ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

သင္သည္ ေထရ၀ါဒ ဗုဒၶဘာသာစစ္စစ္ဆိုရင္ ဤပိုစ့္ ကိုဖတ္သင့္ပါသည္ ထိထိမိမိေရးထားတာေကာင္းတယ္

လာၿပီးတည္းတာက ဘုန္းႀကီးေက်ာင္း
အိပ္ေတာ့ ဘုရားေဘးမွာ
ကဲ မနက္မိုးလင္းေတာ့ ျပင္ဆင္စားေသာက္ၿပီး ..သြားတယ္
ေတာင္ျပံဳးတဲ့ ။
ဟိုေရာက္ေတာ့ ဘုရားတည္ဖို႔ အုတ္ခဲေလးတစ္ခ်ပ္ေတာင္ မထည့္ေပးတဲ့ မိစၦာ၀ါဒါနဲ႔ လူျဖစ္လာတဲ့ ႏွစ္ေကာင္ကုိ
ဖင္ဗူးေတာင္ ႐ွိခိုး
ဘာတဲ့ !! ကနားပြဲ ထိုးေပးၿပီး ...ေရႊခါးပတ္ေတာင္ ၀ယ္လႈတယ္ဆိုပဲဗ် ...။

ဟို ႏွစ္ေကာင္ကျဖင့္ ေသၿပီးလို႔ ငရဲအိုးမွာ ဂ်ိဳးေတာင္ျဖစ္ေနၿပီ....
ဒီက ႐ွိခိုးလို႔မ၀ေသးဘူး တဲ့ ။

ဘာကုိ ယံုၾကည္တာလဲ ?
ဘာကုိ သက္၀င္တာလဲ ?
ဘယ္လို အမည္ခံထားတာလဲ ?

ဘုရား႐ွင္ေဟာၾကားေတာ္မူတဲ့ ေဒသနာေတာ္ေတြက
လိုက္နာေနလဲ အက်ိဴးမ႐ွိဘူးလို႔မ်ား
ခံယူထားၾကသလား ?

တကယ္တမ္း ဘုရား႐ွင္ေဟာၾကားေတာ္မူတဲ့ တရားေတာ္ေတြကုိ ယံုၾကည္လိုက္နာေနမယ္ဆိုရင္ မဂၤလသုတ္ပရိတ္ေတာ္မွာပါတ
ဲ့၃၈ ျဖာမဂၤလာေတြနဲ႔တင္
ဒီဘ၀ေရာ ေနာင္ဘ၀အတြက္ပါ
ျပည့္စံုေနပါၿပီ...။

တစ္ဖက္ကန္းေတြ..
စံုလံုးကန္းေတြ...
အကန္းေတြ...အကန္းေတြ...

အရက္သမားကုိ ႐ွိခိုးခ်င္တာမ်ား
အဲ့ဒီအထိ သြားေနစရာမလိုပါဘူးဗ်
လမ္းေဘးက ဘံုဆိုင္ေတြထဲမွာ အမ်ားႀကီး ႐ွိပါတယ္ အားရပါးရ႐ွိခိုးလိုက္စမ္း ..။

ကုိယ့္ကုိယ္ကုိ မိစၧာဒိ႒ိ ျဖစ္မွန္းမသိ ျဖစ္ေနတယ္ ဆိုတာေတာင္ ဂ႐ုမစိုက္ဘူး..။

ဘာကုိယ္ေတာ္
ညာကုိယ္ေတာ္
ဘယ္ႏွယ့္မယ္ေတာ္
ညာႏွယ့္ ဘုိးေတာ္
ယံုၾကည္လိုက္ၾကစမ္း...။

ကံ ကံ၏ အက်ိဳးကုိ မယံုၾကည္တဲ့ လူေတြ
အဲ့ဒီလူေတြဟာ ေလာကီသဒၶါခ်ိဳ႕ယြင္းေနၿပီ
ရတနာသံုးပါးရဲ႕ ဂုဏ္ေတာ္ကုိ မယံုၾကည္တဲ့ လူေတြ ေလာကုတၱရာ သဒၶါခ်ိဳ႕ယြင္းသြားၿပီ

ေနာင္ဘ၀ အတြက္ ရိကၡာယူတာျခင္း အတူတူ ေငြကုန္ လူပင္ပန္းတာျခင္း အတူတူ ....??
ငရဲကုိ ပန္းခင္းၿပီးသြားလို႔ရတယ္မ်ား ထင္ေနၾကသလား ?

နတ္ကုိ ယံုၾကည္ကုိးကြယ္လို႔ ေနာင္ဘ၀အတြက္ ေကာင္းတယ္ ဆိုၿပီး
ဘယ္ပညာရွိမွ ေျပာျပထားတာ မေတြ႔ဖူးပါဘူး ...။ ဂဂၤါ၀ါဠဳ သဲစုမက ပြင့္ေတာ္မူၿပီးတဲ့ ဘုရား႐ွင္ေတြလဲ ေဟာေဖာ္ၫႊန္ျပ ဆံုးမထားတာေတြ မေတြ႔ဖူးပါဘူး ။

မည္သည့္ စာတတ္ေပေတာ္ ပုဂိၢဳလ္ေက်ာ္မွလဲ ေရးသားျပဆိုထားတာ မဖတ္ဘူး မမွတ္ဘူးပါဘူး ...။
(အကယ္၍ ႐ွိခဲ့လွ်င္ ဖတ္ခ်င္ပါသည္ ၊ ေလ့လာခ်င္ပါသည္)

ေအာ္....လူေတြ လူေတြ
အပူေတြၾကား၊ အယူးမွားလွ်က္
တရားဆိတ္သုဥ္း ၊ အခ်ိန္ျဖဳနး္ေသာ္
လံုးရာမွျပား ၊ ျပားရာမွ အက္
အက္ရာမွ ေၾက၊ ေၾကရာမွာမြ
မြရာမွ လြင့္ ၊ လြင့္ရာမွ ေပ်ာက္
နိဂံုးေရာက္ေသာ္.... ?????

မွတ္ထား |||||
ေတြးေခၚစဥ္းစား ဉာဏ္နည္းတဲ့ လူေတြဟာ
လူလိမ္ေတြရဲ႕သားေကာင္ျဖစ္တတ္တယ္ ..။

#မွတ္ခ်က္/

အက်ိဳးစီးပြားကုိ လိုလားလွ်င္ အမုန္းခံရဲရမည္။ မိမိႏွင့္ အကြၽမ္း၀င္သူ ၊မိမိေဆြမ်ိဳးမိတ္ေဆြမ်ား၏ အက်ိဳးကုိ အမွန္တကယ္ လိုလားလွ်င္ Share ေပးပါ ။

မူရင္း = အရွင္ အား Credit ေပးပါတယ္

___________________________________________________

နတ္ကိုးကြယ္မႈ ႏွင့္သရဏဂံုပ်က္ရျခင္း
____________________________

■ သရဏဂံု ဆိုတာ ပါဠိလို"သရဏဂမန" ျမန္မာလို "သရဏဂံု" အဓိပၸာယ္က ကိုးကြယ္ဆည္းကပ္ျခင္း ရတနာျမတ္သုံးပါး အေပၚေလးေလးနက္နက္နဲ႔ သက္ဝင္ျပီး ယုံၾကည္ျမတ္ႏိုး ကိုးကြယ္ဆည္းကပ္တဲ့ သဒၵါပညာေရွ႕သြားရွိတဲ့ ကုသိုလ္စိတ္ကို "သရဏဂံု"လို႔ေခၚပါတယ္။

■ ရတနာျမတ္သုံးပါးအေပၚ ေလးေလးနက္နက္ယုံ ၾကည္ျခင္း ၾကည္ညိဳေလးစားကိုးကြယ္ဆည္းကပ္ျခင္း ရွိတဲ့သူဟာ သရဏဂံုတည္တ့ဲသူပါ။ သရဏဂံုတည္သူဟာ ရတနာျမတ္သံုးပါး ေက်းဇူးကို မသိတတ္ရင္ ရတနာသုံးပါးအေပၚ သံသယဝင္ခ့ဲရင္ အေတြးမွား အသိမွားေနခ့ဲရင္ သရဏဂံု ညိွဳးႏြမ္းညစ္ႏြမ္းပါတယ္။

■ အယူဝါဒေျပာင္းရင ္ သရဏဂံုပ်က္တယ္ ေသဆုံးတဲ့အခါမွာလည္း သရဏဂံုပ်က္တယ္။ ဒါေၾကာင့္ ဗုဒၶဘာသာဝင္ေတြ ေသဆုံးတဲ့အခါ သရဏဂံုပ်က္သြားလို႔ သရဏဂံုျပန္တင္ရတယ္။

■ အေလာင္းေကာင္ႀကီးကိုတင္တာေတာ့မဟုတ္ဘူး။ ဒီအနီးအနားမွာ တေစၧသရဲစတဲ့ဘဝမ်ိဳးမွာ ျဖစ္ေနခ့ဲရင္ သရဏဂံုျပန္တည္ပါ ေစဆိုတဲ့ အေနနဲ႔သရဏဂံုတင္ေပး ရတာပါ။

ဗုဒၶဘာသာဝင္ေတြထဲမွာ နတ္ကိုးကြယ္ ၾကတာလည္းရွိပါတယ္။ ရတနာသုံးပါးထက္ နတ္ကိုပိုအေလးထားရင္သရဏဂံုပ်က္ တယ္။ သာမန္ကိုးကြယ္ေနရင္ သရဏဂံုမပ်က္ေပမယ ့္ သရဏဂံုညစ္ႏြမ္းညိွဳးႏြမ္းမွာေတာ့ ေသခ်ာတယ္။ ဗုဒၶဘာသာစစ္စစ္တစ္ေယာက္ဟာ ရတနာသုံးပါးမွတစ္ပါး အျခားကိုးကြယ္ရာ မရွာေကာင္းပါဘူး။

■ ဘုရား တရား သံဃာကို စြန္႔ပယ္၍ အျခားေသာ ဘိုးေတာ္ မယ္ေတာ္မ်ား ၃၇-မင္းနတ္မ်ား ရိုးရာနတ္မ်ား နတ္စိမ္းမ်ားကို အရွင္ႀကီး အရွင္ေကာင္းတို႔အား ကြ်ႏု္ပ္တို႔၏ အသက္ႏွင့္ ခႏၶာကိုယ္ကို အပ္ႏွင္းကိုးကြယ္ပါ၏ဟု အဓိ႒ာန္ျပဳ၍ ဦးခ်လိုက္လွ်င္ သရဏဂံုပ်က္သည္။ ယင္းသို႔ပ်က္ျခင္းသည္ အျပစ္ရွိေသာ သရဏဂံုပ်က္ျခင္းျဖစ္သည္။

■ ဘုရား တရား သံဃာကိုလည္း မစြန္႔ ထိုဘိုးေတာ္ မယ္ေတာ္မ်ားကိုလည္း ကိုးကြယ္ဆည္းကပ္ေနမယ္ဆိုရင္ သရဏဂံုမပ်က္ေသာ္လည္း ညိွဳးႏြမ္းသြားပ ါတယ္။ ထို႔ေၾကာင့္ သရဏဂံုတည္သူမ်ား ရရွိမည့္ ေကာင္းက်ိဳးမ်ားကို တင္းျပည့္က်ပ္ျပည့္ မရႏိုင္ေတာ့ပါ။

■ အပ္ဝင္ ေပါက္ဆိန္ထြက္ ဟူေသာ စကားကဲ့သို႔ ျဖစ္တတ္ပါတယ္။
အပ္တစ္ေခ်ာင္းဝင္လာျပီး ေပါက္ဆိန္တစ္ေခ်ာင္း ထြက္သြားမည္ဆိုရင္ မိမိအတြက္ ဆုံးရံႈးတာသာျဖစ္ပါတယ္။

■ တစ္ဘဝတာ သရဏဂံုတည္ျမဲသူမ်ား ရရွိမယ့္ ေကာင္းက်ိဳးမ်ားကို အပါဒါန္ပါဠိေတာ္မွာ ေဟာၾကားထားတာ ရွိပါတယ္။ လြန္ခ့ဲေသာ ၉၁ ကမ႓ာက ပြင့္ေတာ္မူခဲ့ေ သာ အေနာမဒႆီ ျမတ္စြာဘုရား လက္ထက္ေတာ္အခါက အမ်ိဳးသားတစ္ေယာ က္သည္ မ်က္မျမင္မိဘႏွစ္ပါးကို လုပ္ေကြ်းရင္း တစ္ဘဝတာ သရဏဂံုတည္ခ့ဲသည္။

ထိုတစ္ဘဝတာ သရဏဂံုတည္ခ့ဲေသာ ကုသိုလ္ေၾကာင့္ ၉၁ကမ႓ာ အပါယ္တံခါးပိတ္သည္။ အႀကိမ္ ၈၀ သိၾကားမင္းျဖစ္သ ည္။ ၇၅ ႀကိမ္ စၾကာမင္းျဖစ္သည္ ။ ရိုးရိုးဧကရာဇ္ဘုရင္ ဘဝ အႀကိမ္ေပါင္းမ်ာ းစြာျဖစ္သည္။ ယခုဘုရားသာသနာ၌ အိႏိၵယႏိုင္ငံ၌ သူေ႒းသား သြားျဖစ္သည္။ သူ ၇ႏွစ္သား အရြယ္ခန္႔တြင္ တျခားရြယ္တူကေလးမ်ားႏွင့္အတူ ေျပးလႊားေဆာ့ကစားရင္း ရဟႏၲာတစ္ပါးသီတင ္းသုံးသည့္ ေက်ာင္းထဲသို႔ ေရာက္သြားသည္။ မေထရ္သည္ ကေလးမ်ားကို ေတြ႔သည္ႏွင့္ သရဏဂံုေဆာက္တည္ေပးသည္။ ကေလးမ်ားက ရြတ္ဆို ေဆာက္တည္ၾကသည္။ ထိုသရဏဂံုအဆုံးမွာပင္ လြန္ခ့ဲေသာ ၉၁ ကမ႓ာက တစ္ဘဝတာ သရဏဂံုတည္ခ့ဲေသာ ကေလးသည္ ရဟႏၲာျဖစ္သြားခ့ဲသည္။
သူ၏ဘဲြ႔အမည္မွာ တိသရဏဂမနိယမေထရ္ဟုေခၚသည္။ ဤေကာင္းကိ်ဳးမ်ားသည္ မိမိထံမွာရွိေနေသာေပါက္ဆိန္ ႏွင့္တူသည္။
ဘိုးေတာ္ မယ္ေတာ္ ၃၇ မင္း ရိုးရာနတ္မ်ားကိ ု ကနားေပးျပီး ကိုးကြယ္လိုက္လ်ွင္ သရဏဂံုမပ်က္ေတာင္ သရဏဂံု ညိွဳးႏြမ္း သြားပါတယ္။

ထိုသို႔နတ္မ်ားကိုးကြယ္သည့္အတြက္ စီးပြားတက္ျခင္း ရာထူးတက္ျခင္းသည္ အပ္တစ္ေခ်ာင္းဝင ္လာနဲ႔တူပါတယ္။ အေၾကာင္းမွာ စီးပြားတက္ျခင္း ရာထူးတက္ျခင္းေၾကာင့္ ရရွိလာတဲ့စီးပြာ းဥစၥာဟာ တစ္ဘဝတစ္နပ္စာသာ ရွိေသာေၾကာင့္ပဲျဖစ္ပါတယ္။ သရဏဂံုညိွဳးႏြမ္ းသြားရင္ ၉၁ ကမ႓ာ အပါယ္တံခါးပိတ္ရျခင္း စေသာေကာင္းက်ိဳးမ်ားကို မရေတာ့ပါ။ ဒါဟာ မိမိထံမွ ေပါက္ဆိန္တစ္ေခ်ာင္း ျပန္ထြက္တာနဲ႔တူပါတယ္။

နတ္ကိုးကြယ္မႈနဲ႔စပ္လို႔ အစဥ္အလာအရ နတ္ကိုပူေဇာ္ခ်င္တယ္ဆိုရင္ ပူေဇာ္လို႔ရတယ္။ ပသလို႔ရတယ္။ ဒါေပမယ့္မကိုးကြ ယ္ေကာင္းဘူး။ ပူေဇာ္တာနဲ႔ ကိုးကြယ္တာဟာ မတူပါဘူး။ အခိ်ဳ႕အိမ္ေတြမွ ာ ကိုးကြယ္ပူေဇာ္မႈေတြ ေရာေရာ ေႏွာေႏွာျဖစ္ေနတ ာေတြ႔ရပါတယ္။ ဘုရားေက်ာင္းေဆာင္မွာ နတ္ရုပ္ ဘိုးေတာ္ မယ္ေတာ္ရုပ္ေတြ မထားေကာင္းပါဘူး။ ဘုရားနဲ႔တစ္တန္းတည္း ဘာကိုမွမထားရပါဘူး။ တစ္ျခားဟာေတြ ပူေဇာ္ခ်င္ရင္ တစ္ေနရာရာမွာ သီးသန္႔ပူေဇာ္ပါ။ ဒါေပမယ့္ ကိုးေတာ့ မကိုးကြယ္လိုက္ပါနဲ႔။ ဥစၥာစည္းစိမ္ဆင္ းရဲတာက တစ္ဘဝသာဒုကၡေရာက္မွာပါ။ အသိဉာဏ္ပညာ ဆင္းရဲခ့ဲရင္ေတာ့ သံသရာအဆက္ဆက္ ဒုကၡေရာက္သြားပါလိမ့္မယ္။

■ အားကိုးမလဲြေစနဲ႔ ■

ေလာကမွာ အျမင့္ျမတ္ဆုံးဘုရားနဲ႔ ေတြ႔လ်က္သားနဲ႔ ဘုရားကိုအားမကိုးပဲ နတ္ေတြ ဘိုးေတာ္မယ္ေတာ္ စတာေတြကို အထင္ႀကီးအားကိုးေနတာဟာ လူၾကားလို႔ မေကာင္းပါဘူး။
ဒါဟာကိုယ့္ဦးေႏွာက္ကို ကိုယ္ အလဲြသုံးစားလုပ္တာပဲ။ ေလာကမွာ ဘုရားကိုအားကိုးတာဘုရားစကားနားေထာင္တာ ေလာက္ ေကာင္းတာ ဘာမွမရွိဘူး။ သိပၸံေခတ္လူသားလုပ္ေနၾကျပီး အေတြးေခ်ာ္မေနၾက နဲ႔။

Thanks:
#အရွင္ဝိစိတၱသာရ(ေလးအိမ္စု)
#အရွင္ဇဝန(ေမတၱာရွင္-ေရႊျပည္သာ)
#အရွင္သံဝရာလကၤာရ(ဓမၼပိယဆရာေတာ္)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဓမၼေရခ်မ္းစင္


#Unicode Version#
သင်သည် ထေရဝါဒ ဗုဒ္ဓဘာသာစစ်စစ်ဆိုရင် ဤပိုစ့် ကိုဖတ်သင့်ပါသည် ထိထိမိမိရေးထားတာကောင်းတယ်

လာပြီးတည်းတာက ဘုန်းကြီးကျောင်း
အိပ်တော့ ဘုရားဘေးမှာ
ကဲ မနက်မိုးလင်းတော့ ပြင်ဆင်စားသောက်ပြီး ..သွားတယ်
တောင်ပြုံးတဲ့ ။
ဟိုရောက်တော့ ဘုရားတည်ဖို့ အုတ်ခဲလေးတစ်ချပ်တောင် မထည့်ပေးတဲ့ မိစ္ဆာဝါဒါနဲ့ လူဖြစ်လာတဲ့ နှစ်ကောင်ကို
ဖင်ဗူးတောင် ရှိခိုး
ဘာတဲ့ !! ကနားပွဲ ထိုးပေးပြီး ...ရွှေခါးပတ်တောင် ဝယ်လှုတယ်ဆိုပဲဗျ ...။

ဟို နှစ်ကောင်ကဖြင့် သေပြီးလို့ ငရဲအိုးမှာ ဂျိုးတောင်ဖြစ်နေပြီ....
ဒီက ရှိခိုးလို့မဝသေးဘူး တဲ့ ။

ဘာကို ယုံကြည်တာလဲ ?
ဘာကို သက်ဝင်တာလဲ ?
ဘယ်လို အမည်ခံထားတာလဲ ?

ဘုရားရှင်ဟောကြားတော်မူတဲ့ ဒေသနာတော်တွေက
လိုက်နာနေလဲ အကျိူးမရှိဘူးလို့များ
ခံယူထားကြသလား ?

တကယ်တမ်း ဘုရားရှင်ဟောကြားတော်မူတဲ့ တရားတော်တွေကို ယုံကြည်လိုက်နာနေမယ်ဆိုရင် မင်္ဂလသုတ်ပရိတ်တော်မှာပါတ
ဲ့၃၈ ဖြာမင်္ဂလာတွေနဲ့တင်
ဒီဘဝရော နောင်ဘဝအတွက်ပါ
ပြည့်စုံနေပါပြီ...။

တစ်ဖက်ကန်းတွေ..
စုံလုံးကန်းတွေ...
အကန်းတွေ...အကန်းတွေ...

အရက်သမားကို ရှိခိုးချင်တာများ
အဲ့ဒီအထိ သွားနေစရာမလိုပါဘူးဗျ
လမ်းဘေးက ဘုံဆိုင်တွေထဲမှာ အများကြီး ရှိပါတယ် အားရပါးရရှိခိုးလိုက်စမ်း ..။

ကိုယ့်ကိုယ်ကို မိစ္ဆာဒိဋ္ဌိ ဖြစ်မှန်းမသိ ဖြစ်နေတယ် ဆိုတာတောင် ဂရုမစိုက်ဘူး..။

ဘာကိုယ်တော်
ညာကိုယ်တော်
ဘယ်နှယ့်မယ်တော်
ညာနှယ့် ဘိုးတော်
ယုံကြည်လိုက်ကြစမ်း...။

ကံ ကံ၏ အကျိုးကို မယုံကြည်တဲ့ လူတွေ
အဲ့ဒီလူတွေဟာ လောကီသဒ္ဓါချို့ယွင်းနေပြီ
ရတနာသုံးပါးရဲ့ ဂုဏ်တော်ကို မယုံကြည်တဲ့ လူတွေ လောကုတ္တရာ သဒ္ဓါချို့ယွင်းသွားပြီ

နောင်ဘ၀ အတွက် ရိက္ခာယူတာခြင်း အတူတူ ငွေကုန် လူပင်ပန်းတာခြင်း အတူတူ ....??
ငရဲကို ပန်းခင်းပြီးသွားလို့ရတယ်များ ထင်နေကြသလား ?

နတ်ကို ယုံကြည်ကိုးကွယ်လို့ နောင်ဘဝအတွက် ကောင်းတယ် ဆိုပြီး
ဘယ်ပညာရှိမှ ပြောပြထားတာ မတွေ့ဖူးပါဘူး ...။ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူပြီးတဲ့ ဘုရားရှင်တွေလဲ ဟောဖော်ညွှန်ပြ ဆုံးမထားတာတွေ မတွေ့ဖူးပါဘူး ။

မည်သည့် စာတတ်ပေတော် ပုဂ္ဂိုလ်ကျော်မှလဲ ရေးသားပြဆိုထားတာ မဖတ်ဘူး မမှတ်ဘူးပါဘူး ...။
(အကယ်၍ ရှိခဲ့လျှင် ဖတ်ချင်ပါသည် ၊ လေ့လာချင်ပါသည်)

အော်....လူတွေ လူတွေ
အပူတွေကြား၊ အယူးမှားလျှက်
တရားဆိတ်သုဉ်း ၊ အချိန်ဖြုန်းသော်
လုံးရာမှပြား ၊ ပြားရာမှ အက်
အက်ရာမှ ကြေ၊ ကြေရာမှာမွ
မွရာမှ လွင့် ၊ လွင့်ရာမှ ပျောက်
နိဂုံးရောက်သော်.... ?????

မှတ်ထား |||||
တွေးခေါ်စဉ်းစား ဉာဏ်နည်းတဲ့ လူတွေဟာ
လူလိမ်တွေရဲ့သားကောင်ဖြစ်တတ်တယ် ..။

#မှတ်ချက်/

အကျိုးစီးပွားကို လိုလားလျှင် အမုန်းခံရဲရမည်။ မိမိနှင့် အကျွမ်းဝင်သူ ၊မိမိဆွေမျိုးမိတ်ဆွေများ၏ အကျိုးကို အမှန်တကယ် လိုလားလျှင် Share ပေးပါ ။

မူရင်း = အရှင် အား Credit ပေးပါတယ်

___________________________________________________

နတ်ကိုးကွယ်မှု နှင့်သရဏဂုံပျက်ရခြင်း
____________________________

■ သရဏဂုံ ဆိုတာ ပါဠိလို"သရဏဂမန" မြန်မာလို "သရဏဂုံ" အဓိပ္ပာယ်က ကိုးကွယ်ဆည်းကပ်ခြင်း ရတနာမြတ်သုံးပါး အပေါ်လေးလေးနက်နက်နဲ့ သက်ဝင်ပြီး ယုံကြည်မြတ်နိုး ကိုးကွယ်ဆည်းကပ်တဲ့ သဒ္ဒါပညာရှေ့သွားရှိတဲ့ ကုသိုလ်စိတ်ကို "သရဏဂုံ"လို့ခေါ်ပါတယ်။

■ ရတနာမြတ်သုံးပါးအပေါ် လေးလေးနက်နက်ယုံ ကြည်ခြင်း ကြည်ညိုလေးစားကိုးကွယ်ဆည်းကပ်ခြင်း ရှိတဲ့သူဟာ သရဏဂုံတည်တဲ့သူပါ။ သရဏဂုံတည်သူဟာ ရတနာမြတ်သုံးပါး ကျေးဇူးကို မသိတတ်ရင် ရတနာသုံးပါးအပေါ် သံသယဝင်ခဲ့ရင် အတွေးမှား အသိမှားနေခဲ့ရင် သရဏဂုံ ညှိုးနွမ်းညစ်နွမ်းပါတယ်။

■ အယူဝါဒပြောင်းရင ် သရဏဂုံပျက်တယ် သေဆုံးတဲ့အခါမှာလည်း သရဏဂုံပျက်တယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ သေဆုံးတဲ့အခါ သရဏဂုံပျက်သွားလို့ သရဏဂုံပြန်တင်ရတယ်။

■ အလောင်းကောင်ကြီးကိုတင်တာတော့မဟုတ်ဘူး။ ဒီအနီးအနားမှာ တစ္ဆေသရဲစတဲ့ဘဝမျိုးမှာ ဖြစ်နေခဲ့ရင် သရဏဂုံပြန်တည်ပါ စေဆိုတဲ့ အနေနဲ့သရဏဂုံတင်ပေး ရတာပါ။

ဗုဒ္ဓဘာသာဝင်တွေထဲမှာ နတ်ကိုးကွယ် ကြတာလည်းရှိပါတယ်။ ရတနာသုံးပါးထက် နတ်ကိုပိုအလေးထားရင်သရဏဂုံပျက် တယ်။ သာမန်ကိုးကွယ်နေရင် သရဏဂုံမပျက်ပေမယ့် သရဏဂုံညစ်နွမ်းညှိုးနွမ်းမှာတော့ သေချာတယ်။ ဗုဒ္ဓဘာသာစစ်စစ်တစ်ယောက်ဟာ ရတနာသုံးပါးမှတစ်ပါး အခြားကိုးကွယ်ရာ မရှာကောင်းပါဘူး။

■ ဘုရား တရား သံဃာကို စွန့်ပယ်၍ အခြားသော ဘိုးတော် မယ်တော်များ ၃၇-မင်းနတ်များ ရိုးရာနတ်များ နတ်စိမ်းများကို အရှင်ကြီး အရှင်ကောင်းတို့အား ကျွနု်ပ်တို့၏ အသက်နှင့် ခန္ဓာကိုယ်ကို အပ်နှင်းကိုးကွယ်ပါ၏ဟု အဓိဋ္ဌာန်ပြု၍ ဦးချလိုက်လျှင် သရဏဂုံပျက်သည်။ ယင်းသို့ပျက်ခြင်းသည် အပြစ်ရှိသော သရဏဂုံပျက်ခြင်းဖြစ်သည်။

■ ဘုရား တရား သံဃာကိုလည်း မစွန့် ထိုဘိုးတော် မယ်တော်များကိုလည်း ကိုးကွယ်ဆည်းကပ်နေမယ်ဆိုရင် သရဏဂုံမပျက်သော်လည်း ညှိုးနွမ်းသွားပ ါတယ်။ ထို့ကြောင့် သရဏဂုံတည်သူများ ရရှိမည့် ကောင်းကျိုးများကို တင်းပြည့်ကျပ်ပြည့် မရနိုင်တော့ပါ။

■ အပ်ဝင် ပေါက်ဆိန်ထွက် ဟူသော စကားကဲ့သို့ ဖြစ်တတ်ပါတယ်။
အပ်တစ်ချောင်းဝင်လာပြီး ပေါက်ဆိန်တစ်ချောင်း ထွက်သွားမည်ဆိုရင် မိမိအတွက် ဆုံးရှုံးတာသာဖြစ်ပါတယ်။

■ တစ်ဘဝတာ သရဏဂုံတည်မြဲသူများ ရရှိမယ့် ကောင်းကျိုးများကို အပါဒါန်ပါဠိတော်မှာ ဟောကြားထားတာ ရှိပါတယ်။ လွန်ခဲ့သော ၉၁ ကမ္ဘာက ပွင့်တော်မူခဲ့ေ သာ အနောမဒဿီ မြတ်စွာဘုရား လက်ထက်တော်အခါက အမျိုးသားတစ်ယော က်သည် မျက်မမြင်မိဘနှစ်ပါးကို လုပ်ကျွေးရင်း တစ်ဘဝတာ သရဏဂုံတည်ခဲ့သည်။

ထိုတစ်ဘဝတာ သရဏဂုံတည်ခဲ့သော ကုသိုလ်ကြောင့် ၉၁ကမ္ဘာ အပါယ်တံခါးပိတ်သည်။ အကြိမ် ၈၀ သိကြားမင်းဖြစ်သ ည်။ ၇၅ ကြိမ် စကြာမင်းဖြစ်သည် ။ ရိုးရိုးဧကရာဇ်ဘုရင် ဘဝ အကြိမ်ပေါင်းမျာ းစွာဖြစ်သည်။ ယခုဘုရားသာသနာ၌ အိန္ဒိယနိုင်ငံ၌ သူေဋ္ဌးသား သွားဖြစ်သည်။ သူ ၇နှစ်သား အရွယ်ခန့်တွင် တခြားရွယ်တူကလေးများနှင့်အတူ ပြေးလွှားဆော့ကစားရင်း ရဟန္တာတစ်ပါးသီတင ်းသုံးသည့် ကျောင်းထဲသို့ ရောက်သွားသည်။ မထေရ်သည် ကလေးများကို တွေ့သည်နှင့် သရဏဂုံဆောက်တည်ပေးသည်။ ကလေးများက ရွတ်ဆို ဆောက်တည်ကြသည်။ ထိုသရဏဂုံအဆုံးမှာပင် လွန်ခဲ့သော ၉၁ ကမ္ဘာက တစ်ဘဝတာ သရဏဂုံတည်ခဲ့သော ကလေးသည် ရဟန္တာဖြစ်သွားခဲ့သည်။
သူ၏ဘွဲ့အမည်မှာ တိသရဏဂမနိယမထေရ်ဟုခေါ်သည်။ ဤကောင်းကျိုးများသည် မိမိထံမှာရှိနေသောပေါက်ဆိန် နှင့်တူသည်။
ဘိုးတော် မယ်တော် ၃၇ မင်း ရိုးရာနတ်များကိ ု ကနားပေးပြီး ကိုးကွယ်လိုက်လျှင် သရဏဂုံမပျက်တောင် သရဏဂုံ ညှိုးနွမ်း သွားပါတယ်။

ထိုသို့နတ်များကိုးကွယ်သည့်အတွက် စီးပွားတက်ခြင်း ရာထူးတက်ခြင်းသည် အပ်တစ်ချောင်းဝင ်လာနဲ့တူပါတယ်။ အကြောင်းမှာ စီးပွားတက်ခြင်း ရာထူးတက်ခြင်းကြောင့် ရရှိလာတဲ့စီးပွာ းဥစ္စာဟာ တစ်ဘဝတစ်နပ်စာသာ ရှိသောကြောင့်ပဲဖြစ်ပါတယ်။ သရဏဂုံညှိုးနွမ် းသွားရင် ၉၁ ကမ္ဘာ အပါယ်တံခါးပိတ်ရခြင်း စသောကောင်းကျိုးများကို မရတော့ပါ။ ဒါဟာ မိမိထံမှ ပေါက်ဆိန်တစ်ချောင်း ပြန်ထွက်တာနဲ့တူပါတယ်။

နတ်ကိုးကွယ်မှုနဲ့စပ်လို့ အစဉ်အလာအရ နတ်ကိုပူဇော်ချင်တယ်ဆိုရင် ပူဇော်လို့ရတယ်။ ပသလို့ရတယ်။ ဒါပေမယ့်မကိုးကွ ယ်ကောင်းဘူး။ ပူဇော်တာနဲ့ ကိုးကွယ်တာဟာ မတူပါဘူး။ အချို့အိမ်တွေမှ ာ ကိုးကွယ်ပူဇော်မှုတွေ ရောရော နှောနှောဖြစ်နေတ ာတွေ့ရပါတယ်။ ဘုရားကျောင်းဆောင်မှာ နတ်ရုပ် ဘိုးတော် မယ်တော်ရုပ်တွေ မထားကောင်းပါဘူး။ ဘုရားနဲ့တစ်တန်းတည်း ဘာကိုမှမထားရပါဘူး။ တစ်ခြားဟာတွေ ပူဇော်ချင်ရင် တစ်နေရာရာမှာ သီးသန့်ပူဇော်ပါ။ ဒါပေမယ့် ကိုးတော့ မကိုးကွယ်လိုက်ပါနဲ့။ ဥစ္စာစည်းစိမ်ဆင် းရဲတာက တစ်ဘဝသာဒုက္ခရောက်မှာပါ။ အသိဉာဏ်ပညာ ဆင်းရဲခဲ့ရင်တော့ သံသရာအဆက်ဆက် ဒုက္ခရောက်သွားပါလိမ့်မယ်။

■ အားကိုးမလွဲစေနဲ့ ■

လောကမှာ အမြင့်မြတ်ဆုံးဘုရားနဲ့ တွေ့လျက်သားနဲ့ ဘုရားကိုအားမကိုးပဲ နတ်တွေ ဘိုးတော်မယ်တော် စတာတွေကို အထင်ကြီးအားကိုးနေတာဟာ လူကြားလို့ မကောင်းပါဘူး။
ဒါဟာကိုယ့်ဦးနှောက်ကို ကိုယ် အလွဲသုံးစားလုပ်တာပဲ။ လောကမှာ ဘုရားကိုအားကိုးတာဘုရားစကားနားထောင်တာ လောက် ကောင်းတာ ဘာမှမရှိဘူး။ သိပ္ပံခေတ်လူသားလုပ်နေကြပြီး အတွေးချော်မနေကြ နဲ့။

Thanks:
#အရှင်ဝိစိတ္တသာရ(လေးအိမ်စု)
#အရှင်ဇဝန(မေတ္တာရှင်-ရွှေပြည်သာ)
#အရှင်သံဝရာလင်္ကာရ(ဓမ္မပိယဆရာတော်)

ဖိုးသူတော် (www.phothutaw.com)
Credit: ဓမ္မရေချမ်းစင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top