ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

တရုတ္ထိပ္တန္းသံအမတ္က ေျမာက္ကိုရီးယားကို ျပင္းထန္တဲ့သတိေပးခ်က္တစ္ရပ္ ထုတ္ျပန္ လိုက္ၿပီး ရန္စတဲ့လုပ္ရပ္ေတြကိုလည္း အဆံုးသတ္ဖို႔တိုက္တြန္းလိုက္တယ္လို႔ ယူပီအိုင္သတင္းတစ္ပုဒ္က ဆိုပါတယ္။ ဆိုးလ္ႏိုင္ငံျခားေရး၀န္ႀကီးဌာနရဲ႕သတင္းတစ္ပုဒ္အရ တရုတ္ႏုိင္ငံျခားေရး၀န္ႀကီး၀မ္ယိဟာ လံုၿခံဳေရးဆုိင္ရာ အာဆီယံေဒသတြင္းေဆြးေႏြးပြဲမွာ ၾသဂုတ္လ ၆ ရက္က ေျမာက္ကိုရီးယားႏုိင္ငံျခားေရး၀န္ႀကီး ရီေယာင္ဟိုနဲ႔ ေတြ႔ဆံုခဲ့တယ္လို႔သိရပါတယ္

၀မ္က ၿပံဳယမ္းရဲ႕လက္နက္စမ္းသပ္လုပ္ေဆာင္မႈေတြရပ္တန္႔ဖို႔ သည္၀န္ႀကီးကို တိုက္တြန္းခဲ့ပါတယ္။ ေတာင္ကိုရီးယားႏုိင္ငံျခားေရး၀န္ႀကီး ကန္းကြ်န္ဟြာရဲ႕အဆိုအရ ၀မ္ဟာ သည္ေတြ႔ဆံုမႈနဲ႔ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြကို ေတာင္ကိုရီးယားအစိုးရကို ေပးပို႔ခဲ့တယ္လို႔ သိရပါတယ္။ ေနာက္တစ္ပတ္အၾကာမွာေတာ့ တရုတ္က သူတို႔ဟာ ကုလလံုၿခံဳေရးေကာင္စီရဲ႕ အေရးယူပိတ္ဆို႔မႈမ်ားဆိုင္ရာ ဆံုးျဖတ္ခ်က္ ၂၃၇၁ ကို အေကာင္အထည္ေဖာ္ဖို႔အဆင္သင့္ပဲလို႔ ဆိုပါတယ္။

ေတာင္ကိုရီးယားႏုိင္ငံျခားေရး၀န္ႀကီးဌာနကလည္း အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ တရုတ္သမၼတရွီက်င္ဖ်င့္ တို႔အၾကား တယ္လီဖုန္းနဲ႔စကားေျပာဆိုမႈတစ္ရပ္ဟာ ထရမ့္နဲ႔ေျမာက္ကိုရီးယားမီဒီယာအၾကား စကားလံုးတိုက္ပြဲ ေတြကေနအစျပဳတဲ့ တင္းမာမႈေတြကိုေျဖေလွ်ာ့ဖို႔အတြက္ အဓိကအေရးပါတဲ့အခန္းက႑တစ္ရပ္ျဖစ္တယ္လို႔ ေျပာပါတယ္။ ရီက ေျမာက္ကိုရီးယားရဲ႕ႏ်ဴလက္နက္ထုတ္လုပ္မႈေတြဟာ ေစ့စပ္ညွိႏိႈင္းလို႔မရဘူးလို႔ေျပာေပမယ့္ အာဆီယံ ထိပ္သီးေဆြးေႏြးပြဲအတြင္းမွာေတာ့ ဂ်ပန္ႏုိင္ငံျခားေရး၀န္ႀကီး တာရိုကိုႏိုကို ေတြ႔ဆံုဖို႔ေတာင္းဆိုခဲ့တယ္လို႔ ယိုမီယူရီရွင္ဘြန္းက ၿပီးခဲ့တဲ့အပတ္ကတင္ျပထားပါတယ္။ ကိုႏိုကလည္း ဂ်ပန္ႏုိင္ငံသားကိုျပန္ေပးဆြဲသြားခဲ့တဲ့ျပႆနာကို အေသအခ်ာေျဖရွင္းေပးဖို႔ ရီကိုျပန္လည္ ေတာင္းဆိုခဲ့ပါတယ္။ ဂ်ပန္အစိုးရက သည္ျပန္ေပးဆြဲခံထားရတဲ့ဂ်ပန္ႏုိင္ငံသား ျပန္လြတ္ေျမာက္ေအာင္ ၾကိဳးပမ္း ေနၿပီး ၿပံဳယမ္းအစိုးရကေတာ့ သူဟာ ေျမာက္ကိုရီးယားရဲ႕အခ်ဳပ္ထဲမွာ မရွိေတာ့ဘူးလို႔ ေျပာပါတယ္။

ခ်ိဳေလးငယ္


ဖိုးသူေတာ္ (www.phothutaw.com)
Credit:  KUMUDRA

#Unicode Version#
တရုတ်ထိပ်တန်းသံအမတ်က မြောက်ကိုရီးယားကို ပြင်းထန်တဲ့သတိပေးချက်တစ်ရပ် ထုတ်ပြန် လိုက်ပြီး ရန်စတဲ့လုပ်ရပ်တွေကိုလည်း အဆုံးသတ်ဖို့တိုက်တွန်းလိုက်တယ်လို့ ယူပီအိုင်သတင်းတစ်ပုဒ်က ဆိုပါတယ်။ ဆိုးလ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့သတင်းတစ်ပုဒ်အရ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိဟာ လုံခြုံရေးဆိုင်ရာ အာဆီယံဒေသတွင်းဆွေးနွေးပွဲမှာ သြဂုတ်လ ၆ ရက်က မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုနဲ့ တွေ့ဆုံခဲ့တယ်လို့သိရပါတယ်

ဝမ်က ပြုံယမ်းရဲ့လက်နက်စမ်းသပ်လုပ်ဆောင်မှုတွေရပ်တန့်ဖို့ သည်ဝန်ကြီးကို တိုက်တွန်းခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ကန်းကျွန်ဟွာရဲ့အဆိုအရ ဝမ်ဟာ သည်တွေ့ဆုံမှုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို တောင်ကိုရီးယားအစိုးရကို ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ နောက်တစ်ပတ်အကြာမှာတော့ တရုတ်က သူတို့ဟာ ကုလလုံခြုံရေးကောင်စီရဲ့ အရေးယူပိတ်ဆို့မှုများဆိုင်ရာ ဆုံးဖြတ်ချက် ၂၃၇၁ ကို အကောင်အထည်ဖော်ဖို့အဆင်သင့်ပဲလို့ ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတရှီကျင်ဖျင့် တို့အကြား တယ်လီဖုန်းနဲ့စကားပြောဆိုမှုတစ်ရပ်ဟာ ထရမ့်နဲ့မြောက်ကိုရီးယားမီဒီယာအကြား စကားလုံးတိုက်ပွဲ တွေကနေအစပြုတဲ့ တင်းမာမှုတွေကိုဖြေလျှော့ဖို့အတွက် အဓိကအရေးပါတဲ့အခန်းကဏ္ဍတစ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။ ရီက မြောက်ကိုရီးယားရဲ့နျူလက်နက်ထုတ်လုပ်မှုတွေဟာ စေ့စပ်ညှိနှိုင်းလို့မရဘူးလို့ပြောပေမယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွင်းမှာတော့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုကို တွေ့ဆုံဖို့တောင်းဆိုခဲ့တယ်လို့ ယိုမီယူရီရှင်ဘွန်းက ပြီးခဲ့တဲ့အပတ်ကတင်ပြထားပါတယ်။ ကိုနိုကလည်း ဂျပန်နိုင်ငံသားကိုပြန်ပေးဆွဲသွားခဲ့တဲ့ပြဿနာကို အသေအချာဖြေရှင်းပေးဖို့ ရီကိုပြန်လည် တောင်းဆိုခဲ့ပါတယ်။ ဂျပန်အစိုးရက သည်ပြန်ပေးဆွဲခံထားရတဲ့ဂျပန်နိုင်ငံသား ပြန်လွတ်မြောက်အောင် ကြိုးပမ်း နေပြီး ပြုံယမ်းအစိုးရကတော့ သူဟာ မြောက်ကိုရီးယားရဲ့အချုပ်ထဲမှာ မရှိတော့ဘူးလို့ ပြောပါတယ်။

ချိုလေးငယ်


ဖိုးသူတော် (www.phothutaw.com)
Credit:  KUMUDRA
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top