Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ပတ္ထရစ္ရွာရဲ႔ အေမနဲ႔က ညီအမ ၀မ္းကြဲေတြၿဖစ္တဲ႔ ၿမတ္ေကသီေအာင္ဟာ ရွာရွာေလးက သူမ ရဲ႔ အနုပညာမ်ိဳးဆက္ၿဖစ္တဲ႔ အၿပင္ ရွာရွာကို အရွိတိုင္း ေ၀ဖန္လိုက္ပါၿပီ ။

" အစ္မရဲ႕မ်ိဴးဆက္က ပတ္ထရစ္ရွာေပါ့ သူကအစ္မရဲ႕တူမေလးပါ။ သူအရမ္းလွပါတယ္ ပတ္ထရစ္ရွာဆိုရင္ လည္း အစ္မအရမ္းသေဘာက်ပါတယ္။ သူကစိတ္ကူးေလးလည္းေကာင္းတယ္ တီထြင္မူလည္းေကာင္းတယ္ ႀကိဳးလည္းႀကိဳးစားတယ္ ဘယ္သူ႔အားကိုးမွမပါပဲနဲ႔ ဒီေနရာကို အခ်ိန္တိုတိုနဲ႔ေရာက္လာတာၿဖစ္တဲ့အတြက္ေၾကာင့္ အေဒၚတစ္ေယာက္အေနနဲ႔ အရမ္းကို ေက်နပ္ပါတယ္။ သူ႔ဒီဇိုင္း သူ႔ဖက္ရွင္ေလးေတြကိုႀကိဳက္တယ္  ။

တခါတေလေတာ့လည္း သူ႔ကို ဇာတ္ကားမ်ားမ်ား ရိုက္ေစခ်င္တယ္။ ဒါေပမယ့္ သူ႔ရဲ႕ အိုင္ဒီယာနဲ႔ သူ႔အေတြးေလးကိုၾကားရတဲ့ အခ်ိန္မွာလည္း သူ႔ေခါင္းေဆာင္တန္းေလး ထိန္းထားတာကို ေတြ႕ရေတာ့လည္း နားလည္ပါတယ္။ သူက လာငွားတဲ့ကားတိုင္းလည္းမရိုက္ဘူး။ မင္းသားလည္းေရြးတယ္ ဂ်ီးလည္းမ်ားတယ္။ သူက်ေတာ့လည္း သူ႔တန္းေလးနဲ႔သူ ဘယ္မင္းသားနဲ႔မွ ရိုက္ခ်င္တယ္။ မင္းသမီးအၿပိဳင္ လုပ္ကြက္မရတာမ်ိဴးေတြလည္း မရိုက္ခ်င္ဘူးလို႔ သိရတယ္။ သူ႔ကိုအၾကံေလး ဘာေလးေတာ့ ေပး ျဖစ္ပါတယ္ ။

သူ႔အေမနဲ႔အစ္မက ညီမ တစ္ဝမ္းကြဲေတာ္တယ္။ သူတို႔က ငယ္ငယ္ေလးကတည္းက အစ္မတို႔အိမ္ကို သြားလာဝင္ထြက္တယ္။ အခု သူအႏုပညာ အလုပ္ေတြလုပ္ၿပီး ပရိသတ္အားေပးမူ ရရွိလာေတာ့လည္း အေဒၚတစ္ေယာက္အေနနဲ႔ ဝမ္းသာပါတယ္ " ဆိုၿပီး ရွာရွာနဲ႔ ပတ္သတ္တဲ႔ ခံစားခ်က္ကို ေၿပာသြားခဲ႔ပါတယ္ ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmar cele wiki

#Unicode Version#
ပတ်ထရစ်ရှာရဲ့ အမေနဲ့က ညီအမ ဝမ်းကွဲတွေဖြစ်တဲ့ မြတ်ကေသီအောင်ဟာ ရှာရှာလေးက သူမ ရဲ့ အနုပညာမျိုးဆက်ဖြစ်တဲ့ အပြင် ရှာရှာကို အရှိတိုင်း ဝေဖန်လိုက်ပါပြီ ။

" အစ်မရဲ့မျိူးဆက်က ပတ်ထရစ်ရှာပေါ့ သူကအစ်မရဲ့တူမလေးပါ။ သူအရမ်းလှပါတယ် ပတ်ထရစ်ရှာဆိုရင် လည်း အစ်မအရမ်းသဘောကျပါတယ်။ သူကစိတ်ကူးလေးလည်းကောင်းတယ် တီထွင်မူလည်းကောင်းတယ် ကြိုးလည်းကြိုးစားတယ် ဘယ်သူ့အားကိုးမှမပါပဲနဲ့ ဒီနေရာကို အချိန်တိုတိုနဲ့ရောက်လာတာဖြစ်တဲ့အတွက်ကြောင့် အဒေါ်တစ်ယောက်အနေနဲ့ အရမ်းကို ကျေနပ်ပါတယ်။ သူ့ဒီဇိုင်း သူ့ဖက်ရှင်လေးတွေကိုကြိုက်တယ်  ။

တခါတလေတော့လည်း သူ့ကို ဇာတ်ကားများများ ရိုက်စေချင်တယ်။ ဒါပေမယ့် သူ့ရဲ့ အိုင်ဒီယာနဲ့ သူ့အတွေးလေးကိုကြားရတဲ့ အချိန်မှာလည်း သူ့ခေါင်းဆောင်တန်းလေး ထိန်းထားတာကို တွေ့ရတော့လည်း နားလည်ပါတယ်။ သူက လာငှားတဲ့ကားတိုင်းလည်းမရိုက်ဘူး။ မင်းသားလည်းရွေးတယ် ဂျီးလည်းများတယ်။ သူကျတော့လည်း သူ့တန်းလေးနဲ့သူ ဘယ်မင်းသားနဲ့မှ ရိုက်ချင်တယ်။ မင်းသမီးအပြိုင် လုပ်ကွက်မရတာမျိူးတွေလည်း မရိုက်ချင်ဘူးလို့ သိရတယ်။ သူ့ကိုအကြံလေး ဘာလေးတော့ ပေး ဖြစ်ပါတယ် ။

သူ့အမေနဲ့အစ်မက ညီမ တစ်ဝမ်းကွဲတော်တယ်။ သူတို့က ငယ်ငယ်လေးကတည်းက အစ်မတို့အိမ်ကို သွားလာဝင်ထွက်တယ်။ အခု သူအနုပညာ အလုပ်တွေလုပ်ပြီး ပရိသတ်အားပေးမူ ရရှိလာတော့လည်း အဒေါ်တစ်ယောက်အနေနဲ့ ဝမ်းသာပါတယ် " ဆိုပြီး ရှာရှာနဲ့ ပတ်သတ်တဲ့ ခံစားချက်ကို ပြောသွားခဲ့ပါတယ် ။
ဖိုးသူတော် (www.phothutaw.com)
Credit: myanmar cele wiki
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top