Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

က်​ေနာ္​တို႔ ငယ္​ငယ္​က အရမ္​းငို​ေနရင္​ အဘြား​​ေတြ အ​ေဒၚ​ေတြကလူသားစားတဲ့ ဦးလာဘႀကီး ကိုက္​လိမ္​့မယ္​ဆိုၿပီး ​ေျခာက္​ပါတယ္​။

အဲ့တုန္​းက သရဲ လား …ဘီလူးလား …လူလား … မသိ​ေပမဲ့ အငိုတိတ္​ခဲ့ရပါတယ္​။

ဦးလာဘ က ဘယ္​သူလဲ ?ေမး​ေတာ့လဲ​ …ေရ​ေရရာရာ ျပန္​မ​ေျဖႏိုင္​ၾကပါ။ဦးလာဘ နဲ႔ ပက္​သတ္​ၿပီး အကြဲအလြဲ​ေတြက အမ်ားႀကီးပါ။

အဲ့ဒီအကြဲအလြဲ​ေတြပါ …ေအာက္​က postမွာ ထည္​့​ေရး​ေပးထားပါတယ္​​ဗ်ာ။

၁၉၇၆ ခုနွစ္တြင္ ရန္ကုန္ျမဳိ႕၌ နံမည္ေက်ာ္ ဦးလာဘ ဆိုသည္ တကယ္႐ွိိခဲ့ပါသည္။
သကၤန္း၀တ္ထားေပမဲ့ ဘုန္းႀကီးဟု ေျပာဖို႔ခက္ခဲပါ သည္။သူ၏ေက်ာင္း၏တည္ေနရာမွာ ယခု ေတာင္ဥကၠလာပျမဳိ႕နယ္ ပါရမီ လမ္းမေဘးက ၂၀ိုင္း တို႔ ၃၀ိုင္းတို႔ဆိုၿပီး အခုေခၚေနၾကတဲ့ ဘုန္းႀကီးေက်ာင္းေတြ အမ်ားႀကီး ႐ွိတဲ့ေနရာ။

အဲ့ဒီ့ ကာလတုန္းကေတာ့ အခုလို လူေနအိမ္ေျခ မ႐ွိေသးဘဲ ၿမိဳ႕အစြန္အဖ်ားလို ျဖစ္ေနခဲ့သည္။ ဘုန္းႀကီးေက်ာင္းငယ္ ေလးေတြကေတာ့ ဟိုတစ္ေက်ာင္း ဒီတစ္ေက်ာင္း ႐ွိေနခဲ့ပါတယ္။

အဲဒီ့ထဲမွာ …ဦးလာဘ၏ ေက်ာင္းလဲ တစ္ေက်ာင္း အပါအ၀င္ေပါ့။

ဦးလာဘ ရဲ႕ေက်ာင္းမွာ သူ႔ရဲ႕မိန္းမနဲ႔ သားျဖစ္သူတို႔ပါ အတူေနတယ္လို႔ေျပာပါတယ္။သားျဖစ္သူက ဦးလာဘအတြက္ ဒိုင္ခံလူသတ္ေပးၿပီး မိန္းမျဖစ္သူက ဦးလာဘအတြက္ ျပင္ဆင္ခ်က္ျပဳတ္ေပးၾကပါတယ္။

ဦးလာဘရဲ႕ လူသားစား ဇာတ္လမ္းႀကီး ေပၚေပါက္လာရတာကေတာ့ ဘုန္းႀကီးေက်ာင္း ရဲ႕ ေဘးဘက္ တေနရာမွာ ေျမကြက္ေလး ႐ွိတယ္။

အဲ့နား၀န္းက်င္က ဘုန္းႀကီး ေက်ာင္းသား ေလးေတြ ညေနဆုိ ျခင္းခတ္ ၾကတယ္။တေန႔ ညေနျခင္းခတ္ေနရင္း ေက်ာင္းသား တေယာက္ ျခင္းခတ္လိုက္တာ ျခင္းလံုးက ဦးလာဘရဲ႕ ဘုန္းႀကီးေက်ာင္းထဲ ၀င္သြားတယ္။ သြားေကာက္တဲ့
ေက်ာင္းသားေလးလည္း အခ်ိန္ အေတာ္ၾကာတဲ့ထိ ျပန္ထြက္မလာေတာ့ဘူးတဲ့ …။

တေန႔ထက္တေန႔ အဲဒီ့ ပတ္၀န္းက်င္ မွာ လူေပ်ာက္မႈေတြမ်ားလာတယ္။ စံုစမ္း လိုက္တဲ့အခါမွာ အမ်ားစုက အဲဒီ့ဘုန္းႀကီးေက်ာင္းေတြနား တ၀ိုက္မွာ ေနာက္ဆံုး ျမင္လိုက္ရတာႀကီးပဲ ျဖစ္ျဖစ္ေနတယ္။

သဲလြန္စလဲမရ သတင္းအစအနလည္း မရျဖစ္ေနေပမယ့္ ဒီနားက ဘုန္းႀကီးေက်ာင္း ေတြနဲ႔ ပတ္သတ္မႈ တခုခု ႐ွိမယ္ဆိုၿပီး အဲ့နားတ၀ိုက္ကို ​အျမဲတမ္းေစာင့္ၾကည့္ေနခဲ့ပါတယ္။

ဒီလိုနဲ႔ အမႈေပၚမဲ့ေန႔ မွာ လူငယ္တေယာက္ဟာ ဦးလာဘႀကီးရဲ႕ေက်ာင္းကို ညေနေစာင္းေလာက္အခ်ိန္မွာေရာက္လာခဲ့ပါတယ္။ သူျပန္မယ့္ အခ်ိန္က်ေတာ့ ဦးလာဘရဲ႕ ေက်ာင္းထဲကအထြက္မွာ ဦးလာဘရဲ႕သားျဖစ္သူက အေနာက္ကဓားနဲ႔ခုတ္ပါတယ္။
ကံေကာင္းစြာနဲ႔ လူငယ္ကို ခ်က္ေကာင္းမခုတ္မိတာေၾကာင့္ အဲ့ဒီ့လူငယ္ ေသြးသံရဲရဲနဲ႔ ဘုန္းႀကီးေက်ာင္း ၀န္းထဲက ေျပးထြက္ခဲ့ပါတယ္။

အဲဒီ့မွာပဲ …အဆင္သင့္ေစာင့့္ၾကည့္ေနတဲ့ သက္ဆိုင္ရာေတြေရာ ပတ္၀န္းက်င္ကပါ ေရာက္႐ွိလာၿပီး အက်ိဳးအေၾကာင္းေမးေတာ့ ဘာရန္စမွ မ႐ွိဘဲ ဦးလာဘရဲ႕ သားျဖစ္သူက ဓားနဲ႔ခုတ္တဲ့အေၾကာင္းသိရတာမို႔ ဦးလာဘရဲ႕ေက်ာင္းကို ၀င္ေရာက္စစ္ေဆးၾကပါတယ္။ ။

ေက်ာင္းထဲကို ၀င္စစ္က်တဲ့အခါမွာ ရာ၀င္အိုးႀကီးထဲမွာ ခုတ္ျဖတ္ ဆားစိမ္(သို႔)အခ်ဥ္​စိမ္​ထားတဲ့ လူ႔ခႏၶာကိုယ္အစိတ္အပိုင္းေတြကို ေတြ႔႐ွိကာ ဦးလာဘရဲ႕ေၾကာက္မတ္ဖြယ္ ဇာတ္လမ္းကိုေဖာ္ထုတ္ကာ ဇာတ္သိမ္းလိုက္ႏိုင္ပါတယ္။

ရက္သတၱပတ္မ်ားစြာစစ္ေဆးၿပီးတဲ့ေနာက္မွာ ဦးလာဘႀကီးကိုေသဒဏ္ခ်မွတ္ခဲ့ပါတယ္။ စစ္ေဆးတဲ့အခါမွာ ဦးလာဘႀကိိီးဟာ လူသားစားၿပီးက်င့့္ၾကံရတဲ့ က်င့္စဥ္တခုကို က်င့္ေနေၾကာင္း၊

ထုိက်င့္စဥ္ကို လူတခ်ဳိ႕က ေပါရိသာဒက်င့္စဥ္ဟုေခၚေၾကာင္း

သူက႐ွင္​အဇၨ​ေဂါန တို႔လို ၀ိဇၨာ တစ္​ဦး ျဖစ္​ခ်င္​တာပါ။ သူဟာယၾတာ ၊ ဓာတ္​ခန္​း ၊ ဓာတ္​႐ိုက္​ဓာတ္​ဆင္​လည္​း ႏွံ႔စပ္​တဲ့ ဘုန္​းႀကီးတစ္​ဦးပါ။

လူသားစားတဲ့ ​ေနရာ မွာလည္​း ၿပီးစလြယ္​ အလြယ္​ စားတာ မဟုတ္​ပါဘူး။ ဂါတာ မႏၱာယ္​ သူ႔​ေနနံနဲ႔ သူစားတာပါ …။ေအာင္​ျမင္​ သြားရင္​ ​ေတာ့ သူ႔အတြက္​ အရမ္​းကို အက်ိဳးမ်ား​ေစမွာပါ။တခ်ိဳ႕ကလည္​း ေျမမနင္​းစားတယ္​လို႔ ဆိုပါတယ္​။
အ​ေယာက္​ တစ္​ရာ ျပည္​့ရင္​ ​ေျမလွ်ိဳး မိုးပ်ံ ႏိုင္​တယ္​လို႔ ဆိုပါတယ္​။

ေနာက္ထပ္လူသား အနည္းငယ္ စားၿပီးတဲ့အခါမွာ သူရဲ႕က်င့္စဥ္က ၿပီးေျမာက္ေတာ့မွာ ျဖစ္တဲ့အေၾကာင္း၊လူသားစားတဲ့ အခါ မွာလည္း ေန႔သင့္ နံသင့္ သားေတြကို ရက္ အလိုက္စားရတာျဖစ္ေၾကာင္း၊ အခင္းျဖစ္တဲ့ရက္က ေန႔သင့္နံသင္
လူသားစားရန္ လက္က်န္မ႐ွိေတာ့တဲ့အခ်ိန္မွာ ေက်ာင္းကို လာေနၾက လူငယ္ဟာေန႔သင့္ နံသင့္ တာမို႔ သတ္ရန္အၾကံအစည္ မ႐ွိဘဲ သတ္ခိုင္းခဲ့တာျဖစ္ေၾကာင္းေျဖာင့္ခ်က္ေပး ေျပာဆိုသည္။

#မူကြဲတခု

ဒီ​ေနရာမွာ ​ေနာက္​ထပ္​ မူကြဲ တခုကို တင္​ျပ​ေပးပါ့မယ္​ …

ဘုန္​းၾကီး ဦးလာဘရဲ႕ အစီအစဥ္​ျဖစ္​တဲ့ စားဖို႔အတြက္​ လူ​ေသအသား​ေတြကိုသူ႔ရဲ႕ တပည္​့က(​ေမာင္​ငယ္​)က သခ်ႋဳင္​းမွာ လူသား႐ွာ​ေဖြ​ေပးရပါတယ္​။ အစပိုင္​းက​ေတာ့ သခ်ႋဳင္​းမွာ တူးယူ ရ႐ွိပါတယ္​။ ​ေနာက္​ပိုင္​း သခ်ႋဳင္​းမွာ တူးယူရတာ
အဆင္​မ​ေျပ ေတာ့ ဘုန္​းႀကီး ​ေက်ာင္​း၀င္​းထဲကို လာတဲ့ သူကို ခုတ္​ၿပီးအသားကို ယူၿပီး အခ်ဥ္​စိမ္​ၿပီး စားပါတယ္​။က်န္​ အ႐ိုး​ေတြ ​ကို​ေတာ့ ​ေျမႀကီးနက္​နက္​တူးၿပီး ​ေျခရာ လက္​ရာ ​ေျဖာက္​ကာျမဳပ္​ႏွံပစ္​ပါတယ္​။

ပတ္​၀န္​းက်င္​ကလည္​း တ​ေျဖး​ေျဖး ရိပ္​မိလာ​ေတာ့ ကင္​း၀ပ္​​ေတြ ခ်ထားပါတယ္​။

ဤအ​ေၾကာင္​းကိုလည္​းဦးလာဘ သိ​ေလ​ေတာ့ လူသားဘယ္​မွာမွ မရ​တဲ့အဆံုး တပည္​့​ေမာင္​ငယ္​ကို သတ္​ဖို႔ ၾကံစည္​ပါ​ေတာ့တယ္​။ ​ေမာင္​ငယ္​က လည္​း အထာနပ္​ သူ ျဖစ္​​ေန​ေလ​ေတာ့ ကိုယ္​​ေတာ့ အ​ေသမခံႏိုင္​ဆိုၿပီး
ရဲစခန္​းကို သြားၿပီး ဦးလာဘရဲ႕ အ​ေၾကာင္​းကို ဖြင္​့ခ် တိုင္​တန္​းပါတယ္​။ ​ေနာက္​​ေႏု႔မွာပဲ ဦးလာဘကို ရဲ​ေတြ ၀င္​ဖမ္​းပါတယ္​။ လူသားစားၿပီး သန္​မာ လွတဲ့အတြက္​ မနဲ ႐ုန္​းကန္​ ​ေနတဲ့ၾကားက ခက္​ခက္​ခဲခဲ
ဖမ္​းယူ ရပါတယ္​။

#ေနာက္မူကြဲ

ေနာက္​​ေတာ့ …အစိုးရ ​ေထာက္​လွမ္​း​​ေရး​ေတြက ရိပ္​မိၿပီး ကင္​း၀ပ္​ ​ေတြ ခ်ထားတာ ရိပ္​မိလို႔ ဦးလာဘက သူ႔တပည္​့ကို ျပန္​သတ္စားဖို႔ ၾကံစည္​ပါတယ္​။ သူ႔တပည္​့က သူ႔ကို မသတ္​ခင္​ ရဲစခန္​း မွာ ထြက္​ခ်က္​​ေပးလို႔ ၀င္​ဖမ္​း​တယ္​လို႔ ဆိုၾကပါတယ္​။​

ေနာက္​​ေတာ့ ေမာင္​ငယ္​လည္​း ​ေထာင္​က် ။ ဦးလာဘ ကိုလည္​း ​ေသဒဏ္​ေပးတယ္​လို႔လည္​း ဆိုပါတယ္​။ ႏိုင္​ငံ​ေရး အ႐ႈပ္​အ႐ွင္​းထဲမွာ လြတ္​သြားတယ္​လဲဆိုပါတယ္​။လူ၀တ္​လဲ​ေစကာ ​ေထာင္​အက်ဥ္​းခ်​ေစၿပီးႀကိဳးမိန္​႔ ( သို႔ ) က်ားစာ​ေကြၽးတယ္​လို႔လည္​း
ၾကားဖူးပါတယ္​။

အပ်င္းေျပဖတ္ရေအာင္ …လူသားစားဘုန္းႀကီး ဦးလာဘအေၾကာင္းတင္ေပးလိုက္ပါတယ္။

ဦးလာဘ ကို ႀကိဳးမိန္႔မခ်ခင္မွာသူေနာက္ဆံုးအေနနဲ႔စကားတစ္ခြန္းေျပာခဲ့ပါတယ္။
အဲဒါကေတာ့ လူသားက အရမ္ခ်ဴ ိပါတယ္တဲ့။အရပ္​​ေျပာစကားမူကြဲေတြ အမ်ားႀကီးထဲကမွမွားခဲ့သည္​ပါ ကလည္​း မဆဲ​ေစလိုပါ။

#ျဖစ္ရပ္မွန္အတည္ျပဳခ်က္( ၁ )

အဲ့ဒီအခ်ိန္တုန္းက
ဦးေနဝင္းရဲ႕အညိဳအျငင္ကိုခံယူၿပီး
ဦးလာဘကိုႏိွမ္နင္းခဲ့သူက
ျမင္းျခံသားဗုဒၶဘာသာစစ္စစ္
ေတာင္ဥကၠလာပရဲစခန္း ဒုလံုျခံဳေရးမႉး
က်ေနာ့္အေဒၚေယာက်္ား
U AungKyaing ပါ။
ဦးေလးရဲ႕တြဲဖက္ သူ႔သူငယ္ခ်င္း
ဒုလံုျခံဳေရးမႉး ဦးေက်ာ္ခင္ကေတာ့
ၿမိဳ႕နယ္မႉးဘဝနဲ႔
ကြယ္လြန္ခဲ့တာၾကာၿပီၾကားပါတယ္။

ပထမဆံုးေန႔
သတင္းစာေတြရဲ႕မ်က္ႏွာဖံုးမွာ
ဦးေအာင္ႀကိဳင္က ဦးလာဘႀကီးကို
လက္ထိပ္ခတ္လ်က္နဲ႔
ငမိုးရိပ္ေခ်ာင္းေဘး ေက်ာင္းဝန္းထဲမွာ
မိုးေက်ာ္ရဲ႕အေလာင္းကို
ျပန္ေဖာ္ေနတဲ့ပံုႀကီးပါလာ။

ဗုဒၶဘာသာသိကၡာက်တယ္
မင္းတို႔မ႐ွက္ၾကဘူးလားဆိုၿပီး
ဦးေနဝင္းႀကီးဆဲလို႔
ေနာက္ေန႔က် …
သတင္းထည့္ခြင့္အပိတ္ခံလိုက္ရတယ္။

ဘုန္းႀကီးေက်ာင္း ခ်ိတ္ပိတ္လိုက္ေတာ့
ေနစရာမရိွတဲ့ ပေလာင္ကိုရင္ေလးႏွစ္ပါးကို
က်ေနာ့ဦးေလးနဲ႔ အေဒၚခမ်ာ
ေခတၱေစာင့္ေ႐ွာက္ထားလို႔
က်ေနာ့ညီ သူ႔သား KoLay နဲ႔
ကစားဖက္ေတြျဖစ္ခဲ့ၾကေသးတယ္။

ဦးလာဘရဲ႕ေ႐ွ႕ေနက
ယခင္ ၅၅ ဘားလမ္းက ဓႏုျဖဴ ဦးစိုးျမင့္ပါ။
သက္ရိွထင္႐ွားေတာင္ရိွေသးရဲ႕လားမသိပါဘူး။
အဲ့ဒါလည္း
သူ႔ဖာသာ ေဗဒင္တြက္ၿပီး ေန႔နံသင့္ေရြးငွါးတာ။
ဦးစိုးျမင့္ကို
ငါဘယ္ေတာ့မွ ေသဒါဏ္မက်ဘူး၊
ခဏေထာင္က်ၿပီးလြတ္မွာ
မင္းရဲရဲတင္းတင္းသာလိုက္….တဲ့။
တကယ္လဲ ေထာင္ ၅ ႏွစ္ေလာက္က်ၿပီး
လြတ္ၿငိမ္းခ်မ္းသာနဲ႔လြတ္သြားတာပါပဲ။

မၾကာပါဘူး
ဦးေနဝင္းလည္း ဦးေအာင္ႀကိဳင္ေမႊလို႔
သာသနာသန္႔႐ွင္းတည္တံ့လုပ္ရေတာ့တာပါပဲ။

(၂ )လူငယ္အရာ႐ွိဘဝက မီလိုက္ပါတယ္။
ဘုန္းႀကီးေက်ာင္းနားက ေခ်ာင္း႐ိုးေလးထဲမွာ
ခေလး လက္ေခ်ာင္းေလးေတြ …
ေျခေခ်ာင္းနဲ႔ေျခက်င္းဝတ္ေတြ
ေမ်ာပါလာတာေတြ႔ရလို႔ နယ္ေျမထလရ
အစီရင္ခံစာေတြ တင္ျပဘူးပါတယ္။
အဲ့ေနာက္ သက္ဆိုင္ရာက
ေ႐ွာင္တခင္စီးနင္း႐ွာေဖြေတာ့
လူသားဟင္းေတြ၊အခ်ဥ္သိပ္ထားတဲ့
ခေလးအသားအိုးႀကီးေတြေတြ႔ရေၾကာင္း၊
ခေလးေတြကိုဖမ္းဆီးသတ္ျဖတ္စဥ္
အသံေဖ်ာက္တဲ့အေနနဲ႔ ေရဒီယိုႀကီးကို
အသံကုန္ဖြင့္ထားေလ့႐ွိေၾကာင္း၊
သူ႔ဇနီးကိုယ္တိုင္လဲ လူသားစားေၾကာင္း
သိရပါတယ္။ဗုဒၶလမ္းလဲြၿပီးေလာကီလမ္းကို
အစြန္းေရာက္သြားတာပါ။
အင္းစိန္မွာDTSသင္တန္းတက္လို႔
ေထာင္ထဲေလ့လာေရးသြားတုန္းက
သူကို ႐ုံးထုတ္တာ ေတြ႔ဘူးပါတယ္။
သူတို႔ႏွစ္ေယာက္လုံးအရပ္ျမင့္ျမင့္
ထြားထြားႀကီးေတြပါ။ေထာင္ဝင္စာလာ
ေတြ႔သူေတြ ဝိုင္းၾကည့္ေတာ့
ဦးလာဘရဲ႕ဇနီးက.
လက္ထိပ္ႏွစ္ဖက္ကိုပြတ္႐ိုက္ၿပီး
ဘာၾကည့္ေနၾကတာလဲလို႔
အသံဟိန္းဟိန္းႀကီးနဲေအာ္သလို
မ်က္လုံးေတြကလဲ အေရာင္တလက္လက္နဲ႔ပါ။
ကိုယ္တိုင္သိတာေလး ဆက္စပ္မ်ွေဝေပးတာပါ။

Soe_Naing_Moe
ဖိုးသူေတာ္ (www.phothutaw.com)
Credit: searchmyanmar

#Unicode Version#
ကျနော်တို့ ငယ်ငယ်က အရမ်းငိုနေရင် အဘွားတွေ အဒေါ်တွေကလူသားစားတဲ့ ဦးလာဘကြီး ကိုက်လိမ့်မယ်ဆိုပြီး ခြောက်ပါတယ်။

အဲ့တုန်းက သရဲ လား …ဘီလူးလား …လူလား … မသိပေမဲ့ အငိုတိတ်ခဲ့ရပါတယ်။

ဦးလာဘ က ဘယ်သူလဲ ?မေးတော့လဲ …ရေရေရာရာ ပြန်မဖြေနိုင်ကြပါ။ဦးလာဘ နဲ့ ပက်သတ်ပြီး အကွဲအလွဲတွေက အများကြီးပါ။

အဲ့ဒီအကွဲအလွဲတွေပါ …အောက်က postမှာ ထည့်ရေးပေးထားပါတယ်ဗျာ။

၁၉၇၆ ခုနှစ်တွင် ရန်ကုန်မြို့၌ နံမည်ကျော် ဦးလာဘ ဆိုသည် တကယ်ရှိခဲ့ပါသည်။
သင်္ကန်းဝတ်ထားပေမဲ့ ဘုန်းကြီးဟု ပြောဖို့ခက်ခဲပါ သည်။သူ၏ကျောင်း၏တည်နေရာမှာ ယခု တောင်ဥက္ကလာပမြို့နယ် ပါရမီ လမ်းမဘေးက ၂ဝိုင်း တို့ ၃ဝိုင်းတို့ဆိုပြီး အခုခေါ်နေကြတဲ့ ဘုန်းကြီးကျောင်းတွေ အများကြီး ရှိတဲ့နေရာ။

အဲ့ဒီ့ ကာလတုန်းကတော့ အခုလို လူနေအိမ်ခြေ မရှိသေးဘဲ မြို့အစွန်အဖျားလို ဖြစ်နေခဲ့သည်။ ဘုန်းကြီးကျောင်းငယ် လေးတွေကတော့ ဟိုတစ်ကျောင်း ဒီတစ်ကျောင်း ရှိနေခဲ့ပါတယ်။

အဲဒီ့ထဲမှာ …ဦးလာဘ၏ ကျောင်းလဲ တစ်ကျောင်း အပါအဝင်ပေါ့။

ဦးလာဘ ရဲ့ကျောင်းမှာ သူ့ရဲ့မိန်းမနဲ့ သားဖြစ်သူတို့ပါ အတူနေတယ်လို့ပြောပါတယ်။သားဖြစ်သူက ဦးလာဘအတွက် ဒိုင်ခံလူသတ်ပေးပြီး မိန်းမဖြစ်သူက ဦးလာဘအတွက် ပြင်ဆင်ချက်ပြုတ်ပေးကြပါတယ်။

ဦးလာဘရဲ့ လူသားစား ဇာတ်လမ်းကြီး ပေါ်ပေါက်လာရတာကတော့ ဘုန်းကြီးကျောင်း ရဲ့ ဘေးဘက် တနေရာမှာ မြေကွက်လေး ရှိတယ်။

အဲ့နားဝန်းကျင်က ဘုန်းကြီး ကျောင်းသား လေးတွေ ညနေဆို ခြင်းခတ် ကြတယ်။တနေ့ ညနေခြင်းခတ်နေရင်း ကျောင်းသား တယောက် ခြင်းခတ်လိုက်တာ ခြင်းလုံးက ဦးလာဘရဲ့ ဘုန်းကြီးကျောင်းထဲ ဝင်သွားတယ်။ သွားကောက်တဲ့
ကျောင်းသားလေးလည်း အချိန် အတော်ကြာတဲ့ထိ ပြန်ထွက်မလာတော့ဘူးတဲ့ …။

တနေ့ထက်တနေ့ အဲဒီ့ ပတ်ဝန်းကျင် မှာ လူပျောက်မှုတွေများလာတယ်။ စုံစမ်း လိုက်တဲ့အခါမှာ အများစုက အဲဒီ့ဘုန်းကြီးကျောင်းတွေနား တဝိုက်မှာ နောက်ဆုံး မြင်လိုက်ရတာကြီးပဲ ဖြစ်ဖြစ်နေတယ်။

သဲလွန်စလဲမရ သတင်းအစအနလည်း မရဖြစ်နေပေမယ့် ဒီနားက ဘုန်းကြီးကျောင်း တွေနဲ့ ပတ်သတ်မှု တခုခု ရှိမယ်ဆိုပြီး အဲ့နားတဝိုက်ကို အမြဲတမ်းစောင့်ကြည့်နေခဲ့ပါတယ်။

ဒီလိုနဲ့ အမှုပေါ်မဲ့နေ့ မှာ လူငယ်တယောက်ဟာ ဦးလာဘကြီးရဲ့ကျောင်းကို ညနေစောင်းလောက်အချိန်မှာရောက်လာခဲ့ပါတယ်။ သူပြန်မယ့် အချိန်ကျတော့ ဦးလာဘရဲ့ ကျောင်းထဲကအထွက်မှာ ဦးလာဘရဲ့သားဖြစ်သူက အနောက်ကဓားနဲ့ခုတ်ပါတယ်။
ကံကောင်းစွာနဲ့ လူငယ်ကို ချက်ကောင်းမခုတ်မိတာကြောင့် အဲ့ဒီ့လူငယ် သွေးသံရဲရဲနဲ့ ဘုန်းကြီးကျောင်း ဝန်းထဲက ပြေးထွက်ခဲ့ပါတယ်။

အဲဒီ့မှာပဲ …အဆင်သင့်စောင့့်ကြည့်နေတဲ့ သက်ဆိုင်ရာတွေရော ပတ်ဝန်းကျင်ကပါ ရောက်ရှိလာပြီး အကျိုးအကြောင်းမေးတော့ ဘာရန်စမှ မရှိဘဲ ဦးလာဘရဲ့ သားဖြစ်သူက ဓားနဲ့ခုတ်တဲ့အကြောင်းသိရတာမို့ ဦးလာဘရဲ့ကျောင်းကို ဝင်ရောက်စစ်ဆေးကြပါတယ်။ ။

ကျောင်းထဲကို ဝင်စစ်ကျတဲ့အခါမှာ ရာဝင်အိုးကြီးထဲမှာ ခုတ်ဖြတ် ဆားစိမ်(သို့)အချဉ်စိမ်ထားတဲ့ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တွေ့ရှိကာ ဦးလာဘရဲ့ကြောက်မတ်ဖွယ် ဇာတ်လမ်းကိုဖော်ထုတ်ကာ ဇာတ်သိမ်းလိုက်နိုင်ပါတယ်။

ရက်သတ္တပတ်များစွာစစ်ဆေးပြီးတဲ့နောက်မှာ ဦးလာဘကြီးကိုသေဒဏ်ချမှတ်ခဲ့ပါတယ်။ စစ်ဆေးတဲ့အခါမှာ ဦးလာဘကြီးဟာ လူသားစားပြီးကျင့့်ကြံရတဲ့ ကျင့်စဉ်တခုကို ကျင့်နေကြောင်း၊

ထိုကျင့်စဉ်ကို လူတချို့က ပေါရိသာဒကျင့်စဉ်ဟုခေါ်ကြောင်း

သူကရှင်အဇ္ဇဂေါန တို့လို ဝိဇ္ဇာ တစ်ဦး ဖြစ်ချင်တာပါ။ သူဟာယတြာ ၊ ဓာတ်ခန်း ၊ ဓာတ်ရိုက်ဓာတ်ဆင်လည်း နှံ့စပ်တဲ့ ဘုန်းကြီးတစ်ဦးပါ။

လူသားစားတဲ့ နေရာ မှာလည်း ပြီးစလွယ် အလွယ် စားတာ မဟုတ်ပါဘူး။ ဂါတာ မန္တာယ် သူ့နေနံနဲ့ သူစားတာပါ …။အောင်မြင် သွားရင် တော့ သူ့အတွက် အရမ်းကို အကျိုးများစေမှာပါ။တချို့ကလည်း မြေမနင်းစားတယ်လို့ ဆိုပါတယ်။
အယောက် တစ်ရာ ပြည့်ရင် မြေလျှိုး မိုးပျံ နိုင်တယ်လို့ ဆိုပါတယ်။

နောက်ထပ်လူသား အနည်းငယ် စားပြီးတဲ့အခါမှာ သူရဲ့ကျင့်စဉ်က ပြီးမြောက်တော့မှာ ဖြစ်တဲ့အကြောင်း၊လူသားစားတဲ့ အခါ မှာလည်း နေ့သင့် နံသင့် သားတွေကို ရက် အလိုက်စားရတာဖြစ်ကြောင်း၊ အခင်းဖြစ်တဲ့ရက်က နေ့သင့်နံသင်
လူသားစားရန် လက်ကျန်မရှိတော့တဲ့အချိန်မှာ ကျောင်းကို လာနေကြ လူငယ်ဟာနေ့သင့် နံသင့် တာမို့ သတ်ရန်အကြံအစည် မရှိဘဲ သတ်ခိုင်းခဲ့တာဖြစ်ကြောင်းဖြောင့်ချက်ပေး ပြောဆိုသည်။

#မူကွဲတခု

ဒီနေရာမှာ နောက်ထပ် မူကွဲ တခုကို တင်ပြပေးပါ့မယ် …

ဘုန်းကြီး ဦးလာဘရဲ့ အစီအစဉ်ဖြစ်တဲ့ စားဖို့အတွက် လူသေအသားတွေကိုသူ့ရဲ့ တပည့်က(မောင်ငယ်)က သချႋုင်းမှာ လူသားရှာဖွေပေးရပါတယ်။ အစပိုင်းကတော့ သချႋုင်းမှာ တူးယူ ရရှိပါတယ်။ နောက်ပိုင်း သချႋုင်းမှာ တူးယူရတာ
အဆင်မပြေ တော့ ဘုန်းကြီး ကျောင်းဝင်းထဲကို လာတဲ့ သူကို ခုတ်ပြီးအသားကို ယူပြီး အချဉ်စိမ်ပြီး စားပါတယ်။ကျန် အရိုးတွေ ကိုတော့ မြေကြီးနက်နက်တူးပြီး ခြေရာ လက်ရာ ဖြောက်ကာမြုပ်နှံပစ်ပါတယ်။

ပတ်ဝန်းကျင်ကလည်း တဖြေးဖြေး ရိပ်မိလာတော့ ကင်းဝပ်တွေ ချထားပါတယ်။

ဤအကြောင်းကိုလည်းဦးလာဘ သိလေတော့ လူသားဘယ်မှာမှ မရတဲ့အဆုံး တပည့်မောင်ငယ်ကို သတ်ဖို့ ကြံစည်ပါတော့တယ်။ မောင်ငယ်က လည်း အထာနပ် သူ ဖြစ်နေလေတော့ ကိုယ်တော့ အသေမခံနိုင်ဆိုပြီး
ရဲစခန်းကို သွားပြီး ဦးလာဘရဲ့ အကြောင်းကို ဖွင့်ချ တိုင်တန်းပါတယ်။ နောက်နေု့မှာပဲ ဦးလာဘကို ရဲတွေ ဝင်ဖမ်းပါတယ်။ လူသားစားပြီး သန်မာ လှတဲ့အတွက် မနဲ ရုန်းကန် နေတဲ့ကြားက ခက်ခက်ခဲခဲ
ဖမ်းယူ ရပါတယ်။

#နောက်မူကွဲ

နောက်တော့ …အစိုးရ ထောက်လှမ်းရေးတွေက ရိပ်မိပြီး ကင်းဝပ် တွေ ချထားတာ ရိပ်မိလို့ ဦးလာဘက သူ့တပည့်ကို ပြန်သတ်စားဖို့ ကြံစည်ပါတယ်။ သူ့တပည့်က သူ့ကို မသတ်ခင် ရဲစခန်း မှာ ထွက်ချက်ပေးလို့ ဝင်ဖမ်းတယ်လို့ ဆိုကြပါတယ်။

နောက်တော့ မောင်ငယ်လည်း ထောင်ကျ ။ ဦးလာဘ ကိုလည်း သေဒဏ်ပေးတယ်လို့လည်း ဆိုပါတယ်။ နိုင်ငံရေး အရှုပ်အရှင်းထဲမှာ လွတ်သွားတယ်လဲဆိုပါတယ်။လူဝတ်လဲစေကာ ထောင်အကျဉ်းချစေပြီးကြိုးမိန့် ( သို့ ) ကျားစာကျွေးတယ်လို့လည်း
ကြားဖူးပါတယ်။

အပျင်းပြေဖတ်ရအောင် …လူသားစားဘုန်းကြီး ဦးလာဘအကြောင်းတင်ပေးလိုက်ပါတယ်။

ဦးလာဘ ကို ကြိုးမိန့်မချခင်မှာသူနောက်ဆုံးအနေနဲ့စကားတစ်ခွန်းပြောခဲ့ပါတယ်။
အဲဒါကတော့ လူသားက အရမ်ချူ ိပါတယ်တဲ့။အရပ်ပြောစကားမူကွဲတွေ အများကြီးထဲကမှမှားခဲ့သည်ပါ ကလည်း မဆဲစေလိုပါ။


#ဖြစ်ရပ်မှန်အတည်ပြုချက်( ၁ )

အဲ့ဒီအချိန်တုန်းက
ဦးနေဝင်းရဲ့အညိုအငြင်ကိုခံယူပြီး
ဦးလာဘကိုနှိမ်နင်းခဲ့သူက
မြင်းခြံသားဗုဒ္ဓဘာသာစစ်စစ်
တောင်ဥက္ကလာပရဲစခန်း ဒုလုံခြုံရေးမှူး
ကျနော့်အဒေါ်ယောကျ်ား
U AungKyaing ပါ။
ဦးလေးရဲ့တွဲဖက် သူ့သူငယ်ချင်း
ဒုလုံခြုံရေးမှူး ဦးကျော်ခင်ကတော့
မြို့နယ်မှူးဘဝနဲ့
ကွယ်လွန်ခဲ့တာကြာပြီကြားပါတယ်။

ပထမဆုံးနေ့
သတင်းစာတွေရဲ့မျက်နှာဖုံးမှာ
ဦးအောင်ကြိုင်က ဦးလာဘကြီးကို
လက်ထိပ်ခတ်လျက်နဲ့
ငမိုးရိပ်ချောင်းဘေး ကျောင်းဝန်းထဲမှာ
မိုးကျော်ရဲ့အလောင်းကို
ပြန်ဖော်နေတဲ့ပုံကြီးပါလာ။

ဗုဒ္ဓဘာသာသိက္ခာကျတယ်
မင်းတို့မရှက်ကြဘူးလားဆိုပြီး
ဦးနေဝင်းကြီးဆဲလို့
နောက်နေ့ကျ …
သတင်းထည့်ခွင့်အပိတ်ခံလိုက်ရတယ်။

ဘုန်းကြီးကျောင်း ချိတ်ပိတ်လိုက်တော့
နေစရာမရှိတဲ့ ပလောင်ကိုရင်လေးနှစ်ပါးကို
ကျနော့ဦးလေးနဲ့ အဒေါ်ခမျာ
ခေတ္တစောင့်ရှောက်ထားလို့
ကျနော့ညီ သူ့သား KoLay နဲ့
ကစားဖက်တွေဖြစ်ခဲ့ကြသေးတယ်။

ဦးလာဘရဲ့ရှေ့နေက
ယခင် ၅၅ ဘားလမ်းက ဓနုဖြူ ဦးစိုးမြင့်ပါ။
သက်ရှိထင်ရှားတောင်ရှိသေးရဲ့လားမသိပါဘူး။
အဲ့ဒါလည်း
သူ့ဖာသာ ဗေဒင်တွက်ပြီး နေ့နံသင့်ရွေးငှါးတာ။
ဦးစိုးမြင့်ကို
ငါဘယ်တော့မှ သေဒါဏ်မကျဘူး၊
ခဏထောင်ကျပြီးလွတ်မှာ
မင်းရဲရဲတင်းတင်းသာလိုက်….တဲ့။
တကယ်လဲ ထောင် ၅ နှစ်လောက်ကျပြီး
လွတ်ငြိမ်းချမ်းသာနဲ့လွတ်သွားတာပါပဲ။

မကြာပါဘူး
ဦးနေဝင်းလည်း ဦးအောင်ကြိုင်မွှေလို့
သာသနာသန့်ရှင်းတည်တံ့လုပ်ရတော့တာပါပဲ။

(၂ )လူငယ်အရာရှိဘဝက မီလိုက်ပါတယ်။
ဘုန်းကြီးကျောင်းနားက ချောင်းရိုးလေးထဲမှာ
ခလေး လက်ချောင်းလေးတွေ …
ခြေချောင်းနဲ့ခြေကျင်းဝတ်တွေ
မျောပါလာတာတွေ့ရလို့ နယ်မြေထလရ
အစီရင်ခံစာတွေ တင်ပြဘူးပါတယ်။
အဲ့နောက် သက်ဆိုင်ရာက
ရှောင်တခင်စီးနင်းရှာဖွေတော့
လူသားဟင်းတွေ၊အချဉ်သိပ်ထားတဲ့
ခလေးအသားအိုးကြီးတွေတွေ့ရကြောင်း၊
ခလေးတွေကိုဖမ်းဆီးသတ်ဖြတ်စဉ်
အသံဖျောက်တဲ့အနေနဲ့ ရေဒီယိုကြီးကို
အသံကုန်ဖွင့်ထားလေ့ရှိကြောင်း၊
သူ့ဇနီးကိုယ်တိုင်လဲ လူသားစားကြောင်း
သိရပါတယ်။ဗုဒ္ဓလမ်းလွဲပြီးလောကီလမ်းကို
အစွန်းရောက်သွားတာပါ။
အင်းစိန်မှာDTSသင်တန်းတက်လို့
ထောင်ထဲလေ့လာရေးသွားတုန်းက
သူကို ရုံးထုတ်တာ တွေ့ဘူးပါတယ်။
သူတို့နှစ်ယောက်လုံးအရပ်မြင့်မြင့်
ထွားထွားကြီးတွေပါ။ထောင်ဝင်စာလာ
တွေ့သူတွေ ဝိုင်းကြည့်တော့
ဦးလာဘရဲ့ဇနီးက.
လက်ထိပ်နှစ်ဖက်ကိုပွတ်ရိုက်ပြီး
ဘာကြည့်နေကြတာလဲလို့
အသံဟိန်းဟိန်းကြီးနဲအော်သလို
မျက်လုံးတွေကလဲ အရောင်တလက်လက်နဲ့ပါ။
ကိုယ်တိုင်သိတာလေး ဆက်စပ်မျှဝေပေးတာပါ။

Soe_Naing_Moe

ဖိုးသူတော် (www.phothutaw.com)
Credit: searchmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top