ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

မေကြးတိုင္းေဒသႀကီး ဆိပ္ျဖဴၿမိဳ႕နယ္ ကိုးေတာင့္ေက်းရြာအုပ္စု ေရလယ္ ကြၽန္းေက်းရြာ (ရြာေဟာင္း)အနီး ဧရာဝတီျမစ္အတြင္း ဘက္ဟိုးႏွင့္ ကရိန္းယာဥ္မ်ား တင္ေဆာင္ထားသည့္ တြဲေရယာဥ္တစ္စင္း နစ္ျမဳပ္ေန ေၾကာင္း ၾသဂုတ္ ၂၂ ရက္ မြန္းလြဲ ၁ နာရီခန္႔က သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ေရယာဥ္အုပ္ ဦးေအာင္တင္ (၆၅ ႏွစ္) အဏၰဝါမယ္တြန္းေရယာဥ္ ၇ဝ၉၄ ၊ CB တြဲယာဥ္ အမွတ္ ၆၆၉ ေပၚ၌ ဆင္ႏွစ္ေကာင္ ကုမၸဏီပိုင္ တန္ ၅ဝဝ ကရိန္း တစ္စီး၊ တန္ ၁၁ဝ ကရိန္း တစ္စီး၊ တန္ ၁ဝဝ ကရိန္းတစ္စီး၊တန္ ၈၅ ကရိန္းတစ္စီး၊ တန္ ၂၅ ကရိန္း တစ္စီးႏွင့္ တန္ ၂၅ ဘက္ဟိုးတစ္စီး၊ ေျမေကာ္ကားတစ္စီးတို႔ကို တင္ ေဆာင္၍ ေညာင္ဦးၿမိဳ႕နယ္ ေညာင္လွေက်းရြာမွ ရန္ကုန္ၿမိဳ႕သို႔ စုန္ဆင္း လာရာ နံနက္ ၁၁ နာရီခြဲခန္႔တြင္ ေခ်ာက္-ဆိပ္ျဖဴ အေနာ္ရထာျမစ္ကူး တံတား ေခ်ာက္ၿမိဳ႕နယ္ဘက္ P5 ႏွင့္ P6 အၾကား ေရယာဥ္လမ္း ေၾကာင္း အေရာက္တြင္ ရာသီဥတုဆိုးရြား မႈေၾကာင့္ Back ျပန္ဆြဲရာ ေရစီးအား ေၾကာင့္ တြဲေရယာဥ္ဆိုင္းႀကိဳး မ်ားျပတ္၍ P5 တံတားတိုင္အား ပြတ္တိုက္မႈ ျဖစ္ပြားခဲ့ၿပီး တံတားေအာက္ဘက္သို႔ ေရစီးအတိုင္းေမ်ာပါကာ ဆိပ္ျဖဴ ၿမိဳ႕နယ္ ကိုးေတာင့္ေက်းရြာအုပ္စု ေရလယ္ကြၽန္းေက်းရြာ (ရြာေဟာင္း) အနီး ေရလယ္ကြၽန္းကမ္းပါးသို႔ အဏၰဝါမယ္ကတြန္းပို႔ကာ ကမ္းကပ္ႏိုင္ခဲ့ၿပီး CB တြဲယာဥ္သည္ တံတားတိုင္ P5 ႏွင့္ ပြတ္တိုက္ခဲ့ျခင္းေၾကာင့္ ကိုယ္ ထည္သံျပားေပါက္၍ ေရမ်ားဝင္ေရာက္ကာ တိမ္းေစာင္းနစ္ျမဳပ္ခဲ့ၿပီး CB တြဲယာဥ္ တြင္ပါရွိသည့္ ယာဥ္ယၲရားမ်ား နစ္ျမဳပ္ခဲ့ေၾကာင္း၊ တြန္းေရယာဥ္ ၇ဝ၉၄ ေပၚတြင္ လူ ၁၁ ဦးပါရွိခဲ့ၿပီး အသက္အႏၱရာယ္ႏွင့္ ထိခိုက္ဒဏ္ရာရွိမႈ တစ္စုံတစ္ရာမရွိေၾကာင္း သိရသည္။

အဆိုပါျဖစ္ပြားရာေနရာသို႔ ဆိပ္ျဖဴၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးႏိုင္ေအး၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးထြန္းျမင့္ဝင္းႏွင့္ တပ္ဖြဲ႕ဝင္မ်ား၊ ၿမိဳ႕နယ္မီးသတ္ ဦးစီးမွဴး၊ ေခ်ာက္ၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕မွ ဦးစီးမွဴးတို႔ပါဝင္သည့္ တပ္ဖြဲ႕ဝင္မ်ား က လိုအပ္သည့္အကူအညီမ်ား ေဆာင္ရြက္ေပးခဲ့ၿပီး ေရေၾကာင္းပို႔ေဆာင္ ေရးòန္ၾကားမႈ ဦးစီးဌာန မေကြးတိုင္းေဒသႀကီး ဦးစီးမွဴး လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးသန္းႏိုင္ႏွင့္ ေရအရင္းအျမစ္ႏွင့္ ျမစ္ေခ်ာင္းမ်ား ဖြံ႕ၿဖိဳး တိုးတက္ေရးဦးစီးဌာန ေရယာဥ္အုပ္(၄) ဦးသန္းေအာင္တို႔ က ျဖစ္စဥ္မ်ား ႏွင့္ပတ္သက္၍ စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

စိုးလင္းႏိုင္(ျပန္/ဆက္)

https://www.facebook.com/MOIWebportalMyanmar/


ဖိုးသူေတာ္ (www.phothutaw.com)
Credit: MOI Webportal Myanmar

#Unicode Version#
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ကိုးတောင့်ကျေးရွာအုပ်စု ရေလယ် ကျွန်းကျေးရွာ (ရွာဟောင်း)အနီး ဧရာဝတီမြစ်အတွင်း ဘက်ဟိုးနှင့် ကရိန်းယာဉ်များ တင်ဆောင်ထားသည့် တွဲရေယာဉ်တစ်စင်း နစ်မြုပ်နေ ကြောင်း သြဂုတ် ၂၂ ရက် မွန်းလွဲ ၁ နာရီခန့်က သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရေယာဉ်အုပ် ဦးအောင်တင် (၆၅ နှစ်) အဏ္ဏဝါမယ်တွန်းရေယာဉ် ၇ဝ၉၄ ၊ CB တွဲယာဉ် အမှတ် ၆၆၉ ပေါ်၌ ဆင်နှစ်ကောင် ကုမ္ပဏီပိုင် တန် ၅ဝဝ ကရိန်း တစ်စီး၊ တန် ၁၁ဝ ကရိန်း တစ်စီး၊ တန် ၁ဝဝ ကရိန်းတစ်စီး၊တန် ၈၅ ကရိန်းတစ်စီး၊ တန် ၂၅ ကရိန်း တစ်စီးနှင့် တန် ၂၅ ဘက်ဟိုးတစ်စီး၊ မြေကော်ကားတစ်စီးတို့ကို တင် ဆောင်၍ ညောင်ဦးမြို့နယ် ညောင်လှကျေးရွာမှ ရန်ကုန်မြို့သို့ စုန်ဆင်း လာရာ နံနက် ၁၁ နာရီခွဲခန့်တွင် ချောက်-ဆိပ်ဖြူ အနော်ရထာမြစ်ကူး တံတား ချောက်မြို့နယ်ဘက် P5 နှင့် P6 အကြား ရေယာဉ်လမ်း ကြောင်း အရောက်တွင် ရာသီဥတုဆိုးရွား မှုကြောင့် Back ပြန်ဆွဲရာ ရေစီးအား ကြောင့် တွဲရေယာဉ်ဆိုင်းကြိုး များပြတ်၍ P5 တံတားတိုင်အား ပွတ်တိုက်မှု ဖြစ်ပွားခဲ့ပြီး တံတားအောက်ဘက်သို့ ရေစီးအတိုင်းမျောပါကာ ဆိပ်ဖြူ မြို့နယ် ကိုးတောင့်ကျေးရွာအုပ်စု ရေလယ်ကျွန်းကျေးရွာ (ရွာဟောင်း) အနီး ရေလယ်ကျွန်းကမ်းပါးသို့ အဏ္ဏဝါမယ်ကတွန်းပို့ကာ ကမ်းကပ်နိုင်ခဲ့ပြီး CB တွဲယာဉ်သည် တံတားတိုင် P5 နှင့် ပွတ်တိုက်ခဲ့ခြင်းကြောင့် ကိုယ် ထည်သံပြားပေါက်၍ ရေများဝင်ရောက်ကာ တိမ်းစောင်းနစ်မြုပ်ခဲ့ပြီး CB တွဲယာဉ် တွင်ပါရှိသည့် ယာဉ်ယ္တရားများ နစ်မြုပ်ခဲ့ကြောင်း၊ တွန်းရေယာဉ် ၇ဝ၉၄ ပေါ်တွင် လူ ၁၁ ဦးပါရှိခဲ့ပြီး အသက်အန္တရာယ်နှင့် ထိခိုက်ဒဏ်ရာရှိမှု တစ်စုံတစ်ရာမရှိကြောင်း သိရသည်။

အဆိုပါဖြစ်ပွားရာနေရာသို့ ဆိပ်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်အေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းမြင့်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးမှူး၊ ချောက်မြို့နယ် မီးသတ်တပ်ဖွဲ့မှ ဦးစီးမှူးတို့ပါဝင်သည့် တပ်ဖွဲ့ဝင်များ က လိုအပ်သည့်အကူအညီများ ဆောင်ရွက်ပေးခဲ့ပြီး ရေကြောင်းပို့ဆောင် ရေးòန်ကြားမှု ဦးစီးဌာန မကွေးတိုင်းဒေသကြီး ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းနိုင်နှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ရေယာဉ်အုပ်(၄) ဦးသန်းအောင်တို့ က ဖြစ်စဉ်များ နှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုးလင်းနိုင်(ပြန်/ဆက်)

https://www.facebook.com/MOIWebportalMyanmar/




ဖိုးသူတော် (www.phothutaw.com)
Credit: MOI Webportal Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top