ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

 ေနျပည္ေတာ္တပ္ကုန္း ၿမိဳ႕နယ္တြင္ အသက္ (၁၅)ႏွစ္အ ရြယ္မိန္းကေလးတစ္ဦးကုိ ယာတဲ ၌ ၁၀ ရက္ခန္႔ပိတ္ေလွာင္ထား ကာ သားမယားျပဳက်င့္သည့္ ပေထြးကုိ အလုပ္ႏွင့္ ေထာင္ဒဏ္ ၂၃ ႏွစ္ခ်မွတ္ခဲ့သည္။

၂၀၁၆ ေအာက္တိုဘာ ၃၀ ရက္က (၁၅)ႏွစ္အရြယ္ မိန္းက ေလးသည္ တပ္ကုန္းၿမိဳ႕နယ္ တရား႐ုံးတြင္ အမႈရင္ဆုိင္ေန ရသည့္ ခင္ပြန္းျဖစ္သူထံသြားရန္ သံပရာကုန္းေက်းရြာကားဂိတ္ တြင္ ကားေစာင့္ေနစဥ္ ပေထြးက လမ္းႀကံဳသည္ဆုိကာ ေခၚေဆာင္ခဲ့သည့္အမႈ ျဖစ္သည္။

‘‘လမ္းႀကံဳတယ္လုိက္ခဲ့ဆုိ ေတာ့ ေကာင္မေလးကလုိက္သြား တယ္။ ဆုိင္ကယ္က ခရမ္းစပ္ ကုန္းေက်းရြာကို ေမာင္းသြားၿပီး ယာတဲတစ္ခုထဲ၀င္တယ္။ေကာင္ မေလးကုိ ထြက္ေျပးရင္သတ္မယ္ ဆုိၿပီး ၁၀ ရက္ေလာက္ခ်ဳပ္ထား တယ္။ သားမယားအျဖစ္ ၁၁ႀကိမ္ျပဳက်င့္ခဲ့တယ္လုိ႔ သိရပါတယ္’’ ဟု တပ္ကုန္းၿမိဳ႕နယ္ရဲ တပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးက ေျပာသည္။

ျပစ္မႈက်ဴးလြန္သူ (၃၉)ႏွစ္ အရြယ္အမ်ိဳးသားကုိ ဒကၡိဏခ႐ုိင္ တရား႐ုံးက ၂၀၁၆ ဒီဇင္ဘာ ၁၂ ရက္တြင္ အမႈစတင္စစ္ေဆးခဲ့ၿပီး ရွစ္လေက်ာ္အၾကာ ဩဂုတ္ ၂၁ ရက္က အလုပ္ႏွင့္ေထာင္ဒဏ္ ၂၃ ႏွစ္ တေပါင္းတည္းက်ခံေစရန္ အမိန္႔ခ်မွတ္သည္။

ျပစ္မႈက်ဴးလြန္သူ တရားခံ စုိးၿငိမ္း(ခ)စုိးလြင္ကုိ ရာဇသတ္ ႀကီးပုဒ္မ ၃၃၄ အရ အလုပ္ႏွင့္ ေထာင္ဒဏ္သုံးႏွစ္၊ ရာဇသတ္ ႀကီးပုဒ္မ ၃၇၆ အရ အလုပ္ႏွင့္ ေထာင္ဒဏ္ ၂၀ ႏွစ္ တေပါင္း တည္းက်ခံေစရန္ အမိန္႔ခ်မွတ္ခဲ့ ျခင္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
 နေပြည်တော်တပ်ကုန်း မြို့နယ်တွင် အသက် (၁၅)နှစ်အ ရွယ်မိန်းကလေးတစ်ဦးကို ယာတဲ ၌ ၁၀ ရက်ခန့်ပိတ်လှောင်ထား ကာ သားမယားပြုကျင့်သည့် ပထွေးကို အလုပ်နှင့် ထောင်ဒဏ် ၂၃ နှစ်ချမှတ်ခဲ့သည်။

၂၀၁၆ အောက်တိုဘာ ၃၀ ရက်က (၁၅)နှစ်အရွယ် မိန်းက လေးသည် တပ်ကုန်းမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေ ရသည့် ခင်ပွန်းဖြစ်သူထံသွားရန် သံပရာကုန်းကျေးရွာကားဂိတ် တွင် ကားစောင့်နေစဉ် ပထွေးက လမ်းကြုံသည်ဆိုကာ ခေါ်ဆောင်ခဲ့သည့်အမှု ဖြစ်သည်။

‘‘လမ်းကြုံတယ်လိုက်ခဲ့ဆို တော့ ကောင်မလေးကလိုက်သွား တယ်။ ဆိုင်ကယ်က ခရမ်းစပ် ကုန်းကျေးရွာကို မောင်းသွားပြီး ယာတဲတစ်ခုထဲဝင်တယ်။ကောင် မလေးကို ထွက်ပြေးရင်သတ်မယ် ဆိုပြီး ၁၀ ရက်လောက်ချုပ်ထား တယ်။ သားမယားအဖြစ် ၁၁ကြိမ်ပြုကျင့်ခဲ့တယ်လို့ သိရပါတယ်’’ ဟု တပ်ကုန်းမြို့နယ်ရဲ တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ပြစ်မှုကျူးလွန်သူ (၃၉)နှစ် အရွယ်အမျိုးသားကို ဒက္ခိဏခရိုင် တရားရုံးက ၂၀၁၆ ဒီဇင်ဘာ ၁၂ ရက်တွင် အမှုစတင်စစ်ဆေးခဲ့ပြီး ရှစ်လကျော်အကြာ ဩဂုတ် ၂၁ ရက်က အလုပ်နှင့်ထောင်ဒဏ် ၂၃ နှစ် တပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်သည်။

ပြစ်မှုကျူးလွန်သူ တရားခံ စိုးငြိမ်း(ခ)စိုးလွင်ကို ရာဇသတ် ကြီးပုဒ်မ ၃၃၄ အရ အလုပ်နှင့် ထောင်ဒဏ်သုံးနှစ်၊ ရာဇသတ် ကြီးပုဒ်မ ၃၇၆ အရ အလုပ်နှင့် ထောင်ဒဏ် ၂၀ နှစ် တပေါင်း တည်းကျခံစေရန် အမိန့်ချမှတ်ခဲ့ ခြင်းဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top