Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

တကယ္ျဖစ္ရမွာ အနီ အေပၚ အျဖဴ ေအာက္။
မေလးရွား နိုင္ငံမွာ လက္ရွိ က်င္းပေနတဲ့ အေရွ႕ေတာင္ အာရွ အားကစား ပြဲေတာ္ အထိမ္းအမွတ္ ထုတ္ေဝတဲ့ ဧည့္လမ္းညႊန္ စာအုပ္ထဲမွာ အင္ဒိုနီးရွား နိုင္ငံရဲ့ အလံကို ေျပာင္းျပန္ ေဇာက္ထိုး ပုံႏွိပ္ မိခဲ့တဲ့ အမွားအယြင္းအတြက္ မေလးရွား အာဏာပိုင္ေတြဘက္က ေတာင္းပန္ လိုက္ပါတယ္။

ကြာလာလမ္ပူ ၿမိဳ႕ေတာ္မွာ စေနေန႔တုန္းက လုပ္ခဲ့တဲ့ အားကစား ပြဲေတာ္ ဖြင့္ပြဲမွာ ဒီ အမွားအယြင္းကို လူအမ်ား သတိ ထားမိလာၿပီး အင္ဒိုနီးရွား နိုင္ငံသားေတြ မေက်မနပ္နဲ႔ ဆိုရွယ္မီဒီယာေတြေပၚ "မေလးရွား ရွက္ဖြယ္" ဆိုၿပီး အုံလိုက္က်င္းလိုက္ ေရးသား လာၾကပါတယ္။

ေနာက္ပိုင္း အင္ဒိုနီးရွား သမၼတ ဂ်ိဳကို ဝီဒိုဒို ကိုယ္တိုင္ ဒီ ကိစၥနဲ႔ ပတ္သက္ၿပီး မေလးရွား အေပၚ ေဝဖန္ ျပစ္တင္စကား ေျပာလာတာမွာ အင္ဒိုနီးရွားရဲ့ အမ်ိဳးသား ဂုဏ္သိကၡာနဲ႔ ဆိုင္တဲ့ လုပ္ရပ္ ျဖစ္တဲ့ အတြက္ မေလးရွားဘက္က တရားဝင္ ေတာင္းပန္ပါ ဆိုၿပီး ေတာင္းဆို ခဲ့ပါတယ္။

အဲဒီေနာက္ နာရီ အနည္းငယ္ အၾကာမွာပဲ မေလးရွား နိုင္ငံျခားေရး ဝန္ႀကီး အာနီဖာဟ္ အာမင္က မရည္ရြယ္ပဲ ျဖစ္ခဲ့တဲ့ အမွားအတြက္ အင္ဒိုနီးရွား အစိုးရနဲ႔ ျပည္သူေတြကို ေတာင္းပန္ေၾကာင္း ေျပာလာပါတယ္။

အင္ဒိုနီးရွား အလံ ေျပာင္းျပန္ ရိုက္ထားတဲ့ လမ္းညႊန္ စာအုပ္ေတြကို မေလးရွား အားကစား အာဏာပိုင္ေတြဘက္က ျပန္လည္ သိမ္းယူခဲ့ၿပီး အခုဆို အမွားအယြင္း မပါတဲ့ လမ္းညႊန္ စာအုပ္သစ္ေတြကို တက္ေရာက္လာတဲ့ ၿပိဳင္ပြဲ ျဖစ္ေျမာက္ေရး တာဝန္ခံေတြ၊ ဧည့္သည္ေတြထံ ေပးပို႔ ခဲ့ၿပီလို႔ မေလးရွားရဲ့ လူငယ္ေရးရာနဲ႔ အားကစား ဝန္ႀကီး ခါအီရီ ဂ်မာလူဒင္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းကလည္း အမ်ိဳးသမီး ေဘာလုံးၿပိဳင္ပြဲမွာ မေလးရွား အသင္းကို ဂိုးျပတ္နဲ႔ နိုင္တဲ့ ျမန္မာ အသင္း ပြဲအၿပီး ဟိုတယ္ကို ျပန္ဖို႔ ဖယ္ရီကားေမာင္းသူ ေရာက္မလာလို႔ သန္းေခါင္ခ်ဥ္းတဲ့ အထိ ေစာင့္ခဲ့ရတာမွာ မေလးရွား ဘက္က တမင္ ဖန္တီး ခဲ့တာ ျဖစ္တယ္ ဆိုတဲ့ စြပ္စြဲ ေဝဖန္သံေတြ ျမန္မာ ပရိသတ္ေတြဘက္က က်ယ္က်ယ္ေလာင္ေလာင္ ထြက္ ခဲ့ပါေသးတယ္။

ဒါေပမယ့္၊ ေနာက္ပိုင္းမွာေတာ့ အဲဒီ ဖယ္ရီကားေမာင္းသမားကို လက္ပတ္ နာရီ ခိုးမွုနဲ႔ မသကၤာလို႔ ရဲက ဖမ္းခ်ဳပ္ခဲ့တဲ့ အတြက္ ကားဆီ ေရာက္မလာခဲ့တာ ျဖစ္ေၾကာင္း ေပၚထြက္လာသလို၊ အဲဒီသူ ဆီမွာ ကားေမာင္းလိုင္စင္ ရွိမေနဘူး ဆိုတဲ့ အခ်က္လည္း သိလာရပါတယ္။

 http://www.bbc.com/burmese

ဖိုးသူေတာ္ (www.phothutaw.com)
Credit: BBC Burmese

#Unicode Version#
တကယ်ဖြစ်ရမှာ အနီ အပေါ် အဖြူ အောက်။
မလေးရှား နိုင်ငံမှာ လက်ရှိ ကျင်းပနေတဲ့ အရှေ့တောင် အာရှ အားကစား ပွဲတော် အထိမ်းအမှတ် ထုတ်ဝေတဲ့ ဧည့်လမ်းညွှန် စာအုပ်ထဲမှာ အင်ဒိုနီးရှား နိုင်ငံရဲ့ အလံကို ပြောင်းပြန် ဇောက်ထိုး ပုံနှိပ် မိခဲ့တဲ့ အမှားအယွင်းအတွက် မလေးရှား အာဏာပိုင်တွေဘက်က တောင်းပန် လိုက်ပါတယ်။

ကွာလာလမ်ပူ မြို့တော်မှာ စနေနေ့တုန်းက လုပ်ခဲ့တဲ့ အားကစား ပွဲတော် ဖွင့်ပွဲမှာ ဒီ အမှားအယွင်းကို လူအများ သတိ ထားမိလာပြီး အင်ဒိုနီးရှား နိုင်ငံသားတွေ မကျေမနပ်နဲ့ ဆိုရှယ်မီဒီယာတွေပေါ် "မလေးရှား ရှက်ဖွယ်" ဆိုပြီး အုံလိုက်ကျင်းလိုက် ရေးသား လာကြပါတယ်။

နောက်ပိုင်း အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို ကိုယ်တိုင် ဒီ ကိစ္စနဲ့ ပတ်သက်ပြီး မလေးရှား အပေါ် ဝေဖန် ပြစ်တင်စကား ပြောလာတာမှာ အင်ဒိုနီးရှားရဲ့ အမျိုးသား ဂုဏ်သိက္ခာနဲ့ ဆိုင်တဲ့ လုပ်ရပ် ဖြစ်တဲ့ အတွက် မလေးရှားဘက်က တရားဝင် တောင်းပန်ပါ ဆိုပြီး တောင်းဆို ခဲ့ပါတယ်။

အဲဒီနောက် နာရီ အနည်းငယ် အကြာမှာပဲ မလေးရှား နိုင်ငံခြားရေး ဝန်ကြီး အာနီဖာဟ် အာမင်က မရည်ရွယ်ပဲ ဖြစ်ခဲ့တဲ့ အမှားအတွက် အင်ဒိုနီးရှား အစိုးရနဲ့ ပြည်သူတွေကို တောင်းပန်ကြောင်း ပြောလာပါတယ်။

အင်ဒိုနီးရှား အလံ ပြောင်းပြန် ရိုက်ထားတဲ့ လမ်းညွှန် စာအုပ်တွေကို မလေးရှား အားကစား အာဏာပိုင်တွေဘက်က ပြန်လည် သိမ်းယူခဲ့ပြီး အခုဆို အမှားအယွင်း မပါတဲ့ လမ်းညွှန် စာအုပ်သစ်တွေကို တက်ရောက်လာတဲ့ ပြိုင်ပွဲ ဖြစ်မြောက်ရေး တာဝန်ခံတွေ၊ ဧည့်သည်တွေထံ ပေးပို့ ခဲ့ပြီလို့ မလေးရှားရဲ့ လူငယ်ရေးရာနဲ့ အားကစား ဝန်ကြီး ခါအီရီ ဂျမာလူဒင်က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ မလေးရှား အသင်းကို ဂိုးပြတ်နဲ့ နိုင်တဲ့ မြန်မာ အသင်း ပွဲအပြီး ဟိုတယ်ကို ပြန်ဖို့ ဖယ်ရီကားမောင်းသူ ရောက်မလာလို့ သန်းခေါင်ချဉ်းတဲ့ အထိ စောင့်ခဲ့ရတာမှာ မလေးရှား ဘက်က တမင် ဖန်တီး ခဲ့တာ ဖြစ်တယ် ဆိုတဲ့ စွပ်စွဲ ဝေဖန်သံတွေ မြန်မာ ပရိသတ်တွေဘက်က ကျယ်ကျယ်လောင်လောင် ထွက် ခဲ့ပါသေးတယ်။

ဒါပေမယ့်၊ နောက်ပိုင်းမှာတော့ အဲဒီ ဖယ်ရီကားမောင်းသမားကို လက်ပတ် နာရီ ခိုးမှုနဲ့ မသင်္ကာလို့ ရဲက ဖမ်းချုပ်ခဲ့တဲ့ အတွက် ကားဆီ ရောက်မလာခဲ့တာ ဖြစ်ကြောင်း ပေါ်ထွက်လာသလို၊ အဲဒီသူ ဆီမှာ ကားမောင်းလိုင်စင် ရှိမနေဘူး ဆိုတဲ့ အချက်လည်း သိလာရပါတယ်။

 http://www.bbc.com/burmese



ဖိုးသူတော် (www.phothutaw.com)
Credit: BBC Burmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top