ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ခ်စ္သူ ျဖစ္သူက တစ္ပတ္ကုိ ေပါင္ (၁၀၀၀၀၀) ရရွိေနေပမယ့္ အားကုိး လုိစိတ္ မရွိဘဲ ကုိယ့္ လမ္း ကုိယ္ေလွ်ာက္ေနသူက အသက္ (၂၁)ႏွစ္ အရြယ္ရွိ ကာမီလီဆုိး ျဖစ္ပါတယ္။ ကာမီလီဆုိး ဟာ မန္ယူ အသင္း ကြင္းလယ္ ကစားသမား ရွႏုိက္ဒါလင္းရဲ႕ ခ်စ္သူ ျဖစ္ပါတယ္။ ျပင္သစ္ႏုိင္ငံ၊ စထပ္ဘေရာ့ တကၠသုိလ္ ကေန စီးပြားေရး ဘဲြ႕ ရရွိခဲ့သူ ကာမီလီဆုိး ဟာ ခ်စ္သူ ျဖစ္သူ ရွႏုိက္ဒါလင္း ရဲ႕ ေငြေၾကး ေတြကုိ ဂ႐ုစုိက္ေနျခင္း မရွိဘဲ စတုိးဆုိင္ တစ္ခုမွာ အလုပ္ ၀င္လုပ္ေနတာေၾကာင့္ အံ့အားသင့္စရာ ျဖစ္ခဲ့ပါတယ္။

ေဘာလုံးသမား ေတြရဲ႕ ခ်စ္သူ ဇနီးမယား အမ်ားစု ဟာ လင္ေတာ္ေမာင္ ေတြကုိ အားကုိးၿပီး အသုံးအျဖဳန္း ႀကီးေနၾကတာ ျဖစ္ပါတယ္။ ဒီအထဲမွာ ကာမီလီဆုိး မပါခဲ့ပါဘူး။ ကာမီလီဆုိး ဟာ တစ္နာရီကုိ ေပါင္ (၁၀) သာ ရရွိတဲ့ မန္ခ်က္စတာၿမိဳ႕က စတုိးဆုိင္ မွာ ၀င္ေရာက္ လုပ္ကုိင္တာ ျဖစ္ပါတယ္။ ကာမီလီဆုိး ဟာ နာမည္ေက်ာ္ Adidas စတုိးဆုိင္က ၀န္ထမ္း တစ္ဦး ျဖစ္ၿပီး ရွႏုိက္ဒါလင္း မန္ယူအသင္းမွာ ၀တ္ဆင္တဲ့ ေက်ာနံပါတ္ ကုိ ၀တ္ဆင္ကာ ေစ်းေရာင္းေနျခင္း ျဖစ္ပါတယ္။

ရွႏုိက္ဒါလင္ ဟာ မန္ယူ အသင္း မွာ တစ္ႏွစ္ေပါင္ (၅) သန္းေလာက္ ရရွိမွာ ျဖစ္ေပမယ့္ ကာမီလီဆုိး ရဲ႕ လုပ္အားခ က တစ္ႏွစ္လုံး ေပါင္းရင္ ေပါင္ (၁၅၀၀၀) ေလာက္သာ ရွိမွာျဖစ္ပါတယ္။ ဒါေပမဲ့ ကုိယ္တုိင္ ေငြေၾကး ရွာေဖြၿပီး ခ်စ္သူျဖစ္သူကုိ အားမကုိးတဲ့ ကာမီလီဆုိး ကုိ ခ်ီးက်ဴးမူေတြ ျပဳလုပ္ခဲ့ ပါတယ္။ ကာမီလီဆုိး ဟာ ရွႏုိက္ဒါလင္း နဲ႔ အတူ ဟုိတယ္တစ္ခုမွာ ငွားေနေပမယ့္ အလုပ္ကုိ ပုံမွန္ဆင္းေလ့ ရွိပါတယ္။

မန္ယူ ပရိသတ္ တစ္ဦးဟာ စတုိးဆုိင္မွာ ေစ်း၀ယ္ရင္း ကာမီလီဆုိး ကုိ ျမင္ဖူးတာေၾကာင့္ စဥ္းစားခဲ့ရာမွ စတုိးဆုိင္ ၀န္ထမ္း အျဖစ္ လုပ္ကုိင္တာကုိ သိခဲ့ျခင္း ျဖစ္ပါတယ္။ အဲဒီပရိသတ္က လုံး၀ေမွ်ာ္လင့္ထားျခင္း မရွိေၾကာင္း၊ ကာမီလီဆုိးဟာ အျခား ေဘာလုံးသမား ေတြရဲ႕ ခ်စ္သူ ဇနီးမယားေတြနဲ႔ မတူညီေၾကာင္း ေျဟၾကားခဲ့ပါတယ္။ ရွႏုိက္ဒါလင္းဟာ ဒီေႏြရာသီ အေျဟင္းအေရႊ႕မွာ ေဆာက္သမ္တန္ကေန မန္ယူအသင္းဆီ ေပါင္ (၂၅) သန္းနဲ႔ ေျဟင္းေရႊ႕လာသူ ျဖစ္ပါတယ္။ ရွႏုိက္ဒါလင္း နဲ႔ ကာမီလီဆုိး တုိ႔ဟာ ဒီႏွစ္အေစာပုိင္းမွ ခ်စ္သူ ေတြ ျဖစ္ခဲ့တာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  messenger

#Unicode Version#
ချစ်သူ ဖြစ်သူက တစ်ပတ်ကို ပေါင် (၁၀၀၀၀၀) ရရှိနေပေမယ့် အားကိုး လိုစိတ် မရှိဘဲ ကိုယ့် လမ်း ကိုယ်လျှောက်နေသူက အသက် (၂၁)နှစ် အရွယ်ရှိ ကာမီလီဆိုး ဖြစ်ပါတယ်။ ကာမီလီဆိုး ဟာ မန်ယူ အသင်း ကွင်းလယ် ကစားသမား ရှနိုက်ဒါလင်းရဲ့ ချစ်သူ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ၊ စထပ်ဘရော့ တက္ကသိုလ် ကနေ စီးပွားရေး ဘွဲ့ ရရှိခဲ့သူ ကာမီလီဆိုး ဟာ ချစ်သူ ဖြစ်သူ ရှနိုက်ဒါလင်း ရဲ့ ငွေကြေး တွေကို ဂရုစိုက်နေခြင်း မရှိဘဲ စတိုးဆိုင် တစ်ခုမှာ အလုပ် ဝင်လုပ်နေတာကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။

ဘောလုံးသမား တွေရဲ့ ချစ်သူ ဇနီးမယား အများစု ဟာ လင်တော်မောင် တွေကို အားကိုးပြီး အသုံးအဖြုန်း ကြီးနေကြတာ ဖြစ်ပါတယ်။ ဒီအထဲမှာ ကာမီလီဆိုး မပါခဲ့ပါဘူး။ ကာမီလီဆိုး ဟာ တစ်နာရီကို ပေါင် (၁၀) သာ ရရှိတဲ့ မန်ချက်စတာမြို့က စတိုးဆိုင် မှာ ဝင်ရောက် လုပ်ကိုင်တာ ဖြစ်ပါတယ်။ ကာမီလီဆိုး ဟာ နာမည်ကျော် Adidas စတိုးဆိုင်က ဝန်ထမ်း တစ်ဦး ဖြစ်ပြီး ရှနိုက်ဒါလင်း မန်ယူအသင်းမှာ ဝတ်ဆင်တဲ့ ကျောနံပါတ် ကို ဝတ်ဆင်ကာ ဈေးရောင်းနေခြင်း ဖြစ်ပါတယ်။

ရှနိုက်ဒါလင် ဟာ မန်ယူ အသင်း မှာ တစ်နှစ်ပေါင် (၅) သန်းလောက် ရရှိမှာ ဖြစ်ပေမယ့် ကာမီလီဆိုး ရဲ့ လုပ်အားခ က တစ်နှစ်လုံး ပေါင်းရင် ပေါင် (၁၅၀၀၀) လောက်သာ ရှိမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင် ငွေကြေး ရှာဖွေပြီး ချစ်သူဖြစ်သူကို အားမကိုးတဲ့ ကာမီလီဆိုး ကို ချီးကျူးမူတွေ ပြုလုပ်ခဲ့ ပါတယ်။ ကာမီလီဆိုး ဟာ ရှနိုက်ဒါလင်း နဲ့ အတူ ဟိုတယ်တစ်ခုမှာ ငှားနေပေမယ့် အလုပ်ကို ပုံမှန်ဆင်းလေ့ ရှိပါတယ်။

မန်ယူ ပရိသတ် တစ်ဦးဟာ စတိုးဆိုင်မှာ ဈေးဝယ်ရင်း ကာမီလီဆိုး ကို မြင်ဖူးတာကြောင့် စဉ်းစားခဲ့ရာမှ စတိုးဆိုင် ဝန်ထမ်း အဖြစ် လုပ်ကိုင်တာကို သိခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီပရိသတ်က လုံးဝမျှော်လင့်ထားခြင်း မရှိကြောင်း၊ ကာမီလီဆိုးဟာ အခြား ဘောလုံးသမား တွေရဲ့ ချစ်သူ ဇနီးမယားတွေနဲ့ မတူညီကြောင်း ဟြေကြားခဲ့ပါတယ်။ ရှနိုက်ဒါလင်းဟာ ဒီနွေရာသီ အဟြေင်းအရွှေ့မှာ ဆောက်သမ်တန်ကနေ မန်ယူအသင်းဆီ ပေါင် (၂၅) သန်းနဲ့ ဟြေင်းရွှေ့လာသူ ဖြစ်ပါတယ်။ ရှနိုက်ဒါလင်း နဲ့ ကာမီလီဆိုး တို့ဟာ ဒီနှစ်အစောပိုင်းမှ ချစ်သူ တွေ ဖြစ်ခဲ့တာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:  messenger
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top