လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

ၾသဂုတ္ ၂၁ ရက္ ညပိုင္းက ျမန္မာ-မေလးရွား ဆီးဂိမ္းေဘာလံုးပြဲအၿပီး ျမန္မာပရိသတ္မ်ားကို ရိုက္ႏွက္ခဲ့သူမ်ားအား ရဲတပ္ဖြဲ႕က ရွာေဖြေနၿပီ ျဖစ္ေၾကာင္း မေလးရွားတာ၀န္ရွိသူမ်ားက ထုတ္ျပန္ေျပာၾကားလာသည္။

ဆီးဂိမ္းေဘာလံုးပြဲက်င္းပခဲ့သည့္ Shah Alam Stadium အားကစားကြင္းအျပင္ဘက္၌ ယမန္ေန႔က ျမန္မာအသင္းအားေပးသူ ပရိသတ္ႏွစ္ဦးအား ရိုက္ႏွက္ခဲ့ေသာ သံသယရွိ အမ်ဳိးသားမ်ားကို မေလးရွားရဲတပ္ဖြဲ႕က ရွာေဖြေနျခင္းျဖစ္ေၾကာင္း သိရသည္။

အားကစားကြင္းအနီး ေမာ္ေတာ္ကားပါကင္တစ္ခုအနီး ျဖစ္ပြားခဲ့သည့္ အဆုိပါျဖစ္စဥ္ႏွင့္ပတ္သက္၍ သတင္းရရွိထားေၾကာင္း Shah Alam ၿမိဳ႕ ရဲတပ္ဖြဲ႕မွ တာ၀န္ရွိ ပုဂၢိဳလ္ လက္ေထာက္ရဲမင္းႀကီး Shafien Mamat က အတည္ျပဳေျပာၾကားသည္။

ယခု ျဖစ္စဥ္မ်ားတြင္ အသက္ ၂၉ ႏွစ္ ႏွင့္ အသက္ ၃၄ ႏွစ္ရွိ ျမန္မာႏွစ္ဦး မ်က္ႏွာႏွင့္ ခႏၶာကိုယ္တြင္ ဒဏ္ရာမ်ားအသီးသီး ရသြားခဲ့ေၾကာင္း၊ သံသယရွိတိုက္ခုိက္သူမ်ားက ကန္ေက်ာက္ထုိးႏွက္သြားခဲ့ျခင္းျဖစ္ေၾကာင္း ၎က ေျပာသည္။

ထိခိုက္ဒဏ္ရာ ရသြားသူေတြကိုေတာ့ Shah Alam ေဆးရံုကုိ တင္ပို႔ေပးထားပါတယ္၊ တစ္ေယာက္ကေတာ့ ျပင္ပလူနာဌာနမွ ကုသမႈ ခံယူေနၿပီး တစ္ျခားတစ္ေယာက္ကေတာ့ ေဆးရံုမွာပဲ ကုသမႈ ခံယူေနရဆဲျဖစ္ပါတယ္” ဟု ၎က ၾသဂုတ္ ၂၂ ရက္တြင္ ထုတ္ျပန္ေျပာၾကားသြားသည္။

အဆုိပါ ျမန္မာပရိသတ္မ်ား ရိုက္ႏွက္တိုက္ခုိက္ခံရသည့္ ျဖစ္စဥ္မ်ားမွာ လူမႈကြန္ရက္ေပၚတြင္ လ်င္လ်င္ျမန္ျမန္ ပ်ံ႕ႏွ႔ံသြားခဲ့ၿပီး တစ္ခ်ဳိ႕မွာလည္း ဒဏ္ရာမ်ား ျပင္းထန္စြာ ရသြားၿပီး တစ္ဦးမွာလည္း လက္ကုိင္ဖုန္း လုယက္ခံလုိက္ရသည္ဆိုေသာ သတင္းမ်ားလည္း ထြက္ေပၚေနခဲ့သည္။

ယခုအခါ စံုစမ္းစစ္ေဆးမႈမ်ားကို ေဆာင္ရြက္ေနဆဲျဖစ္ေသာေၾကာင့္ ျပည္သူမ်ားကိုလည္း ယင္းကိစၥႏွင့္ပတ္သက္၍ ထင္ေၾကးေပးမႈမ်ား မလုပ္ရန္ အႀကံျပဳလုိေၾကာင္း Shafien က ေျပာသြားသည္။

ယခု ျဖစ္စဥ္မ်ားတြင္ ပါ၀င္က်ဴးလြန္သည္ဟု သံသယရွိသူမ်ားကို ဖမ္းမိရန္ လုပ္ေဆာင္ေနလ်က္ရွိေၾကာင္း၊ ၎သံသယရွိသူမ်ားႏွင့္ပတ္သက္၍ သိရွိထားသူမ်ား ရဲတပ္ဖြဲ႕သိ႔ု သတင္းပို႔အေၾကာင္းၾကားရန္လည္း တုိက္တြန္းေၾကာင္း ၎က ထပ္ေလာင္းေျပာဆိုသည္။

ယခု အမႈကို ဥပေဒပုဒ္မ ပုဒ္မခြဲ ၁၄၈ ေအာက္တြင္ စံုစမ္းစစ္ေဆးေနလ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  မဇၩိမ

#Unicode Version#
သြဂုတ် ၂၁ ရက် ညပိုင်းက မြန်မာ-မလေးရှား ဆီးဂိမ်းဘောလုံးပွဲအပြီး မြန်မာပရိသတ်များကို ရိုက်နှက်ခဲ့သူများအား ရဲတပ်ဖွဲ့က ရှာဖွေနေပြီ ဖြစ်ကြောင်း မလေးရှားတာဝန်ရှိသူများက ထုတ်ပြန်ပြောကြားလာသည်။

ဆီးဂိမ်းဘောလုံးပွဲကျင်းပခဲ့သည့် Shah Alam Stadium အားကစားကွင်းအပြင်ဘက်၌ ယမန်နေ့က မြန်မာအသင်းအားပေးသူ ပရိသတ်နှစ်ဦးအား ရိုက်နှက်ခဲ့သော သံသယရှိ အမျိုးသားများကို မလေးရှားရဲတပ်ဖွဲ့က ရှာဖွေနေခြင်းဖြစ်ကြောင်း သိရသည်။

အားကစားကွင်းအနီး မော်တော်ကားပါကင်တစ်ခုအနီး ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းရရှိထားကြောင်း Shah Alam မြို့ ရဲတပ်ဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ် လက်ထောက်ရဲမင်းကြီး Shafien Mamat က အတည်ပြုပြောကြားသည်။

ယခု ဖြစ်စဉ်များတွင် အသက် ၂၉ နှစ် နှင့် အသက် ၃၄ နှစ်ရှိ မြန်မာနှစ်ဦး မျက်နှာနှင့် ခန္ဓာကိုယ်တွင် ဒဏ်ရာများအသီးသီး ရသွားခဲ့ကြောင်း၊ သံသယရှိတိုက်ခိုက်သူများက ကန်ကျောက်ထိုးနှက်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ထိခိုက်ဒဏ်ရာ ရသွားသူတွေကိုတော့ Shah Alam ဆေးရုံကို တင်ပို့ပေးထားပါတယ်၊ တစ်ယောက်ကတော့ ပြင်ပလူနာဌာနမှ ကုသမှု ခံယူနေပြီး တစ်ခြားတစ်ယောက်ကတော့ ဆေးရုံမှာပဲ ကုသမှု ခံယူနေရဆဲဖြစ်ပါတယ်” ဟု ၎င်းက သြဂုတ် ၂၂ ရက်တွင် ထုတ်ပြန်ပြောကြားသွားသည်။

အဆိုပါ မြန်မာပရိသတ်များ ရိုက်နှက်တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များမှာ လူမှုကွန်ရက်ပေါ်တွင် လျင်လျင်မြန်မြန် ပျံ့နှံ့သွားခဲ့ပြီး တစ်ချို့မှာလည်း ဒဏ်ရာများ ပြင်းထန်စွာ ရသွားပြီး တစ်ဦးမှာလည်း လက်ကိုင်ဖုန်း လုယက်ခံလိုက်ရသည်ဆိုသော သတင်းများလည်း ထွက်ပေါ်နေခဲ့သည်။

ယခုအခါ စုံစမ်းစစ်ဆေးမှုများကို ဆောင်ရွက်နေဆဲဖြစ်သောကြောင့် ပြည်သူများကိုလည်း ယင်းကိစ္စနှင့်ပတ်သက်၍ ထင်ကြေးပေးမှုများ မလုပ်ရန် အကြံပြုလိုကြောင်း Shafien က ပြောသွားသည်။

ယခု ဖြစ်စဉ်များတွင် ပါဝင်ကျူးလွန်သည်ဟု သံသယရှိသူများကို ဖမ်းမိရန် လုပ်ဆောင်နေလျက်ရှိကြောင်း၊ ၎င်းသံသယရှိသူများနှင့်ပတ်သက်၍ သိရှိထားသူများ ရဲတပ်ဖွဲ့သိ့ု သတင်းပို့အကြောင်းကြားရန်လည်း တိုက်တွန်းကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ယခု အမှုကို ဥပဒေပုဒ်မ ပုဒ်မခွဲ ၁၄၈ အောက်တွင် စုံစမ်းစစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:  မဇ္ဈိမ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top