ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

အေရျပားေပၚမွာ ရွိတတ္တဲ႔ အမာရြတ္ေလးေတြကုိ စိတ္ပ်က္ေနတဲ႔သူမ်ားအတြက္ပါ။ စိတ္ပ်က္မယ္ ဆိုလဲပ်က္စရာပဲေလ။ တခါတေလ ေျခသလံုးသားအလွအပေလး ျပခ်င္ရင္ ဒီအမာရြတ္ေတြေၾကာင္႔ စိတ္ပ်က္အားငယ္စရာေလးေတြ ျဖစ္တတ္ပါတယ္။

အားလုံး ရာႏႈန္းျပည္႔ေပ်ာက္ေအာင္ မစြမ္းေဆာင္နိုင္ေပမဲ႔လည္း သိသိသာသာ ေလွ်ာ႔ပါးသြားနိုင္ေအာင္ျပဳလုပ္ေပးနုိင္ေသာ အမာရြတ္ေဖ်ာက္ေပးတဲ႔ ခရင္ေတြ၊ ဂ်ယ္လီေတြ၊ ေဆးေတြနဲ႔ မီးဖိုေခ်ာင္သံုးေဆးဝါးေတြအစရွိသျဖင္႔ အမ်ိဳးမ်ိဳးရွိၾကပါတယ္။

အမာရြတ္ျဖစ္ေပၚလာရတဲ႔ အေၾကာင္းအရင္းအမ်ိဳးမ်ိဳးရွိတဲ႔အထဲက မီးေလာင္၊ ခြဲစိတ္၊ ထိခိုက္ဒါဏ္ရာ၊ ေရေၾကာက္၊ ဝက္ျခံအမာရြတ္ေလးမ်ားနွင္႔ အင္းဆက္ေၾကာင္႔ ျဖစ္ေပၚေသာ အမာရြတ္မ်ားကုိ ေအာက္ပါနည္းမ်ားျဖင္႔ ေငြကုန္ေၾကးက်မ်ားစရာမလိုပဲ ကုစားနိုင္ပါတယ္။

(၁) ဗိုက္တာမင္အီး

ႏွစ္ေပါင္းအတန္ၾကာကပင္ ဗိုက္တာမင္အီးကုိ က်န္းမာေရးဆိုင္ရာမ်ားႏွင္႔ အလွအပဆိုင္ရာ ေဆာင္႔ေရွာက္မႈမ်ားအတြက္ အက်ိဴးထိေရာက္မႈရွိစြာ ယေန႔ထိတိုင္သံုးစြဲေနၾကဆဲျဖစ္ပါတယ္။ လည္းေကာင္းတြင္ ပါဝင္ေသာ အလြန္အစြမ္းထက္သည္႔ အန္တီေအက္ဆီဒန္႔ႏွင္႔ အသားအေရ စိုေျပေစရန္ ထိန္းသိမ္းေပးသည္႔ဓါတ္က အေရျပားနွင္႔ ပ်က္ဆီးေနေသာ တစ္ရႈးမ်ားကုိ ျပန္လည္ျပင္ဆင္ေပးသည္။

ဗိုက္တာမင္အီး ေဆးေတာင္႔ကုိ ေသာက္နိုင္သည္ သို႔မဟုတ္ ပင္အပ္ေလးနွင္႔ ေပါက္ေအာင္ ေဖါက္လိုက္ၿပီး အမာရြတ္ေပၚသုိ႔ တိုက္ရိုက္သုတ္လိမ္းေပးနိုင္သည္။ အခ်ိဳ႕ အခ်ိဳ႕ေသာလူမ်ားတြင္ အေရျပားနွင္႔ ထိသည္႔အခါ မတည္႔သည္႔အတြက္ အေရျပားေရာင္အန္းနာက်င္ျခင္း ျဖစ္တတ္သည္႔ အတြက္ အကုန္အသံုးမျပဳခင္ အပ္နွင္႔ေဖါက္ၿပီး အနည္းငယ္ကုိ အေရၿပားေပၚတြင္ အစက္ကေလးခ်၍ စမ္းသပ္ၾကည္႔ပါ။

(၂) Cocoa Butter

ဒါကလဲ အလြယ္တကူဝယ္ယူသံုးစြဲနိုင္တဲ႔ ပစၥည္းပါ။ အေရျပား၏ အေပၚလြာႏွင္႔ အလယ္လြာတို႔ကုိ ေပ်ာ႔ေျပာင္းေစ၍ အသားအေရ စိုေျပေအာင္လုပ္ေပးျခင္းျဖင္႔ အမာရြတ္မ်ားကုိ ေလွ်ာ႔ခ်ေပးနိင္ၿပီး တခ်ိန္ထဲမွာပင္ အေရျပားမ်က္နွာျပင္ကုိ ေခ်ေမြ႔ေတာက္ေျပာင္ေစသည္႔ သဘာဝ ထုတ္ကုန္တမ်ိဳးျဖစ္ပါတယ္။ ကုိကုိးစစ္စစ္ သို႔မဟုတ္ Cocoa Butter ပါဝင္သည္႔ လိုးရွင္းကုိ တေန႔လွ်င္ ၂ၾကိမ္မွ ၄ၾကိမ္အထိ သုတ္လိမ္း အသံုးျပဳနိုင္သည္။

လိမ္းတဲ႔အခ်ိန္မွာ ပုိမိုအက်ိဳးသက္ေရာက္မႈရွိေစရန္ အတြက္ အေရျပားေပၚတြင္ စက္ဝိုင္းပံု လွည္႔လည္၍ အားလံုးအေရျပားထဲကုိ စိမ္႔ဝင္သြားေစရန္ ဂရုစိုက္၍ လိမ္းရမည္။ Cocoa Butter ဟာ အမာရြတ္အေဟာင္းေတြထက္စာရင္ အသစ္ေတြေပၚမွာလိမ္းတာ ပုိအက်ိဳးသက္ေရာက္တာ ေတြ႔ရေပမဲ႔ ဘယ္လိုပဲျဖစ္ျဖစ္ လိမ္းၿပီးရင္ တိုးတက္မႈကုိ တနည္းနည္းျဖင္႔ ေတြ႔နိုင္ပါတယ္။

(၃) သံပုရာရည္

စြယ္စံုသံုးလို႔ရတဲ႔ အိမ္သံုးေဆးဝါးတခုျဖစ္တဲ႔ သံပုရာသီးရဲ႕ အရည္ကလဲ အမာရြတ္ကုိ ေပ်ာက္ကင္းနုိင္ပါတယ္။ အနီေရာင္အမာရြတ္ကုိ တျဖည္းျဖည္း အေရာင္ေဖ်ာ႔လာေအာင္ လုပ္ေပးရင္းနဲ႔ ေသေနေသာ ဆဲလ္မ်ားကုိဖယ္ထုတ္ကာ အသစ္ျပန္လည္ေမြးဖြားေအာင္ လုပ္ေဆာင္ေပးသည္။ ဒါေပမဲ႔ အခ်ိဳ႕အေရျပား အထူးကုမ်ားကေတာ႔ သံပုရာရည္ဟာ အရည္ျပားကုိ ေျခာက္ေသြ႔ၿပီး ၾကမ္းတမ္းေစတယ္။ အမာရြတ္ကုိ သံပုရာရည္ဟာ ေပ်ာက္ကင္းေစနိုင္တယ္္ဆိုတာကုိ သိပၸံနည္္းက်နည္းလမ္းမ်ားျဖင္႔ သက္ေသမျပနိုင္ေသးဖူးလို႔ ေျပာၾကပါတယ္။

တကယ္လို႔ သံပုရာရည္ကုိ အမာရြတ္အတြက္ အသံုးျပဳေတာ႔မယ္လို႔ ဆံုးျဖတ္ထားရင္ ပထမဆံုး အေနနဲ႔ အမာရြတ္ေပၚကုိ သံပုရာသီးစိတ္ေလးက အရည္ကုိ တိုက္ရိုက္ညွစ္ခ်လိုက္ပါ။ ၿပီးရင္ တည သို႔မဟုတ္ နာရီမ်ားစြာ ၾကာေအာင္ထားလိုက္ပါ။ တေန႔ကုိ တၾကိမ္ထက္ ပို႔၍ အသံုးမျပဳပါနဲ႔။
သံပုရာရည္သီးသန္႔အသံုးျပဳလို႔ စူးတယ္၊ စပ္တယ္ဆိုရင္ အသံုးမျပဳခင္မွာ ေရအနည္းငယ္ေရာစပ္၍ လည္းေကာင္း သခြားသီး အရည္ျဖင္႔ ေရာစပ္၍လည္းေကာင္း အမာရြတ္ေပၚမွာ မလိမ္းခင္ ေရာစပ္နိုင္ပါတယ္။

(၄) ရွားေစာင္း လက္ပတ္

အေရျပားက်န္းမာေရးအတြက္ ရွားေစာင္း လက္ပတ္အႏွစ္ဟာ အမ်ားၾကီး အသံုးဝင္သလို နာမည္လဲၾကီးပါတယ္။ မီးေလာင္ဒါဏ္ရာမ်ားနွင္႔ အမာရြတ္မ်ားအတြက္ အသံုးျပဳနိုင္သည္။ ကြဲဟေနေသာ အေရျပားဒါဏ္ရာမ်ားကုိ အသံုးျပဳရန္ မသင္႔ေတာ္ေသာ္လဲ လည္းေကာင္းတြင္ပါဝင္ေသာ ေရာင္ရမ္းျခင္းႏွင္႔ ဘက္တီးရီးယားမ်ားကုိ ကာကြယ္ေပးသည္႔အတြက္ေၾကာင္႔ ေလာေလာလတ္လတ္ ျဖစ္ေပၚလာေသာ အမာရြတ္မာ်းကုိ ပုိမိုအက်ိဳးသက္ေရာက္သည္။ အေရျပားေဝဒနာကုိ သက္သာေစၿပီး အေရျပားသစ္ ျဖစ္ေပၚလာေစရန္ အားေပးျခင္းျဖင္႔ အမာရြတ္ကုိ သက္သာေစသည္။

အသံုးျပဳရန္အတြက္ကေတာ႔ ရွားေစာင္းလက္ပတ္ အႏွစ္ကုိ အမာရြတ္ေပၚမွာ စက္ဝိုင္းပံု လွည္႔၍ အေရျပားတြင္းဝင္ေအာင္ လိမ္းပါ။ တေန႔လွ်င္ ၄ၾကိမ္အထိသုတ္လိမ္းနိုင္ပါသည္။ တကယ္လို႔ ရွားေစာင္းလက္ပတ္ကုိ ရွာေဖြလို႔ မလြယ္ရင္ေတာ႔ လည္းေကာင္းပါဝင္ေသာ ခရင္၊ လိုးရွင္းမ်ားကုိ လိမ္းျခင္းျဖင္႔ တူညီေသာ အက်ိဳးကုိ ရရွိနိုင္ပါတယ္။

(၅) သံလြင္ဆီ

သံလြင္ဆီဟာလဲ အမာရြတ္မ်ားကုိ ေပ်ာက္ကင္းေစနိုင္တဲ႔ သဘာဝေဆးတလက္ျဖစ္ပါတယ္။ သံလြင္ဆီမ်ိဳးကြဲမ်ားထဲမွ Extra Virgin သံလြင္ဆီကုိ ပုိၿပီးအသံုးျပဳနိုင္ရင္ သူ႔မွာပါဝင္တဲ႔ အက္ဆစ္ဓါတ္ၾကြယ္ဝမႈ၊ ဗိုက္တာမင္ အီးနွင္႔ ေကတို႔က အျခားေသာသံလြင္ဆီတို႔ထက္ ပုိမိုပါဝင္တဲ႔အတြက္ အေကာင္းမြန္ဆံုး ရလဒ္ကုိ ရရွိနိုင္ပါတယ္။ ပါဝင္ေသာ အက္ဆစ္ဓါတ္ဟာ ဆဲလ္ေသမ်ားကုိ ဖယ္ရွားေပးစဥ္မွာပဲ အမာရြတ္တစ္ရႈးမ်ားကုိ ေပွ်ာ႔ေျပာင္းေစကာ အသားအေရ စိုေျပေစသည္။

သံလြင္ဆီ လက္ဘက္ရည္ဇြန္း တဇြန္းခန္႔ကုိ အမာရြတ္ေပၚတြင္ သုတ္လိမ္းၿပီး စက္ဝိုင္းပံု အေရျပားထဲသို႔ စိမ္႔ဝင္သည္အထိ လိမ္းပါ။ မုန္႔ဖုတ္ ဆိုဒါ (Baking Soda) ႏွင္႔ ဆတူေရာစပ္၍ အေရျပားေပၚရွိ ဂ်ီး(ေၾကးေညွာ္) မ်ားကုိ တိုက္ခြ်တ္နိုင္သည္။ ၿပီးပါက ေရေႏြးေႏြးနွင္႔ ေဆးေၾကာပါ။

(၆) သခြားသီး

အမာရြတ္ တစ္ရႈးမ်ားကုိ ျဖိဳခြဲရန္ အေကာင္းဆံုး နဲ႔စိတ္အခ်ရဆံုး သဘာဝ ေဆးကေတာ႔ သခြားသီးျဖစ္ပါတယ္။ ေရာင္ရမ္းေနေသာ အေရျပားတဝိုက္ကုိ ေျပေလွ်ာ႔ေစၿပီး ေအးျမမႈကုိေပးပါတယ္။ သူကလဲ အမာရြတ္အေဟာင္းမာ်းထက္စာရင္ လတ္လတ္ဆတ္ဆတ္ အမာရြတ္မ်ားကုိ ပုိမိုထိေရာက္ပါတယ္။

အခြံႏြာၿပီး ေမႊစက္ထဲမွာ အရည္ပ်စ္ပ်စ္ ရသည္အထိလွည္႔၍ အမာရြတ္ေပၚတြင္ ပါးပါးလိမ္းကာ တညထားနိင္သည္။ သို႔မဟုတ္ ထူထူသုတ္လိမ္းကာ မိနစ္ ၂၀ခန္႔ ထားကာ ေရျဖင္႔ေဆးေၾကာပါ။
စက္နဲ႔ေမႊထားတဲ႔ က်န္ရွိေနေသာ သခြားသီးအရည္ပ်စ္မ်ားကုိ ေရခဲေသတၱာထဲတြင္ ရက္အတန္ၾကာေအာင္ သိမ္းျပီး ေနာက္ရက္မ်ားတြင္ပါ ဆက္လက္အသံုးျပဳနုိင္ပါတယ္။
ဒီသခြားရည္ကုိ ပုိၿပီးအစြမ္းထက္ေအာင္ လုပ္ခ်င္ရင္ေတာ႔ အထက္မွာေဖၚျပခဲ႔တဲ႔ သံပုရာရည္၊ သံလြင္ဆီ၊ ရွားေစာင္း လက္ပတ္တို႔နွင္႔ပါ ေရာစပ္အသံုးျပဳနုိင္သည္။

နည္းလမ္းေပါင္းမ်ားစြာ ရွိသည္႔အနက္မွ အလြယ္တကူ မိမိကုိယ္တိုင္ျပဳလုပ္နိုင္ေသာ အိမ္သံုးေဆးဝါးမ်ားနွင္႔ အမာရြတ္သက္သာေစသည္႔ နည္းလမ္းမ်ားကုိ ေဖၚၿပရင္း လွပ၍ ေခ်ာမြတ္ေသာ အေရျပား ပုိင္ရွင္မ်ားျဖစ္နိုင္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ဖတ္မိသမွ် က်န္းမာေရး ဗဟုသုတ
#Unicode Version#
အရေပြားပေါ်မှာ ရှိတတ်တဲ့ အမာရွတ်လေးတွေကို စိတ်ပျက်နေတဲ့သူများအတွက်ပါ။ စိတ်ပျက်မယ် ဆိုလဲပျက်စရာပဲလေ။ တခါတလေ ခြေသလုံးသားအလှအပလေး ပြချင်ရင် ဒီအမာရွတ်တွေကြောင့် စိတ်ပျက်အားငယ်စရာလေးတွေ ဖြစ်တတ်ပါတယ်။

အားလုံး ရာနှုန်းပြည့်ပျောက်အောင် မစွမ်းဆောင်နိုင်ပေမဲ့လည်း သိသိသာသာ လျှော့ပါးသွားနိုင်အောင်ပြုလုပ်ပေးနိုင်သော အမာရွတ်ဖျောက်ပေးတဲ့ ခရင်တွေ၊ ဂျယ်လီတွေ၊ ဆေးတွေနဲ့ မီးဖိုချောင်သုံးဆေးဝါးတွေအစရှိသဖြင့် အမျိုးမျိုးရှိကြပါတယ်။

အမာရွတ်ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်းအမျိုးမျိုးရှိတဲ့အထဲက မီးလောင်၊ ခွဲစိတ်၊ ထိခိုက်ဒါဏ်ရာ၊ ရေကြောက်၊ ဝက်ခြံအမာရွတ်လေးများနှင့် အင်းဆက်ကြောင့် ဖြစ်ပေါ်သော အမာရွတ်များကို အောက်ပါနည်းများဖြင့် ငွေကုန်ကြေးကျများစရာမလိုပဲ ကုစားနိုင်ပါတယ်။

(၁) ဗိုက်တာမင်အီး

နှစ်ပေါင်းအတန်ကြာကပင် ဗိုက်တာမင်အီးကို ကျန်းမာရေးဆိုင်ရာများနှင့် အလှအပဆိုင်ရာ ဆောင့်ရှောက်မှုများအတွက် အကျိူးထိရောက်မှုရှိစွာ ယနေ့ထိတိုင်သုံးစွဲနေကြဆဲဖြစ်ပါတယ်။ လည်းကောင်းတွင် ပါဝင်သော အလွန်အစွမ်းထက်သည့် အန်တီအေက်ဆီဒန့်နှင့် အသားအရေ စိုပြေစေရန် ထိန်းသိမ်းပေးသည့်ဓါတ်က အရေပြားနှင့် ပျက်ဆီးနေသော တစ်ရှုးများကို ပြန်လည်ပြင်ဆင်ပေးသည်။

ဗိုက်တာမင်အီး ဆေးတောင့်ကို သောက်နိုင်သည် သို့မဟုတ် ပင်အပ်လေးနှင့် ပေါက်အောင် ဖေါက်လိုက်ပြီး အမာရွတ်ပေါ်သို့ တိုက်ရိုက်သုတ်လိမ်းပေးနိုင်သည်။ အချို့ အချို့သောလူများတွင် အရေပြားနှင့် ထိသည့်အခါ မတည့်သည့်အတွက် အရေပြားရောင်အန်းနာကျင်ခြင်း ဖြစ်တတ်သည့် အတွက် အကုန်အသုံးမပြုခင် အပ်နှင့်ဖေါက်ပြီး အနည်းငယ်ကို အရေပြားပေါ်တွင် အစက်ကလေးချ၍ စမ်းသပ်ကြည့်ပါ။

(၂) Cocoa Butter

ဒါကလဲ အလွယ်တကူဝယ်ယူသုံးစွဲနိုင်တဲ့ ပစ္စည်းပါ။ အရေပြား၏ အပေါ်လွာနှင့် အလယ်လွာတို့ကို ပျော့ပြောင်းစေ၍ အသားအရေ စိုပြေအောင်လုပ်ပေးခြင်းဖြင့် အမာရွတ်များကို လျှော့ချပေးနိင်ပြီး တချိန်ထဲမှာပင် အရေပြားမျက်နှာပြင်ကို ချေမွေ့တောက်ပြောင်စေသည့် သဘာဝ ထုတ်ကုန်တမျိုးဖြစ်ပါတယ်။ ကိုကိုးစစ်စစ် သို့မဟုတ် Cocoa Butter ပါဝင်သည့် လိုးရှင်းကို တနေ့လျှင် ၂ကြိမ်မှ ၄ကြိမ်အထိ သုတ်လိမ်း အသုံးပြုနိုင်သည်။

လိမ်းတဲ့အချိန်မှာ ပိုမိုအကျိုးသက်ရောက်မှုရှိစေရန် အတွက် အရေပြားပေါ်တွင် စက်ဝိုင်းပုံ လှည့်လည်၍ အားလုံးအရေပြားထဲကို စိမ့်ဝင်သွားစေရန် ဂရုစိုက်၍ လိမ်းရမည်။ Cocoa Butter ဟာ အမာရွတ်အဟောင်းတွေထက်စာရင် အသစ်တွေပေါ်မှာလိမ်းတာ ပိုအကျိုးသက်ရောက်တာ တွေ့ရပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် လိမ်းပြီးရင် တိုးတက်မှုကို တနည်းနည်းဖြင့် တွေ့နိုင်ပါတယ်။

(၃) သံပုရာရည်

စွယ်စုံသုံးလို့ရတဲ့ အိမ်သုံးဆေးဝါးတခုဖြစ်တဲ့ သံပုရာသီးရဲ့ အရည်ကလဲ အမာရွတ်ကို ပျောက်ကင်းနိုင်ပါတယ်။ အနီရောင်အမာရွတ်ကို တဖြည်းဖြည်း အရောင်ဖျော့လာအောင် လုပ်ပေးရင်းနဲ့ သေနေသော ဆဲလ်များကိုဖယ်ထုတ်ကာ အသစ်ပြန်လည်မွေးဖွားအောင် လုပ်ဆောင်ပေးသည်။ ဒါပေမဲ့ အချို့အရေပြား အထူးကုများကတော့ သံပုရာရည်ဟာ အရည်ပြားကို ခြောက်သွေ့ပြီး ကြမ်းတမ်းစေတယ်။ အမာရွတ်ကို သံပုရာရည်ဟာ ပျောက်ကင်းစေနိုင်တယ်ဆိုတာကို သိပ္ပံနည်းကျနည်းလမ်းများဖြင့် သက်သေမပြနိုင်သေးဖူးလို့ ပြောကြပါတယ်။

တကယ်လို့ သံပုရာရည်ကို အမာရွတ်အတွက် အသုံးပြုတော့မယ်လို့ ဆုံးဖြတ်ထားရင် ပထမဆုံး အနေနဲ့ အမာရွတ်ပေါ်ကို သံပုရာသီးစိတ်လေးက အရည်ကို တိုက်ရိုက်ညှစ်ချလိုက်ပါ။ ပြီးရင် တည သို့မဟုတ် နာရီများစွာ ကြာအောင်ထားလိုက်ပါ။ တနေ့ကို တကြိမ်ထက် ပို့၍ အသုံးမပြုပါနဲ့။
သံပုရာရည်သီးသန့်အသုံးပြုလို့ စူးတယ်၊ စပ်တယ်ဆိုရင် အသုံးမပြုခင်မှာ ရေအနည်းငယ်ရောစပ်၍ လည်းကောင်း သခွားသီး အရည်ဖြင့် ရောစပ်၍လည်းကောင်း အမာရွတ်ပေါ်မှာ မလိမ်းခင် ရောစပ်နိုင်ပါတယ်။

(၄) ရှားစောင်း လက်ပတ်

အရေပြားကျန်းမာရေးအတွက် ရှားစောင်း လက်ပတ်အနှစ်ဟာ အများကြီး အသုံးဝင်သလို နာမည်လဲကြီးပါတယ်။ မီးလောင်ဒါဏ်ရာများနှင့် အမာရွတ်များအတွက် အသုံးပြုနိုင်သည်။ ကွဲဟနေသော အရေပြားဒါဏ်ရာများကို အသုံးပြုရန် မသင့်တော်သော်လဲ လည်းကောင်းတွင်ပါဝင်သော ရောင်ရမ်းခြင်းနှင့် ဘက်တီးရီးယားများကို ကာကွယ်ပေးသည့်အတွက်ကြောင့် လောလောလတ်လတ် ဖြစ်ပေါ်လာသော အမာရွတ်မာျးကို ပိုမိုအကျိုးသက်ရောက်သည်။ အရေပြားဝေဒနာကို သက်သာစေပြီး အရေပြားသစ် ဖြစ်ပေါ်လာစေရန် အားပေးခြင်းဖြင့် အမာရွတ်ကို သက်သာစေသည်။

အသုံးပြုရန်အတွက်ကတော့ ရှားစောင်းလက်ပတ် အနှစ်ကို အမာရွတ်ပေါ်မှာ စက်ဝိုင်းပုံ လှည့်၍ အရေပြားတွင်းဝင်အောင် လိမ်းပါ။ တနေ့လျှင် ၄ကြိမ်အထိသုတ်လိမ်းနိုင်ပါသည်။ တကယ်လို့ ရှားစောင်းလက်ပတ်ကို ရှာဖွေလို့ မလွယ်ရင်တော့ လည်းကောင်းပါဝင်သော ခရင်၊ လိုးရှင်းများကို လိမ်းခြင်းဖြင့် တူညီသော အကျိုးကို ရရှိနိုင်ပါတယ်။

(၅) သံလွင်ဆီ

သံလွင်ဆီဟာလဲ အမာရွတ်များကို ပျောက်ကင်းစေနိုင်တဲ့ သဘာဝဆေးတလက်ဖြစ်ပါတယ်။ သံလွင်ဆီမျိုးကွဲများထဲမှ Extra Virgin သံလွင်ဆီကို ပိုပြီးအသုံးပြုနိုင်ရင် သူ့မှာပါဝင်တဲ့ အက်ဆစ်ဓါတ်ကြွယ်ဝမှု၊ ဗိုက်တာမင် အီးနှင့် ကေတို့က အခြားသောသံလွင်ဆီတို့ထက် ပိုမိုပါဝင်တဲ့အတွက် အကောင်းမွန်ဆုံး ရလဒ်ကို ရရှိနိုင်ပါတယ်။ ပါဝင်သော အက်ဆစ်ဓါတ်ဟာ ဆဲလ်သေများကို ဖယ်ရှားပေးစဉ်မှာပဲ အမာရွတ်တစ်ရှုးများကို ပျှော့ပြောင်းစေကာ အသားအရေ စိုပြေစေသည်။

သံလွင်ဆီ လက်ဘက်ရည်ဇွန်း တဇွန်းခန့်ကို အမာရွတ်ပေါ်တွင် သုတ်လိမ်းပြီး စက်ဝိုင်းပုံ အရေပြားထဲသို့ စိမ့်ဝင်သည်အထိ လိမ်းပါ။ မုန့်ဖုတ် ဆိုဒါ (Baking Soda) နှင့် ဆတူရောစပ်၍ အရေပြားပေါ်ရှိ ဂျီး(ကြေးညှော်) များကို တိုက်ချွတ်နိုင်သည်။ ပြီးပါက ရေနွေးနွေးနှင့် ဆေးကြောပါ။

(၆) သခွားသီး

အမာရွတ် တစ်ရှုးများကို ဖြိုခွဲရန် အကောင်းဆုံး နဲ့စိတ်အချရဆုံး သဘာဝ ဆေးကတော့ သခွားသီးဖြစ်ပါတယ်။ ရောင်ရမ်းနေသော အရေပြားတဝိုက်ကို ပြေလျှော့စေပြီး အေးမြမှုကိုပေးပါတယ်။ သူကလဲ အမာရွတ်အဟောင်းမာျးထက်စာရင် လတ်လတ်ဆတ်ဆတ် အမာရွတ်များကို ပိုမိုထိရောက်ပါတယ်။

အခွံနွာပြီး မွှေစက်ထဲမှာ အရည်ပျစ်ပျစ် ရသည်အထိလှည့်၍ အမာရွတ်ပေါ်တွင် ပါးပါးလိမ်းကာ တညထားနိင်သည်။ သို့မဟုတ် ထူထူသုတ်လိမ်းကာ မိနစ် ၂၀ခန့် ထားကာ ရေဖြင့်ဆေးကြောပါ။
စက်နဲ့မွှေထားတဲ့ ကျန်ရှိနေသော သခွားသီးအရည်ပျစ်များကို ရေခဲသေတ္တာထဲတွင် ရက်အတန်ကြာအောင် သိမ်းပြီး နောက်ရက်များတွင်ပါ ဆက်လက်အသုံးပြုနိုင်ပါတယ်။
ဒီသခွားရည်ကို ပိုပြီးအစွမ်းထက်အောင် လုပ်ချင်ရင်တော့ အထက်မှာဖေါ်ပြခဲ့တဲ့ သံပုရာရည်၊ သံလွင်ဆီ၊ ရှားစောင်း လက်ပတ်တို့နှင့်ပါ ရောစပ်အသုံးပြုနိုင်သည်။

နည်းလမ်းပေါင်းများစွာ ရှိသည့်အနက်မှ အလွယ်တကူ မိမိကိုယ်တိုင်ပြုလုပ်နိုင်သော အိမ်သုံးဆေးဝါးများနှင့် အမာရွတ်သက်သာစေသည့် နည်းလမ်းများကို ဖေါ်ပြရင်း လှပ၍ ချောမွတ်သော အရေပြား ပိုင်ရှင်များဖြစ်နိုင်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit:  ဖတ်မိသမျှ ကျန်းမာရေး ဗဟုသုတ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top