မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား ဝဘ်ဆိုက်
×




သတင်း - ဓါတ်ပုံ ။  ။ ဦးစံဝင်းမောင်

Credit: သစ်ထူးလွင်

#Unicode Version#
ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့၊ မြကန်သာရပ်ကွက်၊ POWER 9 ဖုန်းဆိုင်မှာ သြဂုတ်လ ၁၁ ရက်နေ့ ည ၁၁နာရီခွဲ အချိန်ခန့်က ဆိုင်အတွင်း သံကြားလို့သွားကြည့်တဲ့ အိမ်ရှင် ၊ သူခိုး ဓားနဲ့ထိုးလို့သေဆုံးသွားကြောင်း သိရပါတယ်။

ဖြစ်စဉ်ကတော့ သြဂုတ်လ ၁၁ ရက်နေ့ ည ၁၁နာရီခွဲ အချိန်ခန့်က  ဆီဆိုင်မြို့ မြကန်သာရပ်ကွက် မြို့လယ်ဓမ္မာရုံတောင်ဖက်ရှိ POWER 9 ဖုန်းဆိုင်အတွင်းသို့ (အမည် နေရပ်လိပ်စာ စိစစ်ဆဲ) အမည်မသိ လူတစ်ယောက် ဝင်ရောက် ခိုးယူစဉ် အိမ်ရှင်ဖြစ်သူ ခွန်ကျော်မိုးမှ အသံကြားလို့ သွားရောက်ကြည့်ရှုရာ သူခိုးက အသင့်ပါလာတဲ့ ဓားနဲ့ထိုးခဲ့ပါတယ်။

အဆိုပါ သူခိုး ဓားနဲ့ထိုးတဲ့အတွက် ခွန်ကျော်မိုးမှာ ဘယ်ဖက်ရင်တွင် တစ်ချက်၊ ဝမ်းဗိုက်မှာတစ်ချက်၊ ဘယ်ဖက်ချိ ုင်းအောက်ဖက်မှာတစ်ချက်၊ ဘယ်ဖက်လက်ဖျန်မှာတစ်ချက်၊ ဓားဒါဏ်ရာ ၄ ချက်နဲ့ နေရာတင် သေဆုံးသွားခဲ့ပါတယ်။

 အဆိုပါသူခိုးကို ပတ်ဝန်းကျင်အနီးမှာ ရှိနေတဲ့ လူငယ်များက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ပြီး ဆီဆိုင်မြို့ ရဲတပ်ဖွဲ့ကို အကြောင်းကြားကာ အပ်နှံခဲ့သည့်အတွက် အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။

သတင်း - ဓါတ်ပုံ ။  ။ ဦးစံဝင်းမောင်

ဖိုးသူတော် (www.phothutaw.com)
Credit: သစ်ထူးလွင်
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top