လြန္ခဲ့သည့္ ရက္ပိုင္းအတြင္းက ေက်ာင္းဆရာမ ပုံစံမ်ိဳးႏွင့္ ေက်ာင္းဝတ္စုံ အျဖဴနဲ႔ အစိမ္းကို ဝတ္ဆင္ထားေသာ အမ်ိဳးသမီးတစ္ဦး၏ မဖြယ္မရာ မလုံ႔တစ္လုံပုံမ်ား လူမွုကြန္ယက္တြင္ ပ်ံ႕ႏွံ့ခဲ့ၿပီး ေဝဖန္မွုမ်ား ျမင့္တက္ခဲ့သည္။
အဆိုပါအမ်ိဳးသမီးကို အိမ္နီးခ်င္းတစ္ဦး၏ သတင္းေပးမွုျဖင့္ ေတာင္ဒဂုံၿမိဳ႕နယ္တြင္ ဖမ္းဆီးရမိထားေၾကာင္း သိရွိရသည္။

ထိုသတင္းအား ၿမိဳ႕နယ္မီဒီယာမွ ေတာင္ဒဂုံရဲစခန္းသို႔ ဆက္သြယ္ေမးျမန္းရာ။ ေတာင္ဒဂုံ ရဲစခန္းမွ ဒုရဲအုပ္ဝင္းခိုင္မွ ယခုကဲ့သို႔ ေျဖၾကားခဲ့ပါသည္။
“ဟုတ္ပါတယ္!!! တရားခံအမ်ိဳးသမီးကို ေတာင္ဒဂုံမွာ ၁၀:၀၀ နာရီေက်ာ္ေက်ာ္ေလာက္က
ဖမ္းမိတာပါ။တရားခံအမ်ိဳးသမီးရဲ့ အိမ္နီးခ်င္းကဘဲ ရဲစခန္းကို သတင္းေပးခဲ့တာပါ။ ဒီကိစၥကို ပညာေရးဝန္ႀကီးဌာနကလည္း ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ကို တိုင္ၾကားထားပါတယ္။
ေနာက္ၿပီး တရားခံကို သြားဖမ္းတဲ့အခ်ိန္တုန္းက သူ႔ရဲ့ မိဘေတြကေတာ့ ဒီအမ်ိဳးသမီးဟာ သိပ္ၿပီးေတာ့ စိတ္က်မ္းမာေရးမေကာင္ဘူးလို႔ေျပာပါတယ္ သက္ေသအျဖစ္နဲ႔ စိတ္က်မ္းမာေရး ေဆး႐ုံက လက္မွတ္ေတြထုပ္ျပပါတယ္” ဟု ေျပာၾကားခဲ့သည္။

ထိုေနာက္ တရားခံအမ်ိဳးသမီးအား တရားဆြဲမည့္ကိစၥႏွင့္ ပတ္သတ္၍ ေမးျမန္းရာခဲ့ရာ ဒုရဲအုပ္ဝင္းခိုင္မွ “ဟုတ္ကဲ့ပါ ဒီကိစၥမွာ အဓိက နစ္နာသူကေတာ့ ပညာေရးဝန္ထမ္းေတြေပါ့ဗ်ာ သူတို႔ရဲ့ uniform ကို အသုံးျပဳၿပီးလုပ္တာကိုး ခက္တာက တရားခံက စိတ္က်မ္းမာေရးမေကာင္းတဲ့သူေလ ပညာေရးဝန္ႀကီးဌာနဖက္က အမွု႔ကိုေၾကေအးေပးလိမ့္လို႔ က်ေနာ္ထင္ပါတယ္” ဟု ေျဖၾကားခဲ့ပါသည္။

သတင္းရင္းျမစ္-ေတာင္ဒဂုံသတင္းစုံ
ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

#Unicode Version#
လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက ကျောင်းဆရာမ ပုံစံမျိုးနှင့် ကျောင်းဝတ်စုံ အဖြူနဲ့ အစိမ်းကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး၏ မဖွယ်မရာ မလုံ့တစ်လုံပုံများ လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုများ မြင့်တက်ခဲ့သည်။
အဆိုပါအမျိုးသမီးကို အိမ်နီးချင်းတစ်ဦး၏ သတင်းပေးမှုဖြင့် တောင်ဒဂုံမြို့နယ်တွင် ဖမ်းဆီးရမိထားကြောင်း သိရှိရသည်။

ထိုသတင်းအား မြို့နယ်မီဒီယာမှ တောင်ဒဂုံရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ။ တောင်ဒဂုံ ရဲစခန်းမှ ဒုရဲအုပ်ဝင်းခိုင်မှ ယခုကဲ့သို့ ဖြေကြားခဲ့ပါသည်။
“ဟုတ်ပါတယ်!!! တရားခံအမျိုးသမီးကို တောင်ဒဂုံမှာ ၁၀:၀၀ နာရီကျော်ကျော်လောက်က
ဖမ်းမိတာပါ။တရားခံအမျိုးသမီးရဲ့ အိမ်နီးချင်းကဘဲ ရဲစခန်းကို သတင်းပေးခဲ့တာပါ။ ဒီကိစ္စကို ပညာရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တိုင်ကြားထားပါတယ်။
နောက်ပြီး တရားခံကို သွားဖမ်းတဲ့အချိန်တုန်းက သူ့ရဲ့ မိဘတွေကတော့ ဒီအမျိုးသမီးဟာ သိပ်ပြီးတော့ စိတ်ကျမ်းမာရေးမကောင်ဘူးလို့ပြောပါတယ် သက်သေအဖြစ်နဲ့ စိတ်ကျမ်းမာရေး ဆေးရုံက လက်မှတ်တွေထုပ်ပြပါတယ်” ဟု ပြောကြားခဲ့သည်။

ထိုနောက် တရားခံအမျိုးသမီးအား တရားဆွဲမည့်ကိစ္စနှင့် ပတ်သတ်၍ မေးမြန်းရာခဲ့ရာ ဒုရဲအုပ်ဝင်းခိုင်မှ “ဟုတ်ကဲ့ပါ ဒီကိစ္စမှာ အဓိက နစ်နာသူကတော့ ပညာရေးဝန်ထမ်းတွေပေါ့ဗျာ သူတို့ရဲ့ uniform ကို အသုံးပြုပြီးလုပ်တာကိုး ခက်တာက တရားခံက စိတ်ကျမ်းမာရေးမကောင်းတဲ့သူလေ ပညာရေးဝန်ကြီးဌာနဖက်က အမှု့ကိုကြေအေးပေးလိမ့်လို့ ကျနော်ထင်ပါတယ်” ဟု ဖြေကြားခဲ့ပါသည်။

သတင်းရင်းမြစ်-တောင်ဒဂုံသတင်းစုံ

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top