လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

စစ္ကိုင္းပညာေရးတကၠသိုလ္ႏွင့္ ေကာလိပ္ သင္တန္းဆင္းေက်ာင္းသား၊ ေက်ာင္းသူမ်ားက ဆရာခန္႔ထားေရးဆိုင္ရာ ေတာင္းဆိုခ်က္မ်ားကို ပညာေရးဝန္ႀကီးဌာနက ေတြ႕ဆံုညႇိႏႈိင္းရန္ အေၾကာင္းမျပန္သျဖင့္ မႏၲေလးၿမိဳ႕တြင္ ယမန္ေန႔ကဆႏၵထုတ္ေဖာ္ေနၾကစဥ္ (ဓာတ္ပံု − ၿဖိဳးၿဖိဳးေဇာ္)

ရန္ကုန္ႏွင့္ စစ္ကုိင္းပညာေရးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢတို႔က ေတာင္းဆုိထားေသာ ဆရာခန္႔ထားေရးဆိုင္ရာေတာင္းဆုိခ်က္မ်ားကို ပညာ ေရး၀န္ႀကီးဌာနက ေတြ႕ဆံုညိႇႏိႈင္းရန္ အေၾကာင္းျပန္ ျခင္းမရွိသျဖင့္ ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕မ်ားတြင္ ပညာ ေရးတကၠသိုလ္ႏွင့္ ပညာေရးေကာလိပ္ ေက်ာင္းသား၊ ေက်ာင္းသူ ၃၀၀ ေက်ာ္ ဖဲႀကိဳးစိမ္းရင္ထိုးမ်ား တပ္ဆင္ကာ ဆႏၵေဖာ္ထုတ္ခဲ့သည္။

 စစ္ကုိင္းပညာေရးတကၠ သိုလ္၊ စစ္ကိုင္းပညာေရးေကာ လိပ္မွ သင္တန္းဆင္း ေက်ာင္း သား၊ ေက်ာင္းသူ ၃၀၀ သည္ မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕ နယ္ လမ္း ၈၀၊ ၃၂ လမ္းကစတင္ ၍ လမ္း ၈၀၊ ၂၇ လမ္းကိုပတ္ကာ နံနက္ ၉ နာရီမွ ၁၁ နာရီအထိ စီ တန္းလွည့္လည္ ဆႏၵထုတ္ေဖာ္ ခဲ့သည္။

ရန္ကုန္ၿမိဳ႕တြင္လည္း ဆရာ ခန္႔ထားေရးမူမ်ား ပြင့္လင္းျမင္ သာစြာေပၚထြက္ေရးႏွင့္ ေက်ာင္း သားမ်ား၏ ေတာင္းဆုိခ်က္ သံုး ခ်က္ကို ျဖည့္ဆည္းေပးရန္ ရန္ကုန္ ပညာေရးတကၠသိုလ္မွ ေက်ာင္းသား၊ ေက်ာင္းသူ အင္ အား ၂၀ ေက်ာ္က ခ်ီတက္ဆႏၵ ထုတ္ေဖာ္ခဲ့သည္။

ျပည္လမ္း စိုက္ပ်ိဳးေရးမွတ္ တိုင္မွ ျပည္လမ္းအတုိင္း လွည္း တန္းမီးပိြဳင့္အထိ၊ လွည္းတန္းမီး ပိြဳင့္မွ တကၠသိုလ္ရိပ္သာလမ္းအတိုင္း စာတိုက္၀င္းေရွ႕အထိလမ္းေလွ်ာက္ ဆႏၵထုတ္ေဖာ္ခဲ့ ျခင္းျဖစ္သည္။

‘‘ကြၽန္ေတာ္တို႔ ေတာင္းဆုိ ထားတဲ့ အခ်က္သံုးခ်က္ကို ၀န္ ႀကီးဌာနက တရား၀င္အေၾကာင္း မျပန္ေသးဘူး။ ေတာင္းဆိုခ်က္ သံုးခ်က္လံုးလည္း အျပည့့္အ၀မ ရေသးဘူး။ အဓိကက ဆရာခန္႔ ထားေရး မူေဘာင္ပြင့္လင္းျမင္ သာမႈရွိစြာ ေပၚေပါက္လာဖို႔ ကြၽန္ ေတာ္တုိ႔ ေတာင္းဆုိတယ္။ ၀န္ ႀကီးဌာနက တာ၀န္ရွိသူေတြအေန နဲ႔ ကြၽန္ေတာ္တုိ႔နဲ႔ ေတြ႕ဆံုညိႇႏိႈင္းဖို႔ ေတာင္းဆုိတယ္’’ဟု ရန္ကုန္ ပညာေရးတကၠသိုလ္ ေက်ာင္း သားမ်ားသမဂၢ ဥကၠ႒ ကုိစိုးသူရ ေက်ာ္က ေျပာသည္။

ဆရာအတတ္သင္ သင္ တန္းဆင္းမ်ား လုပ္ငန္းခြင္၀င္ ေရာက္ရမည့္ရက္ကို တရား၀င္ အတိအက် ထုတ္ျပန္ေပးရန္၊ ယင္းေႏွာင့္ေႏွးမႈမ်ားေၾကာင့္ ၀န္ ထမ္းလုပ္သက္ နစ္နာသူမ်ားကုိ ယခုပညာသင္ႏွစ္ (၂၀၁၇-၁၈) အစမွ ခန္႔ထားသည့္ေန႔အထိ ၀န္ ထမ္းလုပ္သက္ ထည့္ေပါင္းေပး ရန္ႏွင့္ လာမည့္ပညာသင္ႏွစ္က စ၍ သင္တန္းဆင္းမ်ားကုိ လုပ္ ငန္းခြင္၀င္ေရာက္ႏုိင္ေရး အခ်ိန္မီ ေဆာင္ရြက္ေပးရန္ အခ်က္သံုး ခ်က္ကို ယင္းေက်ာင္းသားမ်ား သမဂၢမ်ားက ဇူလိုင္ ၂၁ ရက္တြင္ ပညာေရး၀န္ႀကီးဌာနသို႔ ေတာင္း ဆုိခဲ့သည္။

‘‘ဆရာ၊ ဆရာမခန္႔ထားမႈ ေနာက္က်တဲ့အတြက္ ပညာသင္ ယူေနရတဲ့ ေက်ာင္းသားေတြ နစ္ နာရတယ္။ ေက်ာင္းအုပ္ေတြ လည္း အခက္ႀကံဳရမယ္။ လက္ရွိ သင္ၾကားေပးေနရတဲ့ လုပ္ငန္းခြင္ က ဆရာ၊ ဆရာမေတြအတြက္ လည္း ၀န္ထုပ္၀န္ပိုး ျဖစ္ေစပါ တယ္’’ဟု ဆႏၵထုတ္ေဖာ္မႈတြင္ ပါ၀င္ခဲ့သည့္ ရန္ကုန္ပညာေရး တကၠသိုလ္မွ ဖဲႀကိဳးစိမ္းလႈပ္ရွားမႈ ဦးေဆာင္ေကာ္မတီ၀င္ ကိုေနာင္ထက္ေအာင္ကေျပာသည္။

‘‘ကြၽန္ေတာ္တုိ႔က လမ္းေပၚ မထြက္ခ်င္ပါဘူး။ ကြၽန္ေတာ္တို႔ ဘက္က ညိႇႏိႈင္းပါတယ္။ ဒါေပမဲ့ ဘာမွ လုပ္ေဆာင္ေပးျခင္းမရွိတဲ့ အတြက္ အခုလို ဆႏၵေဖာ္ထုတ္ရျခင္း ျဖစ္ပါတယ္’’ဟု ဆႏၵျပ ေက်ာင္းသားတစ္ဦးက ေျပာၾကား သည္။

 ေႂကြးေၾကာ္ခ်က္မ်ားတြင္ ‘ဆရာခန္႔ထားေရး မူေဘာင္ရရွိ ေရး၊ ေတာင္းဆုိခ်က္သံုးခ်က္ အ ျပည့္အ၀ရရွိေရး၊ ပြင့္လင္းျမင္ သာမႈမရွိေသာ ဆရာခန္႔ထားေရး စနစ္အလိုမရွိ၊ တရားမွ်တမႈမရွိ ေသာ ဆရာခန္႔ထားေရးစနစ္ အ လိုမရွိ’ စသည္တို႔ကို ေတာင္းဆုိ ဆႏၵေဖာ္ထုတ္ခဲ့သည္။ ၎တို႔ အတြက္ မူ၀ါဒတစ္ခုေတာင္းဆုိ ေနျခင္းျဖစ္ၿပီး လႊတ္ေတာ္အထိ ေရာက္ေအာင္ ေတာင္းဆုိမည္ဟု ဆႏၵျပ ဦးေဆာင္ေက်ာင္းသား တစ္ဦးက ေျပာသည္။

‘‘ပညာေရးေကာလိပ္ ဖြင့္ တယ္ဆုိတာ လက္ရွိအေျခခံမွာ ဆရာ၊ ဆရာမေတြ ခန္႔ထားဖို႔အ တြက္ ဖြင့္ထားတာ။ ဒါေပမဲ့ ကြၽန္ ေတာ္တို႔ကို ခန္႔ထားဖို႔ ဘတ္ဂ်က္ မရွိတဲ့ စကားကို အေျခခံပညာဦး စီးဌာနရဲ႕ ေခတၱၫႊန္ၾကားေရးမွဴး ခ်ဳပ္က ေျပာလိုက္ပါတယ္’’ဟု ဆႏၵျပ ေက်ာင္းသားတစ္ဦးက ေျပာသည္။

သို႔ေသာ္ ယမန္ေန႔ညတြင္ ထပ္မံရရွိေသာ သတင္းမ်ားအရ ဆႏၵထုတ္ေဖာ္မႈမ်ားအၿပီး ၾသ ဂုတ္ ၆ ရက္ ညေနတြင္ ပညာေရးဝန္ႀကီးဌာနက ပညာေရးတကၠသိုလ္ေက်ာင္းသားမ်ား သမဂၢ ကိုယ္စားလွယ္မ်ားပါဝင္ေသာ ဖဲ ႀကိဳးစိမ္းလႈပ္ရွားမႈ ဦးေဆာင္ေကာ္မတီႏွင့္ တရားဝင္ ေတြ႕ဆံုညႇိႏႈိင္းမည္ဟု ကမ္းလွမ္းခဲ့ ေၾကာင္း စစ္ကိုင္းပညာေရးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢမွ ကိုၿဖိဳးသူေက်ာ္ကေျပာသည္။

ကမ္းလွမ္းခ်က္အရ ပညာ ေရးဝန္ႀကီးဌာန၊ အဆင့္ျမင့္ပညာ ဦးစီးဌာန၊ အေျခခံပညာဦးစီးဌာန ၫႊန္ခ်ဳပ္္မ်ား၊ ျမန္မာႏိုင္ငံလံုး ဆိုင္ရာ ဆရာ၊ ဆရာမမ်ားအဖြဲ႕ ခ်ဳပ္ဥကၠ႒တို႔ ပါဝင္ေသာ အဖြဲ႕ႏွင့္ ဖဲႀကိဳးစိမ္းလႈပ္ရွားမႈ ဦးေဆာင္ ေကာ္မတီတို႔သည္ စစ္ကိုင္းပညာ ေရးတကၠသိုလ္တြင္ ၾသဂုတ္ ၇ ရက္၌ ေတြ႕ဆံုၿပီး ေတာင္းဆိုခ်က္ မ်ား ညႇိႏႈိင္းမည္ဟု ၎က ဆက္ လက္ေျပာသည္။

ၾသဂုတ္ ၃ ရက္တြင္ ပညာေရး၀န္ႀကီးဌာနက သင္တန္းဆင္းတစ္ေသာင္းေက်ာ္္ကုိ အေျခခံ ပညာေက်ာင္းမ်ား၌ ခန္႔အပ္ ေၾကာင္း အမိန္႔စာမ်ား ထုတ္ျပန္ခဲ့သည္။ ထို႔အျပင္ ပညာေရး၀န္ထမ္းမ်ား ရာထူးတိုး ခန္႔ထားမႈ တန္းတူညီမွ်မရွိျခင္းႏွင့္ ပတ္သက္၍ ၿပီးခဲ့သည့္ရက္အတြင္းက တကၠသိုလ္အခ်ိဳ႕တြင္ ဖဲႀကိဳးျပာႏွင့္ ဖဲႀကိဳးစိမ္း လႈပ္ရွားမႈမ်ား ျပဳလုပ္ခဲ့သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် ကောလိပ် သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူများက ဆရာခန့်ထားရေးဆိုင်ရာ တောင်းဆိုချက်များကို ပညာရေးဝန်ကြီးဌာနက တွေ့ဆုံညှိနှိုင်းရန် အကြောင်းမပြန်သဖြင့် မန္တလေးမြို့တွင် ယမန်နေ့ကဆန္ဒထုတ်ဖော်နေကြစဉ် (ဓာတ်ပုံ − ဖြိုးဖြိုးဇော်)

ရန်ကုန်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့က တောင်းဆိုထားသော ဆရာခန့်ထားရေးဆိုင်ရာတောင်းဆိုချက်များကို ပညာ ရေးဝန်ကြီးဌာနက တွေ့ဆုံညှိနှိုင်းရန် အကြောင်းပြန် ခြင်းမရှိသဖြင့် ရန်ကုန်နှင့် မန္တလေးမြို့များတွင် ပညာ ရေးတက္ကသိုလ်နှင့် ပညာရေးကောလိပ် ကျောင်းသား၊ ကျောင်းသူ ၃၀၀ ကျော် ဖဲကြိုးစိမ်းရင်ထိုးများ တပ်ဆင်ကာ ဆန္ဒဖော်ထုတ်ခဲ့သည်။

 စစ်ကိုင်းပညာရေးတက္က သိုလ်၊ စစ်ကိုင်းပညာရေးကော လိပ်မှ သင်တန်းဆင်း ကျောင်း သား၊ ကျောင်းသူ ၃၀၀ သည် မန္တလေးမြို့ ချမ်းအေးသာစံမြို့ နယ် လမ်း ၈၀၊ ၃၂ လမ်းကစတင် ၍ လမ်း ၈၀၊ ၂၇ လမ်းကိုပတ်ကာ နံနက် ၉ နာရီမှ ၁၁ နာရီအထိ စီ တန်းလှည့်လည် ဆန္ဒထုတ်ဖော် ခဲ့သည်။

ရန်ကုန်မြို့တွင်လည်း ဆရာ ခန့်ထားရေးမူများ ပွင့်လင်းမြင် သာစွာပေါ်ထွက်ရေးနှင့် ကျောင်း သားများ၏ တောင်းဆိုချက် သုံး ချက်ကို ဖြည့်ဆည်းပေးရန် ရန်ကုန် ပညာရေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ အင် အား ၂၀ ကျော်က ချီတက်ဆန္ဒ ထုတ်ဖော်ခဲ့သည်။

ပြည်လမ်း စိုက်ပျိုးရေးမှတ် တိုင်မှ ပြည်လမ်းအတိုင်း လှည်း တန်းမီးပွိုင့်အထိ၊ လှည်းတန်းမီး ပွိုင့်မှ တက္ကသိုလ်ရိပ်သာလမ်းအတိုင်း စာတိုက်ဝင်းရှေ့အထိလမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ ခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့ တောင်းဆို ထားတဲ့ အချက်သုံးချက်ကို ဝန် ကြီးဌာနက တရားဝင်အကြောင်း မပြန်သေးဘူး။ တောင်းဆိုချက် သုံးချက်လုံးလည်း အပြည့့်အဝမ ရသေးဘူး။ အဓိကက ဆရာခန့် ထားရေး မူဘောင်ပွင့်လင်းမြင် သာမှုရှိစွာ ပေါ်ပေါက်လာဖို့ ကျွန် တော်တို့ တောင်းဆိုတယ်။ ဝန် ကြီးဌာနက တာဝန်ရှိသူတွေအနေ နဲ့ ကျွန်တော်တို့နဲ့ တွေ့ဆုံညှိနှိုင်းဖို့ တောင်းဆိုတယ်’’ဟု ရန်ကုန် ပညာရေးတက္ကသိုလ် ကျောင်း သားများသမဂ္ဂ ဥက္ကဋ္ဌ ကိုစိုးသူရ ကျော်က ပြောသည်။

ဆရာအတတ်သင် သင် တန်းဆင်းများ လုပ်ငန်းခွင်ဝင် ရောက်ရမည့်ရက်ကို တရားဝင် အတိအကျ ထုတ်ပြန်ပေးရန်၊ ယင်းနှောင့်နှေးမှုများကြောင့် ဝန် ထမ်းလုပ်သက် နစ်နာသူများကို ယခုပညာသင်နှစ် (၂၀၁၇-၁၈) အစမှ ခန့်ထားသည့်နေ့အထိ ဝန် ထမ်းလုပ်သက် ထည့်ပေါင်းပေး ရန်နှင့် လာမည့်ပညာသင်နှစ်က စ၍ သင်တန်းဆင်းများကို လုပ် ငန်းခွင်ဝင်ရောက်နိုင်ရေး အချိန်မီ ဆောင်ရွက်ပေးရန် အချက်သုံး ချက်ကို ယင်းကျောင်းသားများ သမဂ္ဂများက ဇူလိုင် ၂၁ ရက်တွင် ပညာရေးဝန်ကြီးဌာနသို့ တောင်း ဆိုခဲ့သည်။

‘‘ဆရာ၊ ဆရာမခန့်ထားမှု နောက်ကျတဲ့အတွက် ပညာသင် ယူနေရတဲ့ ကျောင်းသားတွေ နစ် နာရတယ်။ ကျောင်းအုပ်တွေ လည်း အခက်ကြုံရမယ်။ လက်ရှိ သင်ကြားပေးနေရတဲ့ လုပ်ငန်းခွင် က ဆရာ၊ ဆရာမတွေအတွက် လည်း ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါ တယ်’’ဟု ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သည့် ရန်ကုန်ပညာရေး တက္ကသိုလ်မှ ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုနောင်ထက်အောင်ကပြောသည်။

‘‘ကျွန်တော်တို့က လမ်းပေါ် မထွက်ချင်ပါဘူး။ ကျွန်တော်တို့ ဘက်က ညှိနှိုင်းပါတယ်။ ဒါပေမဲ့ ဘာမှ လုပ်ဆောင်ပေးခြင်းမရှိတဲ့ အတွက် အခုလို ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ပါတယ်’’ဟု ဆန္ဒပြ ကျောင်းသားတစ်ဦးက ပြောကြား သည်။

 ကြွေးကြော်ချက်များတွင် ‘ဆရာခန့်ထားရေး မူဘောင်ရရှိ ရေး၊ တောင်းဆိုချက်သုံးချက် အ ပြည့်အဝရရှိရေး၊ ပွင့်လင်းမြင် သာမှုမရှိသော ဆရာခန့်ထားရေး စနစ်အလိုမရှိ၊ တရားမျှတမှုမရှိ သော ဆရာခန့်ထားရေးစနစ် အ လိုမရှိ’ စသည်တို့ကို တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့သည်။ ၎င်းတို့ အတွက် မူဝါဒတစ်ခုတောင်းဆို နေခြင်းဖြစ်ပြီး လွှတ်တော်အထိ ရောက်အောင် တောင်းဆိုမည်ဟု ဆန္ဒပြ ဦးဆောင်ကျောင်းသား တစ်ဦးက ပြောသည်။

‘‘ပညာရေးကောလိပ် ဖွင့် တယ်ဆိုတာ လက်ရှိအခြေခံမှာ ဆရာ၊ ဆရာမတွေ ခန့်ထားဖို့အ တွက် ဖွင့်ထားတာ။ ဒါပေမဲ့ ကျွန် တော်တို့ကို ခန့်ထားဖို့ ဘတ်ဂျက် မရှိတဲ့ စကားကို အခြေခံပညာဦး စီးဌာနရဲ့ ခေတ္တညွှန်ကြားရေးမှူး ချုပ်က ပြောလိုက်ပါတယ်’’ဟု ဆန္ဒပြ ကျောင်းသားတစ်ဦးက ပြောသည်။

သို့သော် ယမန်နေ့ညတွင် ထပ်မံရရှိသော သတင်းများအရ ဆန္ဒထုတ်ဖော်မှုများအပြီး သြ ဂုတ် ၆ ရက် ညနေတွင် ပညာရေးဝန်ကြီးဌာနက ပညာရေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ကိုယ်စားလှယ်များပါဝင်သော ဖဲ ကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီနှင့် တရားဝင် တွေ့ဆုံညှိနှိုင်းမည်ဟု ကမ်းလှမ်းခဲ့ ကြောင်း စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကိုဖြိုးသူကျော်ကပြောသည်။

ကမ်းလှမ်းချက်အရ ပညာ ရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန ညွှန်ချုပ်များ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ ချုပ်ဥက္ကဋ္ဌတို့ ပါဝင်သော အဖွဲ့နှင့် ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင် ကော်မတီတို့သည် စစ်ကိုင်းပညာ ရေးတက္ကသိုလ်တွင် သြဂုတ် ၇ ရက်၌ တွေ့ဆုံပြီး တောင်းဆိုချက် များ ညှိနှိုင်းမည်ဟု ၎င်းက ဆက် လက်ပြောသည်။

သြဂုတ် ၃ ရက်တွင် ပညာရေးဝန်ကြီးဌာနက သင်တန်းဆင်းတစ်သောင်းကျော်ကို အခြေခံ ပညာကျောင်းများ၌ ခန့်အပ် ကြောင်း အမိန့်စာများ ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ပညာရေးဝန်ထမ်းများ ရာထူးတိုး ခန့်ထားမှု တန်းတူညီမျှမရှိခြင်းနှင့် ပတ်သက်၍ ပြီးခဲ့သည့်ရက်အတွင်းက တက္ကသိုလ်အချို့တွင် ဖဲကြိုးပြာနှင့် ဖဲကြိုးစိမ်း လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top