ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကင္ဆာေရာဂါသည္ ကေလးငယ္ကို ကူညီဖို႔အတြက္ အီရတ္စစ္ေျမျပင္မွာ တာဝန္ထမ္းေဆာင္ဖူးတဲ့ ၿဗိတိန္ေတာ္ဝင္မရိန္းတပ္ဖြဲ႕ဝင္ေဟာင္း တစ္ဦးဟာ သူ႔ရဲ႕ဆုတံဆိပ္ေတြကို ေရာင္းခ်ေနပါတယ္။

ေလာ့တီလို႔ အမည္ရတဲ့ မိန္းကေလးငယ္ဟာ ၂၀၁၆ ခုႏွစ္ ဇြန္လ ၃၀ ရက္ေန႔မွာ ခႏၶာကိုယ္ အစိတ္အပိုင္းေတြကို ကင္ဆာဆဲလ္ ပ်ံ႕ႏွံ႔သြားတဲ့ Stage 4 Neuroblastoma ခံစားေနရတယ္လို႔
စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။ အဲဒီတုန္းက ေလာ့တီက အသက္ႏွစ္ႏွစ္ေက်ာ္ပဲ ရွိပါေသးတယ္။ စစ္မႈထမ္းေဟာင္း ဂြတ္ဒ္မန္းဟာ ေလာ့တီကို လူခ်င္းမေတြ႕ဖူးေပမယ့္ သူ႔အေၾကာင္း ဖတ္ရၿပီးတဲ့ေနာက္မွာ သူ႔ရဲ႕ ဆုတံဆိပ္ ၃ ခုကို ေရာင္းခ်ဖို႔ eBay ေပၚ တင္ခဲ့ပါတယ္။

''သမီးရွိတဲ့ ဖခင္တစ္ေယာက္အေနနဲ႔ ကိုယ့္သမီးသာ ဒီလိုျဖစ္ရင္ဆိုတဲ့ အေတြးမ်ိဳး ေတြးေတာင္ မေတြးရဲပါဘူး။ ဆုတံဆိပ္ေတြက အံ့ဆြဲထဲ ထည့္ထား႐ုံပါပဲ။ ဘာမွလုပ္လို႔မရပါဘူး။ ဒီဆုတံဆိပ္ေတြကို အဓိပၸာယ္ရွိတဲ့ကိစၥအတြက္ အသုံးျပဳသင့္တယ္လို႔ ကြၽန္ေတာ္
ထင္ပါတယ္။ အကူအညီလိုအပ္ေနတဲ့ ကေလးငယ္ကို ကူညီေပးႏိုင္မယ္ဆိုရင္ အသက္စြန႔္ စြမ္းေဆာင္လို႔ ရလာတဲ့ ဆုတံဆိပ္ေတြကို ကြၽန္ေတာ္ ေပ်ာ္ေပ်ာ္ႀကီး စြန႔္လႊတ္လိုက္မွာပါ''လို႔
ဂြတ္ဒ္မန္းက ေျပာပါတယ္။

ေလာ့တီမွာ Stage 4 Neuroblastoma ကင္ဆာေရာဂါ ခံစားေနရတယ္လို႔ ေတြ႕ရွိခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ ေအာက္တိုဘာလမွာ သူ႔ကို ဓာတုကုထုံးနဲ႔ ကုသခဲ့ၿပီး ၁၃ နာရီၾကာျမင့္တဲ့ ခြဲစိတ္ကုသမႈနဲ႔
အက်ိတ္ ၉၅ ရာခိုင္ႏႈန္းကို ဖယ္ရွားခဲ့ပါတယ္။ ေလာ့တီဟာ အခုခ်ိန္မွာ ေရာဂါအျမစ္ျပတ္ေစဖို႔ ကုသမႈခံယူေနၿပီး အေမရိကန္ တစ္ႏိုင္ငံတည္းမွာပဲ ကုသလို႔ရတဲ့ ေဆးရည္နဲ႔ကုသမႈ ခံယူဖို႔
လိုအပ္ေနပါတယ္။ အဲဒီလို ကုသမႈခံယူဖို႔ ေပါင္ႏွစ္သိန္း ကုန္က်မွာပါ။

ၿဗိတိန္ကမ္းတက္ ေျခလွ်င္တပ္ဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ ဂြတ္ဒ္မန္းဟာ အာဖဂန္နစၥတန္၊ အီရတ္၊ ေျမာက္အိုင္ယာလန္တို႔မွာ တာဝန္ထမ္းေဆာင္ခဲ့ဖူးသူပါ။

Ref : Sun News : Ex-Royal Marine and Iraq war hero is selling his medals to pay for four-year-old tot’s £200k treatment for rare cancer

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Nz (႐ိုးရာေလး)
#Unicode Version#
ကင်ဆာရောဂါသည် ကလေးငယ်ကို ကူညီဖို့အတွက် အီရတ်စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်ဖူးတဲ့ ဗြိတိန်တော်ဝင်မရိန်းတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဟာ သူ့ရဲ့ဆုတံဆိပ်တွေကို ရောင်းချနေပါတယ်။

လော့တီလို့ အမည်ရတဲ့ မိန်းကလေးငယ်ဟာ ၂၀၁၆ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ကင်ဆာဆဲလ် ပျံ့နှံ့သွားတဲ့ Stage 4 Neuroblastoma ခံစားနေရတယ်လို့
စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အဲဒီတုန်းက လော့တီက အသက်နှစ်နှစ်ကျော်ပဲ ရှိပါသေးတယ်။ စစ်မှုထမ်းဟောင်း ဂွတ်ဒ်မန်းဟာ လော့တီကို လူချင်းမတွေ့ဖူးပေမယ့် သူ့အကြောင်း ဖတ်ရပြီးတဲ့နောက်မှာ သူ့ရဲ့ ဆုတံဆိပ် ၃ ခုကို ရောင်းချဖို့ eBay ပေါ် တင်ခဲ့ပါတယ်။

''သမီးရှိတဲ့ ဖခင်တစ်ယောက်အနေနဲ့ ကိုယ့်သမီးသာ ဒီလိုဖြစ်ရင်ဆိုတဲ့ အတွေးမျိုး တွေးတောင် မတွေးရဲပါဘူး။ ဆုတံဆိပ်တွေက အံ့ဆွဲထဲ ထည့်ထားရုံပါပဲ။ ဘာမှလုပ်လို့မရပါဘူး။ ဒီဆုတံဆိပ်တွေကို အဓိပ္ပာယ်ရှိတဲ့ကိစ္စအတွက် အသုံးပြုသင့်တယ်လို့ ကျွန်တော်
ထင်ပါတယ်။ အကူအညီလိုအပ်နေတဲ့ ကလေးငယ်ကို ကူညီပေးနိုင်မယ်ဆိုရင် အသက်စွန့် စွမ်းဆောင်လို့ ရလာတဲ့ ဆုတံဆိပ်တွေကို ကျွန်တော် ပျော်ပျော်ကြီး စွန့်လွှတ်လိုက်မှာပါ''လို့
ဂွတ်ဒ်မန်းက ပြောပါတယ်။

လော့တီမှာ Stage 4 Neuroblastoma ကင်ဆာရောဂါ ခံစားနေရတယ်လို့ တွေ့ရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့ အောက်တိုဘာလမှာ သူ့ကို ဓာတုကုထုံးနဲ့ ကုသခဲ့ပြီး ၁၃ နာရီကြာမြင့်တဲ့ ခွဲစိတ်ကုသမှုနဲ့
အကျိတ် ၉၅ ရာခိုင်နှုန်းကို ဖယ်ရှားခဲ့ပါတယ်။ လော့တီဟာ အခုချိန်မှာ ရောဂါအမြစ်ပြတ်စေဖို့ ကုသမှုခံယူနေပြီး အမေရိကန် တစ်နိုင်ငံတည်းမှာပဲ ကုသလို့ရတဲ့ ဆေးရည်နဲ့ကုသမှု ခံယူဖို့
လိုအပ်နေပါတယ်။ အဲဒီလို ကုသမှုခံယူဖို့ ပေါင်နှစ်သိန်း ကုန်ကျမှာပါ။

ဗြိတိန်ကမ်းတက် ခြေလျှင်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဂွတ်ဒ်မန်းဟာ အာဖဂန်နစ္စတန်၊ အီရတ်၊ မြောက်အိုင်ယာလန်တို့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူပါ။

Ref : Sun News : Ex-Royal Marine and Iraq war hero is selling his medals to pay for four-year-old tot’s £200k treatment for rare cancer

ဖိုးသူတော် (www.phothutaw.com)
Credit: Nz (ရိုးရာလေး)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top