ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပဲြမ်ားကို အိမ္ရွင္အျဖစ္ က်င္းပေနတဲ့ မေလးရွားႏိုင္ငံတြင္ ေရာက္ရွိေနၾကေသာ ျမန္မာႏိုင္ငံသားမ်ား သတိထားေနထိုင္ၾကဖို႔ ျမန္မာသံရံုးက သတိေပးခ်က္ ထုတ္ျပန္လိုက္ပါတယ္။

သတိေပးခ်က္ အျပည့္အစံုမွာ ေအာက္ပါအတုိင္းျဖစ္သည္

အသိေပးေၾကညာခ်က္

မေလးရွားႏိုင္ငံ ကြာလာလမ္ပူျမဳိ႕၌ က်င္းပလ်က္ရွိသည့္ (၂၉)ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွ အားကစားျပဳိင္ပြဲ၏ ၂၁–၈–၂၀၁၇ ရက္ေန႔ ညပိုင္း၌ က်င္းပခ့ဲသည့္ ျမန္မာ–မေလးရွား ေဘာလံုးပြဲစဥ္အား လာေရာက္ၾကည့္ရႈအားေပးခ့ဲၾကသည့္ ျမန္မာႏိုင္ငံသားအခ်ိဳ႕ Stadium Shah Alam ေဘာလံုးကြင္းအနီးတြင္ ႐ိုက္ႏွက္ခံရျခင္း လုယက္ခံရျခင္းမ်ား ျဖစ္ပြားခ့ဲပါသည္။ သို႔ျဖစ္ပါ၍ မေလးရွားႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ဆက္လက္က်င္းပသြားမည့္ အားကစားျပဳိင္ပြဲမ်ား အားေပးၾကည့္ရႈရာတြင္ လည္းေကာင္း၊ မေလးရွားႏိုင္ငံအတြင္း သြားလာေနထိုင္ရာတြင္ လည္းေကာင္း သတိဝီရိယျဖင့္ လႈပ္ရွားသြားလာ ေနထိုင္ၾကပါရန္ အသိေပးႏႈိးေဆာ္ အပ္ပါေၾကာင္းႏွင့္ သက္ဆိုင္ရာ မေလးရွားအစိုးရ လံုျခံဳေရး အဖြဲ႕အစည္းမ်ားထံသို႔လည္း အကူအညီေတာင္းခံထားပါေၾကာင္း အသိေပးေၾကညာအပ္ပါသည္။

ျမန္မာသံရံုး၊ ကြာလာလမ္ပူျမဳိ႕။

ရက္စြဲ၊ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လ ၂၃ ရက္

မေလးရွားႏုိင္ငံ ဆီးဂိမ္းပဲြတြင္ အိမ္ရွင္၏ ေပါ့ေလ်ာ့မႈမ်ားေၾကာင့္ ျပႆနာမ်ားစြာျဖစ္ေပၚလွ်က္ရွိသည္။ အားကစားသမားမ်ား အဆင္မေျပမႈမ်ားျဖစ္ေပၚသလို ပဲြၾကည့္ပရိတ္သတ္မ်ားအတြက္လည္း လံုျခံဳမႈမရွိျဖစ္ေနသည္။

ၾသဂုတ္လ ၂၁ ရက္ေန႔ကက်င္းပသည့္ ျမန္မာႏွင့္ မေလးရွာေဘာလံုးပဲြတြင္ ျမန္မာလူမ်ိဳးမ်ား ေနရာ ၇ ေနရာတြင္ အတိုက္ခိုက္ခံခဲ့ရသည္။ ဒဏ္ရာျပင္းျပင္းထန္ထန္ျဖင့္ ေဆးရံုေရာက္ခဲ့ၾကရသူမ်ား ရွိသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  PannPwint

ref:dailymail

#Unicode Version#
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများကို အိမ်ရှင်အဖြစ် ကျင်းပနေတဲ့ မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများ သတိထားနေထိုင်ကြဖို့ မြန်မာသံရုံးက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

သတိပေးချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်

အသိပေးကြေညာချက်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပလျက်ရှိသည့် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ၂၁–၈–၂၀၁၇ ရက်နေ့ ညပိုင်း၌ ကျင်းပခဲ့သည့် မြန်မာ–မလေးရှား ဘောလုံးပွဲစဉ်အား လာရောက်ကြည့်ရှုအားပေးခဲ့ကြသည့် မြန်မာနိုင်ငံသားအချို့ Stadium Shah Alam ဘောလုံးကွင်းအနီးတွင် ရိုက်နှက်ခံရခြင်း လုယက်ခံရခြင်းများ ဖြစ်ပွားခဲ့ပါသည်။ သို့ဖြစ်ပါ၍ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဆက်လက်ကျင်းပသွားမည့် အားကစားပြိုင်ပွဲများ အားပေးကြည့်ရှုရာတွင် လည်းကောင်း၊ မလေးရှားနိုင်ငံအတွင်း သွားလာနေထိုင်ရာတွင် လည်းကောင်း သတိဝီရိယဖြင့် လှုပ်ရှားသွားလာ နေထိုင်ကြပါရန် အသိပေးနှိုးဆော် အပ်ပါကြောင်းနှင့် သက်ဆိုင်ရာ မလေးရှားအစိုးရ လုံခြုံရေး အဖွဲ့အစည်းများထံသို့လည်း အကူအညီတောင်းခံထားပါကြောင်း အသိပေးကြေညာအပ်ပါသည်။

မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့။

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်

မလေးရှားနိုင်ငံ ဆီးဂိမ်းပွဲတွင် အိမ်ရှင်၏ ပေါ့လျော့မှုများကြောင့် ပြဿနာများစွာဖြစ်ပေါ်လျှက်ရှိသည်။ အားကစားသမားများ အဆင်မပြေမှုများဖြစ်ပေါ်သလို ပွဲကြည့်ပရိတ်သတ်များအတွက်လည်း လုံခြုံမှုမရှိဖြစ်နေသည်။

သြဂုတ်လ ၂၁ ရက်နေ့ကကျင်းပသည့် မြန်မာနှင့် မလေးရှာဘောလုံးပွဲတွင် မြန်မာလူမျိုးများ နေရာ ၇ နေရာတွင် အတိုက်ခိုက်ခံခဲ့ရသည်။ ဒဏ်ရာပြင်းပြင်းထန်ထန်ဖြင့် ဆေးရုံရောက်ခဲ့ကြရသူများ ရှိသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:  PannPwint

ref:dailymail
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top