လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

၂၀၁၃ က ဘာေန ဗ်ဴးမွ ထြက္ခြာၿပီးေနာက္ပိုင္း ရီး ရဲလ္မက္ဒရစ္ႏွင့္ ၿပိဳင္ပဲြအသြင္ ပထမဆံုးေတြ႕ဆံုသည့္ပဲြတြင္ အ သင္းေဟာင္းကို အႏုိင္ယူကာ ဥေရာပစူပါဖလား ပထမအႀကိမ္ ဆြတ္ခူးႏုိင္ရန္ မန္ယူနည္းျပ ေမာ္ရင္ဟိုက ေမွ်ာ္မွန္းထားသည္။

ၿပီးခဲ့သည့္ ေဘာလံုးရာသီက မန္ယူကို ယူ႐ုိပါလိဂ္ဖလားရရွိရန္ စြမ္းေဆာင္ခဲ့ေသာ နည္းျပေမာ္ ရင္ဟုိသည္ ၂၀၁၀- ၂၀၁၃ အတြင္း ရီးရဲလ္မက္ဒရစ္ကို ကုိင္ တြယ္စဥ္ စံခ်ိန္တင္ရမွတ္ ၁၀၀ ျဖင့္ လာလီဂါဖလားႏွင့္ စပိန္ ဘုရင့္ဖလားရရွိေအာင္ လမ္းၫႊန္ ႏုိင္ခဲ့သည္။

သို႔ေသာ္ ယင္းေအာင္ျမင္မႈ မ်ားသည္ အ၀တ္အစားလဲခန္း၌ ကာဆီးလက္စ္၊ ရာမို႔စ္ကဲ့သို႔ အဓိ က ကစားသမားမ်ားႏွင့္ မသင့္ ျမတ္ျခင္း၊ ဒုိင္လူႀကီးမ်ား၊ ၿပိဳင္ ဘက္္မ်ားႏွင့္ ထိပ္တုိက္ေတြ႕ဆံု ျခင္း၊ ႏွစ္တုိင္း အႀကိဳဗိုလ္လုပဲြတြင္ ႐ႈံးနိမ့္သျဖင့္ ခ်န္ပီယံလိဂ္ဖလား မဆြတ္ခူးႏုိင္ျခင္းတို႔ေၾကာင့္ အ ရိပ္မည္း အထိုးခံခဲ့ရသည္။

မက္ဆီဒုိးနီးယားႏုိင္ငံ ၿမိဳ႕ ေတာ္ စေကာ့ဂ်ီ၌ ယွဥ္ၿပိဳင္မည့္ ယခု ဥေရာပ စူပါဖလားပဲြအတြက္ ရီးရဲလ္မက္ဒရစ္၌ အဓိကကစား သမား စီေရာ္နယ္ဒုိ အတူလိုက္ပါ သြားေသာ္လည္း ပထမပဲြထြက္ ကစားသမားအျဖစ္ ပါ၀င္ကစား ဖြယ္မရွိေပ။ နည္းျပဇီဒန္း၏ ရီးရဲလ္မက္ဒရစ္သည္ ၿပီးခဲ့သည့္ ႏွစ္က ဆီဗီလာကို အခ်ိန္ပုိ၌၃-၂ဂိုးျဖင့္ အႏုိင္ယူၿပီး ဥေရာပစူပါဖလား ဆြတ္ခူးထားသည္။

ယခုအခါ ဇီဒန္းသည္ ရီး ရဲလ္မက္ဒရစ္နည္းျပဘ၀ သက္ တမ္း ၂ ႏွစ္မျပည့္မီအတြင္း ေလး လံုးေျမာက္ ဥေရာပဖလားကို ဆြတ္ခူးရန္ ပစ္မွတ္ထားေနသည္။ အကယ္၍ ရီးရဲလ္မက္ဒရစ္သာ လက္ရွိခ်န္ပီယံဘဲြ႕ကို ကာကြယ္ ႏုိင္ခဲ့ပါက ဇီဒန္းသည္ ေမာ္ရင္ဟို ၏ ဥေရာပဖလားဆြတ္ခူးခဲ့သည့္ အေရအတြက္ႏွင့္ တူညီမည္ျဖစ္ သည္။

ထိုအေတာအတြင္း မန္ယူ၌ ေနာက္ခံ ကစားသမားမ်ားျဖစ္ ေသာ ဘုိင္လီႏွင့္ ဖီးလ္ဂ်ံဳးတို႔ ပဲြ ပယ္ျပစ္ဒဏ္ေၾကာင့္ ပါ၀င္ႏုိင္ မည္မဟုတ္သျဖင့္ အသစ္ေခၚယူ ထားသည့္ ဗစ္တာလင္ဒီေလာ့ဖ္ ပဲြထြက္ကစားခြင့္ရရန္ လမ္းပြင့္ခဲ့ သည္။

တိုက္စစ္မွဴးမ်ားျဖစ္ေသာ မိုရက္တာႏွင့္ ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္တို႔ ကို ေရာင္းခ်ခဲ့သည့္ ရီးရဲလ္မက္ ဒရစ္က အလားအလာေကာင္း သည့္ ဆယ္ေက်ာ္သက္ကစား သမားမ်ားျဖစ္ေသာ သီယုိဟာနန္ ဒက္ဇ္ႏွင့္ ဒါနီစီဘယ္လ္ေလာ့စ္တို႔ ကို ေခၚယူအားျဖည့္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
#Unicode Version#
 ၂၀၁၃ က ဘာနေ ဗျူးမှ ထွက်ခွာပြီးနောက်ပိုင်း ရီး ရဲလ်မက်ဒရစ်နှင့် ပြိုင်ပွဲအသွင် ပထမဆုံးတွေ့ဆုံသည့်ပွဲတွင် အ သင်းဟောင်းကို အနိုင်ယူကာ ဥရောပစူပါဖလား ပထမအကြိမ် ဆွတ်ခူးနိုင်ရန် မန်ယူနည်းပြ မော်ရင်ဟိုက မျှော်မှန်းထားသည်။


ပြီးခဲ့သည့် ဘောလုံးရာသီက မန်ယူကို ယူရိုပါလိဂ်ဖလားရရှိရန် စွမ်းဆောင်ခဲ့သော နည်းပြမော် ရင်ဟိုသည် ၂၀၁၀- ၂၀၁၃ အတွင်း ရီးရဲလ်မက်ဒရစ်ကို ကိုင် တွယ်စဉ် စံချိန်တင်ရမှတ် ၁၀၀ ဖြင့် လာလီဂါဖလားနှင့် စပိန် ဘုရင့်ဖလားရရှိအောင် လမ်းညွှန် နိုင်ခဲ့သည်။

သို့သော် ယင်းအောင်မြင်မှု များသည် အဝတ်အစားလဲခန်း၌ ကာဆီးလက်စ်၊ ရာမို့စ်ကဲ့သို့ အဓိ က ကစားသမားများနှင့် မသင့် မြတ်ခြင်း၊ ဒိုင်လူကြီးများ၊ ပြိုင် ဘက်များနှင့် ထိပ်တိုက်တွေ့ဆုံ ခြင်း၊ နှစ်တိုင်း အကြိုဗိုလ်လုပွဲတွင် ရှုံးနိမ့်သဖြင့် ချန်ပီယံလိဂ်ဖလား မဆွတ်ခူးနိုင်ခြင်းတို့ကြောင့် အ ရိပ်မည်း အထိုးခံခဲ့ရသည်။

မက်ဆီဒိုးနီးယားနိုင်ငံ မြို့ တော် စကော့ဂျီ၌ ယှဉ်ပြိုင်မည့် ယခု ဥရောပ စူပါဖလားပွဲအတွက် ရီးရဲလ်မက်ဒရစ်၌ အဓိကကစား သမား စီရော်နယ်ဒို အတူလိုက်ပါ သွားသော်လည်း ပထမပွဲထွက် ကစားသမားအဖြစ် ပါဝင်ကစား ဖွယ်မရှိပေ။ နည်းပြဇီဒန်း၏ ရီးရဲလ်မက်ဒရစ်သည် ပြီးခဲ့သည့် နှစ်က ဆီဗီလာကို အချိန်ပို၌၃-၂ဂိုးဖြင့် အနိုင်ယူပြီး ဥရောပစူပါဖလား ဆွတ်ခူးထားသည်။

ယခုအခါ ဇီဒန်းသည် ရီး ရဲလ်မက်ဒရစ်နည်းပြဘ၀ သက် တမ်း ၂ နှစ်မပြည့်မီအတွင်း လေး လုံးမြောက် ဥရောပဖလားကို ဆွတ်ခူးရန် ပစ်မှတ်ထားနေသည်။ အကယ်၍ ရီးရဲလ်မက်ဒရစ်သာ လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ် နိုင်ခဲ့ပါက ဇီဒန်းသည် မော်ရင်ဟို ၏ ဥရောပဖလားဆွတ်ခူးခဲ့သည့် အရေအတွက်နှင့် တူညီမည်ဖြစ် သည်။

ထိုအတောအတွင်း မန်ယူ၌ နောက်ခံ ကစားသမားများဖြစ် သော ဘိုင်လီနှင့် ဖီးလ်ဂျုံးတို့ ပွဲ ပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင် မည်မဟုတ်သဖြင့် အသစ်ခေါ်ယူ ထားသည့် ဗစ်တာလင်ဒီလော့ဖ် ပွဲထွက်ကစားခွင့်ရရန် လမ်းပွင့်ခဲ့ သည်။

တိုက်စစ်မှူးများဖြစ်သော မိုရက်တာနှင့် ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ ကို ရောင်းချခဲ့သည့် ရီးရဲလ်မက် ဒရစ်က အလားအလာကောင်း သည့် ဆယ်ကျော်သက်ကစား သမားများဖြစ်သော သီယိုဟာနန် ဒက်ဇ်နှင့် ဒါနီစီဘယ်လ်လော့စ်တို့ ကို ခေါ်ယူအားဖြည့်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top