ကန်တော်ကြီးအနီး နိုင်ငံတကာအဆင့်မီ Royal Garden View ကွန်ဒို အထူးအရောင်းပြပွဲ
×
Credit: 7Day Daily
#Unicode Version#
 ရွှေတောင်မြို့နယ် ဆင်မကြပ်ကျေးရွာအနီး ပြည်-ရန်ကုန် ကားလမ်းဘေး ချောက်ကမ်းပါးတွင် အမျိုးသားတစ်ဦးအလောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
အသက် (၂၄)နှစ် အရွယ် အမျိုးသားအလောင်းကို ဩဂုတ် ၁၆ ရက် ညနေ ၄ နာရီခန့်တွင် တွေ့ရှိခဲ့သည်ဟု ဆင်မကြပ်ကျေးရွာ ဒေသခံများက ပြောသည်။
‘‘ခရီးသွား တစ်ယောက်က ချောက်ကမ်းပါးအနီးကိုဆင်းပြီး အပေါ့သွားရာက စတင်တွေ့ရှိခဲ့ တာပါ။ သေဆုံးသူက နတ်မှော် ကျေးရွာမှာ နေထိုင်တယ်လို့ သိရ
တယ်။ ဩဂုတ် ၁၅ ရက် ညကတည်းက အိမ်ပြန်မလာဘဲ ပျောက်ဆုံးနေလို့ လိုက်ရှာနေကြတာလို့ မိသားစုဝင်တွေ ပြောစကားအရ သိရပါတယ်’’ဟု ဆင်မကြပ်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ အလောင်း၏ အပေါ် ၁၀ ပေကျော် အမြင့်တွင် ခရီးသွားများနားနေရန် ကွန်ကရစ်တံတားကျောက်ခုံရှိကြောင်း၊ ယင်းကျောက်ခုံပေါ်မှ လိမ့်ကျ သေဆုံးခြင်းဖြစ်သည်ဟု ယူဆရ ပြီး သေမှုသေခင်းဖွင့်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနေကြောင်း ရွှေတောင်မြို့မရဲစခန်းမှူး ဒုရဲမှူး တင်မျိုးဝင်းက ပြောသည်။
 ‘‘သေဆုံးသူက အရက် သောက်တတ်သူ ဖြစ်တယ်။ အ ရက်သောက်ပြီး အိမ်မပြန်ဘဲ တံ တားပေါင် ကျောက်ခုံမှာ သွား အိပ်ရာကနေ ပြုတ်ကျသေဆုံး တယ်လို့ ယူဆရတယ်။ ပြင်ပဒဏ် ရာမတွေ့ရဘူး’’ဟု ၎င်းက ပြော ကြားသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top