Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×


Related image



#Unicode Version#
ခေါင်းစဉ်မြင်ပြီး နှုတ်ခမ်းနီမလေးတွေ စိတ်ဝင်စားသွားကြမယ်လို့ ထင်ပါတယ် ။ ဒီအမျိုးသားဟာ နှုတ်ခမ်းနီမလေးတွေနဲ့ သိပ်မစိမ်းတဲ့ အမျိုးသားတစ်ဦးပဲဖြစ်ပါတယ် ။သူကတော့ JYJ အဖွဲ့ဝင် ဂျယ်ဂျွန်း ပဲဖြစ်ပါတယ် ။

Jae Joong ဟာ JYJအဖွဲ့ ရဲ့ နာမည်ကြီး အဆိုတော် တစ်ယောက် ဖြစ်ရုံမက သရုပ်ဆောင် ၊ တေးရေး ၊ ဒီဇီုင်နာ အလုပ်တွေမှာလည်း အောင်မြင်မှုတွေ များစွာရရှိထားပြီး အခုဆိုရင်တော့ အောင်မြင်တဲ့ CEO တစ်ယောက်လည်း ဖြစ်နေပါပြီ ။
Related image
ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့က Jae Joong ဟာ ဂျပန်နိုင်ငံမှာ KAVE Mall ကို ဖွင့်လှစ်တည်ထောင်ခဲ့တာပဲ ဖြစ်ပါတယ် ။ KAVE Mall ကို ဂျပန်နိုင်ငံ တိုကျိုမြို့ Shibuya ပြည်နယ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး ဖွင့်ပွဲနေ့မှာလည်း ပရိတ်သတ်တွေ သောင်းသောင်းဖျဖျနဲ့ ပွဲဟာ အတော်ကို စည်းကားခဲ့ပါတယ် ။ အခုလို စီးပွားရေးဘက်ကို စတင်ပြီးလုပ်ကိုင်လာတဲ့ Jae Joong ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အဟော့ဆုံး CEO ဖြစ်လာမှာ သံသယဖြစ်စရာ မရှိပါဘူး။

ဂျယ်ဂျွန်းဟာ ကိုရီးယားနိုင်ငံရဲ့ ဘက်စုံထူးခွှန်တဲ့ ထိပ်တန်းကြယ်တစ်ပွင့် ဆိုရင်လည်း မမှားပါဘူး ။
ဆက်လက်ပြီးလည်း အောင်မြင်မှုတွေ ထိန်းထားနိုင်ပါစေလို့ တောင်းဆုပြုပေးလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: CHAN (ရွှေအင်းလေး)

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top