လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

ရခုိင္ျပည္နယ္အတြင္း ရွိႏုိင္ငံတကာအဖဲြ႕အစည္း INGO မ်ား ထြက္သြားေပးေရးအပါအ၀င္ အခ်က္သံုးခ်က္
ေတာင္းဆိုမည့္ ဆႏၵျပပဲြကို ယေန႔ (ၾသဂုတ္ ၁၃ ရက္)တြင္ ရခုိင္ျပည္နယ္အႏွ႔ံ ျပဳ လုပ္ရန္ စီစဥ္ထားရာ ယင္းဆႏၵ ျပပဲြအတြက္ က်ပ္ ၁၀ သိန္း ေထာက္ပံ့ထားၿပီး လူအင္အားျဖင့္လည္း ပူးေပါင္းပါ၀င္မည္ဟု ျပည္ေထာင္စု
ႀကံ႕ခုိင္ေရးႏွင့္ ဖံြ႕ ၿဖိဳးေရးပါတီ (ရခိုင္ျပည္နယ္) ဥကၠ႒ ေဒါက္တာစမ္းေငြက ေျပာ ၾကားသည္။

အဆိုပါ ဆႏၵျပပဲြတြင္ အၾကမ္းဖက္မႈမ်ားျဖစ္ပြားေနသည့္ ေမာင္ေတာခ႐ိုင္အတြင္း ျပည္သူ႔ စစ္ဖဲြ႕စည္းေပးေရး၊ လံုၿခံဳေရးတုိး ျမႇင့္ေပးေရး စသည္တုိ႔ကို ထည့္ သြင္းေတာင္းဆုိမည္ျဖစ္ေၾကာင္း ဆႏၵျပပဲြ စီစဥ္သူအခ်ိဳ႕က ေျပာ သည္။

အဆုိပါ ဆႏၵထုတ္ေဖာ္ပဲြကို စည္းကမ္း ထိန္းသိမ္းေရးႏွင့္ ရဟန္းေတာ္မ်ား ကူညီေစာင့္ ေရွာက္ေရးအဖဲြ႕က ဦးေဆာင္စီ စဥ္ျခင္းျဖစ္ၿပီး ဆႏၵထုတ္ေဖာ္ပြဲ၏ ရည္ရြယ္ခ်က္သည္ ျပည္ခုိင္ၿဖိဳး ပါတီ၏ အမ်ိဳးသားေရးမူ၀ါဒမ်ား ႏွင့္ သေဘာထားကိုက္ညီ၍ လွဴ ဒါန္းရျခင္းျဖစ္ေၾကာင္း ေဒါက္တာစမ္းေငြက ေျပာသည္။

‘‘သူတို႔ကလည္း ပါတီတိုင္း၊ အဖဲြ႕အစည္းတုိင္းကို ပါ၀င္ဖို႔ ဖိတ္ေခၚထားတယ္။ ကၽြန္ေတာ္တို႔ ကလည္းဆႏၵျပပဲြကို ေထာက္ခံတဲ့ အတြက္ အလွဴေငြေထာက္ပံ့တာ ျဖစ္ပါတယ္’’ဟု ၎က ဆုိသည္။ ရခုိင္ျပည္နယ္အတြင္း တစ္ၿပိဳင္ နက္တည္း ျပဳလုပ္မည့္ ဆႏၵထုတ္ ေဖာ္ပဲြမ်ားတြင္ ျပည္ခုိင္ၿဖိဳးပါတီ ၀င္မ်ားလည္း  ပူးေပါင္းမည္ဟု ေဒါက္တာစမ္းေငြက ဆုိသည္။

သို႔ေသာ္ ၾသဂုတ္ ၁၃ ရက္ တြင္ ရခုိင္တစ္ျပည္နယ္လံုး အတုိင္းအတာျဖင့္ ေဆာင္ရြက္မည့္ ဆႏၵျပပဲြသည္ ျပည္ခုိင္ၿဖိဳးပါတီ (ဗဟို)ႏွင့္ မသက္ဆိုင္ဟု ပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ နႏၵာလွျမင့္က ေျပာသည္။ ‘‘ဗဟို ကေတာ့ ဘာမွမစီစဥ္မၫႊန္ၾကား ဘူး’’ဟု ၎ကဆုိသည္။

ရခုိင္ျပည္ခိုင္ၿဖိဳးပါတီသည္ ေဒသခံမ်ားႏွင့္ ဖဲြ႕စည္းထား၍ ေဒသခံ တိုင္းရင္းသားပါတီ၀င္ မ်ားအေနျဖင့္ ေငြစုၿပီး လွဴဒါန္း ျခင္းျဖစ္ေၾကာင္း ေဒါက္တာ နႏၵာလွျမင့္က ေျပာသည္။

‘‘ၿပီးေတာ့ ဒီလုိဆႏၵျပပဲြမွာ အမ်ိဳးသားေရးျဖစ္တဲ့အတြက္ ကၽြန္ေတာ္တုိ႔လည္းရခုိင္တုိင္းရင္း သားေတြျဖစ္တဲ့
အတြက္ အမ်ိဳး သားေရးကိစၥေတြမွာ လူအင္အား ေငြအင္အား ပူးေပါင္းပါ၀င္ ေဆာင္ရြက္ပါ့မယ္ဆုိတာ သြား ေလွ်ာက္တာပါ’’ဟု ၎က ဆက္ ေျပာသည္။

ရခုိင္ေဒသလံုၿခံဳေရး၊ တည္ ၿငိမ္ေရးအတြက္ တပ္မေတာ္အ ေနျဖင့္ အေျခခံဥပေဒႏွင့္အညီ ကာကြယ္ေစာင့္ေရွာက္ခြင့္ရွိ ေၾကာင္း၊ ျပည္သူ႔စစ္ဖဲြ႕စည္းေရး ကိစၥသည္ ႏုိင္ငံေတာ္အႀကီးအကဲ မ်ားက စဥ္းစားေဆာင္ရြက္ရမည့္ ကိစၥျဖစ္ေၾကာင္း ေဒါက္တာနႏၵလွ ျမင့္က ေမာင္ေတာခ႐ိုင္အတြင္း ျပည္သူ႔စစ္ဖဲြ႕စည္းေရးေတာင္းဆုိ မႈႏွင့္ပတ္သက္ၿပီး ျပည္ခုိင္ၿဖိဳးပါ တီ၏ သေဘာထားကိုေျပာသည္။

INGO မ်ား ထြက္သြားေရး ေတာင္းဆုိမႈႏွင့္ပတ္သက္ၿပီး လည္း ေဒါက္တာနႏၵလွျမင့္က ‘‘NGO ေတြ မွန္မွန္ကန္ကန္ေနပါ။ ေျဖာင့္ေျဖာင့္တန္းတန္းေနပါ။ မွ် မွ်တတလုပ္ပါ။ သူမ်ားျပည္တြင္း ေရးမွာ ၀င္ေရာက္စြက္ဖက္ၿပီး မျခယ္လွယ္ပါနဲ႔။ကိုယ္လုပ္ရမယ့္ အလုပ္ကို ေျဖာင့္ေျဖာင့္တန္းတန္း လုပ္။ မလုပ္ရင္ေတာ့ သူမ်ားႏုိင္ငံ လည္း ေမာင္းထုတ္တာပဲေလ။ အစိုးရအေနနဲ႔ ကိုယ့္ႏုိင္ငံရဲ႕ ဆူပူ အံုႂကြမႈ အေရးမွာ NGO ေတြ ပါ ၀င္တယ္ဆုိရင္ေတာ့ ျပတ္ျပတ္ သားသားေမာင္းထုတ္ပစ္ရမွာပဲ’’ ဟု ေျပာသည္။

လက္ရွိ ဆႏၵထုတ္ေဖာ္ပဲြျပဳ လုပ္မည့္ ေခါင္းေဆာင္ ဦးေအာင္ ေဌးက ‘‘ပါတီႀကီးတစ္ခုက ေငြ ေၾကး ေထာက္ပံ့တယ္ဆုိေတာ့ တခ်ိဳ႕က ႀကံ႕ခိုင္ေရးပါတီကလုပ္ တဲ့ပဲြလုိ႔ ေျပာေနၾကတာ ၾကားရ တယ္။ ရဟန္းရွင္လူျပည္သူေတြ ေပါင္းၿပီး အမ်ိဳးသားေရးအတြက္ လုပ္တာပါ။ ပါတီတစ္ခုရဲ႕ လႊမ္း မိုးမႈေအာက္မွာ လုပ္တာမဟုတ္ ဘူးလို႔ ေျပာခ်င္ပါတယ္’’ဟု ေျပာ သည္။

အဆုိပါ ဆႏၵထုတ္ေဖာ္ပဲြကို ရခုိင္ျပည္နယ္ ၁၇ ၿမိဳ႕နယ္လံုးတြင္ ျပဳလုပ္ရန္ ၿမိဳ႕နယ္အလိုက္ လူမႈ အသင္းအဖဲြ႕
မ်ားႏွင့္ ခ်ိတ္ဆက္ စီစဥ္ထားေၾကာင္း ဦးေအာင္ေဌးက ေျပာသည္။ စစ္ေတြၿမိဳ႕တြင္ျပဳလုပ္မည့္ဆႏၵထုတ္ေဖာ္ပဲြအတြက္ ၿမိဳ႕နယ္ရဲစခန္းကို အသိေပးထား ၿပီးျဖစ္ေၾကာင္း ၎ကဆုိသည္။

ရခုိင္ အမ်ိဳးသားပါတီ ဒုဥကၠ႒ ဦးခုိင္ျပည္စုိးက ‘‘ဒီလို ဆႏၵျပပဲြလုပ္မယ့္အေပၚ ႀကိဳဆုိ ပါတယ္။ ဆႏၵျပပဲြမွာ ပူးေပါင္းဖို႔ အတြက္ ပါတီဗဟိုက ၫႊန္ၾကား ထားတာေတာ့မရွိပါဘူး။ ဒါေပမဲ့ သက္ဆုိင္ရာၿမိဳ႕နယ္အလုိက္ ပါတီ၀င္ေတြက ပူးေပါင္းၾကမွာ ပါ’’ဟု ေျပာသည္။

ယင္းဆႏၵထုတ္ေဖာ္မႈႏွင့္ ပတ္သက္၍ ရခုိင္ျပည္နယ္ အစိုး ရအဖဲြ႕၀င္ စိုက္ပ်ိဳးေရး၊ ေမြးျမဴ ေရး၊ သစ္ေတာႏွင့္ သတၱဳ၀န္ႀကီး ဦးေက်ာ္လြင္က ‘‘သူတို႔အလုပ္သူ တိ႔ုလုပ္တာပဲေလ။ ကၽြန္ေတာ္တို႔ အစုိးရအဖဲြ႕အေနနဲ႔ ဘာမွေျပာ စရာမရွိပါဘူး။ ဒါေပမဲ့ ဥပေဒနဲ႔ အညီ အေထာက္အထားအခုိင္ အလံုလုပ္ဖို႔ေတာ့ လိုတာေပါ့’’ဟု ေျပာသည္။

စစ္ေတြၿမိဳ႕တြင္ ၂၀၁၄ မတ္ လက ႏုိင္ငံတကာ အကူအညီေပး ေရး အဖဲြ႕တစ္ခုမွ ႏုိင္ငံျခားသူတစ္ ဦးသည္ ၎တို႔ ငွားရမ္းေနထိုင္ ေသာ ေနအိမ္ပိုင္ရွင္ လႊင့္ထူထား သည့္ သာသနာ့အလံကို ျဖဳတ္ခ် ၍ ခါးၾကားတြင္ ညႇပ္ထားရာမွ ႐ုန္းရင္းဆန္ခတ္ျဖစ္ပြားခဲ့ၿပီး ေဒသခံမ်ားက စစ္ေတြရွိ ႏုိင္ငံတ ကာအဖဲြ႕အစည္းအခ်ိဳ႕၏ ႐ံုးႏွင့္ ဂုိေဒါင္အခ်ိဳ႕တို႔ကုိ တိုက္ခိုက္ ဖ်က္ဆီးခဲ့သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
 ရခိုင်ပြည်နယ်အတွင်း ရှိနိုင်ငံတကာအဖွဲ့အစည်း INGO များ ထွက်သွားပေးရေးအပါအဝင် အချက်သုံးချက်တောင်းဆိုမည့် ဆန္ဒပြပွဲကို ယနေ့ (သြဂုတ် ၁၃ ရက်)တွင် ရခိုင်ပြည်နယ်အနှံ့ ပြု လုပ်ရန် စီစဉ်ထားရာ ယင်းဆန္ဒ ပြပွဲအတွက် ကျပ် ၁၀ သိန်း ထောက်ပံ့ထားပြီး လူအင်အားဖြင့် လည်း ပူးပေါင်းပါဝင်မည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ (ရခိုင်ပြည်နယ်) ဥက္ကဋ္ဌ ဒေါက်တာစမ်းငွေက ပြော ကြားသည်။


အဆိုပါ ဆန္ဒပြပွဲတွင် အ ကြမ်းဖက်မှုများဖြစ်ပွားနေသည့် မောင်တောခရိုင်အတွင်း ပြည်သူ့ စစ်ဖွဲ့စည်းပေးရေး၊ လုံခြုံရေးတိုး မြှင့်ပေးရေး စသည်တို့ကို ထည့် သွင်းတောင်းဆိုမည်ဖြစ်ကြောင်း ဆန္ဒပြပွဲ စီစဉ်သူအချို့က ပြော သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို စည်းကမ်း ထိန်းသိမ်းရေးနှင့် ရဟန်းတော်များ ကူညီစောင့် ရှောက်ရေးအဖွဲ့က ဦးဆောင်စီ စဉ်ခြင်းဖြစ်ပြီး ဆန္ဒထုတ်ဖော်ပွဲ၏ ရည်ရွယ်ချက်သည် ပြည်ခိုင်ဖြိုး ပါတီ၏ အမျိုးသားရေးမူဝါဒများ နှင့် သဘောထားကိုက်ညီ၍ လှူ ဒါန်းရခြင်းဖြစ်ကြောင်း ဒေါက်တာစမ်းငွေက ပြောသည်။

‘‘သူတို့ကလည်း ပါတီတိုင်း၊ အဖွဲ့အစည်းတိုင်းကို ပါဝင်ဖို့ ဖိတ်ခေါ်ထားတယ်။ ကျွန်တော်တို့ ကလည်းဆန္ဒပြပွဲကို ထောက်ခံတဲ့ အတွက် အလှူငွေထောက်ပံ့တာ ဖြစ်ပါတယ်’’ဟု ၎င်းက ဆိုသည်။ ရခိုင်ပြည်နယ်အတွင်း တစ်ပြိုင် နက်တည်း ပြုလုပ်မည့် ဆန္ဒထုတ် ဖော်ပွဲများတွင် ပြည်ခိုင်ဖြိုးပါတီ ဝင်များလည်း  ပူးပေါင်းမည်ဟု ဒေါက်တာစမ်းငွေက ဆိုသည်။

သို့သော် သြဂုတ် ၁၃ ရက် တွင် ရခိုင်တစ်ပြည်နယ်လုံး အ တိုင်းအတာဖြင့် ဆောင်ရွက်မည့် ဆန္ဒပြပွဲသည် ပြည်ခိုင်ဖြိုးပါတီ (ဗဟို)နှင့် မသက်ဆိုင်ဟု ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။ ‘‘ဗဟို ကတော့ ဘာမှမစီစဉ်မညွှန်ကြား ဘူး’’ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်ခိုင်ဖြိုးပါတီသည် ဒေသခံများနှင့် ဖွဲ့စည်းထား၍ ဒေသခံ တိုင်းရင်းသားပါတီဝင် များအနေဖြင့် ငွေစုပြီး လှူဒါန်း ခြင်းဖြစ်ကြောင်း ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။

‘‘ပြီးတော့ ဒီလိုဆန္ဒပြပွဲမှာ အမျိုးသားရေးဖြစ်တဲ့အတွက် ကျွန်တော်တို့လည်းရခိုင်တိုင်းရင်း သားတွေဖြစ်တဲ့အတွက် အမျိုး သားရေးကိစ္စတွေမှာ လူအင်အား ငွေအင်အား ပူးပေါင်းပါဝင် ဆောင်ရွက်ပါ့မယ်ဆိုတာ သွား လျှောက်တာပါ’’ဟု ၎င်းက ဆက် ပြောသည်။

ရခိုင်ဒေသလုံခြုံရေး၊ တည် ငြိမ်ရေးအတွက် တပ်မတော်အ နေဖြင့် အခြေခံဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ခွင့်ရှိ ကြောင်း၊ ပြည်သူ့စစ်ဖွဲ့စည်းရေး ကိစ္စသည် နိုင်ငံတော်အကြီးအကဲ များက စဉ်းစားဆောင်ရွက်ရမည့် ကိစ္စဖြစ်ကြောင်း ဒေါက်တာနန္ဒလှ မြင့်က မောင်တောခရိုင်အတွင်း ပြည်သူ့စစ်ဖွဲ့စည်းရေးတောင်းဆို မှုနှင့်ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါ တီ၏ သဘောထားကိုပြောသည်။

INGO များ ထွက်သွားရေး တောင်းဆိုမှုနှင့်ပတ်သက်ပြီး လည်း ဒေါက်တာနန္ဒလှမြင့်က ‘‘NGO တွေ မှန်မှန်ကန်ကန်နေပါ။ ဖြောင့်ဖြောင့်တန်းတန်းနေပါ။ မျှ မျှတတလုပ်ပါ။ သူများပြည်တွင်း ရေးမှာ ဝင်ရောက်စွက်ဖက်ပြီး မခြယ်လှယ်ပါနဲ့။ကိုယ်လုပ်ရမယ့် အလုပ်ကို ဖြောင့်ဖြောင့်တန်းတန်း လုပ်။ မလုပ်ရင်တော့ သူများနိုင်ငံ လည်း မောင်းထုတ်တာပဲလေ။ အစိုးရအနေနဲ့ ကိုယ့်နိုင်ငံရဲ့ ဆူပူ အုံကြွမှု အရေးမှာ NGO တွေ ပါ ဝင်တယ်ဆိုရင်တော့ ပြတ်ပြတ် သားသားမောင်းထုတ်ပစ်ရမှာပဲ’’ ဟု ပြောသည်။

လက်ရှိ ဆန္ဒထုတ်ဖော်ပွဲပြု လုပ်မည့် ခေါင်းဆောင် ဦးအောင် ဌေးက ‘‘ပါတီကြီးတစ်ခုက ငွေ ကြေး ထောက်ပံ့တယ်ဆိုတော့ တချို့က ကြံ့ခိုင်ရေးပါတီကလုပ် တဲ့ပွဲလို့ ပြောနေကြတာ ကြားရ တယ်။ ရဟန်းရှင်လူပြည်သူတွေ ပေါင်းပြီး အမျိုးသားရေးအတွက် လုပ်တာပါ။ ပါတီတစ်ခုရဲ့ လွှမ်း မိုးမှုအောက်မှာ လုပ်တာမဟုတ် ဘူးလို့ ပြောချင်ပါတယ်’’ဟု ပြော သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ရခိုင်ပြည်နယ် ၁၇ မြို့နယ်လုံးတွင် ပြုလုပ်ရန် မြို့နယ်အလိုက် လူမှု အသင်းအဖွဲ့များနှင့် ချိတ်ဆက် စီစဉ်ထားကြောင်း ဦးအောင်ဌေးက ပြောသည်။ စစ်တွေမြို့တွင်ပြုလုပ်မည့်ဆန္ဒထုတ်ဖော်ပွဲအတွက် မြို့နယ်ရဲစခန်းကို အသိပေးထား ပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။

ရခိုင် အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ‘‘ဒီလို ဆန္ဒပြပွဲလုပ်မယ့်အပေါ် ကြိုဆို ပါတယ်။ ဆန္ဒပြပွဲမှာ ပူးပေါင်းဖို့ အတွက် ပါတီဗဟိုက ညွှန်ကြား ထားတာတော့မရှိပါဘူး။ ဒါပေမဲ့ သက်ဆိုင်ရာမြို့နယ်အလိုက် ပါတီဝင်တွေက ပူးပေါင်းကြမှာ ပါ’’ဟု ပြောသည်။

ယင်းဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုး ရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်က ‘‘သူတို့အလုပ်သူ တိ့ုလုပ်တာပဲလေ။ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ဘာမှပြော စရာမရှိပါဘူး။ ဒါပေမဲ့ ဥပဒေနဲ့ အညီ အထောက်အထားအခိုင် အလုံလုပ်ဖို့တော့ လိုတာပေါ့’’ဟု ပြောသည်။

စစ်တွေမြို့တွင် ၂၀၁၄ မတ် လက နိုင်ငံတကာ အကူအညီပေး ရေး အဖွဲ့တစ်ခုမှ နိုင်ငံခြားသူတစ် ဦးသည် ၎င်းတို့ ငှားရမ်းနေထိုင် သော နေအိမ်ပိုင်ရှင် လွှင့်ထူထား သည့် သာသနာ့အလံကို ဖြုတ်ချ ၍ ခါးကြားတွင် ညှပ်ထားရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ဒေသခံများက စစ်တွေရှိ နိုင်ငံတ ကာအဖွဲ့အစည်းအချို့၏ ရုံးနှင့် ဂိုဒေါင်အချို့တို့ကို တိုက်ခိုက် ဖျက်ဆီးခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top