ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ဆံပင္သားကို အေရာင္ဆိုးေဆး၊ အေရာင္ခြ်တ္ေဆး၊ ဆံပင္ လိမ္းဂ်ဲလ္၊ ဆံပင္ဖ်န္းစပေရးနဲ႔ ဆံပင္ေလမႈတ္စက္ စတာေတြ ထိေတြ႕မႈေၾကာင့္ ဆံပင္သား ေျခာက္ေသြ႕ပ်က္စီးမႈ ျဖစ္ေစ႐ံု သာမက ဆံပင္အဖ်ား ႏွစ္ခြကြဲတာကိုလည္း ျဖစ္ေစႏိုင္ပါတယ္။ဦးေရျပားကို ပံုမွန္နွိပ္နယ္ျပီး ေရေႏြးေငြ႕ေပးပါ

ဦးေရျပားကို အုန္းဆီ၊ သံလြင္ဆီနဲ႔ မုန္ညင္းဆီတို႔ လိမ္းၿပီး တစ္ပတ္ ႏွစ္ႀကိမ္ အနည္းဆံုး ၁၀-၁၅ မိနစ္ခန္႔ ႏွိပ္နယ္ေပး ပါ။ လိမ္းၿပီးေနာက္ အခ်ိန္ ၅-၇ မိနစ္ၾကာ ဆံပင္သားကို ေရ ေႏြးေငြ႕နဲ႔ ေပါင္းခံေပးပါ။ ဒါဆိုရင္ ဆံပင္သားထဲကို အဆီ ဝင္ ေရာက္မႈ ေကာင္းေစၿပီး ဆံပင္သား အရင္းေနရာမွာ ေသြးလွည့္ ပတ္မႈကို ေကာင္းမြန္ေစပါတယ္။ ဆံပင္သား စိုျပည္ေစတဲ့ အတြက္ ဆံပင္အဖ်ားႏွစ္ခြကြဲတာကို ေလ်ာ့ပါးေစပါတယ္။

ဆံပင္ကို ေလျပင္းျပင္း တိုက္ခတ္မႈ မရိွေစရန္ ကာကြယ္ပါ

ျဖစ္ႏိုင္ရင္ ေလျပင္းျပင္း တိုက္ခတ္တဲ့ ေနရာကို မသြားပါနဲ႔။ သြားမယ္ဆိုရင္ အနည္းဆံုး ပဝါစည္းေႏွာင္ထားသင့္ပါတယ္။ ေနပူထဲ သြားမယ္ဆိုရင္ ထီးကို အၿမဲေဆာင္းသင့္ပါတယ္။

ဆံပင္ကို ခပ္ျပင္းျပင္း မပြတ္သပ္ပါနွင့္

ေခါင္းေလွ်ာ္ျပီးေနာက္ ခ်က္ခ်င္း ေခါင္းမျဖီးပါနဲ႔။ ပဝါနဲ႔ ခပ္ၾကမ္းၾကမ္း သုတ္တာကိုလည္း ေရွာင္ပါ။ ဒီနည္းေတြက ဆံပင္ အဖ်ားႏွစ္ခြ ကြဲေစႏိုင္ပါတယ္။ (၁) ဆံပင္အရင္းေနရာကို ၾကက္ဥ/ဘဲဥအကာတစ္လံုး၊ သံပရာရည္ ထမင္းစား ဇြန္း ႏွစ္ဇြန္း၊ မုန္ညင္းဆီ ထမင္းစားဇြန္း တစ္ဇြန္း ဒါမွမဟုတ္ သံလြင္ဆီကို ထည့္ၿပီး လိမ္းကာ ႏွိပ္နယ္ ေပးပါ။ အခ်ိန္ တစ္နာရီအၾကာမွာ ေခါင္းေလွ်ာ္လိုက္ရင္ ဆံပင္ သားကို ႏူးညံ့ေပ်ာ့ေပ်ာင္းေစပါတယ္။

သင့္ေတာ္ေသာ အာဟာရ

အာဟာရျပည့္ဝတဲ့ အစာဟာ ဆံပင္အဖ်ားႏွစ္ခြ ကြဲတာကို သက္သာေစ ပါတယ္။ သင္စားတဲ့ အစာမွာ ဗီတာမင္ ေအ၊ ဘီနဲ႔ ဒီ၊ ပ႐ိုတင္းနဲ႔ ကယ္လ္စီယမ္ ပါဝင္ေစဖို႔ ႏြားႏို႔၊ ဒိန္ခဲ၊ ဒိန္ခ်ဥ္၊ ပဲပုပ္ေစ့၊ သစ္သီး၊ ဟင္းရြက္စိမ္း စတာေတြကို ထည့္စားသင့္ ပါတယ္။ ေရကိုလည္း မ်ားမ်ားေသာက္ပါ။

လမ္းေလွ်ာက္ခင္းနွင့္ အျခားေလ့က်င့္ခန္း

မနက္ခင္းနဲ႔ ညေနခင္းမွာ လမ္းေလွ်ာက္တာနဲ႔ တျခား ေလ့ က်င့္ခန္းေတြကို လုပ္ေဆာင္ပါ။

ေခါင္းျဖီးျခင္း

အိပ္ရာမဝင္ခင္ ေခါင္းၿဖီးပါ။ ဒီနည္းလမ္းဟာ ဦးေရျပားရွိ အဆီဂလင္းက အဆီထြက္ရွိေအာင္ လံႈ႔ေဆာ္ေပးပါတယ္။ ဆံပင္အဖ်ားကို မၾကာခဏ တိေပးသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဇြန္Good Health

#Unicode Version#
ဆံပင်သားကို အရောင်ဆိုးဆေး၊ အရောင်ချွတ်ဆေး၊ ဆံပင် လိမ်းဂျဲလ်၊ ဆံပင်ဖျန်းစပရေးနဲ့ ဆံပင်လေမှုတ်စက် စတာတွေ ထိတွေ့မှုကြောင့် ဆံပင်သား ခြောက်သွေ့ပျက်စီးမှု ဖြစ်စေရုံ သာမက ဆံပင်အဖျား နှစ်ခွကွဲတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ဦးရေပြားကို ပုံမှန်နှိပ်နယ်ပြီး ရေနွေးငွေ့ပေးပါ

ဦးရေပြားကို အုန်းဆီ၊ သံလွင်ဆီနဲ့ မုန်ညင်းဆီတို့ လိမ်းပြီး တစ်ပတ် နှစ်ကြိမ် အနည်းဆုံး ၁၀-၁၅ မိနစ်ခန့် နှိပ်နယ်ပေး ပါ။ လိမ်းပြီးနောက် အချိန် ၅-၇ မိနစ်ကြာ ဆံပင်သားကို ရေ နွေးငွေ့နဲ့ ပေါင်းခံပေးပါ။ ဒါဆိုရင် ဆံပင်သားထဲကို အဆီ ဝင် ရောက်မှု ကောင်းစေပြီး ဆံပင်သား အရင်းနေရာမှာ သွေးလှည့် ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဆံပင်သား စိုပြည်စေတဲ့ အတွက် ဆံပင်အဖျားနှစ်ခွကွဲတာကို လျော့ပါးစေပါတယ်။

ဆံပင်ကို လေပြင်းပြင်း တိုက်ခတ်မှု မရှိစေရန် ကာကွယ်ပါ

ဖြစ်နိုင်ရင် လေပြင်းပြင်း တိုက်ခတ်တဲ့ နေရာကို မသွားပါနဲ့။ သွားမယ်ဆိုရင် အနည်းဆုံး ပဝါစည်းနှောင်ထားသင့်ပါတယ်။ နေပူထဲ သွားမယ်ဆိုရင် ထီးကို အမြဲဆောင်းသင့်ပါတယ်။

ဆံပင်ကို ခပ်ပြင်းပြင်း မပွတ်သပ်ပါနှင့်

ခေါင်းလျှော်ပြီးနောက် ချက်ချင်း ခေါင်းမဖြီးပါနဲ့။ ပဝါနဲ့ ခပ်ကြမ်းကြမ်း သုတ်တာကိုလည်း ရှောင်ပါ။ ဒီနည်းတွေက ဆံပင် အဖျားနှစ်ခွ ကွဲစေနိုင်ပါတယ်။ (၁) ဆံပင်အရင်းနေရာကို ကြက်ဥ/ဘဲဥအကာတစ်လုံး၊ သံပရာရည် ထမင်းစား ဇွန်း နှစ်ဇွန်း၊ မုန်ညင်းဆီ ထမင်းစားဇွန်း တစ်ဇွန်း ဒါမှမဟုတ် သံလွင်ဆီကို ထည့်ပြီး လိမ်းကာ နှိပ်နယ် ပေးပါ။ အချိန် တစ်နာရီအကြာမှာ ခေါင်းလျှော်လိုက်ရင် ဆံပင် သားကို နူးညံ့ပျော့ပျောင်းစေပါတယ်။

သင့်တော်သော အာဟာရ

အာဟာရပြည့်ဝတဲ့ အစာဟာ ဆံပင်အဖျားနှစ်ခွ ကွဲတာကို သက်သာစေ ပါတယ်။ သင်စားတဲ့ အစာမှာ ဗီတာမင် အေ၊ ဘီနဲ့ ဒီ၊ ပရိုတင်းနဲ့ ကယ်လ်စီယမ် ပါဝင်စေဖို့ နွားနို့၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ ပဲပုပ်စေ့၊ သစ်သီး၊ ဟင်းရွက်စိမ်း စတာတွေကို ထည့်စားသင့် ပါတယ်။ ရေကိုလည်း များများသောက်ပါ။

လမ်းလျှောက်ခင်းနှင့် အခြားလေ့ကျင့်ခန်း

မနက်ခင်းနဲ့ ညနေခင်းမှာ လမ်းလျှောက်တာနဲ့ တခြား လေ့ ကျင့်ခန်းတွေကို လုပ်ဆောင်ပါ။

ခေါင်းဖြီးခြင်း

အိပ်ရာမဝင်ခင် ခေါင်းဖြီးပါ။ ဒီနည်းလမ်းဟာ ဦးရေပြားရှိ အဆီဂလင်းက အဆီထွက်ရှိအောင် လှုံ့ဆော်ပေးပါတယ်။ ဆံပင်အဖျားကို မကြာခဏ တိပေးသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဇွန်Good Health

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top