Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သြားနဲ႔သြားဖံုးအေရာင္ကို ပံုေဖာ္စိတ္ကူးၾကည့္ပါက ပုလဲေရာင္ေႂကြသြားမ်ားနဲ႔ ပန္းေရာင္သန္းေနတဲ့ သြားဖံုးမ်ားကိုသာ ျမင္ေယာင္ေလ့ရွိၾကပါတယ္။ ဒါေၾကာင့္ သြားဖံုးအေရာင္ဟာ အမဲ၊ မီးခိုးနဲ႔ အျဖဴေရာင္ဘက္ ကိုေျပာင္းေနၿပီဆုိပါက စတင္၍ စိုးရိမ္စိတ္ဝင္တတ္ၾကပါတယ္။ အခ်ိဳ႕ေသာ သြားဖံုးအေရာင္ေျပာင္းျခင္းမ်ားဟာ သဘာဝအတိုင္းျဖစ္ေလ့ရွိတာ ျဖစ္ေပမယ့္လည္း တစ္ခါတစ္ရံမွာေတာ့ က်န္းမာေရးကို ထိခိုက္ေစတဲ့ အေျခအေနေတြျဖစ္တာေၾကာင့္ ေသခ်ာစြာဂ႐ုျပဳသင့္ပါတယ္။ ေအာက္ပါအေၾကာင္းအရင္းေတြ ကေတာ့ သြားဖံုးအေရာင္ေျပာင္းေစတဲ့ အဓိကအခ်က္ေတြပဲျဖစ္ပါတယ္။

1. သဘာဝအတိုင္း သြားဖံုးအေရာင္ရင့္ျခင္း

သြားဖံုးအမဲ (သို႔) အညိဳရင့္ေရာင္ပိုင္ဆုိင္ၾကသူေတြဟာ အေရျပားမွာရွိတဲ့ ေရာင္ျခယ္ မွ်ေျခအေနအထားေၾကာင့္ပဲျဖစ္ပါတယ္။ တစ္ဦးနဲ႔တစ္ဦး အသားအေရာင္မတူၾကသလို သြားဖံုးအေရာင္လည္း ကြဲျပားၾကတာျဖစ္ပါတယ္။ အခ်ိဳ႕သူမ်ားမွာေတာ့ သြားဖံုးဟာပန္းႏုေရာင္မသန္းတဲ့အျပင္ အမဲေရာင္အစက္ေတြ ပါ ျမင္ေတြ႔ႏုိင္ပါတယ္။ ဒါဟာ ဘာလို႔ျဖစ္တာလဲဆိုေတာ့ ခႏၶာကိုယ္ရဲ႕ေရာင္ျခယ္ဆဲလ္ (melanin) ထုတ္လုပ္မႈျမင့္မားေနတာေၾကာင့္ျဖစ္ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္အသားအေရာင္ မတူသလိုမ်ိဳး ပံုမွန္သဘာဝျဖစ္စဥ္တစ္ခုသာျဖစ္ပါတယ္။

2. ေဆးလိပ္ႏွင့္ ေဆးဝါးမ်ား

အခ်ိဳ႕သူမ်ားတြင္ ေဆးလိပ္ေသာက္ျခင္းနဲ႔ ေဆးဝါးမ်ား (ဥပမာ – ပဋိဇီဝေဆးဝါးမ်ား၊ စိတ္က်ေရာဂါကုသေဆးမ်ား) ေၾကာင့္လည္း သြားဖံုးအေရာင္ေျပာင္းႏုိင္ပါတယ္။ ေဆးအသစ္တစ္မ်ိဳး စတင္ေသာက္သံုးခ်ိန္မွစ၍ သြားဖံုးအေရာင္ေျပာင္းလဲလာျခင္းကို သတိျပဳမိပါက ဆရာဝန္ႏွင့္ေဆြးေႏြးတိုင္ပင္၍ အျခားေဆးတစ္မ်ိဳးကို အစားထုိးေသာက္သံုးႏုိင္ပါတယ္။

3. ေရာဂါအေျခအေနမ်ား

♦ သြားဖံုးတစ္သွ်ဴးကို မဲနက္ေစတဲ့ အေၾကာင္းအရင္းမ်ား

သြားဖံုးအေရာင္ေျပာင္းလဲျခင္းအတြက္ စိုးရိမ္ပူပန္စရာေကာင္းတဲ့ အျခားေသာအေျခအေနအခ်ိဳ႕လည္း ရွိေနပါတယ္။ ပထမတစ္ခုကေတာ့ တစ္သွ်ဴးဆဲလ္အေသမ်ားေၾကာင့္ျဖစ္တဲ့ သြားဖံုးမည္းေရာဂါ (Necrotizing periodontal disease (or) Black Gum disease) ပဲျဖစ္ပါတယ္။ ၎ေရာဂါဟာ အေရးႀကီးတဲ့ အေျခအေနတစ္ခုျဖစ္ၿပီး သြားဖံုးေသြးယိုျခင္း၊ အလြန္အမင္းနာက်င္ျခင္းနဲ႔ ပါးစပ္မွအနံ႔ဆိုးမ်ားထြက္ျခင္း တို႔လည္း ျဖစ္ေစႏုိင္ပါတယ္။ သြားနဲ႔ခံတြင္းကို ေသခ်ာစြာဂ႐ုမစိုက္တဲ့အျပင္ စိတ္ဖိစီးမႈမ်ားျခင္း၊ ေဆးလိပ္ေသာက္ျခင္း၊ ဗုိင္းရပ္စ္ပိုးဝင္ျခင္းနဲ႔ ခုခံအားက်ဆင္းတဲ့ေရာဂါေတြေၾကာင့္ ျဖစ္ ရတာျဖစ္ပါတယ္။ အခ်ိန္မီကုသမႈမခံယူပါက အ႐ိုးႏုမွတဆင့္ အ႐ိုးသို႔ပ်ံ႕ႏွံ႔ကာ ဒုကၡေရာက္ႏုိင္ပါတယ္။ ၎သြားဖံုးမည္ေရာဂါကို ပဋိဇီဝေဆးဝါးမ်ားေသာက္သံုးျခင္း (သို႔) တစ္သွ်ဴးဆဲလ္ေသမ်ားကို ဖယ္ရွားျခင္းနည္းျဖင့္ ကုသေပ်ာက္ကင္းႏိုင္ပါတယ္။

ေနာက္ထပ္အေျခအေနတစ္ခုကေတာ့ သြားဖံုးအေပၚမွာ မီးခိုးေရာင္အလႊာတစ္ခု လာေရာက္ဖံုးအုပ္ရာမွ ႐ုတ္တရက္အနာျဖစ္ကာ သြားဖံုးေရာင္ရမ္းျခင္း (Acute Necrotizing ulcerative Gingivity) ျဖစ္ေစတဲ့ အေနအထားပဲျဖစ္ပါတယ္။ သြားႏွင့္ခံတြင္းသန္႔ရွင္းေရးအားနည္းတာေၾကာင့္ျဖစ္ၿပီး ယေန႔ေခတ္တြင္ ျဖစ္ပြားမႈႏႈန္းလြန္စြာမွပင္ နည္းပါးလာၿပီျဖစ္ပါတယ္။

♦ အျဖဴေရာင္သြားဖံုးကို ျဖစ္ေစႏုိင္တဲ့ အေျခအေနမ်ား

သြားဖံုးကိုျဖဴေစႏုိင္တဲ့ အေၾကာင္းအရင္းမ်ားစြာရွိပါတယ္။ ပထမတစ္ခုအေနနဲ႔ကေတာ့ ပါးစပ္ထဲမွာ မႈိေရာဂါေၾကာင့္ အျဖဴဖတ္ေတြျဖစ္လာတာျဖစ္ပါတယ္။ ၎ေရာဂါကို ကုသဖို႔ရာ သြားဆရာဝန္မွ သြားဖံုးမွာကပ္ၿငိေနတဲ့ မႈိေတြကိုျခစ္ခ်ၿပီး ျပန္မျဖစ္ေစရန္ ဘယ္လုိကာကြယ္ရမလဲဆိုတာ ၫႊန္ၾကားေပး လိမ့္မယ္။

အျခားအေၾကာင္းအရင္းတစ္ခုကေတာ့ အရက္ေသာက္ျခင္း (သို႔) ေဆးလိပ္ေသာက္ျခင္းေၾကာင့္ ျဖစ္ လာတဲ့ ကင္ဆာေရာဂါကို ဦးတည္တဲ့အေျခအေနတစ္ခုပဲျဖစ္ပါတယ္။ ဒီလိုအေျခအေနၾကံဳေတြ႔ေနရၿပီဆိုပါက သြားဆရာဝန္ႏွင့္တိုင္ပင္၍ သြားနဲ႔သြားဖံုးေတြ ထပ္မံမပ်က္စီးေအာင္ ကာကြယ္မႈေတြကို လုပ္ေဆာင္သင့္ ပါတယ္။

သြားဖံုးအေရာင္ေျပာင္းျခင္းကို ဘယ္လုိကာကြယ္မလဲ

အေကာင္းဆံုးနည္းလမ္းကေတာ့ သြားႏွင့္ခံတြင္းသန္႔ရွင္းေရးကို ေန႔စဥ္ျပဳလုပ္၍ သြားဆရာဝန္ႏွင့္ ေျခာက္လတစ္ႀကိမ္ ျပသသင့္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Thinzar Wynn

#Unicode Version#
သွားနဲ့သွားဖုံးအရောင်ကို ပုံဖော်စိတ်ကူးကြည့်ပါက ပုလဲရောင်ကြွေသွားများနဲ့ ပန်းရောင်သန်းနေတဲ့ သွားဖုံးများကိုသာ မြင်ယောင်လေ့ရှိကြပါတယ်။ ဒါကြောင့် သွားဖုံးအရောင်ဟာ အမဲ၊ မီးခိုးနဲ့ အဖြူရောင်ဘက် ကိုပြောင်းနေပြီဆိုပါက စတင်၍ စိုးရိမ်စိတ်ဝင်တတ်ကြပါတယ်။ အချို့သော သွားဖုံးအရောင်ပြောင်းခြင်းများဟာ သဘာဝအတိုင်းဖြစ်လေ့ရှိတာ ဖြစ်ပေမယ့်လည်း တစ်ခါတစ်ရံမှာတော့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အခြေအနေတွေဖြစ်တာကြောင့် သေချာစွာဂရုပြုသင့်ပါတယ်။ အောက်ပါအကြောင်းအရင်းတွေ ကတော့ သွားဖုံးအရောင်ပြောင်းစေတဲ့ အဓိကအချက်တွေပဲဖြစ်ပါတယ်။

1. သဘာဝအတိုင်း သွားဖုံးအရောင်ရင့်ခြင်း

သွားဖုံးအမဲ (သို့) အညိုရင့်ရောင်ပိုင်ဆိုင်ကြသူတွေဟာ အရေပြားမှာရှိတဲ့ ရောင်ခြယ် မျှခြေအနေအထားကြောင့်ပဲဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး အသားအရောင်မတူကြသလို သွားဖုံးအရောင်လည်း ကွဲပြားကြတာဖြစ်ပါတယ်။ အချို့သူများမှာတော့ သွားဖုံးဟာပန်းနုရောင်မသန်းတဲ့အပြင် အမဲရောင်အစက်တွေ ပါ မြင်တွေ့နိုင်ပါတယ်။ ဒါဟာ ဘာလို့ဖြစ်တာလဲဆိုတော့ ခန္ဓာကိုယ်ရဲ့ရောင်ခြယ်ဆဲလ် (melanin) ထုတ်လုပ်မှုမြင့်မားနေတာကြောင့်ဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်အသားအရောင် မတူသလိုမျိုး ပုံမှန်သဘာဝဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်။

2. ဆေးလိပ်နှင့် ဆေးဝါးများ

အချို့သူများတွင် ဆေးလိပ်သောက်ခြင်းနဲ့ ဆေးဝါးများ (ဥပမာ – ပဋိဇီဝဆေးဝါးများ၊ စိတ်ကျရောဂါကုသဆေးများ) ကြောင့်လည်း သွားဖုံးအရောင်ပြောင်းနိုင်ပါတယ်။ ဆေးအသစ်တစ်မျိုး စတင်သောက်သုံးချိန်မှစ၍ သွားဖုံးအရောင်ပြောင်းလဲလာခြင်းကို သတိပြုမိပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်၍ အခြားဆေးတစ်မျိုးကို အစားထိုးသောက်သုံးနိုင်ပါတယ်။

3. ရောဂါအခြေအနေများ

♦ သွားဖုံးတစ်သျှူးကို မဲနက်စေတဲ့ အကြောင်းအရင်းများ

သွားဖုံးအရောင်ပြောင်းလဲခြင်းအတွက် စိုးရိမ်ပူပန်စရာကောင်းတဲ့ အခြားသောအခြေအနေအချို့လည်း ရှိနေပါတယ်။ ပထမတစ်ခုကတော့ တစ်သျှူးဆဲလ်အသေများကြောင့်ဖြစ်တဲ့ သွားဖုံးမည်းရောဂါ (Necrotizing periodontal disease (or) Black Gum disease) ပဲဖြစ်ပါတယ်။ ၎င်းရောဂါဟာ အရေးကြီးတဲ့ အခြေအနေတစ်ခုဖြစ်ပြီး သွားဖုံးသွေးယိုခြင်း၊ အလွန်အမင်းနာကျင်ခြင်းနဲ့ ပါးစပ်မှအနံ့ဆိုးများထွက်ခြင်း တို့လည်း ဖြစ်စေနိုင်ပါတယ်။ သွားနဲ့ခံတွင်းကို သေချာစွာဂရုမစိုက်တဲ့အပြင် စိတ်ဖိစီးမှုများခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဗိုင်းရပ်စ်ပိုးဝင်ခြင်းနဲ့ ခုခံအားကျဆင်းတဲ့ရောဂါတွေကြောင့် ဖြစ် ရတာဖြစ်ပါတယ်။ အချိန်မီကုသမှုမခံယူပါက အရိုးနုမှတဆင့် အရိုးသို့ပျံ့နှံ့ကာ ဒုက္ခရောက်နိုင်ပါတယ်။ ၎င်းသွားဖုံးမည်ရောဂါကို ပဋိဇီဝဆေးဝါးများသောက်သုံးခြင်း (သို့) တစ်သျှူးဆဲလ်သေများကို ဖယ်ရှားခြင်းနည်းဖြင့် ကုသပျောက်ကင်းနိုင်ပါတယ်။

နောက်ထပ်အခြေအနေတစ်ခုကတော့ သွားဖုံးအပေါ်မှာ မီးခိုးရောင်အလွှာတစ်ခု လာရောက်ဖုံးအုပ်ရာမှ ရုတ်တရက်အနာဖြစ်ကာ သွားဖုံးရောင်ရမ်းခြင်း (Acute Necrotizing ulcerative Gingivity) ဖြစ်စေတဲ့ အနေအထားပဲဖြစ်ပါတယ်။ သွားနှင့်ခံတွင်းသန့်ရှင်းရေးအားနည်းတာကြောင့်ဖြစ်ပြီး ယနေ့ခေတ်တွင် ဖြစ်ပွားမှုနှုန်းလွန်စွာမှပင် နည်းပါးလာပြီဖြစ်ပါတယ်။

♦ အဖြူရောင်သွားဖုံးကို ဖြစ်စေနိုင်တဲ့ အခြေအနေများ

သွားဖုံးကိုဖြူစေနိုင်တဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ ပထမတစ်ခုအနေနဲ့ကတော့ ပါးစပ်ထဲမှာ မှိုရောဂါကြောင့် အဖြူဖတ်တွေဖြစ်လာတာဖြစ်ပါတယ်။ ၎င်းရောဂါကို ကုသဖို့ရာ သွားဆရာဝန်မှ သွားဖုံးမှာကပ်ငြိနေတဲ့ မှိုတွေကိုခြစ်ချပြီး ပြန်မဖြစ်စေရန် ဘယ်လိုကာကွယ်ရမလဲဆိုတာ ညွှန်ကြားပေး လိမ့်မယ်။

အခြားအကြောင်းအရင်းတစ်ခုကတော့ အရက်သောက်ခြင်း (သို့) ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ် လာတဲ့ ကင်ဆာရောဂါကို ဦးတည်တဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေကြုံတွေ့နေရပြီဆိုပါက သွားဆရာဝန်နှင့်တိုင်ပင်၍ သွားနဲ့သွားဖုံးတွေ ထပ်မံမပျက်စီးအောင် ကာကွယ်မှုတွေကို လုပ်ဆောင်သင့် ပါတယ်။

သွားဖုံးအရောင်ပြောင်းခြင်းကို ဘယ်လိုကာကွယ်မလဲ

အကောင်းဆုံးနည်းလမ်းကတော့ သွားနှင့်ခံတွင်းသန့်ရှင်းရေးကို နေ့စဉ်ပြုလုပ်၍ သွားဆရာဝန်နှင့် ခြောက်လတစ်ကြိမ် ပြသသင့်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:  Thinzar Wynn
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top