Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

YUPT ကုမၸဏီအေနႏွင့ ္ထိန္းခ်ဳပ္ေရး စတင္တာ (Control Center) ျဖင့္ YBS ၇ ယာဥ္လိုင္းကို ဩဂုတ္လမွစတင္ စည္းကမ္းထိန္းခ်ဳပ္ရာတြင္ စည္းကမ္းေဖာက္သည့္ ယာဥ္ေမာင္းရွစ္ဦးကို ေတြ႔ရွိကာ စစ္ေဆး အေရးယူခဲ့ေၾကာင္း အဆိုပါ ကုမၸဏီထံမွ သိရသည္။

“အခုက YBS ၇ တစ္လိုင္းပဲ စည္းကမ္းထိန္းခ်ဳပ္ေသးတယ္။ ကြန္ပ်ဴတာမွာ စည္းကမ္း ေဖာက္ဖ်က္တဲ့ျပစ္မႈ ေတြ႔ရွိတဲ့အတြက္ ယာဥ္ေမာင္းကို အေရး ယူလိုက္တယ္။ အျမင့္ဆံုးဒဏ္ေငြ ငါးေသာင္းအထိ အေရးယူတဲ့ အမႈပါတယ္”ဟု YUPT ကုမၸဏီမွ တာဝန္ရွိသူတစ္ဦးက ဆိုသည္။

ရန္ကုန္ၿမိဳ႕ျပ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးကုမၸဏီ YUPT အေန ႏွင့္ YBS ယာဥ္လိုင္း ၂၁ လိုင္းကို တာဝန္ယူ ေျပးဆြဲေနျခင္းျဖစ္ၿပီး အဆိုပါယာဥ္လိုင္းမ်ားအနက္ YBS ၇ ယာဥ္လိုင္းကို Control Center ျဖင့္ ကနဦး စည္းကမ္းထိန္းခ်ဳပ္ရာတြင္ ျပစ္မႈက်ဴးလြန္ေၾကာင္း စစ္ေဆးေတြ႔ရွိသျဖင့္  အေရးယူျခင္းျဖစ္သည္။

Control Center ျဖင့္ စည္းကမ္း ထိန္းခ်ဳပ္ျခင္းတြင္ ဩဂုတ္လ ၁ ရက္မွ ၁၈ ရက္အထိ စည္းကမ္း ေဖာက္ဖ်က္သည့္ အမႈရွစ္မႈရွိၿပီး ခရီးသည္ကို မေခ်မငံ ဆက္ဆံျခင္း သံုးမႈ၊ သတ္မွတ္လမ္းေၾကာင္းအတိုင္း မေမာင္းျခင္း ႏွစ္မႈ၊ သတ္မွတ္ မွတ္တိုင္တြင္ မရပ္ျခင္း ႏွစ္မႈ၊ ခရီးစဥ္ အစအဆံုး မေမာင္းျခင္း တစ္မႈျဖစ္ေၾကာင္း YUPT ကုမၸဏီထံမွ သိရသည္။

အဆိုပါ စည္းကမ္းေဖာက္ဖ်က္သည့္ ယာဥ္လုပ္သားမ်ားကို စည္းကမ္းခ်က္ ၁၃၈ ခ်က္ျဖင့္ အေရးယူျခင္းျဖစ္ၿပီး ခရီးသည္ကို မေခ်မငံ ဆက္ဆံျခင္း၊ သတ္မွတ္လမ္းေၾကာင္းအတိုင္း မေမာင္းျခင္း၊ သတ္မွတ္ မွတ္တိုင္တြင္ မရပ္ျခင္း၊ ခရီးစဥ္ အစအဆံုး မေမာင္းျခင္းတို႔အတြက္ ဒဏ္ေငြ က်ပ္တစ္ေသာင္း၊ က်ပ္သံုးေသာင္းႏွင့္ က်ပ္ ငါးေသာင္း (သို႔မဟုတ္) ယာဥ္ေမာင္းလိုင္စင္ သံုးလပိတ္သိမ္းျခင္း စသျဖင့္ ျပစ္ဒဏ္ေပၚ မူတည္၍ အေရးယူခဲ့ေၾကာင္း YUPT  ကုမၸဏီမွတာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။

YBS ၇ ယာဥ္လိုင္းမွာ ယာဥ္စီးေရ ၁၇၀ ေက်ာ္ရွိၿပီး ေတာင္ဒဂံု၊ ရတနာပံုလမ္း၊ က်န္စစ္သားလမ္း၊ ေလွာ္ကားလမ္း၊ ဘုန္း ႀကီးေက်ာင္းေကြ႕၊ ျပည္ေထာင္စုလမ္း၊ ေတာင္ေျမာက္လမ္းဆံု၊ စံျပေဈး၊ ဇဝန၊ တာေမြဗလီ၊ မဂၤလာေဈး၊ သိမ္ျဖဴ၊ အေနာ္ ရထာလမ္း၊ မဟာဗႏၶဳလလမ္း၊ ဆူးေလတို႔ကို ေျပးဆြဲလ်က္ရွိေၾကာင္း YUPT ကုမၸဏီထံမွ သိရသည္။

ေမာ္ေတာ္ယာဥ္ လုပ္ငန္းေပါင္းစံု ထိန္းသိမ္းေရး ႀကီးၾကပ္ကြပ္ကဲမႈ ေကာ္မတီ႐ံုးေဟာင္းကို ၂၀၁၇ ခုႏွစ္၊ ေမလ ၁၅ ရက္က Control Center အျဖစ္ ျပင္ဆင္ တည္ေဆာက္ခဲ့ၿပီး ဩဂုတ္လ ၁ ရက္ မွ စတင္ကာ စည္းကမ္းထိန္းခ်ဳပ္ခဲ့ျခင္း ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thevoicemyanmar
#Unicode Version#

YUPT ကုမ္ပဏီအနေနှင့ ်ထိန်းချုပ်ရေး စတင်တာ (Control Center) ဖြင့် YBS ၇ ယာဉ်လိုင်းကို ဩဂုတ်လမှစတင် စည်းကမ်းထိန်းချုပ်ရာတွင် စည်းကမ်းဖောက်သည့် ယာဉ်မောင်းရှစ်ဦးကို တွေ့ရှိကာ စစ်ဆေး အရေးယူခဲ့ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

“အခုက YBS ၇ တစ်လိုင်းပဲ စည်းကမ်းထိန်းချုပ်သေးတယ်။ ကွန်ပျူတာမှာ စည်းကမ်း ဖောက်ဖျက်တဲ့ပြစ်မှု တွေ့ရှိတဲ့အတွက် ယာဉ်မောင်းကို အရေး ယူလိုက်တယ်။ အမြင့်ဆုံးဒဏ်ငွေ ငါးသောင်းအထိ အရေးယူတဲ့ အမှုပါတယ်”ဟု YUPT ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ YUPT အနေ နှင့် YBS ယာဉ်လိုင်း ၂၁ လိုင်းကို တာဝန်ယူ ပြေးဆွဲနေခြင်းဖြစ်ပြီး အဆိုပါယာဉ်လိုင်းများအနက် YBS ၇ ယာဉ်လိုင်းကို Control Center ဖြင့် ကနဦး စည်းကမ်းထိန်းချုပ်ရာတွင် ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိသဖြင့်  အရေးယူခြင်းဖြစ်သည်။

Control Center ဖြင့် စည်းကမ်း ထိန်းချုပ်ခြင်းတွင် ဩဂုတ်လ ၁ ရက်မှ ၁၈ ရက်အထိ စည်းကမ်း ဖောက်ဖျက်သည့် အမှုရှစ်မှုရှိပြီး ခရီးသည်ကို မချေမငံ ဆက်ဆံခြင်း သုံးမှု၊ သတ်မှတ်လမ်းကြောင်းအတိုင်း မမောင်းခြင်း နှစ်မှု၊ သတ်မှတ် မှတ်တိုင်တွင် မရပ်ခြင်း နှစ်မှု၊ ခရီးစဉ် အစအဆုံး မမောင်းခြင်း တစ်မှုဖြစ်ကြောင်း YUPT ကုမ္ပဏီထံမှ သိရသည်။

အဆိုပါ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်လုပ်သားများကို စည်းကမ်းချက် ၁၃၈ ချက်ဖြင့် အရေးယူခြင်းဖြစ်ပြီး ခရီးသည်ကို မချေမငံ ဆက်ဆံခြင်း၊ သတ်မှတ်လမ်းကြောင်းအတိုင်း မမောင်းခြင်း၊ သတ်မှတ် မှတ်တိုင်တွင် မရပ်ခြင်း၊ ခရီးစဉ် အစအဆုံး မမောင်းခြင်းတို့အတွက် ဒဏ်ငွေ ကျပ်တစ်သောင်း၊ ကျပ်သုံးသောင်းနှင့် ကျပ် ငါးသောင်း (သို့မဟုတ်) ယာဉ်မောင်းလိုင်စင် သုံးလပိတ်သိမ်းခြင်း စသဖြင့် ပြစ်ဒဏ်ပေါ် မူတည်၍ အရေးယူခဲ့ကြောင်း YUPT  ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

YBS ၇ ယာဉ်လိုင်းမှာ ယာဉ်စီးရေ ၁၇၀ ကျော်ရှိပြီး တောင်ဒဂုံ၊ ရတနာပုံလမ်း၊ ကျန်စစ်သားလမ်း၊ လှော်ကားလမ်း၊ ဘုန်း ကြီးကျောင်းကွေ့၊ ပြည်ထောင်စုလမ်း၊ တောင်မြောက်လမ်းဆုံ၊ စံပြဈေး၊ ဇဝန၊ တာမွေဗလီ၊ မင်္ဂလာဈေး၊ သိမ်ဖြူ၊ အနော် ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ဆူးလေတို့ကို ပြေးဆွဲလျက်ရှိကြောင်း YUPT ကုမ္ပဏီထံမှ သိရသည်။

မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်ကွပ်ကဲမှု ကော်မတီရုံးဟောင်းကို ၂၀၁၇ ခုနှစ်၊ မေလ ၁၅ ရက်က Control Center အဖြစ် ပြင်ဆင် တည်ဆောက်ခဲ့ပြီး ဩဂုတ်လ ၁ ရက် မှ စတင်ကာ စည်းကမ်းထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: thevoicemyanmar

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top