ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

အိႏၵိယႏုိင္ငံေျမာက္ပုိင္း အူတာပရာဒက္႐ွ္ျပည္နယ္႐ွိ ေဆး႐ုံတစ္႐ုံမွာ ေအာက္စီဂ်င္ျပတ္လပ္မႈေၾကာင့္ ကေလးငယ္ ၆၀ ဦး ေသဆုံးခဲ့ေၾကာင္း ေဒသခံ သတင္းေတြက ေဖာ္ျပပါတယ္။

ေမြးကင္းစကေလး အထူးၾကပ္မတ္ကုသေဆာင္မွ ကေလး ၃၄ ဦး ေသဆုံးခဲ့ၿပီး အျခား ကေလး ၁၂ ဦးမွာ ဦေႏွာက္ပုိင္းဆုိင္ရာေရာဂါေၾကာင့္ ေသဆုံးခဲ့ေၾကာင္း BRD Medical College က ေျပာပါတယ္။ က်န္႐ွိတဲ့ ေသဆုံးကေလးငယ္ေတြမွာ မည္သည့္ေရာဂါေၾကာင့္ ေသဆုံးေၾကာင္း မသိရေသးဘူးလုိ႕ ဆုိပါတယ္။

ေဆး႐ုံကုိ ေအာက္စီဂ်င္ေပးသြင္းေနတဲ့ လုပ္ငန္းတစ္ခုက ဝန္ေဆာင္မႈ အခေၾကးေငြ မရ႐ွိတာေၾကာင့္ ၎တုိ႕ရဲ႕ ေအာက္စီဂ်င္ကိရိယာေတြကုိ ျပန္သိမ္းသြားခဲ့ရာက ေဆး႐ုံမွာ ေအာက္စီဂ်င္ျပတ္လပ္ၿပီး ကေလးလူနာမ်ား ေသဆုံးခဲ့ရျခင္းျဖစ္ေၾကာင္း ေဒသခံ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ေဆး႐ုံတာဝန္႐ွိသူေတြကေတာ့ ေအာက္စီဂ်င္ျပတ္လပ္ခဲ့တာ မွန္ကန္ေပမဲ့ ကေလးမ်ားေသဆုံးရမႈဟာ ေအာက္စီဂ်င္ျပတ္လပ္မႈေၾကာင့္ မဟုတ္ဘူးလုိ႕ ဆုိပါတယ္။ အူတာပရာဒက္႐ွ္ ျပည္နယ္အစုိးရက ယခုကိစၥကုိ စုံစမ္းစစ္ေဆးေနတယ္လို႕ သတင္းထုတ္ျပန္ပါတယ္။ ေဆး႐ုံမွာ ကေလးမ်ားေသဆုံးရမႈဟာ ဝန္ႀကီးခ်ဳပ္မုိဒီရဲ႕ Bharatiya Janata ပါတီကုိ အတုိက္အခံေတြက ေဝဖန္မႈေတြ ျမင့္တက္ေစခဲ့ပါတယ္။

အူတာပရာဒက္႐ွ္ျပည္နယ္ကုိ မုိဒီရဲ႕ Bharatiya Janata က ျပည္နယ္အစုိးရအျဖစ္ တာဝန္ယူထားတာလည္း ျဖစ္ပါတယ္။ ယခုျဖစ္ရပ္အေပၚ အိႏၵိယျပည္သူမ်ားၾကားမွာလည္း ေဝဖန္မႈမ်ားျမင့္တက္ေနၿပီး အစုလိုက္အၿပဳံလုိက္ လူသတ္မႈအျဖစ္ ေျပာဆုိမႈေတြလည္း ႐ွိေနပါတယ္။ ျပည္နယ္အစုိးရက ေဆး႐ုံအႀကီးအကဲကုိ ရာထူးမွဆုိင္းငံ့ထားလုိက္ေၾကာင္း သိရပါတယ္။
Source & Photo: AFP, NY Times
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်ရှိ ဆေးရုံတစ်ရုံမှာ အောက်စီဂျင်ပြတ်လပ်မှုကြောင့် ကလေးငယ် ၆၀ ဦး သေဆုံးခဲ့ကြောင်း ဒေသခံ သတင်းတွေက ဖော်ပြပါတယ်။

မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်မှ ကလေး ၃၄ ဦး သေဆုံးခဲ့ပြီး အခြား ကလေး ၁၂ ဦးမှာ ဦနှောက်ပိုင်းဆိုင်ရာရောဂါကြောင့် သေဆုံးခဲ့ကြောင်း BRD Medical College က ပြောပါတယ်။ ကျန်ရှိတဲ့ သေဆုံးကလေးငယ်တွေမှာ မည်သည့်ရောဂါကြောင့် သေဆုံးကြောင်း မသိရသေးဘူးလို့ ဆိုပါတယ်။

ဆေးရုံကို အောက်စီဂျင်ပေးသွင်းနေတဲ့ လုပ်ငန်းတစ်ခုက ဝန်ဆောင်မှု အခကြေးငွေ မရရှိတာကြောင့် ၎င်းတို့ရဲ့ အောက်စီဂျင်ကိရိယာတွေကို ပြန်သိမ်းသွားခဲ့ရာက ဆေးရုံမှာ အောက်စီဂျင်ပြတ်လပ်ပြီး ကလေးလူနာများ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဆေးရုံတာဝန်ရှိသူတွေကတော့ အောက်စီဂျင်ပြတ်လပ်ခဲ့တာ မှန်ကန်ပေမဲ့ ကလေးများသေဆုံးရမှုဟာ အောက်စီဂျင်ပြတ်လပ်မှုကြောင့် မဟုတ်ဘူးလို့ ဆိုပါတယ်။ အူတာပရာဒက်ရှ် ပြည်နယ်အစိုးရက ယခုကိစ္စကို စုံစမ်းစစ်ဆေးနေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ဆေးရုံမှာ ကလေးများသေဆုံးရမှုဟာ ဝန်ကြီးချုပ်မိုဒီရဲ့ Bharatiya Janata ပါတီကို အတိုက်အခံတွေက ဝေဖန်မှုတွေ မြင့်တက်စေခဲ့ပါတယ်။

အူတာပရာဒက်ရှ်ပြည်နယ်ကို မိုဒီရဲ့ Bharatiya Janata က ပြည်နယ်အစိုးရအဖြစ် တာဝန်ယူထားတာလည်း ဖြစ်ပါတယ်။ ယခုဖြစ်ရပ်အပေါ် အိန္ဒိယပြည်သူများကြားမှာလည်း ဝေဖန်မှုများမြင့်တက်နေပြီး အစုလိုက်အပြုံလိုက် လူသတ်မှုအဖြစ် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ပြည်နယ်အစိုးရက ဆေးရုံအကြီးအကဲကို ရာထူးမှဆိုင်းငံ့ထားလိုက်ကြောင်း သိရပါတယ်။
Source & Photo: AFP, NY Times

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top