Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေလာကီေရးရာ လူ႔ေဘာင္အတြင္း၌ ျဖစ္ေလ့ျဖစ္ထရွိေသာ ပရေလာကႏွင့္ အနီးစပ္ဆံုးႀကံဳေတြ႕တိုင္သည့္ ျဖစ္ရပ္တစ္ခုရွိသည္။

ထိုျဖစ္ရပ္မွာ ဖုတ္ဝင္သည္ဟုေသာ ျဖစ္ရပ္မ်ိဳးပင္ျဖစ္သည္။ လူအမ်ားသည္လည္း ဖုတ္ဝင္သည္ဟူေသာ ေျပာစကားအခၽဳိ႕အား ႀကားဘူးႀကမည္မွာ မလြဲလွေခ်။

တစ္ခ်ိဳ႕တြင္လည္း ဖုတ္ဝင္သည္မ်ားႏွင့္ ကိုယ္ေတြ႔ႀကံဳဆံုခဲ႔ရဘူးသူမ်ား ရွိေနပါလိမ့္မည္။ အဓိကအားျဖင့္ ေသလုနီးပါးျဖစ္ေသာ လူမမာအနီးတြင္ ဖုတ္ဟူေသာ မေကာင္းဆိုးဝါးသည္ အျငီရွိရာ ယင္အံုသကဲ႔သို႔ ဝိုင္းရံေနႀကျပီး၊ ထိုလူမမာသည္ ခႏၶာကိုယ္အတြင္းမွ လိပ္ျပာထြက္လုနီးနီးျဖစ္ေနခ်ိန္တြင္ မေကာင္းဆိုးဝါးမ်ားမွာ အလုအယက္ ဝင္ေရာက္ႀကသည္ဟု ေပတမွတ္တမ္းမ်ားထဲတြင္လည္း ေရးသားေဖာ္ျပထားခဲ႔ဘူးသည္။

သို႔ေသာ္ တစ္ခ်ိဳ႕ေသာ လူသားမ်ားမွာ အယူအဆ အစြဲအရမ္း အလြန္ပင္ႀကီးမားႀကျပီး မည္းမည္းျမင္ရာ မေကာင္းဆိုးဝါးလားဟု သတ္မွတ္ေလ့ရွိႀကကုန္သည္။ ဆိုလိုသည့္အဓိပၸာယ္မွာ အမွန္စင္စစ္ လူမမာသည္အား ဖုတ္ဝင္စားေနသလားဟု ထင္ျမင္မိခါ၊ သမားေတာ္ႏွင့္မကုသပဲ၊ ပေယာဂါဆရာႏွင့္ ကုသခဲ႔ျခင္းေႀကာင့္ ေရာဂါကြ်မ္းခါ ေသဆံုးခဲ႔ရဘူးသည့္ ျဖစ္ရပ္မွန္မ်ားသည္လည္း မိမိတို႔၏ ပတ္ဝန္းက်င္တြင္ အနီးစပ္ဆံုးႀကံဳေတြ႕နိုင္ေပသည္။

သို႔ျဖစ္ပါ၍ အမွန္စင္စစ္ လူမမာသည္ႏွင့္၊ လူမမာအေယာင္ေဆာင္ခါ ဖုတ္ဝင္စားေနခဲ႔ေသာ မေကာင္းဆိုးဝါးအား ကြဲကြဲျပားျပားသိရွိနိုင္ေစရန္ ဖုတ္ဝင္စားေနသူမ်ား၏ လကၡာ(၁၀)ရပ္အား ေရးသားေဖာ္ျပလိုက္ပါသည္။

*ဣစၧာသယကုတံုးက်မ္းမွ ထုတ္နိုတ္ေရးသားျခင္းျဖစ္သည္။

ဖုတ္ဝင္စားေနသူ၏ လကၡဏာ(၁၀)ရပ္


(၁) မ်က္လံုးမ်ားေမွးျပီး ခ်ိဳင့္ဝင္ေနျခင္း၊

(၂) နားရြက္မ်ား ဦးေခါင္းႏွင့္ကပ္ေနျခင္း၊

(၃) ႏွာေခါင္းမ်ားတို၍ အထက္လန္ေနျခင္း၊

(၄) ႏႈတ္ခမ္းမ်ားအတြင္းသို႔ ကုတ္ဝင္ေနျခင္း၊

(၅) လည္ပင္းညွပ္ရိုးမ်ား သပ္သဖြယ္ ေတာင့္တင္းမာေက်ာျခင္း၊

(၆) ေသြးတိုးမႈ႕ ဖားခုန္ ခုန္၍ ဆုတ္ယုတ္ျခင္း၊

(၇) ကိုယ္လက္ ေလးလံ၍ မလႈပ္မရွားျခင္း၊

(၈) အနံ႔အသတ္ ဆိုးရြားျခင္း၊

(၉) မ်က္လံုးကစား၍ အထက္လန္ေနျခင္း၊

(၁၀) အသားအရည္ မြဲေျခာက္ေနတတ္ျခင္း၊
တို႔သည္ ဖုတ္ဝင္စားေနေသာ သူမ်ား၏ လကၡာရပ္မ်ားပင္ျဖစ္ေပသည္။

ထိုအခ်က္မ်ားႏွင့္ ကိုက္ညီေနခဲ႔လ်င္ ထိုသူမွာ(ထိုသူဟုဆိုျခင္းငွာ – လူမမာသည္) ပင္ကိုယ္လိပ္ျပာေပ်ာက္၍ မေကာင္းဆိုးဝါး ဖုတ္ ဝင္စားေနျခင္းျဖစ္ေပသည္ဟု

ဣစၦာသယမဟိဒိၶေစဂိုဏ္းေတာ္ႀကီး၏ ကုတံုးက်မ္းတြင္ ေဖာ္ျပထားပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ထီးကေလး

#Unicode Version#
 လောကီရေးရာ လူ့ဘောင်အတွင်း၌ ဖြစ်လေ့ဖြစ်ထရှိသော ပရလောကနှင့် အနီးစပ်ဆုံးကြုံတွေ့တိုင်သည့် ဖြစ်ရပ်တစ်ခုရှိသည်။

ထိုဖြစ်ရပ်မှာ ဖုတ်ဝင်သည်ဟုသော ဖြစ်ရပ်မျိုးပင်ဖြစ်သည်။ လူအများသည်လည်း ဖုတ်ဝင်သည်ဟူသော ပြောစကားအချို့အား ကြားဘူးကြမည်မှာ မလွဲလှချေ။
တစ်ချို့တွင်လည်း ဖုတ်ဝင်သည်များနှင့် ကိုယ်တွေ့ကြုံဆုံခဲ့ရဘူးသူများ ရှိနေပါလိမ့်မည်။ အဓိကအားဖြင့် သေလုနီးပါးဖြစ်သော လူမမာအနီးတွင် ဖုတ်ဟူသော မကောင်းဆိုးဝါးသည် အငြီရှိရာ ယင်အုံသကဲ့သို့ ဝိုင်းရံနေကြပြီး၊ ထိုလူမမာသည် ခန္ဓာကိုယ်အတွင်းမှ လိပ်ပြာထွက်လုနီးနီးဖြစ်နေချိန်တွင် မကောင်းဆိုးဝါးများမှာ အလုအယက် ဝင်ရောက်ကြသည်ဟု ပေတမှတ်တမ်းများထဲတွင်လည်း ရေးသားဖော်ပြထားခဲ့ဘူးသည်။

သို့သော် တစ်ချို့သော လူသားများမှာ အယူအဆ အစွဲအရမ်း အလွန်ပင်ကြီးမားကြပြီး မည်းမည်းမြင်ရာ မကောင်းဆိုးဝါးလားဟု သတ်မှတ်လေ့ရှိကြကုန်သည်။ ဆိုလိုသည့်အဓိပ္ပာယ်မှာ အမှန်စင်စစ် လူမမာသည်အား ဖုတ်ဝင်စားနေသလားဟု ထင်မြင်မိခါ၊ သမားတော်နှင့်မကုသပဲ၊ ပယောဂါဆရာနှင့် ကုသခဲ့ခြင်းကြောင့် ရောဂါကျွမ်းခါ သေဆုံးခဲ့ရဘူးသည့် ဖြစ်ရပ်မှန်များသည်လည်း မိမိတို့၏ ပတ်ဝန်းကျင်တွင် အနီးစပ်ဆုံးကြုံတွေ့နိုင်ပေသည်။

သို့ဖြစ်ပါ၍ အမှန်စင်စစ် လူမမာသည်နှင့်၊ လူမမာအယောင်ဆောင်ခါ ဖုတ်ဝင်စားနေခဲ့သော မကောင်းဆိုးဝါးအား ကွဲကွဲပြားပြားသိရှိနိုင်စေရန် ဖုတ်ဝင်စားနေသူများ၏ လက္ခာ(၁၀)ရပ်အား ရေးသားဖော်ပြလိုက်ပါသည်။

*ဣစ္ဆာသယကုတုံးကျမ်းမှ ထုတ်နိုတ်ရေးသားခြင်းဖြစ်သည်။

ဖုတ်ဝင်စားနေသူ၏ လက္ခဏာ(၁၀)ရပ်

(၁) မျက်လုံးများမှေးပြီး ချိုင့်ဝင်နေခြင်း၊

(၂) နားရွက်များ ဦးခေါင်းနှင့်ကပ်နေခြင်း၊

(၃) နှာခေါင်းများတို၍ အထက်လန်နေခြင်း၊

(၄) နှုတ်ခမ်းများအတွင်းသို့ ကုတ်ဝင်နေခြင်း၊

(၅) လည်ပင်းညှပ်ရိုးများ သပ်သဖွယ် တောင့်တင်းမာကျောခြင်း၊

(၆) သွေးတိုးမှု့ ဖားခုန် ခုန်၍ ဆုတ်ယုတ်ခြင်း၊

(၇) ကိုယ်လက် လေးလံ၍ မလှုပ်မရှားခြင်း၊

(၈) အနံ့အသတ် ဆိုးရွားခြင်း၊

(၉) မျက်လုံးကစား၍ အထက်လန်နေခြင်း၊

(၁၀) အသားအရည် မွဲခြောက်နေတတ်ခြင်း၊ တို့သည် ဖုတ်ဝင်စားနေသော သူများ၏ လက္ခာရပ်များပင်ဖြစ်ပေသည်။

ထိုအချက်များနှင့် ကိုက်ညီနေခဲ့လျင် ထိုသူမှာ(ထိုသူဟုဆိုခြင်းငှာ – လူမမာသည်) ပင်ကိုယ်လိပ်ပြာပျောက်၍ မကောင်းဆိုးဝါး ဖုတ် ဝင်စားနေခြင်းဖြစ်ပေသည်ဟု

ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး၏ ကုတုံးကျမ်းတွင် ဖော်ပြထားပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ထီးကလေး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top