုဖော်ပြတဲ့ Chichen Itza မြို့တော်ဟာ ဒီမာယာလူမျိုးတွေတည်ဆောက်ခဲ့တဲ့မြို့တော်ဖြစ်ပါတယ်။ အကျယ်အဝန်းအားဖြင့် ၄မိုင်ပတ်လည်ကျယ်ဝန်းပါတယ်။ Mexico နိုင်ငံ၊ Yucatan ၏ မြို့တော် Merida ရဲ့ အရှေ့ဘက် ၇၅ မိုင်အကွာမှာ တည်ရှိပါတယ်။

အေဒီ ၆ရာစုကနေ ၉ရာစုကျော်အထိ အလွန်စည်ကားတဲ့မြို့ဖြစ်ခဲ့ပါတယ်။ အေဒီ ၁၀ရာစုခန့်မှာ Toltec လူမျိုးတွေရဲ့သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီး မာယာလူမျိုးတွေလုပ်အားနဲ့ မြို့တော်ကြီးကို ဘာသာရေးအဆောက်အအုံတွေကို ဆောက်လုပ်ခဲ့ပြီး သူတို့နဲ့အတူ လူသားယဇ်ပူဇော်ခြင်း စနစ်လည်းပါလာခဲ့ပါတယ်။ ယဇ်ပူဇော်တဲ့အခါ လူတွေကို Chichen ထိပ်ကနေပစ်ချပြီး အသက်ရှင်ကျန်ရစ်သူကိုသာ မြင့်မြတ်သူလို့ယုံကြည်ပြီးကိုးကွယ်ခဲ့ကြပါတယ်။ အေဒီ ၁၃ရာစုမှာတော့ မာယာတွေဟာ ဒီမြို့ကိုအပြီးတိုင်စွန့်ခွာခဲ့ကြပါတယ်။ ကျူးကျော်သူတွေဟာ မာယာဘုန်းတော်ကြီးတွေကို မသတ်ခဲ့ရင် ၊ စာအုပ်တွေကိုမီးမရှို့ခဲ့ရင် မာယာတွေရဲ့ သမိုင်းအထောက်အထားတွေကို ဒီထက်အများကြီးပိုသိရမှာဖြစ်ပါတယ်။

Chi ဆိုတာက ပါးစပ်၊ Chen ဆိုတာက ရေတွင်း၊ Itza ဆိုတာက အစ်ဇာလူမျိုးနွယ်စု လို့ အဓိပ္ပာယ်ရပါတယ်။ အဓိပ္ပါယ်အပြည့်အစုံကတော့ ‘at the mouth of the well of the Itza’ ဖြစ်ပါတယ်။

မတည်ဆောက်ခင်က အဲဒီနေရာမှာ တစ်နှစ်ပတ်လုံးရေရနိုင်တဲ့ တွင်းပေါက်ကြီး နှစ်ခုရှိတာကြောင့် Chichen Itza တည်ဆောက်ဖို့ ဒီနေရာကိုရွေးချယ်ခဲ့ကြတာပဲဖြစ်ါပတယ်။ ဒီအပေါက်ကြီးနှစ်ခုထဲက တစ်ခုဟာ လူသားတွေကိုယဇ်ပူဇော်ရာ နေရာလည်းဖြစ်ပါတယ်။ ဒီနေရာမှာ ယောင်္ကျား ၊ မိန်းမ ၊ ကလေးများစွာဟာ Chac ဘုရားထံ ယဇ်ပူဇော်ခြင်းကိုခံခဲ့ရပါတယ်။ Chac ဟာ မာယာလူမျိုးများရဲ့ မိုး နဲ့ မိုးကြိုးဘုရားဖြစ်ပါတယ်။

ဒီမြို့ရဲ့ အထူးခြားဆုံး အကျော်ကြားဆုံးနေရာဟာ Castillo ဖြစ်ပါတယ်။ စပိန်စကားနဲ့ ဆိုရင် ရဲတိုက်ဖြစ်ပါတယ်။ Castillo ဟာ နက္ခတ္တဗေဒ နည်းလမ်းအတိုင်းတည်ဆောက်တဲ့ ပိရမစ်ပုံစံ ၇၉ပေအမြင့် အဆောက်အဦးဖြစ်ပြီး အပြင်ဘက်မှာ လှေကား ၄ခုရှိပါတယ်။ သတင်းမီဒီယာတွေမှာ မကြာခဏဖော်ပြခံရတဲ့ပုံလည်းဖြစ်ပါတယ်။

ဒီနေရာမှာနေထိုင်ခဲ့တဲ့ မာယာလူမျိုးတွေဟာ လက်မှုပညာအတတ် ၊ ပန်းပုအတတ် ၊ ယက်ကန်းအတတ် ၊ ကျောက်မျက်အတတ် နဲ့ အိုးအတတ်တွေမှာ အလွန်ကျွမ်းကျင်သူတွေဖြစ်ပါတယ်။

အဆောက်အဦးအားလုံးကို ကျောက်တုံးတွေနဲ့သာ ဆောက်လုပ်ထားပါတယ်။ ထူးခြားတာကတော့ သူတို့ရဲ့ဘုရားကျောင်းတွေ ၊ ပိရမစ်တွေ နဲ့ အဆောက်အဦးတွေဆောက်လုပ်တဲ့နေရာမှာ ကျောက်တုံးသယ်ဖို့အတွက် ဘီးတွေကို အသုံးမပြုခဲ့တာပါ။

အဆောက်အဦးများဖျက်စီးရပြီးနောက် ကျန်ခဲ့တဲ့အထဲမှာ ကျော်ကြားတဲ့အဆောက်အဦးတွေကတော့ The Warrior’s Temple, El Castillo နဲ့ The Great Ball Court တို့ဖြစ်ပါတယ်။

Chichen Itza ဟာ ကမ္ဘာသစ်ရဲ့ အကြီးကျယ်ဆုံး အံသြဖွယ်ရာ ခုနှစ်ခုထဲမှာလည်း ထည့်သွင်းသတ်မှတ်ခံခဲ့ရသလို ၁၉၈၈မှာ UNESCO ရဲ့ ကမ္ဘာ့အမွှေအနှစ်အဖြစ်သတ်မှတ်ခြင်းကိုလည်း ခံခဲ့ရပါတယ်။ နှစ်စဉ် ကမ္ဘာလှည့်ခရီးသည်ပေါင်း ၁.၄သန်းခန့် လာရောက်လည်ပတ်တဲ့နေရာလည်းဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thutazone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top