ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ဗုိလ္ခ်ဳပ္ေအာင္ဆန္း ႐ုပ္ရွင္႐ုိက္ကူးရန္ ေဒၚေအာင္ ဆန္းစုၾကည္က သာသနာေရး ႏွင့္ယဥ္ေက်းမႈ၀န္ႀကီး သူရဦး ေအာင္ကုိအား တာ၀န္ေပးထား ေသာေၾကာင့္ ႐ုပ္ရွင္ဇာတ္ကား ျဖစ္ေျမာက္ေရးအဖြဲ႕၀င္မ်ားႏွင့္ ၀န္ႀကီးတို႔ ဩဂုတ္ ၂၁ ရက္တြင္ ေတြ႕ဆုံမည္ဟု  သ႐ုပ္ေဆာင္ ဇာဂနာက ေျပာသည္။

‘‘အဓိကက ဘတ္ဂ်က္လုိ တာဆုိေတာ့ အဲဒါပဲေျပာရမွာ’’ ဟု ေတြ႕ဆုံပြဲတြင္ ေဆြးေႏြးမည့္ အေၾကာင္းကုိ ၎ကေျပာသည္။

ေအာင္ဆန္း႐ုပ္ရွင္႐ုိက္ကူး ေရး ေဒၚေအာင္ဆန္းစုၾကည္က သာသနာေရးႏွင့္ယဥ္ေက်းမႈ၀န္ ႀကီးသူရဦးေအာင္ကုိအား  ႐ုပ္ရွင္ ဇာတ္ကားျဖစ္ေျမာက္ေရးအဖြဲ႕ ႏွင့္ စုစည္းတိုင္ပင္ကာဆက္လက္ လုပ္ေဆာင္ရန္ ၫႊန္ၾကားခဲ့ ျခင္းေၾကာင့္ ေတြ႕ဆုံေဆြးေႏြးရန္ စီစဥ္ျခင္းျဖစ္သည္။

အဆိုပါ႐ုပ္ရွင္႐ိုက္ကူးရန္ က်ပ္သိန္းႏွစ္ေသာင္းခန္႔ကုန္က် မည္ဟု ခန္႔မွန္းၿပီးလက္ရွိအခ်ိန္ ထိ ႐ုပ္ရွင္ျဖစ္ေျမာက္ေရးအဖြဲ႕ တြင္ က်ပ္သိန္းရွစ္ေထာင္သာရွိ ေသးေၾကာင္း ဇာဂနာက ေျပာ သည္။

‘‘တိုင္းျပည္ကုိ အလွဴထပ္ခံ မယ္ ဆုိရင္ေတာ့ ပါးပဲအ႐ုိက္ခံရ ေတာ့မယ္’’ ဟု ဇာဂနာက ေျပာ ၾကားသည္။

ယင္း႐ုပ္ရွင္ကုိ ဒါ႐ုိက္တာ မင္းထင္ကုိကုိႀကီးက တာ၀န္ယူ ႐ုိက္ကူးမည္ျဖစ္ၿပီး ၂၀၁၈ ဇန္န ၀ါရီ ၁ရက္မွ ၂၀၁၉ ဒီ ဇင္ဘာ ၃၁ ရက္အထိ ၂ ႏွစ္အတြင္း အၿပီး ႐ုိက္ကူးရန္ ဆုံးျဖတ္ထားေၾကာင္း ၎ကဆုိသည္။

‘‘ဗုိလ္ခ်ဳပ္႐ုပ္ရွင္ ႐ုိက္မွာပါ။ ကြၽန္ေတာ္တစ္ေယာက္တည္း တာ၀န္ခံ႐ုိက္ဖုိ႔ ကြၽန္ေတာ္တာ၀န္ ယူထားပါတယ္။ ဒါေတြေျပာဖုိ႔ အခ်ိန္ေစာင့္ခ်င္ေသးေပမယ့္ ေျပာမွျဖစ္ေတာ့မွာမုိ႔ ေျပာရပါၿပီ။ ဗုိလ္ခ်ဳပ္႐ုပ္ရွင္ ကြၽန္ေတာ္႐ုိက္မွာ ပါ’’ ဟု ဒါ႐ုိက္တာအျဖစ္တာ၀န္ ယူ႐ုိက္ကူးမည့္ ဒါ႐ုိက္တာမင္း ထင္ကုိကုိႀကီးက ၎၏ေဖ့စ္ ဘြတ္ခ္တြင္ ဩဂုတ္ ၂၀ ရက္က ေရးသားထားသည္။

ေအာင္ဆန္း႐ုပ္ရွင္ကုိ ဗုိလ္ ခ်ဳပ္ေအာင္ဆန္း၏ ႏွစ္တစ္ရာ ျပည့္ေမြးေန႔ ၂၀၁၅ ေဖေဖာ္၀ါရီ ၁၃ ရက္တြင္ျပသႏုိင္ရန္ ရည္ရြယ္ ၍ ႐ုပ္ရွင္ျဖစ္ေျမာက္ေရးေကာ္ မတီ၌ ေဒၚေအာင္ဆန္းစုၾကည္ ကုိယ္တိုင္ဥကၠ႒အျဖစ္တာ၀န္ယူ ကာ ၂၀၁၂ ေဖေဖာ္၀ါရီ ၁၃ ရက္တြင္ ဖြဲ႕စည္းခဲ့သည္။

သုိ႔ေသာ္ ႏွစ္တစ္ရာျပည့္ အမီ ႐ုိက္ကူးႏုိင္ျခင္းမရွိဘဲ ယင္းဇာတ္ကား နမူနာကုိသာ ႐ုိက္ကူး၍ ဇာတ္ကားထုတ္လုပ္ ႏုိင္ေရး ျပည္သူမ်ားထံမွ အလွဴခံ ခဲ့သည္။

ထုိ႔အျပင္ ယင္းဇာတ္ကား ႐ုိက္ကူးရန္ ဗုိလ္ခ်ဳပ္ေအာင္ဆန္း ႏွင့္ ေဒၚခင္ၾကည္ဇာတ္႐ုပ္အ တြက္ လူေရြးခ်ယ္ပြဲမ်ားျပဳလုပ္ခဲ့ ၿပီး ရွမ္းယူႏုိက္တက္(ယခင္ ကေမၻာဇ)အသင္းမွ ကစားသမား ေက်ာ္ေက်ာ္မ်ိဳးႏွင့္ ေဒၚခင္ၾကည္ အျဖစ္ ဇာျခည္လင္းတို႔ကုိ ေရြး ခ်ယ္ခဲ့သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရန် ဒေါ်အောင် ဆန်းစုကြည်က သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦး အောင်ကိုအား တာဝန်ပေးထား သောကြောင့် ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေးအဖွဲ့ဝင်များနှင့် ဝန်ကြီးတို့ ဩဂုတ် ၂၁ ရက်တွင် တွေ့ဆုံမည်ဟု  သရုပ်ဆောင် ဇာဂနာက ပြောသည်။

‘‘အဓိကက ဘတ်ဂျက်လို တာဆိုတော့ အဲဒါပဲပြောရမှာ’’ ဟု တွေ့ဆုံပွဲတွင် ဆွေးနွေးမည့် အကြောင်းကို ၎င်းကပြောသည်။

အောင်ဆန်းရုပ်ရှင်ရိုက်ကူး ရေး ဒေါ်အောင်ဆန်းစုကြည်က သာသနာရေးနှင့်ယဉ်ကျေးမှုဝန် ကြီးသူရဦးအောင်ကိုအား  ရုပ်ရှင် ဇာတ်ကားဖြစ်မြောက်ရေးအဖွဲ့ နှင့် စုစည်းတိုင်ပင်ကာဆက်လက် လုပ်ဆောင်ရန် ညွှန်ကြားခဲ့ ခြင်းကြောင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ခြင်းဖြစ်သည်။

အဆိုပါရုပ်ရှင်ရိုက်ကူးရန် ကျပ်သိန်းနှစ်သောင်းခန့်ကုန်ကျ မည်ဟု ခန့်မှန်းပြီးလက်ရှိအချိန် ထိ ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ တွင် ကျပ်သိန်းရှစ်ထောင်သာရှိ သေးကြောင်း ဇာဂနာက ပြော သည်။

‘‘တိုင်းပြည်ကို အလှူထပ်ခံ မယ် ဆိုရင်တော့ ပါးပဲအရိုက်ခံရ တော့မယ်’’ ဟု ဇာဂနာက ပြော ကြားသည်။

ယင်းရုပ်ရှင်ကို ဒါရိုက်တာ မင်းထင်ကိုကိုကြီးက တာဝန်ယူ ရိုက်ကူးမည်ဖြစ်ပြီး ၂၀၁၈ ဇန်န ဝါရီ ၁ရက်မှ ၂၀၁၉ ဒီ ဇင်ဘာ ၃၁ ရက်အထိ ၂ နှစ်အတွင်း အပြီး ရိုက်ကူးရန် ဆုံးဖြတ်ထားကြောင်း ၎င်းကဆိုသည်။

‘‘ဗိုလ်ချုပ်ရုပ်ရှင် ရိုက်မှာပါ။ ကျွန်တော်တစ်ယောက်တည်း တာဝန်ခံရိုက်ဖို့ ကျွန်တော်တာဝန် ယူထားပါတယ်။ ဒါတွေပြောဖို့ အချိန်စောင့်ချင်သေးပေမယ့် ပြောမှဖြစ်တော့မှာမို့ ပြောရပါပြီ။ ဗိုလ်ချုပ်ရုပ်ရှင် ကျွန်တော်ရိုက်မှာ ပါ’’ ဟု ဒါရိုက်တာအဖြစ်တာဝန် ယူရိုက်ကူးမည့် ဒါရိုက်တာမင်း ထင်ကိုကိုကြီးက ၎င်း၏ဖေ့စ် ဘွတ်ခ်တွင် ဩဂုတ် ၂၀ ရက်က ရေးသားထားသည်။

အောင်ဆန်းရုပ်ရှင်ကို ဗိုလ် ချုပ်အောင်ဆန်း၏ နှစ်တစ်ရာ ပြည့်မွေးနေ့ ၂၀၁၅ ဖေဖော်ဝါရီ ၁၃ ရက်တွင်ပြသနိုင်ရန် ရည်ရွယ် ၍ ရုပ်ရှင်ဖြစ်မြောက်ရေးကော် မတီ၌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဥက္ကဋ္ဌအဖြစ်တာဝန်ယူ ကာ ၂၀၁၂ ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖွဲ့စည်းခဲ့သည်။

သို့သော် နှစ်တစ်ရာပြည့် အမီ ရိုက်ကူးနိုင်ခြင်းမရှိဘဲ ယင်းဇာတ်ကား နမူနာကိုသာ ရိုက်ကူး၍ ဇာတ်ကားထုတ်လုပ် နိုင်ရေး ပြည်သူများထံမှ အလှူခံ ခဲ့သည်။

ထို့အပြင် ယင်းဇာတ်ကား ရိုက်ကူးရန် ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်ခင်ကြည်ဇာတ်ရုပ်အ တွက် လူရွေးချယ်ပွဲများပြုလုပ်ခဲ့ ပြီး ရှမ်းယူနိုက်တက်(ယခင် ကမ္ဘောဇ)အသင်းမှ ကစားသမား ကျော်ကျော်မျိုးနှင့် ဒေါ်ခင်ကြည် အဖြစ် ဇာခြည်လင်းတို့ကို ရွေး ချယ်ခဲ့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top