ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

အကုသိုလ္ကံ၊ကုသိုလ္ကံ ဘယ္ကံ အားႀကီး ၾကသနည္း ?

ကံႏွစ္ပါးတြင္ အကုသိုလ္ကံ အားနည္း၏။ကုသိုလ္ကံ အားႀကီး၏။အဘယ္ေၾကာင့္နည္း။ဤေလာက၌သူ၏ အသက္ကို သတ္ျခင္း၊သူ၏ဥစၥာကိုခိုးျခင္းစေသာ မေကာင္းမႈ ကံကိုျပဳခဲ့ေသာ္ မ်က္ ေမွာက္၌ပင္မင္းျပစ္ စိုးဒဏ္ကို ခံရျခင္း စေသာ အျပစ္သည္ ျဖစ္ပါသည္ မဟုတ္ေလာ။

ကုသိုလ္ကံကိုျပဳ ၍ ဤကဲ့သို႔ အျမန္မစံရတကားဟူျငားအံ့။ အကုသိုလ္ကံသည္ အာႏုေဘာ္ နည္းေသာေၾကာင့္ ျမန္စြာ အက်ိဳးေပး၏။ကုသိုလ္ကံသည္ အာႏုေဘာ္ ႀကီ းေသာေၾကာင့္ ေႏွးေနွးမွ အက်ိဳးေပး၏။

ဥပမာ-ေကာက္ပဲ၊စပါး စေသာ အပင္သည္ တစ္ႀကိမ္သာ စားရ၍အာႏုေဘာ္ငယ္ေသာေၾကာင့္ ျမန္စြာ ႀကီးသျဖင့္ ျမန္စြာသီး၏။အုန္းထန္းစေသာ သစ္ပင္သည္ ရွည္ၾကာစြာ စားရ၍ အာႏုေဘာ္ႀကီးေသာေၾကာင့္ တျဖည္းျဖည္း ႀကီးသျဖင့္ ေႏွးေႏွးသီးသကဲ့သို႔တည္း။ ၾကာ မၾကာေသာအားျဖင့္ေထာက္ထားေသာ္ အကုသိုလ္ကံသည္ ဂရုကံသို႔ ေရာက္ေသာ္ အနႏၱရိယကံပင္ ျဖစ္ေသာ္လည္း တစ္ကမၻာခံလွ်င္ လြတ္၏။
ကုသိုလ္ကံမူကား ကမၻာအရာ အေထာင္ျဖင့္လည္းအဆံု းမရိွ၊ သတၱိအားေလ်ာ္စြာ ခံစား စံစားရသည္သာ ျဖစ္၏။ ဒုႆီလ ရဟန္းတစ္ဦးအားသံဃာေတာ္ဟု အမွတ္ထား၍ လွဴအပ္ေသာ ဒါနသည္လည္းအသေခၤ်ယ် ကာလပတ္လံုး အက်ိဳးေပးေၾကာင္းကို ဒိကၡဏ၀ိဘဂၤသုတ္ စသည္တို႔၌ ေဟာေတာ္မူသည္။ ထုိ႔ေၾကာင့္ ကုသိုလ္ကံ အားႀကီးေၾကာင္းကို သိအပ္၏။ အားႀကီးေသာေၾကာင့္လည္းအကုသိုလ္ကံ တားျမစ္နိုင္၏။

မိလိႏၵာမင္းႀကီးကေမးေလွ်ာက္၏။ ``အရွင္နာဂသိန္၊ အၾကင္သူသည္ အႏွစ္တစ္ရာမွ်ေလာက္ မေကာင္းမႈကို ျပဳ၍ေသခါနီးကာလ၌ဘုရားဂုဏ္ေက်းဇူးကို ေအာက္ေမ့ျခင္းစေသာ ကုသိုလ္ကံကိုျပဳ၏။
ထိုသူသည္ ထိုကုသိုလ္ေၾကာင့္နတ္ျပည္၌ ျဖစ္ရ၏ဟူေသာ စကားကို ကၽြႏု္ပ္မယံုၾကည္နိုင္။သတၱ၀ါတစ္ခုကို သတ္မိေသာေၾကာင့္ ငရဲခံရ၏ဟူေသာ စကားကိုလည္းမယံုနိုင္´´ အရွင္နာဂသိန္ ေျဖဆိုေတာ္မူ၏။ ``မင္းႀကီး၊ အနည္းငယ္ေသာ ေက်ာက္ခဲ သံခဲသည္ ေရ၌ ေပၚ၏ေလာ´´ ``အရွင္ဘုရား၊ ေလွႏွင့္ ကင္း၍မေပၚ´´ ``မင္းႀကီးမ်ားစြာေသာ ေက်ာက္ခဲ သံခဲတို႔သည္လည္းေလွႏွင့္ ကင္း၍ေရ၀၌ ေပၚ၏ေလာ´´ ``အရွင္ဘုရားမေပၚနိုင္ေခ်´´ ``မင္းႀကီး၊ ေလွကားကုသိုလ္ကံႏွင့္တူ၏၊ေက်ာက္ခဲကား အကုသိုလ္ကံႏွင့္တူ၏။တစ္စင္းတည္းေသာ ေလွသည္ ေက်ာက္ခဲအမ်ားကိုေဆာင္နိုင္သကဲ့သို႔အားႀကီးေသာ ကုသိုလ္ကံ တစ္ခုတည္းသည္ မ်ားစြာေသာ အကုသိုလ္ကံကို တားနိုင္၏။
ထို႔ေၾကာင့္ ၾကာျမင့္စြာျပဳေသာ အကုသိုလ္ကို ေသခါနီး၌ျဖစ္ေသာကုသိုလ္ကံသည္ ေဆာင္နိုင္ေလသတည္း ´´

ဖိုးသူေတာ္ (www.phothutaw.com)
Credit: (ဦးေသာ္ဇင္ ၏စြယ္စံုေက်ာ္ထင္ စာအုပ္မွ)

#Unicode Version#
အကုသိုလ်ကံ၊ကုသိုလ်ကံ ဘယ်ကံ အားကြီး ကြသနည်း ?

ကံနှစ်ပါးတွင် အကုသိုလ်ကံ အားနည်း၏။ကုသိုလ်ကံ အားကြီး၏။အဘယ်ကြောင့်နည်း။ဤလောက၌သူ၏ အသက်ကို သတ်ခြင်း၊သူ၏ဥစ္စာကိုခိုးခြင်းစသော မကောင်းမှု ကံကိုပြုခဲ့သော် မျက် မှောက်၌ပင်မင်းပြစ် စိုးဒဏ်ကို ခံရခြင်း စသော အပြစ်သည် ဖြစ်ပါသည် မဟုတ်လော။



ကုသိုလ်ကံကိုပြု ၍ ဤကဲ့သို့ အမြန်မစံရတကားဟူငြားအံ့။ အကုသိုလ်ကံသည် အာနုဘော် နည်းသောကြောင့် မြန်စွာ အကျိုးပေး၏။ကုသိုလ်ကံသည် အာနုဘော် ကြီ းသောကြောင့် နှေးနှေးမှ အကျိုးပေး၏။



ဥပမာ-ကောက်ပဲ၊စပါး စသော အပင်သည် တစ်ကြိမ်သာ စားရ၍အာနုဘော်ငယ်သောကြောင့် မြန်စွာ ကြီးသဖြင့် မြန်စွာသီး၏။အုန်းထန်းစသော သစ်ပင်သည် ရှည်ကြာစွာ စားရ၍ အာနုဘော်ကြီးသောကြောင့် တဖြည်းဖြည်း ကြီးသဖြင့် နှေးနှေးသီးသကဲ့သို့တည်း။ ကြာ မကြာသောအားဖြင့်ထောက်ထားသော် အကုသိုလ်ကံသည် ဂရုကံသို့ ရောက်သော် အနန္တရိယကံပင် ဖြစ်သော်လည်း တစ်ကမ္ဘာခံလျှင် လွတ်၏။

ကုသိုလ်ကံမူကား ကမ္ဘာအရာ အထောင်ဖြင့်လည်းအဆုံ းမရှိ၊ သတ္တိအားလျော်စွာ ခံစား စံစားရသည်သာ ဖြစ်၏။ ဒုဿီလ ရဟန်းတစ်ဦးအားသံဃာတော်ဟု အမှတ်ထား၍ လှူအပ်သော ဒါနသည်လည်းအသင်္ချေယျ ကာလပတ်လုံး အကျိုးပေးကြောင်းကို ဒိက္ခဏဝိဘင်္ဂသုတ် စသည်တို့၌ ဟောတော်မူသည်။ ထို့ကြောင့် ကုသိုလ်ကံ အားကြီးကြောင်းကို သိအပ်၏။ အားကြီးသောကြောင့်လည်းအကုသိုလ်ကံ တားမြစ်နိုင်၏။



မိလိန္ဒာမင်းကြီးကမေးလျှောက်၏။ ``အရှင်နာဂသိန်၊ အကြင်သူသည် အနှစ်တစ်ရာမျှလောက် မကောင်းမှုကို ပြု၍သေခါနီးကာလ၌ဘုရားဂုဏ်ကျေးဇူးကို အောက်မေ့ခြင်းစသော ကုသိုလ်ကံကိုပြု၏။

ထိုသူသည် ထိုကုသိုလ်ကြောင့်နတ်ပြည်၌ ဖြစ်ရ၏ဟူသော စကားကို ကျွနု်ပ်မယုံကြည်နိုင်။သတ္တဝါတစ်ခုကို သတ်မိသောကြောင့် ငရဲခံရ၏ဟူသော စကားကိုလည်းမယုံနိုင်´´ အရှင်နာဂသိန် ဖြေဆိုတော်မူ၏။ ``မင်းကြီး၊ အနည်းငယ်သော ကျောက်ခဲ သံခဲသည် ရေ၌ ပေါ်၏လော´´ ``အရှင်ဘုရား၊ လှေနှင့် ကင်း၍မပေါ်´´ ``မင်းကြီးများစွာသော ကျောက်ခဲ သံခဲတို့သည်လည်းလှေနှင့် ကင်း၍ရေဝ၌ ပေါ်၏လော´´ ``အရှင်ဘုရားမပေါ်နိုင်ချေ´´ ``မင်းကြီး၊ လှေကားကုသိုလ်ကံနှင့်တူ၏၊ကျောက်ခဲကား အကုသိုလ်ကံနှင့်တူ၏။တစ်စင်းတည်းသော လှေသည် ကျောက်ခဲအများကိုဆောင်နိုင်သကဲ့သို့အားကြီးသော ကုသိုလ်ကံ တစ်ခုတည်းသည် များစွာသော အကုသိုလ်ကံကို တားနိုင်၏။

ထို့ကြောင့် ကြာမြင့်စွာပြုသော အကုသိုလ်ကို သေခါနီး၌ဖြစ်သောကုသိုလ်ကံသည် ဆောင်နိုင်လေသတည်း ´´


ဖိုးသူတော် (www.phothutaw.com)
Credit: (ဦးသော်ဇင် ၏စွယ်စုံကျော်ထင် စာအုပ်မှ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top