ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

သရုပ္​​ေဆာင္​ခ်က္​ ​ေတြဟာ ​ပီျပင္​ပိုင္​ႏိုင္​လြန္​းသလို ​ေတးသီခ်င္​းဆိုရာမွာလည္​း ဆရာက်တဲ့ရုပ္​ရွင္​ဂီတႏွစ္​ဖက္​လွတဲ့… မိမိခိုင္​ သို႔ ထြန္​းအိျႏၵာဗို

ကၽြန္မနာမည္အရင္းက “မိမိခုိင္”၊ ေက်ာင္းၿပီးတဲ့အထိ “မိမိခုိင္” နာမည္နဲ႔ပဲေပါ့။ တကၠသိုလ္ေရာက္ၿပီး တတိယႏွစ္၊ စတုတၳႏွစ္ေလာက္က်ေတာ့ ျမန္မာျပည္ ကုိသိန္းတန္ရဲ႕ L.P.J ဂီတဝိုင္းနဲ႔ အေပ်ာ္တမ္း လိုက္ဆုိျဖစ္တာလည္း “မိမိခုိင္” နာမည္နဲ႔ပဲေပါ့။ ရန္ကုန္မွာ တကၠသိုလ္ လာတက္ရေတာ့ အေဆာင္မွာ ေနရတာေလ။ ဒါေၾကာင့္ ညဘက္မထြက္ရေတာ့ ေန႔ဘက္ပြဲေလးေတြကို အေတြ႕အႀကံဳရေအာင္ ဆုိျဖစ္တာ။

အဲဒီတုန္းက အေတြ႕အႀကံဳေတြ ဘာေတြ နားမလည္ဘဲနဲ႔ သီခ်င္းဆုိခ်င္လြန္း အားႀကီးလို႔ ဆုိျဖစ္တာ။ ဒီလုိ နာမည္ႀကီးဝိုင္းႀကီးနဲ႔ လိုက္ဆုိရတာကုိ အရမ္းဂုဏ္ယူၿပီး ပုိက္ဆံမယူဘဲနဲ႔ အိတ္စိုက္ကုိ လုိက္ဆုိျဖစ္ခဲ့တာေပါ့။ အဲဒီမွာ နာမည္ႀကီးေတြ မေရာက္ေသးဘူးဆိုရင္ Stage ေပၚ ကၽြန္မတုိ႔ တက္ရတာေပါ့ေနာ္။ နာမည္ႀကီးေတြ လာရင္ေတာ့ မဆုိရဘူးေပါ့။ အဲဒီတုန္းက လုိသံုးေနရာေလးမွာ ေနခဲ့တာေပါ့ေနာ္။ ေပ်ာ္စရာေတာ့ ေတာ္ေတာ္ေကာင္းခဲ့တယ္ေလ။

ရန္ကုန္မွာ တကၠသိုလ္စတက္ေတာ့ ကၽြန္မတုိ႔က ရန္ကုန္ ေျပာင္းမလာေသးဘူး။ ကၽြန္မရဲ႕ ဘြဲ႕က Law (ဥပေဒဘြဲ႕) ဆုိေတာ့ အဲဒီတုန္းက ရန္ကုန္မွာပဲ ရွိေသးတာေလ။ မႏၲေလးမွာ မရွိေသးဘူး။ ျမန္မာျပည္တစ္ျပည္လံုးမွာ ရန္ကုန္မွာပဲ ရွိေသးတယ္။ ရန္ကုန္မွာ တကၠသိုလ္တက္ရင္း L.P.J တီးဝိုင္းမွာ လိုက္ဆုိျဖစ္ခဲ့တာ။ မုိးကုတ္ၿမိဳ႕ ဇာတိျဖစ္ေပမယ့္ ရန္ကုန္ၿမိဳ႕ရဲ႕ တကၠသိုလ္ဝင္းႀကီးထဲက “ရတနာေဆာင္” မွာ အေဆာင္ေနရင္း ေက်ာင္းတက္ခဲ့တာပါ။

မုိးကုတ္မွာ ႀကီးျပင္းခဲ့ရတဲ့ အခ်ိန္ေတြက အရမ္းေပ်ာ္ဖုိ႔ ေကာင္းခဲ့တယ္။ မွတ္မွတ္ရရဆုိရင္ ေဖေဖက ၿမိဳ႕ျပင္က ၿခံႀကီးထဲမွာ ငါးေတြေမြးမယ္ဆိုၿပီး ကန္ႀကီးတူးထားတာ။ အဲဒီကန္ႀကီးထဲကို ငါးေတြ မထည့္ခင္မွာ မိသားစုေတြ အေပ်ာ္ေရကူးၾကတာေလ။ ေရကူးတုိင္း၊ ေရကူးတုိင္း ကၽြန္မက “ေဖေဖေရ သမီးေရကူးတတ္ၿပီ” လို႔ ေအာ္လိုက္တုိင္း ေႁမြထြက္လာတာပဲ။ တျခားကေလးေတြ ေအာ္လိုက္ရင္ ဘာမွမျဖစ္ဘူး။ ကၽြန္မ ေအာ္လိုက္တုိင္း တစ္ေနရာရာကိုက ေႁမြထြက္လာတာဆုိေတာ့ ေမေမက “အင္း..ငါ႔သမီးက အသံနဲ႔ luck ရွိလိမ့္မယ္” ထင္ၿပီး ဘာရယ္မဟုတ္ ေနာက္ေျပာင္ခဲ့ေသးတယ္။ အဲဒါကေတာ့ မိုးကုတ္ၿမိဳ႕မွာ ေနခဲ့တုန္းက အမွတ္တရတစ္ခုေပါ့။

မုိးကုတ္မွာ (၁၀) တန္းထိ ေက်ာင္းတက္ခဲ့ၿပီး ရန္ကုန္မွာ တကၠသိုလ္ စတက္ခဲ့တဲ့အထိ မိမိခုိင္ နာမည္နဲ႔ပဲ။ အသက္ ၂၆ ႏွစ္က်မွ ပထမဦးဆံုး ကင္မရာေရွ႕ကို ေရာက္ေတာ့မွ “ထြန္းအိႁႏၵာဗို” ဆုိၿပီး ျဖစ္လာခဲ့တာပါပဲ။ မိမိခုိင္ဘဝတုန္းက သီခ်င္းဆုိခ်င္တဲ့စိတ္ပဲ ရွိခဲ့တာ။ အဲဒီတုန္းက အဂၤလိပ္ေခြတစ္ေခြ ရဖို႔ဆုိတာ မလြယ္ဘူး။ မုိးကုတ္ၿမိဳ႕မွာ ဆုိေတာ့ေလ။ အခုေခတ္ကေလးေတြဆိုရင္ ခလုတ္တစ္ခု ႏွိပ္လိုက္ရင္ အကုန္ရတဲ့ေခတ္၊ အၾကားအျမင္မ်ားတဲ့ ေခတ္ကုိ ေရာက္လာၿပီေပါ့။

ကၽြန္မတုိ႔ေခတ္က ရွားပါးတဲ့ေခတ္၊ တုိင္းျပည္ကလည္း မဖြံ႕ၿဖိဳးေသးတဲ့ ေခတ္ဆုိေတာ့ ႏုိင္ငံျခားပစၥည္းဆုိရင္ ဘာမွမရရွိတဲဲ့ ေခတ္ႀကီးမွာ ႀကီးျပင္းခဲ့ရတာဆုိေတာ့ ေတာ္ေတာ္ေလး ခက္ခဲခဲ့ရတယ္။ ကုိယ့္ေရွ႕က ကုိသိန္းတန္၊ ကုိသန္းႏုိင္၊ မပုလဲ၊ ေဒၚ Lခြန္းရီ၊ ေဒၚႏြဲ႕ယဥ္ဝင္းတုိ႔ ဆုိရင္ ျပည္တြင္းျဖစ္ အေခြေတြနဲ႔ပဲ ႀကီးျပင္းခဲ့ရတာေလ။ ကၽြန္မကလည္း မိမိခုိင္ နာမည္အျဖစ္နဲ႔ပဲ Professional အျဖစ္ မလုပ္ခဲ့ဘဲနဲ႔ အေပ်ာ္တမ္း စလုပ္ျဖစ္ခဲ့ၿပီး Professional စလုပ္မယ္ဆုိၿပီး ဆံုးျဖတ္လုိက္ၿပီးတာနဲ႔ “ထြန္းအိႁႏၵာဗို” နာမည္နဲ႔ပဲ စလုပ္ျဖစ္ခဲ့တာ။ အဲဒီတုန္းက ၁၉၉၁ ခုႏွစ္ ကင္မရာေရွ႕ကုိ စေရာက္ခဲ့တာေပါ့။

ကုိယ့္ဘဝမွာ အမ်ားႀကီး ျဖတ္သန္းခဲ့လားဆုိၿပီး ျပန္သံုးသပ္ၾကည့္မိေတာ့ ေစာေစာကေျပာသလုိ ကုိယ္ကဘာမွ မဟုတ္သလို နာမည္လည္း မႀကီးေသးဘူးေလ။ နာမည္ႀကီးေတြ၊ အဆုိေတာ္ႀကီးေတြ ေနာက္ကုိ က်ားကန္၊ လုိသံုး ဘဝေလးေပါ့။ တစ္ခါတေလ ကုိယ္လံုးဝ မဆုိခဲ့ရတဲ့ Show ေတြလည္း ရွိခဲ့တယ္။ ဒါေပမဲ့ စိတ္မဆင္းရဲခဲ့ဘူး။ တီးဝိုင္းေဘးမွာေနၿပီး ဂီတသံၾကားေနရင္ကုိ ေပ်ာ္ေနတာ။ ေတာ္ေတာ္႐ူးသြပ္ခဲ့ရတာ။ ကၽြန္မက အေဆာင္မွာေနၿပီး ေက်ာင္းတက္ရေတာ့ ညဘက္ မထြက္ရဘူးေလ။ ညပိုင္း Show ေတြ ဆုိရင္ မပါေတာ့ဘူး။ ေန႔ပုိင္း တီးဝိုင္းတုိက္တဲ့ အခါက်ရင္ ကုိယ္မပါရရင္လည္း သူမ်ား အတီးတုိက္တာကုိ ေက်ာင္းလစ္ၿပီး သြားနားေထာင္တာတုိ႔၊ အဲဒီဂီတ အနီးတစ္ဝုိက္မွာကို ရွိခ်င္ခဲ့တာ။ ဒါကုိ ဒုကၡလို႔ မခံစားရဘဲနဲ႔ သိပ္ေက်နပ္ၿပီး ကုိယ္ႀကိဳက္လုိ႔ ကုိယ္လုပ္ခဲ့ရတဲ့ အတြက္ ဒုကၡလုိ႔ကုိ ဒီေန႔ထိ မျမင္ခဲ့ဘူးေလ။

ကၽြန္မငယ္ငယ္တုန္းက ကေလးသဘာဝ ေဆာ့ကစားတာေတြ ရွိခဲ့ေပမယ့္ (၆) တန္း ေရာက္ၿပီးတာနဲ႔ သီခ်င္းဆုိတာကို ဝါသနာပါခဲ့တာ။ ေန႔တုိင္း ေအာ္ဆုိေနခဲ့တာ တစ္ရက္မွကုိ မျပတ္တာပဲ။ တစ္ေနကို သီခ်င္းအပုဒ္ေရ (၄၀) ေလာက္ အနည္းဆံုး ေအာ္ဟစ္သီဆုိေနတာပဲေလ။ ငယ္ငယ္တုန္းကေတာ့ မိဘေတြက ပညာေရးကုိ အဓိကထားခဲ့တာ။ စာကုိ ေသခ်ာေတာ္ေစခ်င္ၿပီး က်ဴရွင္ဆုိရင္လည္း အေကာင္းစား ထားခဲ့တာေပါ့။ ဒါေပမဲ့ ကၽြန္မက အႏုပညာဖက္ကုိ အားသန္ၿပီး ဝါသနာပါခဲ့ေတာ့ စာဖက္မွာေတာ့ သာမန္အဆင့္ပဲ ရွိခဲ့တယ္ေလ။ တစ္တန္းမွေတာ့ မက်ခဲ့ဘူး။ (၁၀) တန္းေအာင္ေတာ့လည္း Law ပဲ ရခဲ့တယ္။

ညီမငယ္ကေတာ့ ထူးခၽြန္တဲ့ သူထဲမွာ ပါတယ္။ အခုထိ သူက ေက်ာင္းေတြပဲ တက္ေနတုန္း။ သူက ဆရာဝန္ဘြဲ႕ရၿပီး ဆရာဝန္ျဖစ္သည္အထိ လုပ္ခဲ့တယ္။ ဆရာဝန္ အလုပ္နဲ႔ေတာ့ အသက္မေမြးခဲ့ဘူးေပါ့။ ကၽြန္မကေတာ့ ပညာေရးမွာ သိပ္ၿပီး မထူးခၽြန္ခဲ့ေပမယ့္ အႏုပညာဖက္မွာ ေတာ္ေတာ္ေလး ႐ူးသြပ္ၿပီး အႏုပညာနဲ႔ ပတ္သက္ရင္ ဒုကၡရယ္လုိ႔ မခံယူဘဲနဲ႔ ဘာမဆုိ အကုန္လုပ္မယ္ဆုိတဲ့ စိတ္နဲ႔ ႀကီးျပင္းခဲ့ရတာေပါ့။

ငယ္ငယ္ကေတာ့ ကၽြန္မရဲ႕ မိဘေတြက ကုိယ္ဝါသနာပါတဲ့ အလုပ္ကုိ ဟန္႔တားတာမ်ဳိး မရွိခဲ့ဘူး။ အထူးသျဖင့္ နယ္ၿမိဳ႕ေလးမွာ ႀကီးျပင္းခဲ့ရတဲ့သူ ျဖစ္တဲ့အတြက္ အႏုပညာ အလုပ္လုပ္ရင္ပဲ အမ်ဳိးေတြက ဖက္ခြက္စား အလုပ္၊ ပ်က္စီးေနတဲ့ အရာမ်ဳိးဆုိၿပီး အရမ္းႏွိပ္ကြပ္ တုိက္ခုိက္ခံခဲ့ရတာေလ။ မိဘအရင္းက်ေတာ့ အားလံုးနဲ႔ ဆန္႔က်င္ၿပီး အားေပးခဲ့တာ။ ကုိယ့္သားသမီး ဝါသနာပါတဲ့ အရာကုိ တကယ္ကုိ အတုိက္အခံလုပ္ၿပီး အကာအကြယ္ေပးခဲ့တာ။ ကၽြန္မကလည္း ကုိယ္ဝါသနာပါတဲ့ အလုပ္ကုိ လုပ္ရင္းနဲ႔ပဲ ရပ္ကြက္ဝိုင္း၊ ၿမိဳ႕နယ္ဝိုင္းေတြကေနတစ္ဆင့္ ရန္ကုန္ၿမိဳ႕ေရာက္ေတာ့ L.P.J တီးဝိုင္းေတြမွာ လုိက္ဆုိျဖစ္ခဲ့တာေပါ့။ အဓိက သ႐ုပ္ေဆာင္ စလုပ္ျဖစ္ခဲ့တာက်ေတာ့ မႏၲေလးၿမိဳ႕က King ဗီဒီယိုထုတ္လုပ္ေရးကေန အဓိက သ႐ုပ္ေဆာင္ေနရာကုိ ပြဲထုတ္ေပးခဲ့တာ။

သံုးကားေလာက္ ႐ိုက္ၿပီးတဲ့အခ်ိန္မွာ တန္းတစ္ခု ဝင္သြားၿပီး ဆက္႐ိုက္ျဖစ္လုိက္တာ အခုခ်ိန္ထိပဲေပါ့။ ပထမဦးဆံုး ဇာတ္ကားက ဒါ႐ိုက္တာ ကုိေဒါနနဲ႔ ကုိေနဇာတုိ႔ ႐ုိက္ခဲ့တာ။ အဲဒီတုန္းက သူတုိ႔ မကြဲေသးဘူး။ အခုေတာ့ ကုိေဒါနက သီးသန္႔႐ိုက္ၿပီး ကုိေနဇာကေတာ့ စီးပြားေရး လုပ္သြားၿပီေပါ့။ သူတုိ႔႐ိုက္တဲ့ ဇာတ္ကားမွာ ကုိရန္ေအာင္ ႏွစ္ကုိယ္ခြဲနဲ႔ ေမၿမိဳ႕မွာ သြား႐ိုက္ျဖစ္ခဲ့တာ။ အဲဒီမွာပဲ ကုိေဒါနက မခုိင္မွာ ဘာ Talent ေတြရွိလဲ ပရိသတ္သတိထားမိတဲ့ အရာမ်ဳိးေလးေတြ ထည့္ခ်င္တယ္ဆုိေတာ့ ကၽြန္မက ဂစ္တာတီးတတ္တယ္၊ သီခ်င္းလည္း ဆုိတတ္တယ္ဆုိေတာ့ ကုိယ္တုိင္ဂစ္တာတီး သီခ်င္းဆုိတဲ့ ဇာတ္ဝင္ခန္းေတြမွာ တကယ္ကုိ မုိက္ခ္နဲ႔ဖမ္းၿပီး ႐ိုက္ခဲ့တာဆုိေတာ့ ပုိၿပီး လူႀကိဳက္မ်ားခဲ့တယ္။

အဓိက ပံ့ပိုးေပးခဲ့တာကေတာ့ မႏၲေလးက King ဗီဒီယိုက ေက်းဇူးရွိပါတယ္။ ကၽြန္မရဲ႕ ပထမဦးဆံုး စီးရီးက ဗီဒီယိုသက္တမ္း (၂) ႏွစ္ခြဲေလာက္ ရမွ စီးရီးစထြက္ခဲ့တာ။ သီခ်င္းကုိ စဆုိခဲ့ေပမယ့္ အေပ်ာ္တမ္းျဖစ္ခဲ့ၿပီး သ႐ုပ္ေဆာင္အေနနဲ႔ ကင္မရာေရွ႕ကုိ ေရာက္ၿပီးမွ (၂) ႏွစ္ခြဲေလာက္မွ “မင္းအတြက္ပဲ” ဆုိတဲ့ စီးရီး စထြက္ခဲ့တာေပါ့။ အဲဒီစီးရီးက စီးရီးလုိက္ မေအာင္ျမင္ခဲ့ေပမယ့္ စီးရီးထဲမွာ ပါဝင္တဲ့ “မုိးေလးဖြဲတုန္း” လုိ သီခ်င္းေတြ ေပါက္ခဲ့တာေပါ့။ ဒါကေတာ့ မ်ဳိးေက်ာ့ၿမိဳင္ရဲ႕ ေက်းဇူးေတြေပါ့။ အဲ..တစ္ခု က်န္ေသးတာက ေရွ႕မွာ L.P.J တီးဝိုင္းမတုိင္ခင္ New Wave ဆုိတဲ့ တီးဝိုင္းက အဆိုေတာ္ေရြးခ်ယ္ပြဲ ဆုိၿပီး သတင္းစာထဲမွာ ပါလာတယ္။

အဲဒီတုန္းက ကၽြန္မက တကၠသိုလ္ေက်ာင္းသူပဲ ရွိေသးတယ္။ သူငယ္ခ်င္းေတြကလည္း ကၽြန္မ ဂီတဝါသနာပါတာကို သိတယ္ေလ။ တစ္ခါတေလ ဂစ္တာယူၿပီး သူငယ္ခ်င္းေတြေရွ႕မွာ သီဆုိျပျဖစ္ခဲ့တာ မ်ားေတာ့ ကုိယ့္ရဲ႕ ပရိသတ္ေတြ ျဖစ္ေနတယ္ေလ။ ဒါေၾကာင့္ သူငယ္ခ်င္းေတြက “ဟဲ့ မိခုိင္၊ သြားေလွ်ာက္ၾကည့္ပါလား” ဆုိေတာ့ ေလွ်ာက္လႊာသြားတင္ေတာ့ ေဖာင္ပိတ္ဖုိ႔က ႏွစ္ရက္ပဲ လုိေတာ့တယ္ေလ။ မိဘအုပ္ထိန္းသူရဲ႕ လက္မွတ္ကုိ မိုးကုတ္ထိ မယူႏုိင္ေတာ့ဘူး။ ဒါေၾကာင့္ အေမ့လက္မွတ္ အတုထုိးၿပီး တင္လုိက္တာ အေရြးခံရတယ္။ အဲဒီမွာ ေကာ္နီ၊ ေမျမတ္မြန္နဲ႔ ကၽြန္မ အေရြးခံရတယ္။ အဲဒီေနာက္ စာေစာင္ေတြမွာ ပါလာေတာ့ မိဘေတြက ခြင့္မျပဳဘူး။ ေက်ာင္းၿပီးမွ လုပ္ရမယ္ဆုိေတာ့ ျပႆနာတက္ေရာ၊ အဲဒါနဲ႔ ေနာက္ဆံုး မလုပ္ခဲ့ရဘူး။ ေနာက္ဆံုး ကုိေဇာ္ဝင္းရွိန္ ျမန္မာ့အသံမွာ ႐ိုက္တဲ့ သီခ်င္းေလးမွာ Backing Harmony အေနနဲ႔ New Wave နဲ႔ တစ္ပုဒ္ပဲ ႐ိုက္ခဲ့ရတယ္။ ဘယ္ပြဲမွ လိုက္မဆုိျဖစ္ခဲ့ဘူး။ အဲဒီလုိနဲ႔ King ဗီဒီယိုက L.P.J ကို အထက္ျမန္မာျပည္မွာ ပြဲသြင္းတာ မ်ားတယ္ေလ။

King ဗီဒီယိုကုိ ခ်ိတ္မိလိုက္တဲ့ အခ်ိန္မွာ L.P.J နဲ႔ အေပ်ာ္တမ္း ဆုိျဖစ္ခဲ့တာေပါ့။ ေနာက္က်မွ King ဗီဒီယိုထုတ္လုပ္ေရးမွာ သ႐ုပ္ေဆာင္အျဖစ္ စလုပ္ျဖစ္ခဲ့တာပါပဲ။ ကၽြန္မက ငယ္ငယ္ေလးကတည္းက ျဖစ္ခ်င္တဲ့ ဆႏၵေတြကို မိဘေတြကုိ အမ်ားဆံုး တုိင္ပင္တာမ်ားတယ္။ အဓိကက အေမ့ကုိေပါ့။ ဘယ္အရာကုိပဲ လုပ္လုပ္ေပါ့။ ေမေမတို႔ကေတာ့ သားသမီးျဖစ္ခ်င္တာကို ေသခ်ာ နားေထာင္တတ္တယ္။ ကၽြန္မ (၁၀) တန္းေရာက္ေတာ့ ေဖေဖက အက္ဆီးဒင့္နဲ႔ ဆံုးပါးသြားခဲ့တယ္ေလ။ (၁၀) တန္းမတုိင္ခင္ ေဖေဖ့ရဲ႕ ဆံုးမစကားေတြက အခုထိတုိင္ တစ္သက္တာ လုိက္နာေနရစျမဲပါပဲ။ ငယ္ငယ္တုန္းကေတာ့ မသိခဲ့ေပမယ့္ အသက္ႀကီးလာေတာ့ ေသြးထြက္ေအာင္ မွန္ပါလား ဆုိတာေတြ သိခဲ့ရပါတယ္။ ကၽြန္မရဲ႕ ေဖေဖက မိုးကုတ္ၿမိဳ႕မွာ ေက်ာက္ကုန္သည္ပါ။

ေဖေဖက အမရပူရဇာတိ၊ ေမေမက မုိးကုတ္သူ။ တကယ္တမ္း အလုပ္လုပ္တဲ့ အခ်ိန္က်ေတာ့ ေမေမက သားသမီးေတြကုိ အုပ္ထိန္းတဲ့ အိမ္ရွင္မစစ္စစ္ လုပ္လုိက္တယ္။ ေဖေဖက စီးပြားရွာတယ္။ မိုးကုတ္သားမဟုတ္ေပမယ့္ မုိးကုတ္သားေတြထက္ ပတၱျမား၊ နီလာေက်ာက္ေတြ လုပ္တဲ့ အထဲမွာ ေဘာ္ႀကိဳဦးခင္ေမာင္သိန္း ဆုိၿပီး နာမည္ရေလာက္ေအာင္ ေက်ာက္ကုိ ကၽြမ္းက်င္စြာ လုပ္ကုိင္ခဲ့တယ္။ ကၽြန္မကုိ သူငယ္ခ်င္းေတြက တစ္ခ်ိန္မွာ မုိးကုတ္ၿမိဳ႕မွာပဲ အဆုိေတာ္ျဖစ္သြားမယ္လို႔ပဲ ေမွ်ာ္လင့္ထားတာ။ ဒါေပမဲ့ တစ္ႏုိင္ငံလံုး ေက်ာ္ၾကားသြားမယ္ ဆုိၿပီး မတြက္ခဲ့ၾကဘူး။ သ႐ုပ္ေဆာင္က်ေတာ့ အသက္ (၂၆) ႏွစ္ ေက်ာင္းၿပီးမွ လုပ္ကုိင္တာ ျဖစ္တဲ့အတြက္ သူငယ္ခ်င္းေတြက ကၽြန္မသ႐ုပ္ေဆာင္လုပ္ၿပီး အေခြေတြထြက္လာေတာ့ “ဟယ္..ထြန္းအိႁႏၵာဗိုဆုိတာ ငါတုိ႔ သူငယ္ခ်င္းႀကီး မိမိခုိင္နဲ႔ တူလိုက္တာေပါ့”။ ေက်ာင္းမွာတုန္းကက်ေတာ့ ေယာက္်ားလ်ာ ပံုစံႀကီးနဲ႔ဆုိေတာ့ တခ်ဳိ႕က ဟုတ္ေရာ ဟုတ္ရဲ႕လားေပါ့။ ေနာက္ဆံုး ဆက္စပ္ၿပီးမွ မိမိခုိင္က ထြန္းအိႁႏၵာဗိုဆုိတာ သိခဲ့ရတာေပါ့။

ကၽြန္မငယ္ငယ္တုန္းက အတုယူ အားက်ခဲ့တာဆုိရင္ မပုလဲ၊ ေဒၚႏြဲ႕ယဥ္ဝင္းတို႔ကုိ အားက်ခဲ့ၿပီး (၁၆) ႏွစ္ေက်ာ္ တကယ္ သိနားလည္ခဲ့တဲ့ အခ်ိန္မွာ အရမ္းႀကိဳက္ႏွစ္သက္ခဲ့ရတာ ဆုိရင္ Lခြန္းရီကုိ အႀကိဳက္ဆံုးပါပဲ။ အဆုိနဲ႔ပတ္သက္ၿပီး ဆက္ေျပာရရင္ ကၽြန္မ L.P.J မွာ ဆိုေတာ့ ကုိယ္ပုိင္သီခ်င္းနဲ႔ပဲ ဆုိခဲ့ရတာ။ ကၽြန္မသီခ်င္းႏွစ္ပုဒ္ကုိ ေတးေရးဆရာ ကုိေဇာ္ဝင္းက ေရးေပးခဲ့တာေလ။ ဘယ္သြားသြား အဲဒီသီခ်င္းေလး ႏွစ္ပုဒ္ကုိပဲ ဆုိရတာ။ တစ္ပုဒ္က Kiss Me Quick နဲ႔ ေနာက္တစ္ပုဒ္ကေတာ့ ေမ့သြားၿပီ။ (ရယ္လ်က္) ကုိယ္ပိုင္သံစဥ္ ႏွစ္ပုဒ္ေပါ့။ ဘယ္သြားသြား အဲဒီသီခ်င္းေလးပဲ ဆုိရတာေပါ့။

ဂီတအလုပ္ကုိ ဘယ္ေလာက္ထိ ဝါသနာပါသလဲဆုိရင္ ငယ္ငယ္တုန္းက ေက်ာင္းကပြဲေတြမွာ ဝင္ဆုိတဲ့အျပင္ တကၠသိုလ္ေရာက္ေတာ့ Fresher Welcome ပြဲေတြမွာ လုိက္ဆုိတာတုိ႔ေပါ့။ အဲဒီေလာက္ထိ ဝါသနာပါခဲ့တာေပါ့။ ကၽြန္မ အိမ္ေထာင္က်ေတာ့ (၃၂) ႏွစ္ရွိပါၿပီ။ အိမ္ေထာင္က်ေတာ့ နည္းနည္း စိတ္အေျပာင္းအလဲေလးေတြ ျဖစ္လာတယ္။ ဘာျဖစ္လုိ႔လဲ ဆုိေတာ့ ကၽြန္မရဲ႕ ခင္ပြန္း ကုိေအာင္မင္းသိမ္းရဲ႕ မိသားစုက တကယ္ကုိ ေအးခ်မ္းတဲ့ Life ေလ။ ကၽြန္မရဲ႕တစ္ဖက္က Life က်ေတာ့ ကုိယ္ကုိယ္တုိင္ ႀကိဳးစားခဲ့တဲ့ Life၊ ဒီဖက္မွာ က်ေတာ့လည္း သည္းခံႏုိင္စြမ္းေတြ ေတြ႕ခဲ့ရတယ္။ ကုိယ္သာဆုိရင္ စိတ္အလုိမက်ရင္ ဘယ္ေလာက္ထိ ေသာင္းက်န္းခဲ့လဲေပါ့။ အဲဒါေတြက အတတ္ႏုိင္ဆံုး ေျဖရွင္းခဲ့တာေတြကုိ ၾကည့္ၿပီး သူတုိ႔နဲ႔ အေနၾကာလာခဲ့ေတာ့ ပုိၿပီး ေအးခ်မ္းတဲ့စိတ္ေတြ ျဖစ္လာခဲ့တယ္။

အဲဒီလုိနဲ႔ သားေလးရလာၿပီး အိမ္ေထာင္သက္ (၇) ႏွစ္ၾကာမွ ရခဲ့တာဆိုေတာ့ ကၽြန္မရဲ႕ စိတ္ေတြက ပုိၿပီး တည္ၿငိမ္သြားတယ္။ ကုိယ္ကုိယ္တုိင္ သားကေလးတစ္ေယာက္ ရလာခဲ့ေတာ့ ကေလးေတြ အားလံုးကုိ စိတ္ဝင္စားလာၿပီး ကုိယ္ခ်င္းစာတဲ့စိတ္၊ ပူပန္တတ္တဲ့စိတ္၊ မိဘေတြကို နားလည္တတ္တဲ့စိတ္၊ အေတြ႕အႀကံဳေတြအျပင္ ေလာကီအရ ကုိယ့္ Life ပံုစံက ခ်မ္းသာသြားတယ္လို႔ ခံစားရတယ္။ ဒါကေတာ့ အသက္အရြယ္ရယ္၊ အခ်ိန္ရယ္မွာ ခြဲျခား သိတတ္လာတဲ့ အရာေတြေပါ့။

ကၽြန္မရဲ႕အႏုပညာဘက္ကုိ ဆက္ၾကည့္ရမယ္ ဆုိရင္ေတာ့ သ႐ုပ္ေဆာင္အလုပ္ကုိ မႏၲေလးက King ထုတ္လုပ္ေရးနဲ႔ လုပ္ျဖစ္တာက ဒီလိုပါ။ အခု ကုိေအာင္မင္းသိမ္းနဲ႔က ဒုတိယအိမ္ေထာင္ပါ။ ကၽြန္မရဲ႕ ပထမအိမ္ေထာင္က ကုိထြန္းဝင္းေအာင္တဲ့။ အခုေတာ့ ဆံုးရွာပါၿပီ။ သူတုိ႔မိဘမ်ားက King ဗီဒီယို လုပ္တယ္။ အဲဒီမွာ ကၽြန္မက King ဗီဒီယိုဆုိင္ ထုိင္ေပးတယ္။ အဲဒီမွာ လုပ္ေတာ့ မစိုးျမတ္သူဇာ၊ ဦးေနေအာင္၊ ကုိရဲေအာင္၊ ကုိရန္ေအာင္တုိ႔နဲ႔ ႐ိုက္ကူးေရးလုပ္ၿပီး ထုတ္လုပ္ေရး လုပ္ခဲ့တာေပါ့။ အဲဒီမွာ ကၽြန္မက King ဗီဒီယို ထုတ္လုပ္ေရးက ေခၽြးမတစ္ေယာက္အေနနဲ႔ ဗီဒီယိုထုတ္လုပ္ေရး လုပ္ငန္းေတြကုိ လုိက္ကူညီရင္းနဲ႔ ႐ႈတင္ေတြကုိ မစိမ္းေတာ့ဘူး။

ေက်ာင္းကတည္းက ကၽြန္မရဲ႕ အႏုပညာပုိးေတြကုိ ေယာကၡမေရာ၊ ေယာက္်ားကပါ သိထားတယ္ေလ။ အဲဒီလုိနဲ႔ ကၽြန္မက ႐ႈတင္မန္ေနဂ်ာေတြနဲ႔ လုိက္ၿပီးကင္မရာ Test လုပ္ၾကည့္ေတာ့ ေယာကၡမေတြက ျဖစ္ႏုိင္တယ္၊ လုပ္ၾကမယ္၊ လုပ္ၾကည့္မလားဆုိၿပီး ကၽြန္မကုိေမးေတာ့ အႏုပညာပုိးက အရင္ကတည္းက ပါလာတာဆုိေတာ့ လုပ္မယ္ဆုိၿပီး လုပ္လုိက္တာ။ အရင္ဆံုးသူတို႔က ဗီဒီယိုသံုးကား ႐ိုက္ေပးဖုိ႔ ျဖစ္လာတာ။ ပထမသံုးကားက ကုိရန္ေအာင္နဲ႔ ႏွစ္ကား၊ ဦးေက်ာ္ဟိန္းနဲ႔ တစ္ကားေပါ့။ ကုိရန္ေအာင္နဲ႔ ပထမဆုံး႐ိုက္တဲ့ ဇာတ္ကားမွာ ကၽြန္မက ဂစ္တာေလးတီးၿပီး သီခ်င္းကုိ ကုိယ္တုိင္ဆုိၿပီး ႐ိုက္ခဲ့ေတာ့ ပရိသတ္ပုိသိခဲ့တယ္။ ဒုတိယ ဇာတ္ကားမွာက်ေတာ့ သိပ္မသိခဲ့ဘူး။

ဦးေက်ာ္ဟိန္းနဲ႔က်ေတာ့ “သံေယာဇဥ္ဦး” ဆုိတဲ့ ဇာတ္ကား၊ အဲဒီတုန္းက ကုိသားႀကီး (ေဒြး) လည္း ပါခဲ့တယ္ေလ။ အဲဒီတုန္းက ကုိသားႀကီးက မင္းသားခန္း မ႐ိုက္ေသးဘူး။ အဓိကမင္းသားက ဦးေက်ာ္ဟိန္းေပါ့။ ဒါ႐ိုက္တာ ကုိေဒါနနဲ႔ပဲ ႐ိုက္တာေလ။ အဲဒီ ဇာတ္ကားေလးတုန္းကလည္း ေတာ္ေတာ္ႀကီးကို ေပါက္ခဲ့တာ။ ဦးေက်ာ္ဟိန္းနဲ႔ ေနာက္ပုိင္းဇာတ္ကားေတြ ႐ိုက္တာမ်ားလာေတာ့ ဦးေက်ာ္ဟိန္းက အမ်ားႀကီး သင္ေပးခဲ့တယ္။ ေနာက္ပုိင္း “အဆိပ္ျပင္းသည္” ဆုိတဲ့ ဇာတ္ကားမွာက်ေတာ့ အရမ္းကို လူႀကိဳက္ မ်ားသြားခဲ့တယ္။ ဦးေက်ာ္ဟိန္း တင္ေပးခဲ့တာေပါ႔ေလ။ ဒီလုိမ်ဳိး ဇာတ္႐ုပ္ေတြ လိုက္တယ္၊ ဒီလိုမ်ဳိးေတြ ခုိင္းတယ္ဆုိၿပီး အႏုပညာအလုုပ္ေတြ ေရွ႕ဆက္သြားၿပီး အခုလို ျဖစ္လာခဲ့ရတာပဲ။

မွတ္မွတ္ရရဆုိရင္ ကၽြန္မ ပထမဦးဆံုး ဇာတ္ကား႐ိုက္ေတာ့ ကင္မရာနဲ႔ ထိေတြ႕တဲ့အခါမွာ ေတာ္ေတာ္ေလးကုိ ဆုိးၿပီး အခက္အခဲေတြနဲ႔ ႀကံဳေတြ႕ခဲ့ရတာေပါ့။ အရမ္းျဖစ္ခ်င္ၿပီး ႐ူးသြပ္ေတာ့ ႐ိုက္ဖုိ႔ေျခာက္လ အလိုကတည္းက အဲဒီဝတၳဳကုိ ႀကိဳဖတ္ေနတာမ်ဳိး၊ ဇာတ္ေတြ ႀကိဳဖတ္ေနတာေတြ၊ မွန္ေရွ႕မွာလည္း ကုိယ့္ဘာသာကုိယ္ အုိက္တင္ေတြကို အမ်ဳိးမ်ဳိးလုပ္ၾကည့္၊ ေျပာၾကည့္ေပမယ့္ တကယ့္ ကင္မရာေရွ႕လည္း ေရာက္ေရာ ဘာမွကုိ လုပ္လုိ႔မရေတာ့တာ။ တကယ္ကုိ အာေစးေတြလည္း မိၿပီး စကားေတြ တစ္ဆုိ႔ၿပီး အသံကုိ ထြက္မလာေတာ့တာပဲေလ။ ေျခေတြလက္ေတြလည္း ခ်ဳပ္ထားသလိုမ်ဳိး ဘာမွကုိ လုပ္လုိ႔ မရေတာ့တာေလ။ ဒုကၡေတာ္ေတာ္ ေရာက္တာေနာ္။ ဒါေတာင္ကၽြန္မက ႐ိုက္ကြင္းနဲ႔ မစိမ္းဘူးေနာ္။ ကုိရန္ေအာင္၊ မစိုးျမတ္သူဇာတုိ႔ရဲ႕ ႐ိုက္ကြင္းေတြကုိ လုိက္ၾကည့္ဖူးတာေနာ္။ ဒါေပမဲ့ ကုိယ့္ေရွ႕ကုိ ကင္မရာႀကီးခ်ိန္ၿပီး လုပ္ရေတာ့မယ္ ဆုိေတာ့ ခႏၶာကုိယ္တစ္ခုလံုး ေတာင့္တင္းသြားတာပဲေလ။

အဲဒီဗီဒီယို ဇာတ္ကားကုိ (၁၅) ရက္ေလာက္႐ိုက္ခဲ့ရေတာ့ ေတာ္ေတာ္ဒုကၡေရာက္ၿပီး မျဖစ္ႏုိင္ေတာ့ဘူးလို႔ေတာင္ထင္ခဲ့တာေလ။ အမွန္တကယ္ ဇာတ္ကားေလး ထြက္တဲ့အခါက်ေတာ့ ရီဟာဇယ္ေတြေရာ၊ Reject ေတြၾကားထဲက ေကာင္းတဲ့ ကဒ္ေလးေတြကုိပဲ ယူၿပီး ဆက္ထားေတာ့ Result က အရမ္းေကာင္းသြားခဲ့ၿပီး အဲဒီေနာက္ပုိင္း အဆင္ေျပလာခဲ့ေတာ့ ဆက္လုပ္ျဖစ္သြားခဲ့တာပါပဲ။ ပထမဦးဆံုး ႐ိုက္တဲ့ဇာတ္ကားဆုိရင္ ကုိရန္ေအာင္က ေတာ္ေတာ္ေလး လက္တြဲေခၚေပးခဲ့တယ္ေလ။ အဲဒီတုန္းက ကၽြန္မ ဆံပင္အတုေတြ ဘာေတြ မသံုးေသးဘူး။ ဆံပင္အစစ္ကုိပဲ သံုးေတာ့ ကုိယ့္ဆံပင္ကုိပဲ အာ႐ံုေရာက္ေနတာေပါ့။ ေျပာတဲ့ ဒုိင္ယာေလာ့ခ္ေတြက သပ္သပ္ ဆံပင္ကုိပဲ စဥ္းစားေနတာ။ အခု သ႐ုပ္ေဆာင္သက္ (၂၁) ႏွစ္ထဲမွာ တကယ္ဆံပင္အစစ္နဲ႔ သ႐ုပ္ေဆာင္တာ (၄) ႏွစ္ေလာက္ပဲ ရွိခဲ့တယ္။ က်န္တာ (၁၆) ႏွစ္ေက်ာ္ေက်ာ္က ဆံပင္အမ်ဳိးမ်ဳိးစြပ္ၿပီး သ႐ုပ္ေဆာင္ခဲ့ေတာ့ ဆံပင္ေပၚမွာ အာ႐ံုမရွိေတာ့ဘူးေလ။

ဆံပင္အစစ္နဲ႔ သ႐ုပ္ေဆာင္တဲ့ ေခတ္ေတြတုန္းကဆုိရင္ စိတ္ထဲမွာ အရမ္းခက္ခဲသလိုမ်ဳိး ခံစားရတယ္။ စိတ္ထဲမွာ အေႏွာင့္အယွက္ တစ္ခုခုျဖစ္ေနရင္ ေနာက္တစ္ခု ထည့္ရတာ ခက္တာမ်ဳိးေပါ႔။ ဦးေက်ာ္ဟိန္းက သင္ေပးဖူးတယ္။ ဖန္ခြက္တစ္ခြက္ထဲမွာ ေရထည့္ထားလို႔ ခ်ဥ္ရင္ ေနာက္ထပ္ ႏုိ႔ထည့္လို႔လည္း မရဘူး။ ဆီထည့္လုိ႔လည္း မရဘူး။ ေရကေရပဲတဲ့။ ေရသြန္ထားတဲ့ ဖန္ခြက္ထဲမွာ ေနာက္ထပ္ေရပဲ ထည့္ထည့္၊ ဆီပဲထည့္ထည့္၊ ကုိယ္ႀကိဳက္တာ ထည့္လို႔ရတယ္ေလ။ အဲဒီလိုမ်ဳိးပဲ မခုိင္။ စိတ္ထဲမွာ ထည့္လို႔ရေအာင္ အကုန္ရွင္းထားမွ ရမွာေပါ့။ အဲဒီဆံပင္ကုိ အာ႐ံုစိုက္လုိ႔ မရဘူးဆုိမွ ကၽြန္မ သေဘာေပါက္ခဲ့ရတာေပါ့။ ဦးေက်ာ္ဟိန္းက အမ်ားႀကီး သင္ေပးခဲ့ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  8Day

#Unicode Version#
သရုပ်ဆောင်ချက် တွေဟာ ပီပြင်ပိုင်နိုင်လွန်းသလို တေးသီချင်းဆိုရာမှာလည်း ဆရာကျတဲ့ရုပ်ရှင်ဂီတနှစ်ဖက်လှတဲ့… မိမိခိုင် သို့ ထွန်းအိန္ဒြာဗို

ကျွန်မနာမည်အရင်းက “မိမိခိုင်”၊ ကျောင်းပြီးတဲ့အထိ “မိမိခိုင်” နာမည်နဲ့ပဲပေါ့။ တက္ကသိုလ်ရောက်ပြီး တတိယနှစ်၊ စတုတ္ထနှစ်လောက်ကျတော့ မြန်မာပြည် ကိုသိန်းတန်ရဲ့ L.P.J ဂီတဝိုင်းနဲ့ အပျော်တမ်း လိုက်ဆိုဖြစ်တာလည်း “မိမိခိုင်” နာမည်နဲ့ပဲပေါ့။ ရန်ကုန်မှာ တက္ကသိုလ် လာတက်ရတော့ အဆောင်မှာ နေရတာလေ။ ဒါကြောင့် ညဘက်မထွက်ရတော့ နေ့ဘက်ပွဲလေးတွေကို အတွေ့အကြုံရအောင် ဆိုဖြစ်တာ။

အဲဒီတုန်းက အတွေ့အကြုံတွေ ဘာတွေ နားမလည်ဘဲနဲ့ သီချင်းဆိုချင်လွန်း အားကြီးလို့ ဆိုဖြစ်တာ။ ဒီလို နာမည်ကြီးဝိုင်းကြီးနဲ့ လိုက်ဆိုရတာကို အရမ်းဂုဏ်ယူပြီး ပိုက်ဆံမယူဘဲနဲ့ အိတ်စိုက်ကို လိုက်ဆိုဖြစ်ခဲ့တာပေါ့။ အဲဒီမှာ နာမည်ကြီးတွေ မရောက်သေးဘူးဆိုရင် Stage ပေါ် ကျွန်မတို့ တက်ရတာပေါ့နော်။ နာမည်ကြီးတွေ လာရင်တော့ မဆိုရဘူးပေါ့။ အဲဒီတုန်းက လိုသုံးနေရာလေးမှာ နေခဲ့တာပေါ့နော်။ ပျော်စရာတော့ တော်တော်ကောင်းခဲ့တယ်လေ။

ရန်ကုန်မှာ တက္ကသိုလ်စတက်တော့ ကျွန်မတို့က ရန်ကုန် ပြောင်းမလာသေးဘူး။ ကျွန်မရဲ့ ဘွဲ့က Law (ဥပဒေဘွဲ့) ဆိုတော့ အဲဒီတုန်းက ရန်ကုန်မှာပဲ ရှိသေးတာလေ။ မန္တလေးမှာ မရှိသေးဘူး။ မြန်မာပြည်တစ်ပြည်လုံးမှာ ရန်ကုန်မှာပဲ ရှိသေးတယ်။ ရန်ကုန်မှာ တက္ကသိုလ်တက်ရင်း L.P.J တီးဝိုင်းမှာ လိုက်ဆိုဖြစ်ခဲ့တာ။ မိုးကုတ်မြို့ ဇာတိဖြစ်ပေမယ့် ရန်ကုန်မြို့ရဲ့ တက္ကသိုလ်ဝင်းကြီးထဲက “ရတနာဆောင်” မှာ အဆောင်နေရင်း ကျောင်းတက်ခဲ့တာပါ။

မိုးကုတ်မှာ ကြီးပြင်းခဲ့ရတဲ့ အချိန်တွေက အရမ်းပျော်ဖို့ ကောင်းခဲ့တယ်။ မှတ်မှတ်ရရဆိုရင် ဖေဖေက မြို့ပြင်က ခြံကြီးထဲမှာ ငါးတွေမွေးမယ်ဆိုပြီး ကန်ကြီးတူးထားတာ။ အဲဒီကန်ကြီးထဲကို ငါးတွေ မထည့်ခင်မှာ မိသားစုတွေ အပျော်ရေကူးကြတာလေ။ ရေကူးတိုင်း၊ ရေကူးတိုင်း ကျွန်မက “ဖေဖေရေ သမီးရေကူးတတ်ပြီ” လို့ အော်လိုက်တိုင်း မြွေထွက်လာတာပဲ။ တခြားကလေးတွေ အော်လိုက်ရင် ဘာမှမဖြစ်ဘူး။ ကျွန်မ အော်လိုက်တိုင်း တစ်နေရာရာကိုက မြွေထွက်လာတာဆိုတော့ မေမေက “အင်း..ငါ့သမီးက အသံနဲ့ luck ရှိလိမ့်မယ်” ထင်ပြီး ဘာရယ်မဟုတ် နောက်ပြောင်ခဲ့သေးတယ်။ အဲဒါကတော့ မိုးကုတ်မြို့မှာ နေခဲ့တုန်းက အမှတ်တရတစ်ခုပေါ့။

မိုးကုတ်မှာ (၁၀) တန်းထိ ကျောင်းတက်ခဲ့ပြီး ရန်ကုန်မှာ တက္ကသိုလ် စတက်ခဲ့တဲ့အထိ မိမိခိုင် နာမည်နဲ့ပဲ။ အသက် ၂၆ နှစ်ကျမှ ပထမဦးဆုံး ကင်မရာရှေ့ကို ရောက်တော့မှ “ထွန်းအိန္ဒြာဗို” ဆိုပြီး ဖြစ်လာခဲ့တာပါပဲ။ မိမိခိုင်ဘဝတုန်းက သီချင်းဆိုချင်တဲ့စိတ်ပဲ ရှိခဲ့တာ။ အဲဒီတုန်းက အင်္ဂလိပ်ခွေတစ်ခွေ ရဖို့ဆိုတာ မလွယ်ဘူး။ မိုးကုတ်မြို့မှာ ဆိုတော့လေ။ အခုခေတ်ကလေးတွေဆိုရင် ခလုတ်တစ်ခု နှိပ်လိုက်ရင် အကုန်ရတဲ့ခေတ်၊ အကြားအမြင်များတဲ့ ခေတ်ကို ရောက်လာပြီပေါ့။

ကျွန်မတို့ခေတ်က ရှားပါးတဲ့ခေတ်၊ တိုင်းပြည်ကလည်း မဖွံ့ဖြိုးသေးတဲ့ ခေတ်ဆိုတော့ နိုင်ငံခြားပစ္စည်းဆိုရင် ဘာမှမရရှိတဲ့ ခေတ်ကြီးမှာ ကြီးပြင်းခဲ့ရတာဆိုတော့ တော်တော်လေး ခက်ခဲခဲ့ရတယ်။ ကိုယ့်ရှေ့က ကိုသိန်းတန်၊ ကိုသန်းနိုင်၊ မပုလဲ၊ ဒေါ် Lခွန်းရီ၊ ဒေါ်နွဲ့ယဉ်ဝင်းတို့ ဆိုရင် ပြည်တွင်းဖြစ် အခွေတွေနဲ့ပဲ ကြီးပြင်းခဲ့ရတာလေ။ ကျွန်မကလည်း မိမိခိုင် နာမည်အဖြစ်နဲ့ပဲ Professional အဖြစ် မလုပ်ခဲ့ဘဲနဲ့ အပျော်တမ်း စလုပ်ဖြစ်ခဲ့ပြီး Professional စလုပ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ပြီးတာနဲ့ “ထွန်းအိန္ဒြာဗို” နာမည်နဲ့ပဲ စလုပ်ဖြစ်ခဲ့တာ။ အဲဒီတုန်းက ၁၉၉၁ ခုနှစ် ကင်မရာရှေ့ကို စရောက်ခဲ့တာပေါ့။

ကိုယ့်ဘဝမှာ အများကြီး ဖြတ်သန်းခဲ့လားဆိုပြီး ပြန်သုံးသပ်ကြည့်မိတော့ စောစောကပြောသလို ကိုယ်ကဘာမှ မဟုတ်သလို နာမည်လည်း မကြီးသေးဘူးလေ။ နာမည်ကြီးတွေ၊ အဆိုတော်ကြီးတွေ နောက်ကို ကျားကန်၊ လိုသုံး ဘဝလေးပေါ့။ တစ်ခါတလေ ကိုယ်လုံးဝ မဆိုခဲ့ရတဲ့ Show တွေလည်း ရှိခဲ့တယ်။ ဒါပေမဲ့ စိတ်မဆင်းရဲခဲ့ဘူး။ တီးဝိုင်းဘေးမှာနေပြီး ဂီတသံကြားနေရင်ကို ပျော်နေတာ။ တော်တော်ရူးသွပ်ခဲ့ရတာ။ ကျွန်မက အဆောင်မှာနေပြီး ကျောင်းတက်ရတော့ ညဘက် မထွက်ရဘူးလေ။ ညပိုင်း Show တွေ ဆိုရင် မပါတော့ဘူး။ နေ့ပိုင်း တီးဝိုင်းတိုက်တဲ့ အခါကျရင် ကိုယ်မပါရရင်လည်း သူများ အတီးတိုက်တာကို ကျောင်းလစ်ပြီး သွားနားထောင်တာတို့၊ အဲဒီဂီတ အနီးတစ်ဝိုက်မှာကို ရှိချင်ခဲ့တာ။ ဒါကို ဒုက္ခလို့ မခံစားရဘဲနဲ့ သိပ်ကျေနပ်ပြီး ကိုယ်ကြိုက်လို့ ကိုယ်လုပ်ခဲ့ရတဲ့ အတွက် ဒုက္ခလို့ကို ဒီနေ့ထိ မမြင်ခဲ့ဘူးလေ။

ကျွန်မငယ်ငယ်တုန်းက ကလေးသဘာဝ ဆော့ကစားတာတွေ ရှိခဲ့ပေမယ့် (၆) တန်း ရောက်ပြီးတာနဲ့ သီချင်းဆိုတာကို ဝါသနာပါခဲ့တာ။ နေ့တိုင်း အော်ဆိုနေခဲ့တာ တစ်ရက်မှကို မပြတ်တာပဲ။ တစ်နေကို သီချင်းအပုဒ်ရေ (၄၀) လောက် အနည်းဆုံး အော်ဟစ်သီဆိုနေတာပဲလေ။ ငယ်ငယ်တုန်းကတော့ မိဘတွေက ပညာရေးကို အဓိကထားခဲ့တာ။ စာကို သေချာတော်စေချင်ပြီး ကျူရှင်ဆိုရင်လည်း အကောင်းစား ထားခဲ့တာပေါ့။ ဒါပေမဲ့ ကျွန်မက အနုပညာဖက်ကို အားသန်ပြီး ဝါသနာပါခဲ့တော့ စာဖက်မှာတော့ သာမန်အဆင့်ပဲ ရှိခဲ့တယ်လေ။ တစ်တန်းမှတော့ မကျခဲ့ဘူး။ (၁၀) တန်းအောင်တော့လည်း Law ပဲ ရခဲ့တယ်။

ညီမငယ်ကတော့ ထူးချွန်တဲ့ သူထဲမှာ ပါတယ်။ အခုထိ သူက ကျောင်းတွေပဲ တက်နေတုန်း။ သူက ဆရာဝန်ဘွဲ့ရပြီး ဆရာဝန်ဖြစ်သည်အထိ လုပ်ခဲ့တယ်။ ဆရာဝန် အလုပ်နဲ့တော့ အသက်မမွေးခဲ့ဘူးပေါ့။ ကျွန်မကတော့ ပညာရေးမှာ သိပ်ပြီး မထူးချွန်ခဲ့ပေမယ့် အနုပညာဖက်မှာ တော်တော်လေး ရူးသွပ်ပြီး အနုပညာနဲ့ ပတ်သက်ရင် ဒုက္ခရယ်လို့ မခံယူဘဲနဲ့ ဘာမဆို အကုန်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ ကြီးပြင်းခဲ့ရတာပေါ့။

ငယ်ငယ်ကတော့ ကျွန်မရဲ့ မိဘတွေက ကိုယ်ဝါသနာပါတဲ့ အလုပ်ကို ဟန့်တားတာမျိုး မရှိခဲ့ဘူး။ အထူးသဖြင့် နယ်မြို့လေးမှာ ကြီးပြင်းခဲ့ရတဲ့သူ ဖြစ်တဲ့အတွက် အနုပညာ အလုပ်လုပ်ရင်ပဲ အမျိုးတွေက ဖက်ခွက်စား အလုပ်၊ ပျက်စီးနေတဲ့ အရာမျိုးဆိုပြီး အရမ်းနှိပ်ကွပ် တိုက်ခိုက်ခံခဲ့ရတာလေ။ မိဘအရင်းကျတော့ အားလုံးနဲ့ ဆန့်ကျင်ပြီး အားပေးခဲ့တာ။ ကိုယ့်သားသမီး ဝါသနာပါတဲ့ အရာကို တကယ်ကို အတိုက်အခံလုပ်ပြီး အကာအကွယ်ပေးခဲ့တာ။ ကျွန်မကလည်း ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်ရင်းနဲ့ပဲ ရပ်ကွက်ဝိုင်း၊ မြို့နယ်ဝိုင်းတွေကနေတစ်ဆင့် ရန်ကုန်မြို့ရောက်တော့ L.P.J တီးဝိုင်းတွေမှာ လိုက်ဆိုဖြစ်ခဲ့တာပေါ့။ အဓိက သရုပ်ဆောင် စလုပ်ဖြစ်ခဲ့တာကျတော့ မန္တလေးမြို့က King ဗီဒီယိုထုတ်လုပ်ရေးကနေ အဓိက သရုပ်ဆောင်နေရာကို ပွဲထုတ်ပေးခဲ့တာ။

သုံးကားလောက် ရိုက်ပြီးတဲ့အချိန်မှာ တန်းတစ်ခု ဝင်သွားပြီး ဆက်ရိုက်ဖြစ်လိုက်တာ အခုချိန်ထိပဲပေါ့။ ပထမဦးဆုံး ဇာတ်ကားက ဒါရိုက်တာ ကိုဒေါနနဲ့ ကိုနေဇာတို့ ရိုက်ခဲ့တာ။ အဲဒီတုန်းက သူတို့ မကွဲသေးဘူး။ အခုတော့ ကိုဒေါနက သီးသန့်ရိုက်ပြီး ကိုနေဇာကတော့ စီးပွားရေး လုပ်သွားပြီပေါ့။ သူတို့ရိုက်တဲ့ ဇာတ်ကားမှာ ကိုရန်အောင် နှစ်ကိုယ်ခွဲနဲ့ မေမြို့မှာ သွားရိုက်ဖြစ်ခဲ့တာ။ အဲဒီမှာပဲ ကိုဒေါနက မခိုင်မှာ ဘာ Talent တွေရှိလဲ ပရိသတ်သတိထားမိတဲ့ အရာမျိုးလေးတွေ ထည့်ချင်တယ်ဆိုတော့ ကျွန်မက ဂစ်တာတီးတတ်တယ်၊ သီချင်းလည်း ဆိုတတ်တယ်ဆိုတော့ ကိုယ်တိုင်ဂစ်တာတီး သီချင်းဆိုတဲ့ ဇာတ်ဝင်ခန်းတွေမှာ တကယ်ကို မိုက်ခ်နဲ့ဖမ်းပြီး ရိုက်ခဲ့တာဆိုတော့ ပိုပြီး လူကြိုက်များခဲ့တယ်။

အဓိက ပံ့ပိုးပေးခဲ့တာကတော့ မန္တလေးက King ဗီဒီယိုက ကျေးဇူးရှိပါတယ်။ ကျွန်မရဲ့ ပထမဦးဆုံး စီးရီးက ဗီဒီယိုသက်တမ်း (၂) နှစ်ခွဲလောက် ရမှ စီးရီးစထွက်ခဲ့တာ။ သီချင်းကို စဆိုခဲ့ပေမယ့် အပျော်တမ်းဖြစ်ခဲ့ပြီး သရုပ်ဆောင်အနေနဲ့ ကင်မရာရှေ့ကို ရောက်ပြီးမှ (၂) နှစ်ခွဲလောက်မှ “မင်းအတွက်ပဲ” ဆိုတဲ့ စီးရီး စထွက်ခဲ့တာပေါ့။ အဲဒီစီးရီးက စီးရီးလိုက် မအောင်မြင်ခဲ့ပေမယ့် စီးရီးထဲမှာ ပါဝင်တဲ့ “မိုးလေးဖွဲတုန်း” လို သီချင်းတွေ ပေါက်ခဲ့တာပေါ့။ ဒါကတော့ မျိုးကျော့မြိုင်ရဲ့ ကျေးဇူးတွေပေါ့။ အဲ..တစ်ခု ကျန်သေးတာက ရှေ့မှာ L.P.J တီးဝိုင်းမတိုင်ခင် New Wave ဆိုတဲ့ တီးဝိုင်းက အဆိုတော်ရွေးချယ်ပွဲ ဆိုပြီး သတင်းစာထဲမှာ ပါလာတယ်။

အဲဒီတုန်းက ကျွန်မက တက္ကသိုလ်ကျောင်းသူပဲ ရှိသေးတယ်။ သူငယ်ချင်းတွေကလည်း ကျွန်မ ဂီတဝါသနာပါတာကို သိတယ်လေ။ တစ်ခါတလေ ဂစ်တာယူပြီး သူငယ်ချင်းတွေရှေ့မှာ သီဆိုပြဖြစ်ခဲ့တာ များတော့ ကိုယ့်ရဲ့ ပရိသတ်တွေ ဖြစ်နေတယ်လေ။ ဒါကြောင့် သူငယ်ချင်းတွေက “ဟဲ့ မိခိုင်၊ သွားလျှောက်ကြည့်ပါလား” ဆိုတော့ လျှောက်လွှာသွားတင်တော့ ဖောင်ပိတ်ဖို့က နှစ်ရက်ပဲ လိုတော့တယ်လေ။ မိဘအုပ်ထိန်းသူရဲ့ လက်မှတ်ကို မိုးကုတ်ထိ မယူနိုင်တော့ဘူး။ ဒါကြောင့် အမေ့လက်မှတ် အတုထိုးပြီး တင်လိုက်တာ အရွေးခံရတယ်။ အဲဒီမှာ ကော်နီ၊ မေမြတ်မွန်နဲ့ ကျွန်မ အရွေးခံရတယ်။ အဲဒီနောက် စာစောင်တွေမှာ ပါလာတော့ မိဘတွေက ခွင့်မပြုဘူး။ ကျောင်းပြီးမှ လုပ်ရမယ်ဆိုတော့ ပြဿနာတက်ရော၊ အဲဒါနဲ့ နောက်ဆုံး မလုပ်ခဲ့ရဘူး။ နောက်ဆုံး ကိုဇော်ဝင်းရှိန် မြန်မာ့အသံမှာ ရိုက်တဲ့ သီချင်းလေးမှာ Backing Harmony အနေနဲ့ New Wave နဲ့ တစ်ပုဒ်ပဲ ရိုက်ခဲ့ရတယ်။ ဘယ်ပွဲမှ လိုက်မဆိုဖြစ်ခဲ့ဘူး။ အဲဒီလိုနဲ့ King ဗီဒီယိုက L.P.J ကို အထက်မြန်မာပြည်မှာ ပွဲသွင်းတာ များတယ်လေ။

King ဗီဒီယိုကို ချိတ်မိလိုက်တဲ့ အချိန်မှာ L.P.J နဲ့ အပျော်တမ်း ဆိုဖြစ်ခဲ့တာပေါ့။ နောက်ကျမှ King ဗီဒီယိုထုတ်လုပ်ရေးမှာ သရုပ်ဆောင်အဖြစ် စလုပ်ဖြစ်ခဲ့တာပါပဲ။ ကျွန်မက ငယ်ငယ်လေးကတည်းက ဖြစ်ချင်တဲ့ ဆန္ဒတွေကို မိဘတွေကို အများဆုံး တိုင်ပင်တာများတယ်။ အဓိကက အမေ့ကိုပေါ့။ ဘယ်အရာကိုပဲ လုပ်လုပ်ပေါ့။ မေမေတို့ကတော့ သားသမီးဖြစ်ချင်တာကို သေချာ နားထောင်တတ်တယ်။ ကျွန်မ (၁၀) တန်းရောက်တော့ ဖေဖေက အက်ဆီးဒင့်နဲ့ ဆုံးပါးသွားခဲ့တယ်လေ။ (၁၀) တန်းမတိုင်ခင် ဖေဖေ့ရဲ့ ဆုံးမစကားတွေက အခုထိတိုင် တစ်သက်တာ လိုက်နာနေရစမြဲပါပဲ။ ငယ်ငယ်တုန်းကတော့ မသိခဲ့ပေမယ့် အသက်ကြီးလာတော့ သွေးထွက်အောင် မှန်ပါလား ဆိုတာတွေ သိခဲ့ရပါတယ်။ ကျွန်မရဲ့ ဖေဖေက မိုးကုတ်မြို့မှာ ကျောက်ကုန်သည်ပါ။

ဖေဖေက အမရပူရဇာတိ၊ မေမေက မိုးကုတ်သူ။ တကယ်တမ်း အလုပ်လုပ်တဲ့ အချိန်ကျတော့ မေမေက သားသမီးတွေကို အုပ်ထိန်းတဲ့ အိမ်ရှင်မစစ်စစ် လုပ်လိုက်တယ်။ ဖေဖေက စီးပွားရှာတယ်။ မိုးကုတ်သားမဟုတ်ပေမယ့် မိုးကုတ်သားတွေထက် ပတ္တမြား၊ နီလာကျောက်တွေ လုပ်တဲ့ အထဲမှာ ဘော်ကြိုဦးခင်မောင်သိန်း ဆိုပြီး နာမည်ရလောက်အောင် ကျောက်ကို ကျွမ်းကျင်စွာ လုပ်ကိုင်ခဲ့တယ်။ ကျွန်မကို သူငယ်ချင်းတွေက တစ်ချိန်မှာ မိုးကုတ်မြို့မှာပဲ အဆိုတော်ဖြစ်သွားမယ်လို့ပဲ မျှော်လင့်ထားတာ။ ဒါပေမဲ့ တစ်နိုင်ငံလုံး ကျော်ကြားသွားမယ် ဆိုပြီး မတွက်ခဲ့ကြဘူး။ သရုပ်ဆောင်ကျတော့ အသက် (၂၆) နှစ် ကျောင်းပြီးမှ လုပ်ကိုင်တာ ဖြစ်တဲ့အတွက် သူငယ်ချင်းတွေက ကျွန်မသရုပ်ဆောင်လုပ်ပြီး အခွေတွေထွက်လာတော့ “ဟယ်..ထွန်းအိန္ဒြာဗိုဆိုတာ ငါတို့ သူငယ်ချင်းကြီး မိမိခိုင်နဲ့ တူလိုက်တာပေါ့”။ ကျောင်းမှာတုန်းကကျတော့ ယောက်ျားလျာ ပုံစံကြီးနဲ့ဆိုတော့ တချို့က ဟုတ်ရော ဟုတ်ရဲ့လားပေါ့။ နောက်ဆုံး ဆက်စပ်ပြီးမှ မိမိခိုင်က ထွန်းအိန္ဒြာဗိုဆိုတာ သိခဲ့ရတာပေါ့။

ကျွန်မငယ်ငယ်တုန်းက အတုယူ အားကျခဲ့တာဆိုရင် မပုလဲ၊ ဒေါ်နွဲ့ယဉ်ဝင်းတို့ကို အားကျခဲ့ပြီး (၁၆) နှစ်ကျော် တကယ် သိနားလည်ခဲ့တဲ့ အချိန်မှာ အရမ်းကြိုက်နှစ်သက်ခဲ့ရတာ ဆိုရင် Lခွန်းရီကို အကြိုက်ဆုံးပါပဲ။ အဆိုနဲ့ပတ်သက်ပြီး ဆက်ပြောရရင် ကျွန်မ L.P.J မှာ ဆိုတော့ ကိုယ်ပိုင်သီချင်းနဲ့ပဲ ဆိုခဲ့ရတာ။ ကျွန်မသီချင်းနှစ်ပုဒ်ကို တေးရေးဆရာ ကိုဇော်ဝင်းက ရေးပေးခဲ့တာလေ။ ဘယ်သွားသွား အဲဒီသီချင်းလေး နှစ်ပုဒ်ကိုပဲ ဆိုရတာ။ တစ်ပုဒ်က Kiss Me Quick နဲ့ နောက်တစ်ပုဒ်ကတော့ မေ့သွားပြီ။ (ရယ်လျက်) ကိုယ်ပိုင်သံစဉ် နှစ်ပုဒ်ပေါ့။ ဘယ်သွားသွား အဲဒီသီချင်းလေးပဲ ဆိုရတာပေါ့။

ဂီတအလုပ်ကို ဘယ်လောက်ထိ ဝါသနာပါသလဲဆိုရင် ငယ်ငယ်တုန်းက ကျောင်းကပွဲတွေမှာ ဝင်ဆိုတဲ့အပြင် တက္ကသိုလ်ရောက်တော့ Fresher Welcome ပွဲတွေမှာ လိုက်ဆိုတာတို့ပေါ့။ အဲဒီလောက်ထိ ဝါသနာပါခဲ့တာပေါ့။ ကျွန်မ အိမ်ထောင်ကျတော့ (၃၂) နှစ်ရှိပါပြီ။ အိမ်ထောင်ကျတော့ နည်းနည်း စိတ်အပြောင်းအလဲလေးတွေ ဖြစ်လာတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မရဲ့ ခင်ပွန်း ကိုအောင်မင်းသိမ်းရဲ့ မိသားစုက တကယ်ကို အေးချမ်းတဲ့ Life လေ။ ကျွန်မရဲ့တစ်ဖက်က Life ကျတော့ ကိုယ်ကိုယ်တိုင် ကြိုးစားခဲ့တဲ့ Life၊ ဒီဖက်မှာ ကျတော့လည်း သည်းခံနိုင်စွမ်းတွေ တွေ့ခဲ့ရတယ်။ ကိုယ်သာဆိုရင် စိတ်အလိုမကျရင် ဘယ်လောက်ထိ သောင်းကျန်းခဲ့လဲပေါ့။ အဲဒါတွေက အတတ်နိုင်ဆုံး ဖြေရှင်းခဲ့တာတွေကို ကြည့်ပြီး သူတို့နဲ့ အနေကြာလာခဲ့တော့ ပိုပြီး အေးချမ်းတဲ့စိတ်တွေ ဖြစ်လာခဲ့တယ်။

အဲဒီလိုနဲ့ သားလေးရလာပြီး အိမ်ထောင်သက် (၇) နှစ်ကြာမှ ရခဲ့တာဆိုတော့ ကျွန်မရဲ့ စိတ်တွေက ပိုပြီး တည်ငြိမ်သွားတယ်။ ကိုယ်ကိုယ်တိုင် သားကလေးတစ်ယောက် ရလာခဲ့တော့ ကလေးတွေ အားလုံးကို စိတ်ဝင်စားလာပြီး ကိုယ်ချင်းစာတဲ့စိတ်၊ ပူပန်တတ်တဲ့စိတ်၊ မိဘတွေကို နားလည်တတ်တဲ့စိတ်၊ အတွေ့အကြုံတွေအပြင် လောကီအရ ကိုယ့် Life ပုံစံက ချမ်းသာသွားတယ်လို့ ခံစားရတယ်။ ဒါကတော့ အသက်အရွယ်ရယ်၊ အချိန်ရယ်မှာ ခွဲခြား သိတတ်လာတဲ့ အရာတွေပေါ့။

ကျွန်မရဲ့အနုပညာဘက်ကို ဆက်ကြည့်ရမယ် ဆိုရင်တော့ သရုပ်ဆောင်အလုပ်ကို မန္တလေးက King ထုတ်လုပ်ရေးနဲ့ လုပ်ဖြစ်တာက ဒီလိုပါ။ အခု ကိုအောင်မင်းသိမ်းနဲ့က ဒုတိယအိမ်ထောင်ပါ။ ကျွန်မရဲ့ ပထမအိမ်ထောင်က ကိုထွန်းဝင်းအောင်တဲ့။ အခုတော့ ဆုံးရှာပါပြီ။ သူတို့မိဘများက King ဗီဒီယို လုပ်တယ်။ အဲဒီမှာ ကျွန်မက King ဗီဒီယိုဆိုင် ထိုင်ပေးတယ်။ အဲဒီမှာ လုပ်တော့ မစိုးမြတ်သူဇာ၊ ဦးနေအောင်၊ ကိုရဲအောင်၊ ကိုရန်အောင်တို့နဲ့ ရိုက်ကူးရေးလုပ်ပြီး ထုတ်လုပ်ရေး လုပ်ခဲ့တာပေါ့။ အဲဒီမှာ ကျွန်မက King ဗီဒီယို ထုတ်လုပ်ရေးက ချွေးမတစ်ယောက်အနေနဲ့ ဗီဒီယိုထုတ်လုပ်ရေး လုပ်ငန်းတွေကို လိုက်ကူညီရင်းနဲ့ ရှုတင်တွေကို မစိမ်းတော့ဘူး။

ကျောင်းကတည်းက ကျွန်မရဲ့ အနုပညာပိုးတွေကို ယောက္ခမရော၊ ယောက်ျားကပါ သိထားတယ်လေ။ အဲဒီလိုနဲ့ ကျွန်မက ရှုတင်မန်နေဂျာတွေနဲ့ လိုက်ပြီးကင်မရာ Test လုပ်ကြည့်တော့ ယောက္ခမတွေက ဖြစ်နိုင်တယ်၊ လုပ်ကြမယ်၊ လုပ်ကြည့်မလားဆိုပြီး ကျွန်မကိုမေးတော့ အနုပညာပိုးက အရင်ကတည်းက ပါလာတာဆိုတော့ လုပ်မယ်ဆိုပြီး လုပ်လိုက်တာ။ အရင်ဆုံးသူတို့က ဗီဒီယိုသုံးကား ရိုက်ပေးဖို့ ဖြစ်လာတာ။ ပထမသုံးကားက ကိုရန်အောင်နဲ့ နှစ်ကား၊ ဦးကျော်ဟိန်းနဲ့ တစ်ကားပေါ့။ ကိုရန်အောင်နဲ့ ပထမဆုံးရိုက်တဲ့ ဇာတ်ကားမှာ ကျွန်မက ဂစ်တာလေးတီးပြီး သီချင်းကို ကိုယ်တိုင်ဆိုပြီး ရိုက်ခဲ့တော့ ပရိသတ်ပိုသိခဲ့တယ်။ ဒုတိယ ဇာတ်ကားမှာကျတော့ သိပ်မသိခဲ့ဘူး။

ဦးကျော်ဟိန်းနဲ့ကျတော့ “သံယောဇဉ်ဦး” ဆိုတဲ့ ဇာတ်ကား၊ အဲဒီတုန်းက ကိုသားကြီး (ဒွေး) လည်း ပါခဲ့တယ်လေ။ အဲဒီတုန်းက ကိုသားကြီးက မင်းသားခန်း မရိုက်သေးဘူး။ အဓိကမင်းသားက ဦးကျော်ဟိန်းပေါ့။ ဒါရိုက်တာ ကိုဒေါနနဲ့ပဲ ရိုက်တာလေ။ အဲဒီ ဇာတ်ကားလေးတုန်းကလည်း တော်တော်ကြီးကို ပေါက်ခဲ့တာ။ ဦးကျော်ဟိန်းနဲ့ နောက်ပိုင်းဇာတ်ကားတွေ ရိုက်တာများလာတော့ ဦးကျော်ဟိန်းက အများကြီး သင်ပေးခဲ့တယ်။ နောက်ပိုင်း “အဆိပ်ပြင်းသည်” ဆိုတဲ့ ဇာတ်ကားမှာကျတော့ အရမ်းကို လူကြိုက် များသွားခဲ့တယ်။ ဦးကျော်ဟိန်း တင်ပေးခဲ့တာပေါ့လေ။ ဒီလိုမျိုး ဇာတ်ရုပ်တွေ လိုက်တယ်၊ ဒီလိုမျိုးတွေ ခိုင်းတယ်ဆိုပြီး အနုပညာအလုုပ်တွေ ရှေ့ဆက်သွားပြီး အခုလို ဖြစ်လာခဲ့ရတာပဲ။

မှတ်မှတ်ရရဆိုရင် ကျွန်မ ပထမဦးဆုံး ဇာတ်ကားရိုက်တော့ ကင်မရာနဲ့ ထိတွေ့တဲ့အခါမှာ တော်တော်လေးကို ဆိုးပြီး အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရတာပေါ့။ အရမ်းဖြစ်ချင်ပြီး ရူးသွပ်တော့ ရိုက်ဖို့ခြောက်လ အလိုကတည်းက အဲဒီဝတ္ထုကို ကြိုဖတ်နေတာမျိုး၊ ဇာတ်တွေ ကြိုဖတ်နေတာတွေ၊ မှန်ရှေ့မှာလည်း ကိုယ့်ဘာသာကိုယ် အိုက်တင်တွေကို အမျိုးမျိုးလုပ်ကြည့်၊ ပြောကြည့်ပေမယ့် တကယ့် ကင်မရာရှေ့လည်း ရောက်ရော ဘာမှကို လုပ်လို့မရတော့တာ။ တကယ်ကို အာစေးတွေလည်း မိပြီး စကားတွေ တစ်ဆို့ပြီး အသံကို ထွက်မလာတော့တာပဲလေ။ ခြေတွေလက်တွေလည်း ချုပ်ထားသလိုမျိုး ဘာမှကို လုပ်လို့ မရတော့တာလေ။ ဒုက္ခတော်တော် ရောက်တာနော်။ ဒါတောင်ကျွန်မက ရိုက်ကွင်းနဲ့ မစိမ်းဘူးနော်။ ကိုရန်အောင်၊ မစိုးမြတ်သူဇာတို့ရဲ့ ရိုက်ကွင်းတွေကို လိုက်ကြည့်ဖူးတာနော်။ ဒါပေမဲ့ ကိုယ့်ရှေ့ကို ကင်မရာကြီးချိန်ပြီး လုပ်ရတော့မယ် ဆိုတော့ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားတာပဲလေ။

အဲဒီဗီဒီယို ဇာတ်ကားကို (၁၅) ရက်လောက်ရိုက်ခဲ့ရတော့ တော်တော်ဒုက္ခရောက်ပြီး မဖြစ်နိုင်တော့ဘူးလို့တောင်ထင်ခဲ့တာလေ။ အမှန်တကယ် ဇာတ်ကားလေး ထွက်တဲ့အခါကျတော့ ရီဟာဇယ်တွေရော၊ Reject တွေကြားထဲက ကောင်းတဲ့ ကဒ်လေးတွေကိုပဲ ယူပြီး ဆက်ထားတော့ Result က အရမ်းကောင်းသွားခဲ့ပြီး အဲဒီနောက်ပိုင်း အဆင်ပြေလာခဲ့တော့ ဆက်လုပ်ဖြစ်သွားခဲ့တာပါပဲ။ ပထမဦးဆုံး ရိုက်တဲ့ဇာတ်ကားဆိုရင် ကိုရန်အောင်က တော်တော်လေး လက်တွဲခေါ်ပေးခဲ့တယ်လေ။ အဲဒီတုန်းက ကျွန်မ ဆံပင်အတုတွေ ဘာတွေ မသုံးသေးဘူး။ ဆံပင်အစစ်ကိုပဲ သုံးတော့ ကိုယ့်ဆံပင်ကိုပဲ အာရုံရောက်နေတာပေါ့။ ပြောတဲ့ ဒိုင်ယာလော့ခ်တွေက သပ်သပ် ဆံပင်ကိုပဲ စဉ်းစားနေတာ။ အခု သရုပ်ဆောင်သက် (၂၁) နှစ်ထဲမှာ တကယ်ဆံပင်အစစ်နဲ့ သရုပ်ဆောင်တာ (၄) နှစ်လောက်ပဲ ရှိခဲ့တယ်။ ကျန်တာ (၁၆) နှစ်ကျော်ကျော်က ဆံပင်အမျိုးမျိုးစွပ်ပြီး သရုပ်ဆောင်ခဲ့တော့ ဆံပင်ပေါ်မှာ အာရုံမရှိတော့ဘူးလေ။

ဆံပင်အစစ်နဲ့ သရုပ်ဆောင်တဲ့ ခေတ်တွေတုန်းကဆိုရင် စိတ်ထဲမှာ အရမ်းခက်ခဲသလိုမျိုး ခံစားရတယ်။ စိတ်ထဲမှာ အနှောင့်အယှက် တစ်ခုခုဖြစ်နေရင် နောက်တစ်ခု ထည့်ရတာ ခက်တာမျိုးပေါ့။ ဦးကျော်ဟိန်းက သင်ပေးဖူးတယ်။ ဖန်ခွက်တစ်ခွက်ထဲမှာ ရေထည့်ထားလို့ ချဉ်ရင် နောက်ထပ် နို့ထည့်လို့လည်း မရဘူး။ ဆီထည့်လို့လည်း မရဘူး။ ရေကရေပဲတဲ့။ ရေသွန်ထားတဲ့ ဖန်ခွက်ထဲမှာ နောက်ထပ်ရေပဲ ထည့်ထည့်၊ ဆီပဲထည့်ထည့်၊ ကိုယ်ကြိုက်တာ ထည့်လို့ရတယ်လေ။ အဲဒီလိုမျိုးပဲ မခိုင်။ စိတ်ထဲမှာ ထည့်လို့ရအောင် အကုန်ရှင်းထားမှ ရမှာပေါ့။ အဲဒီဆံပင်ကို အာရုံစိုက်လို့ မရဘူးဆိုမှ ကျွန်မ သဘောပေါက်ခဲ့ရတာပေါ့။ ဦးကျော်ဟိန်းက အများကြီး သင်ပေးခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:  8Day
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top