ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

အင္းစိန္ဗဟိုအက်ဥ္း ေထာင္ႏွင့္ မႏၲေလးအိုးဘိုေထာင္ တို႔မွ တကၠသိုလ္၀င္စာေမးပဲြ ၀င္ ေရာက္ေျဖဆုိခဲ့သည့္ ဂုဏ္ထူး ရေက်ာင္းသားခုနစ္ဦးကို ႏုိင္ငံ ေတာ္သမၼတက ၾသဂုတ္ ၇ ရက္ နံနက္ ၉ နာရီ မိနစ္၂၀ တြင္ ျပစ္ ဒဏ္မ်ားမွ လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးခဲ့သည္။

အင္းစိန္ေထာင္မွ ၂၀၁၅-၁၆ ပညာသင္ႏွစ္ တကၠသိုလ္၀င္ စာေမးပဲြကို ဂုဏ္ထူးတစ္ဘာသာ ျဖင့္ ေအာင္ျမင္ခဲ့သူ ေမာင္သင္း ႏုိင္ၿဖိဳးႏွင့္ ၂၀၁၆-၁၇ ပညာသင္ ႏွစ္ တကၠသိုလ္၀င္စာေမးပဲြကို ဂုဏ္ထူးတစ္ဘာသာျဖင့္ ေအာင္ ျမင္ခဲ့သူ ေမာင္ရဲထြဋ္ေအာင္တုိ႔ ကို ႏုိင္ငံေတာ္သမၼတက လြတ္ ၿငိမ္းခ်မ္းသာခြင့္ ေပးခဲ့ျခင္းျဖစ္ သည္။

‘‘အခုလို ဆယ္တန္းေအာင္ ေက်ာင္းသား သီးသန္႔လႊတ္ေပး တာ ဒါပထမဆံုးပါပဲ။ သူတို႔ လည္း အရမ္းေမွ်ာ္လင့္ေနၾကတာ ဆုိေတာ့ ေတာ္ေတာ္ေပ်ာ္ေနၾက တယ္’’ဟု အင္းစိန္ဗဟိုအက်ဥ္း ေထာင္ ေထာင္ပိုင္ဦးမ်ိဳးဦးက ေျပာသည္။

 ေက်ာင္းသားႏွစ္ဦးသည္ မူးယစ္ေဆး၀ါးမႈျဖင့္ ျပစ္ဒဏ္က်ခံခဲ့ရၿပီး ေမာင္သင္းႏုိင္ၿဖိဳးသည္ တစ္ႏွစ္ေက်ာ္၊ ေမာင္ရဲထြဋ္ေအာင္သည္ ၂ ႏွစ္ေက်ာ္ ျပစ္ဒဏ္ကာလ က်န္ရွိေနေသးခ်ိန္ တြင္ လြတ္ၿငိမ္းခ်မ္းသာခြင့္ ရရွိခဲ့ သည္။

 ေမာင္သင္းႏုိင္ၿဖိဳးသည္ လက္ရွိတြင္ အင္းစိန္ဗဟိုအက်ဥ္း ေထာင္တြင္းမွာပင္ အေ၀းသင္ တကၠသိုလ္ ျမန္မာစာအထူးျပဳဘာသာရပ္ တက္ေရာက္ေနၿပီး ေမာင္ရဲထြဋ္ေအာင္သည္ ရမွတ္ ၃၉၆ မွတ္ ရရွိထားသျဖင့္ ႏွစ္ သက္ရာတကၠသိုလ္ကို ေရြးခ်ယ္တက္ေရာက္ခြင့္ ရမည္ျဖစ္ ေၾကာင္း ၎က ဆက္လက္ေျပာ ၾကားသည္။

‘‘ဂုဏ္ထူးရ ေက်ာင္းသား ေတြပဲ လႊတ္ေပးတာဆုိေတာ့ ဒီ ႏွစ္ေအာင္တဲ့ထဲက က်န္တဲ့သူ ေျခာက္ဦးရွိေနပါေသးတယ္’’ဟု ဦးမ်ိဳးဦးကေျပာသည္။ အင္းစိန္ ဗဟိုအက်ဥ္းေထာင္မွ ၂၀၁၆-၁၇ တကၠသိုလ္၀င္စာေမးပဲြကို ၀င္ေရာက္ေျဖဆုိသူ ၂၈ ဦးရွိသည့္ အနက္ ကိုးဦးေအာင္ျမင္ၿပီး လက္ရွိတြင္ အက်ဥ္းေထာင္တြင္း အ က်ဥ္းက် တကၠသိုလ္၀င္စာေမးပဲြေအာင္ ေက်ာင္းသားေျခာက္ဦး က်န္ရွိေနဆဲျဖစ္ေၾကာင္း အင္းစိန္ ဗဟိုအက်ဥ္းေထာင္ စာရင္းမ်ား အရ သိရသည္။

 ထို႔အျပင္ မႏၲေလးအိုးဘုိ အက်ဥ္းေထာင္တြင္းမွေန၍ ဂုဏ္ ထူးျဖင့္ ေအာင္ျမင္ခဲ့သည့္ အ က်ဥ္းသား၊ အက်ဥ္းသူ ငါးဦးကို လည္း သမၼတလြတ္ၿငိမ္းခ်မ္းသာ ခြင့္ ေပးခဲ့ေၾကာင္း အဆိုပါေထာင္ မွ ဒုတိယၫႊန္ၾကားေရးမွဴး ဦးခ်ိဳ ဝင္းထြန္းက ေျပာသည္။

‘‘ႏိုင္ငံေတာ္က လႊတ္တာပါ။ အထဲမွာ က်န္တဲ့ကေလးေတြနဲ႔ပို ၿပီး ႀကိဳးစားခ်င္စိတ္ေတြ၊ ေနာင္ ႏွစ္ေတြမွာ အတုယူအားက်လာ ႏိုင္တယ္လို႔ ထင္ပါတယ္။ အက်ဥ္းဦးစီးမွာ စာေမးပြဲကို ထူးထူး ခြၽန္ခြၽန္ေအာင္ျမင္တဲ့ ကေလးေတြ လႊတ္ေပးတာ ဒါပထမဆံုးအႀကိမ္ လႊတ္ေပးတာပါ’’ဟု ဦးခ်ိဳဝင္း ထြန္းက ေျပာသည္။

လြတ္ၿငိမ္းခ်မ္းသာခြင့္ ရရွိခဲ့ သျဖင့္ မိမိတက္ေရာက္လိုသည့္ စီးပြားေရးတကၠသိုလ္ တက္ေရာက္မည္ျဖစ္ေၾကာင္း အက်ဥ္း ေထာင္မွ လြတ္ေျမာက္လာသူ သံုးဘာသာဂုဏ္ထူးရွင္ မရႊန္းလဲ့ ေဝေက်ာ္က ေျပာသည္။

‘‘လြတ္ၿငိမ္းခ်မ္းသာခြင့္ ရ တယ္ဆိုေတာ့ အိပ္မက္လို႔ေတာင္ ထင္မိတယ္။ လံုးဝမထင္ထားဘူး။ အစ္မေတြက ဝိုင္းေျပာမွ တကယ္ ယံုၾကည္တာ။ အတူတူစာေမးပြဲ ေျဖၿပီး ဂုဏ္ထူးမပါလို႔ မလြတ္တဲ့ သူငယ္ခ်င္းေတြအတြက္ စိတ္ လံုးဝမေကာင္းဘူး။ အျပင္မွာ ေက်ာင္းတက္ခြင့္ရၿပီဆိုေတာ့ စီး ပြားေရးတကၠသိုလ္တက္ၿပီး က်ဴ တာျဖစ္ခ်င္ပါတယ္’’ဟု ၎က ေျပာသည္။

ယခုႏွစ္တြင္ အက်ဥ္းေထာင္ မ်ားမွ ဂုဏ္ထူးျဖင့္ ေအာင္ျမင္ခဲ့ သူမ်ားကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးရန္ ျပည္သူအမ်ားစုက ေတာင္းဆိုၿပီးေနာက္ ေအာင္ စာရင္းထြက္ၿပီး တစ္လေက်ာ္အၾကာတြင္ ယခုကဲ့သို႔ လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးျခင္းျဖစ္ သည္။

 တကၠသိုလ္ဝင္စာေမးပြဲကို ဂုဏ္ထူးမပါရွိဘဲ ေအာင္ျမင္ခဲ့သူ မ်ားသည္ လြတ္ၿငိမ္းခ်မ္းသာခြင့္ မပါရွိေသာ္လည္း ပညာသင္ၾကားသျဖင့္ ေလွ်ာ့ရက္ေပးထား သည္။

‘‘လြတ္ေျမာက္ခဲ့တဲ့အတြက္ အရမ္းဝမ္းသာတယ္။ သမၼတနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကိုလည္း အရမ္းေက်းဇူးတင္ပါတယ္’’ ဟု က်ိဳင္းတံုၿမိဳ႕မွ မူးယစ္မႈျဖင့္ ျပစ္ ဒဏ္ ၁၀ ႏွစ္က်ခံခဲ့သူ တစ္ဘာ သာဂုဏ္ထူးရွင္ ေမာင္ဟိန္းထက္ ေအာင္က ေျပာသည္။

လြတ္ၿငိမ္းခ်မ္းသာခြင့္ရရွိသူ ငါးဦးအနက္ ေလးဦးသည္ မူးယစ္ ေဆးဝါးအမႈျဖင့္ ျပစ္ဒဏ္က်ခံေန ရၿပီး က်န္တစ္ဦးသည္ လူသတ္မႈ ျဖင့္ က်ခံေနရျခင္းျဖစ္သည္။

‘‘ထင္မထားဘဲ လြတ္တဲ့အ တြက္ အရမ္းေပ်ာ္ပါတယ္။ အခု လြတ္သြားၿပီဆိုေတာ့ စီးပြားေရး တကၠသိုလ္ Day တက္ပါမယ္။ ကြၽန္ေတာ္နဲ႔ သက္တူရြယ္တူေတြ ကို ေျပာခ်င္ပါတယ္။ မူးယစ္ေဆး ဝါး မသံုးၾကပါနဲ႔’’ ဟု မူးယစ္ေဆး ဝါးမႈျဖင့္ ေထာင္ဒဏ္ရွစ္ႏွစ္က်ခံ ခဲ့ရၿပီး ဇီေဝေဗဘာသာရပ္ ဂုဏ္ ထူးရရွိသူ ကိုလႈိင္မင္းဦးက ေျပာ သည္။

 ယခုလြတ္ၿငိမ္းခြင့္ရ အ က်ဥ္းသားငါးဦးသည္ ျပစ္ဒဏ္မွ လြတ္ေျမာက္ရန္ အမ်ားဆံုးခုနစ္ ႏွစ္ေက်ာ္ႏွင့္ အနည္းဆံုး ၁၀ လ ေက်ာ္တို႔ က်န္ရွိေနစဥ္ လြတ္ၿငိမ္း ခ်မ္းသာခြင့္ အသီးသီးရရွိျခင္းျဖစ္ သည္။

၎တို႔၏ အိမ္ျပန္စရိတ္ကို အက်ဥ္းဦးစီးဌာနက ထုတ္ေပး ထားၿပီး ဌာနဆိုင္ရာမ်ား၊ ျပင္ပအ လွဴရွင္မ်ားက လွဴဒါန္းသည့္ ေငြ မ်ားကိုပါ ထည့္ေပးလိုက္ၿပီျဖစ္ ေၾကာင္း အိုးဘိုအက်ဥ္းေထာင္ တာဝန္ရွိသူမ်ားကေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily

#Unicode Version#
အင်းစိန်ဗဟိုအကျဉ်း ထောင်နှင့် မန္တလေးအိုးဘိုထောင် တို့မှ တက္ကသိုလ်ဝင်စာမေးပွဲ ဝင် ရောက်ဖြေဆိုခဲ့သည့် ဂုဏ်ထူး ရကျောင်းသားခုနစ်ဦးကို နိုင်ငံ တော်သမ္မတက သြဂုတ် ၇ ရက် နံနက် ၉ နာရီ မိနစ်၂၀ တွင် ပြစ် ဒဏ်များမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။

အင်းစိန်ထောင်မှ ၂၀၁၅-၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ဂုဏ်ထူးတစ်ဘာသာ ဖြင့် အောင်မြင်ခဲ့သူ မောင်သင်း နိုင်ဖြိုးနှင့် ၂၀၁၆-၁၇ ပညာသင် နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဂုဏ်ထူးတစ်ဘာသာဖြင့် အောင် မြင်ခဲ့သူ မောင်ရဲထွဋ်အောင်တို့ ကို နိုင်ငံတော်သမ္မတက လွတ် ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ် သည်။

‘‘အခုလို ဆယ်တန်းအောင် ကျောင်းသား သီးသန့်လွှတ်ပေး တာ ဒါပထမဆုံးပါပဲ။ သူတို့ လည်း အရမ်းမျှော်လင့်နေကြတာ ဆိုတော့ တော်တော်ပျော်နေကြ တယ်’’ဟု အင်းစိန်ဗဟိုအကျဉ်း ထောင် ထောင်ပိုင်ဦးမျိုးဦးက ပြောသည်။

 ကျောင်းသားနှစ်ဦးသည် မူးယစ်ဆေးဝါးမှုဖြင့် ပြစ်ဒဏ်ကျခံခဲ့ရပြီး မောင်သင်းနိုင်ဖြိုးသည် တစ်နှစ်ကျော်၊ မောင်ရဲထွဋ်အောင်သည် ၂ နှစ်ကျော် ပြစ်ဒဏ်ကာလ ကျန်ရှိနေသေးချိန် တွင် လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ သည်။

 မောင်သင်းနိုင်ဖြိုးသည် လက်ရှိတွင် အင်းစိန်ဗဟိုအကျဉ်း ထောင်တွင်းမှာပင် အဝေးသင် တက္ကသိုလ် မြန်မာစာအထူးပြုဘာသာရပ် တက်ရောက်နေပြီး မောင်ရဲထွဋ်အောင်သည် ရမှတ် ၃၉၆ မှတ် ရရှိထားသဖြင့် နှစ် သက်ရာတက္ကသိုလ်ကို ရွေးချယ်တက်ရောက်ခွင့် ရမည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။

‘‘ဂုဏ်ထူးရ ကျောင်းသား တွေပဲ လွှတ်ပေးတာဆိုတော့ ဒီ နှစ်အောင်တဲ့ထဲက ကျန်တဲ့သူ ခြောက်ဦးရှိနေပါသေးတယ်’’ဟု ဦးမျိုးဦးကပြောသည်။ အင်းစိန် ဗဟိုအကျဉ်းထောင်မှ ၂၀၁၆-၁၇ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ၂၈ ဦးရှိသည့် အနက် ကိုးဦးအောင်မြင်ပြီး လက်ရှိတွင် အကျဉ်းထောင်တွင်း အ ကျဉ်းကျ တက္ကသိုလ်ဝင်စာမေးပွဲအောင် ကျောင်းသားခြောက်ဦး ကျန်ရှိနေဆဲဖြစ်ကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင် စာရင်းများ အရ သိရသည်။

 ထို့အပြင် မန္တလေးအိုးဘို အကျဉ်းထောင်တွင်းမှနေ၍ ဂုဏ် ထူးဖြင့် အောင်မြင်ခဲ့သည့် အ ကျဉ်းသား၊ အကျဉ်းသူ ငါးဦးကို လည်း သမ္မတလွတ်ငြိမ်းချမ်းသာ ခွင့် ပေးခဲ့ကြောင်း အဆိုပါထောင် မှ ဒုတိယညွှန်ကြားရေးမှူး ဦးချို ဝင်းထွန်းက ပြောသည်။

‘‘နိုင်ငံတော်က လွှတ်တာပါ။ အထဲမှာ ကျန်တဲ့ကလေးတွေနဲ့ပို ပြီး ကြိုးစားချင်စိတ်တွေ၊ နောင် နှစ်တွေမှာ အတုယူအားကျလာ နိုင်တယ်လို့ ထင်ပါတယ်။ အကျဉ်းဦးစီးမှာ စာမေးပွဲကို ထူးထူး ချွန်ချွန်အောင်မြင်တဲ့ ကလေးတွေ လွှတ်ပေးတာ ဒါပထမဆုံးအကြိမ် လွှတ်ပေးတာပါ’’ဟု ဦးချိုဝင်း ထွန်းက ပြောသည်။

လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ သဖြင့် မိမိတက်ရောက်လိုသည့် စီးပွားရေးတက္ကသိုလ် တက်ရောက်မည်ဖြစ်ကြောင်း အကျဉ်း ထောင်မှ လွတ်မြောက်လာသူ သုံးဘာသာဂုဏ်ထူးရှင် မရွှန်းလဲ့ ဝေကျော်က ပြောသည်။

‘‘လွတ်ငြိမ်းချမ်းသာခွင့် ရ တယ်ဆိုတော့ အိပ်မက်လို့တောင် ထင်မိတယ်။ လုံးဝမထင်ထားဘူး။ အစ်မတွေက ဝိုင်းပြောမှ တကယ် ယုံကြည်တာ။ အတူတူစာမေးပွဲ ဖြေပြီး ဂုဏ်ထူးမပါလို့ မလွတ်တဲ့ သူငယ်ချင်းတွေအတွက် စိတ် လုံးဝမကောင်းဘူး။ အပြင်မှာ ကျောင်းတက်ခွင့်ရပြီဆိုတော့ စီး ပွားရေးတက္ကသိုလ်တက်ပြီး ကျူ တာဖြစ်ချင်ပါတယ်’’ဟု ၎င်းက ပြောသည်။

ယခုနှစ်တွင် အကျဉ်းထောင် များမှ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ သူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ပြည်သူအများစုက တောင်းဆိုပြီးနောက် အောင် စာရင်းထွက်ပြီး တစ်လကျော်အကြာတွင် ယခုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဖြစ် သည်။

 တက္ကသိုလ်ဝင်စာမေးပွဲကို ဂုဏ်ထူးမပါရှိဘဲ အောင်မြင်ခဲ့သူ များသည် လွတ်ငြိမ်းချမ်းသာခွင့် မပါရှိသော်လည်း ပညာသင်ကြားသဖြင့် လျှော့ရက်ပေးထား သည်။

‘‘လွတ်မြောက်ခဲ့တဲ့အတွက် အရမ်းဝမ်းသာတယ်။ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အရမ်းကျေးဇူးတင်ပါတယ်’’ ဟု ကျိုင်းတုံမြို့မှ မူးယစ်မှုဖြင့် ပြစ် ဒဏ် ၁၀ နှစ်ကျခံခဲ့သူ တစ်ဘာ သာဂုဏ်ထူးရှင် မောင်ဟိန်းထက် အောင်က ပြောသည်။

လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူ ငါးဦးအနက် လေးဦးသည် မူးယစ် ဆေးဝါးအမှုဖြင့် ပြစ်ဒဏ်ကျခံနေ ရပြီး ကျန်တစ်ဦးသည် လူသတ်မှု ဖြင့် ကျခံနေရခြင်းဖြစ်သည်။

‘‘ထင်မထားဘဲ လွတ်တဲ့အ တွက် အရမ်းပျော်ပါတယ်။ အခု လွတ်သွားပြီဆိုတော့ စီးပွားရေး တက္ကသိုလ် Day တက်ပါမယ်။ ကျွန်တော်နဲ့ သက်တူရွယ်တူတွေ ကို ပြောချင်ပါတယ်။ မူးယစ်ဆေး ဝါး မသုံးကြပါနဲ့’’ ဟု မူးယစ်ဆေး ဝါးမှုဖြင့် ထောင်ဒဏ်ရှစ်နှစ်ကျခံ ခဲ့ရပြီး ဇီဝေဗေဘာသာရပ် ဂုဏ် ထူးရရှိသူ ကိုလှိုင်မင်းဦးက ပြော သည်။

 ယခုလွတ်ငြိမ်းခွင့်ရ အ ကျဉ်းသားငါးဦးသည် ပြစ်ဒဏ်မှ လွတ်မြောက်ရန် အများဆုံးခုနစ် နှစ်ကျော်နှင့် အနည်းဆုံး ၁၀ လ ကျော်တို့ ကျန်ရှိနေစဉ် လွတ်ငြိမ်း ချမ်းသာခွင့် အသီးသီးရရှိခြင်းဖြစ် သည်။

၎င်းတို့၏ အိမ်ပြန်စရိတ်ကို အကျဉ်းဦးစီးဌာနက ထုတ်ပေး ထားပြီး ဌာနဆိုင်ရာများ၊ ပြင်ပအ လှူရှင်များက လှူဒါန်းသည့် ငွေ များကိုပါ ထည့်ပေးလိုက်ပြီဖြစ် ကြောင်း အိုးဘိုအကျဉ်းထောင် တာဝန်ရှိသူများကပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top