ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ျပည္တြင္းမွာအသံုးျပဳေနတဲ့ Analogue မီတာေတြအစား ဒီဂ်စ္တယ္မီတာေတြကို ေျပာင္းလဲတပ္ဆင္ ေနတယ္လို႔ ၾသဂုတ္လ ၁၆ ရက္ကက်င္းပတဲ့ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးကေန သိရပါတယ္။

လွ်ပ္စစ္က႑ အရံႈးျဖစ္ေပၚေနမႈ၊ ဒီဇယ္အင္ဂ်င္သံုး ၿမိဳ႕ရြာေတြမွာ ဓါတ္အားလိုင္းနဲ႔ အစားထိုးေဆာင္ရြက္မႈနဲ႔ အစိုးရသစ္ငါးႏွစ္အတြင္း လွ်ပ္စစ္က႑ဖြ႔ံၿဖိဳး တိုးတက္လာေရး ေဆာင္ရြက္မယ့္ အစီအစဥ္တို႔နဲ႔ စပ္လ်ဥ္းတဲ့ ေမးခြန္းကေနသိရတာ ျဖစ္ပါတယ္။

ဓါတ္အားေပ်ာက္ဆံုးမႈ ေလ်ာ့နည္းေစေရးအတြက္ အရင္တည္ေဆာက္ခဲ့တဲ့ အရြယ္အစားေသးငယ္တဲ့ ဓါတ္ႀကိဳးေတြကို အရြယ္အစားႀကီးတဲ့ ဓါတ္ႀကိဳးေတြနဲ႔ လဲလွယ္တာေတြ၊ ဓါတ္အားလိုင္းနဲ႔ မလြတ္ကင္းတဲ့သစ္ပင္၊ သစ္ကိုင္းရွင္းလင္းတာေတြအျပင္ ဓါတ္အားလိုင္းဓါတ္အားခြဲ႐ံုေတြရဲ႕ ခ်ိတ္ဆက္မႈ ပိုမိုေကာင္းမြန္ေအာင္ေဆာင္ရြက္တာ၊ Analogue မီတာေတြအစား ဒီဂ်စ္တယ္မီတာေတြေျပာင္းလဲ တပ္ဆင္တာေတြကို ေဆာင္ရြက္လ်က္ရွိတယ္လို႔ သိရပါတယ္။

နည္းပညာပိုင္းဆိုင္ရာနဲ႔ ဆက္ႏြယ္မႈမရွိတဲ့ ဓါတ္အားေပ်ာက္ဆံုးမႈ ေလ်ာ့နည္းေရးနဲ႔ပတ္သက္ၿပီး ဓါတ္ အားခိုးယူသံုးစြဲမႈေတြ ေလ်ာ့နည္းေရးနဲ႔ မသမာမႈေတြ ပေပ်ာက္ေရးအတြက္ ေဆာင္ရြက္လ်က္ရွိတယ္လို႔ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ေဒါက္တာထြန္းႏိုင္က ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

၂၀၁၇ ခုႏွစ္ ဇြန္လအထိ တစ္ႏိုင္ငံလုံး ဓာတ္အားစနစ္ကေန ဓာတ္အားေပးႏိုင္တဲ့ ၿမိဳ႕နဲ႔ေက်း႐ြာအေရအတြက္ဟာ ၿမိဳ႕ေပါင္း ၃၀၅ ၿမိဳ႕ျဖစ္ၿပီး ေက်း႐ြာအေရအတြက္ ၁၀၉၅၇ ႐ြာျဖစ္တယ္လို႔ သိရပါတယ္။ ဒီဇယ္မီးစက္နဲ႔ ဓာတ္အားျဖန္႔ျဖဴးေပးလ်က္ရွိတဲ့ ၿမိဳ႕အေရအတြက္ ၉၉ ၿမိဳ႕နဲ႔ ေက်း႐ြာအေရအတြက္ ၁၂၉ ႐ြာ ရွိတယ္လို႔ သိရပါတယ္။

-ထြန္းထြန္း

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Internet News Journal

#Unicode Version#
ပြည်တွင်းမှာအသုံးပြုနေတဲ့ Analogue မီတာတွေအစား ဒီဂျစ်တယ်မီတာတွေကို ပြောင်းလဲတပ်ဆင် နေတယ်လို့ သြဂုတ်လ ၁၆ ရက်ကကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကနေ သိရပါတယ်။

လျှပ်စစ်ကဏ္ဍ အရှုံးဖြစ်ပေါ်နေမှု၊ ဒီဇယ်အင်ဂျင်သုံး မြို့ရွာတွေမှာ ဓါတ်အားလိုင်းနဲ့ အစားထိုးဆောင်ရွက်မှုနဲ့ အစိုးရသစ်ငါးနှစ်အတွင်း လျှပ်စစ်ကဏ္ဍဖွံ့ဖြိုး တိုးတက်လာရေး ဆောင်ရွက်မယ့် အစီအစဉ်တို့နဲ့ စပ်လျဉ်းတဲ့ မေးခွန်းကနေသိရတာ ဖြစ်ပါတယ်။
ဓါတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးအတွက် အရင်တည်ဆောက်ခဲ့တဲ့ အရွယ်အစားသေးငယ်တဲ့ ဓါတ်ကြိုးတွေကို အရွယ်အစားကြီးတဲ့ ဓါတ်ကြိုးတွေနဲ့ လဲလှယ်တာတွေ၊ ဓါတ်အားလိုင်းနဲ့ မလွတ်ကင်းတဲ့သစ်ပင်၊ သစ်ကိုင်းရှင်းလင်းတာတွေအပြင် ဓါတ်အားလိုင်းဓါတ်အားခွဲရုံတွေရဲ့ ချိတ်ဆက်မှု ပိုမိုကောင်းမွန်အောင်ဆောင်ရွက်တာ၊ Analogue မီတာတွေအစား ဒီဂျစ်တယ်မီတာတွေပြောင်းလဲ တပ်ဆင်တာတွေကို ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

နည်းပညာပိုင်းဆိုင်ရာနဲ့ ဆက်နွယ်မှုမရှိတဲ့ ဓါတ်အားပျောက်ဆုံးမှု လျော့နည်းရေးနဲ့ပတ်သက်ပြီး ဓါတ် အားခိုးယူသုံးစွဲမှုတွေ လျော့နည်းရေးနဲ့ မသမာမှုတွေ ပပျောက်ရေးအတွက် ဆောင်ရွက်လျက်ရှိတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ် ဇွန်လအထိ တစ်နိုင်ငံလုံး ဓာတ်အားစနစ်ကနေ ဓာတ်အားပေးနိုင်တဲ့ မြို့နဲ့ကျေးရွာအရေအတွက်ဟာ မြို့ပေါင်း ၃၀၅ မြို့ဖြစ်ပြီး ကျေးရွာအရေအတွက် ၁၀၉၅၇ ရွာဖြစ်တယ်လို့ သိရပါတယ်။ ဒီဇယ်မီးစက်နဲ့ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိတဲ့ မြို့အရေအတွက် ၉၉ မြို့နဲ့ ကျေးရွာအရေအတွက် ၁၂၉ ရွာ ရှိတယ်လို့ သိရပါတယ်။

-ထွန်းထွန်း


ဖိုးသူတော် (www.phothutaw.com)
Credit: Internet News Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top