Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မာတုဂါမ(ဗုဒၶဘာသာဝင္အမ်ုိးသမီးမ်ားဖတ္ရန္)

ျမတ္စြာဘုရားရွင္ ကိုယ္ေတာ္ျမတ္ႀကီးက ရဟန္းေတြကို မိနး္မေတြနဲ႔ ဆက္ဆံရာမွာ ဘယ္လိုဆက္ဆံသင့္တယ္ဆိုတာ အေသအခ်ာလမ္းညႊန္ေဟာျပဆံုးမခဲ့ပါတယ္။ ဘာလို႔ ဒီလိုေဟာ ၾကားေပးခဲ့ရသလဲလို႔ သံုးသပ္ၾကည့္ရရင္ အရိယာျဖစ္တဲ့ ရဟန္းေတြအတြက္ မာတုဂါမဆိုတဲ့ မိန္းမေတြက ျပသနာမျဖစ္နိုင္ေပမဲ့ ပုတုဇဥ္ျဖစ္တဲ့ ရဟန္းေတာ္ေတြအတြက္ကေတာ့ မိန္းမေတြက အႏၱရာယ္တစ္ခုပါပဲ။ အမႈိက္ကစ ျပသာဒ္ မီးေလာင္ဆိုသလို မျဖစ္ရေလေအာင္ တင္းတင္းက်ပ္က်ပ္ တားျမစ္ထားခဲ့တာလို႔ ယူဆပါတယ္။

တကယ္ေတာ့ ရဟန္းဆိုေပမဲ့ ပုတုဇဥ္ရဟန္းတပါးဟာ ေယာက္်ားတစ္ေယာက္နဲ့ သိပ္မျခားနားပါ ဘူး။ ေစာင့္ထိန္းရမဲ့ သိကၡာပုဒ္ေတြကိုဖယ္လိုက္ရင္ ရဟန္းေတာ္ဟာလဲ ေယာက္်ားတစ္ေယာက္ပါပဲ။ ဒါကို မာတုဂါမျဖစ္တဲ့ အမ်ိဳးသမီးေတြ ေသေသခ်ာခ်ာ သိသင့္ၿပီး ထိန္းသိမ္းသင့္ပါတယ္။ ေခတ္အဆက္ဆက္မွာ နာမည္ႀကီးလွတဲ့ တရားေဟာ ဓမၼာစရိယ ဆရာေတာ္ေတြ လူထြက္ၿပီး မိန္းမယူခဲ့တာေတြ သိၾက ျမင္ရ ရပါလိမ့္မယ္။

ဒါေတြက ဘာကိုျပသလဲဆိုရင္ အမ်ိဳးသမီးေတြက တရားေဟာ ဓမၼာစရိယ ေတြ တရားေဟာေျပာေကာင္း ၿပီဆိုရင္ ဘယ္ေနရာျဖစ္ျဖစ္ လိုက္လံ နာယူၾကတာ ေတြရွိပါတယ္။ ေဟာတာေျပာတာေကာင္းလို႔ ၾကည္ညိဳလို႔ လိုက္လံ နာယူတာကေန ရင္းႏွီးခင္မင္လိုစိတ္ေတြ ျဖစ္လာၾကပါတယ္။

ဆရာေတာ္ေတြအနားေရာက္ေအာင္သြားၿပီး ခင္မင္ခြင့္ရင္းႏွီးခြင့္ကို ရေအာင္ယူ ေျခဆုပ္လက္နယ္ျပဳ ကုသိုလ္ယူၾကတဲ့ အမ်ိဳးသမီးေတြလဲ အမ်ားႀကီးပါ။ တစ္ခ်ိဳ႔ဆို ၾကည္ညိဳလို႔ဆိုၿပီး ေျခစံုကို ဦးတိုက္တဲ့ အမ်ိဳးသမီးေတြ၊ ဆရာေတာ္လာမယ့္လမ္းမွာ ဆံပင္ျဖန္႔ခင္းၿပီး ဆရာေတာ္ကို နင္းေလွ်ာက္ေစကာ ပူေဇာ္တဲ့ အမ်ိဳးသမီးေတြ အမ်ားႀကီးရွိပါတယ္။ ကိုယ္ကၾကည္ညိဳစိတ္နဲ႔ လုပ္္တာ မွန္ေပမဲ့ ဆရာေတာ္ေတြကလဲ ပုတုဇဥ္ လူသား ေယာက္်ားေတြဆိုတာကို မေမ့သင့္ပါဘူး။ လိုအပ္တာထက္ ရင္းႏွီးလာၿပီဆိုရင္ သဒၵါ လြန္ေတာ့ တဏွာကၽြံဆုိသလိုေတြ ျဖစ္လာနိုင္ပါတယ္။

ရဟန္းေတာ္ေတြဘက္ကၾကည့္ရင္လဲ ငယ္စဥ္ကေလးဘ၀ကတည္းက ကိုရင္၀တ္ စာ၀ါလိုက္ အသက္၂၀ျပည့္ျပန္ေတာ့ ရဟန္းခံ စာ၀ါလိုက္ဆိုေတာ့ မိန္းမအေၾကာင္း သိဖို႔ခဲယဥ္းလွပါတယ္။ ဒီလိုမ်ိဳးနဲ႔ ရဟန္းျဖစ္လာခဲ့တဲ့ ငယ္ျဖဴဆရာေတာ္ေတြဆိုရင္ မိန္းမနဲ႔ပက္သက္တဲ့ အေတြ႔အႀကံဳ နည္းလြန္းလွပါတယ္။ တဖက္မွာ အမ်ိဳးသမီးေတြက ၾကည္ညိဳစိတ္နဲ႔ ကိုယ့္ကို အရမ္းရင္းႏွီးပက္သက္ လာတဲ့ အခါ အမ်ိဳးသမီး ဆန္႔က်င္ဘက္လိင္ဆိုတဲ့ အေတြးမ်ိဳး၀င္သြားတာနဲ႔ အမွားေတြႀကံဳဖို႔ မ်ားလာပါလိမ့္မယ္။ ဒီလိုမျဖစ္ေအာင္ ရဟန္းေတာ္ေတြဟာ မာတုဂါမေတြနဲ႔ အတတ္နိုင္ဆံုး ထိေတြ႔ဆက္ဆံမႈမျဖစ္ဖို႔ ေရွာင္ၾကဥ္ၾကရပါ တယ္။ ေရွာင္ၾကဥ္ဖို႔လဲ ၀ိနည္းသိကၡာပုဒ္မ်ား ခ်မွတ္ထားျခင္းရွိပါတယ္။

သာမန္အားျဖင့္ ရဟန္းေတာ္မ်ားသည္ မာတုဂါမမ်ားႏွင့္ ထိေတြ႔ျခင္း၊ တိုးေ၀ွ႔ျခင္း၊ မျပဳမိေအာင္ ေရွာင္ၾကဥ္ ရပါသည္။ ရဟန္းမ်ားႏွင့္ မာတုဂါမတို႔ ထိေတြ႔တိုးေ၀ွ႕၍ သာယာမိလွ်င္ အျပစ္ရွိသည္ဟု သိမွတ္ ထားၾကသည္။ ကာယသံသဂၢ သိကၡာ ပုဒ္အရ အာပတ္သင့္လွ်င္ ဂရုကအာပတ္ သံဃာဒိသိသ္ အာပတ္မ်ိဳးျဖစ္သျဖင့္ သာမန္ေဒသနာၾကား အာပတ္ေျဖရံုႏွင့္မရ၊ ထံုးစံရွိသေလာက္ ရက္ခ်ိန္ယူ၍ ပရိ၀ါသ္မာနတ္ ေဆာက္တည္ရသည္။ အမၻာနတံေဆာင္ ရသည္။ ထို႔ေၾကာင့္ ရဟန္းေတာ္ မ်ားသည္ မာတုဂါမမ်ားႏွင့္ မထိမိေအာင္ သတိထားၾကရသည္။ သို႔ေသာ္ အမွတ္တမဲ့ထိျခင္း၊ ကား၊ ရထားေပၚ စသည္တုိ႔၌ တိုးေ၀ွ႔မိျခင္း၊ ေျခေတာ္စံုကို ဦးခိုက္ရွိခိုးျခင္း၊ အာမိသ ဆက္သရာ ဆြမ္းေလာင္းလွဴရာ၌ လက္ခ်င္းထိျခင္းသည္ ျခြင္းခ်က္သေဘာႏွင့္ အာပတ္မွ လြတ္သည္လည္း ရွိေပသည္။

၀ႏၵန၀တၳဳသၼိ ံဣတၳိပါေဒ သမၸာဟိတြာ ၀ႏၵိတုကာ မာ၀ါ ေရတဗၺာ၊ ပါဒါ၀ါပဋိစၧာ ေဒတဗၺာနိစၥေလန၀ါ ဘ၀တဗၺံ၊ နိစၥလႆ ဟိစိေတၱန သာဒိေတာအနာပတ-၁၃၂ ရွိခိုးေသာ၀တၳဳ၌ မာတုဂါမတစ္ေယာက္က ရဟန္း၏ေျခကို ဆုပ္ကိုင္၍ ရွိခိုးသည္ကို တားျမစ္ရ၏။ ရဟန္းက ေျခကိုေသာ္လည္း ဖံုးထားရမည္။ ဆုပ္ကိုင္ထိေတြ႔၍ ရွိခိုးေနလွ်င္ မတုန္မလွဳပ္( မလွဳပ္ မရွားေန၍) ေသာ္လည္း ေနရမည္။ ေျခေထာက္ကို ဆုပ္နယ္၍ ရွိခိုးေနေသာ မာတုဂါမ၏လက္မွ လြတ္ရန္ ရုန္းကန္လွဳပ္ရွားေသာ္လည္း လြတ္ေျမာက္ရန္သာ လံု႔လထုတ္ျခင္းျဖစ္၍ အျပစ္မရွိဟုဆိုေပသည္။ ထုိအခ်က္ကို သတိျပဳ၍ ဆြမ္းခံရာ၌ သပိတ္ ကပ္ျခင္း၊ ေပးလွဴျခင္းတို႔၌ လက္ခ်င္းထိေသာအရာ ၊ ပရိတ္သတ္ထဲ၌ အမွတ္မဲ့လက္ကို ဆန္႔တန္းရာ၌ မာတုဂါမ၏ ကိုယ္အဂၤါကို ထိမိေသာအရာ၊ မိန္းကေလးကို ေယာက်္ားေလးမွတ္၍ ကိုင္မိေသာအရာ စသည္တို႔၌လည္း အတူတူပင္ျဖစ္ေပသည္။

ဒါေၾကာင့္ ရဟန္းေတာ္ေတြဘက္ကလဲ ဘုရားရွင္ေဟာျပခဲ့တဲ့ မာတုဂါမမ်ားနဲ႔ ဆက္ဆံရမဲ့ နည္းလမ္းေတြ ကို အတိအက် လိုက္နာက်င့္သံုးဖို႔လိုအပ္သလို မာတုဂါမျဖစ္တဲ့ အမ်ိဳးသမီးမ်ားအေနနဲ႔ကလည္း ကိုယ္ၾကည္ညိဳၿပီး ရင္းႏွီးသိကၽြမ္းခင္မင္ ခ်င္တာမွန္ေပမဲ့ လိုအပ္တာထက္ပိုတဲ့ ရင္းႏွီးမႈမ်ိဳးကို မျဖစ္ေစဖို႔ သတိထားသင့္ပါတယ္။ ေနာက္ဆံုးအေနနဲ႔ ဘုရားရွင္ေဟာၾကားခဲ့တာ ေျပာၾကားခဲ့တာကို အားလံုး သိေအာင္ က်ေနာ္ ေအာက္မွာ ေရးသားေပးလိုက္ပါတယ္…. ဖတ္ၾကည့္လိုက္ပါ။

“ရွင္အာနန္မွာ
ေမးခြန္းေတြတိုးလာခဲ့ျပန္ေပါ့။
ရဟန္းတစ္ပါးနဲ႕ အမ်ိဳးသမီးထုဆက္ဆံေရး
နည္းေပးခဲ့ပါဦးတဲ့
တိုတိုရွင္းမိန္႔ဆိုတယ္
“မၾကည့္နဲ႕ အာနႏၵာ” တဲ့

“မၾကည့္လို႔ မျဖစ္တဲ့ အေျခအေနမ်ိဳးမွာ ဘုရား” တဲ့
“မေျပာနဲ႕ကြာ အာနႏၵာ”တဲ့။
“မေျပာလို႕လည္း မျဖစ္ဘူးဆိုရင္ေကာ ဘုရား”တဲ့
“ သတိသာ ထားေပေရာ အာနႏၵာ ”တဲ့။”
မူရင္းေလးလည္း ေဖာ္ျပခ်င္ပါေသးတယ္။
“ကထံ မယံ ဘေႏၱ မာတုဂါေမ ပဋိပဇၨာမ။”
“အဒႆနံ အာနႏၵ”
“ဒႆေန ဘဂ၀ါ သတိ ကထံ ပဋိပဇၨိတဗၺံ။”
“အနာလာေပါ အာနႏၵ”
“အာလပေႏၱန ပန ဘေႏၱ ကထံ ပဋိပဇၨိတဗၺံ”
“သတိ အာနႏၵ ဥပဌာေပတဗၺာ။”

====================================================

အာနႏၵာသည္ အေျမာ္အျမင္ၾကီးစြာျဖင့္ ရဟန္းေတာ္မ်ားႏွင့္ မာတုဂါမတုိ႕ ဆက္ဆံရမည့္ ေနာင္ေရး ကို ေတြးမိလာေလသည္။ ရဟန္းေတာ္မ်ားမွာ “ပရူပဇီဝိပုဂၢိဳလ္” သူတစ္ပါးကို မွီ၍ အသက္ေမြးၾကသူ မ်ားျဖစ္ေသာေၾကာင့္ ေပါင္းသင္းဆက္ဆံေရးႏွင့္ မာတုဂါမမ်ားႏွင့္ကင္း၍လည္းမျဖစ္ႏုိင္။ ဆက္ဆံရမည္ သာျဖစ္ေလရာ ထုိမာတုဂါမမ်ား (မိန္းမမ်ား)ႏွင့္ ဆက္ဆံေသာအခါ၌ ရဟန္းေတာ္မ်ားအေနျဖင့္ မည္သို႕ မည္ပံုက်င့္ၾကံရမည္၊ ေနထုိင္ရမည္ဟူေသာအခ်က္ကို ျမတ္ဘုရားသက္ေတာ္ထင္ရွားရွိခိုက္ ေလွ်ာက္ထား ထုိက္သည္ဟု ေတြးေတာမိသျဖင့္ နိဗၺာန္စံေပ်ာ္ေတာ္မူခါနီး ကာလတြင္ အရွင္အာနႏၵာက ကပ္၍ ေလွ်ာက္ ထားေလ၏။

ေမး။ ။အရွင္ဘုရား၊ ရဟန္းတုိ႕မည္သည္ သူတစ္ပါး (ဒကာ ဒကာမမ်ား) ကိုမီွ၍ အသက္ေမြးၾကရ သူမ်ား ျဖစ္ပါေသာေၾကာင့္ မာတုဂါမမ်ားသည္ ရဟန္းေတာ္မ်ားထံသုိ႕ လာေရာက္ဆည္းကပ္ၾက၊ လွဴဒါန္းၾကပါလိမ့္မည္။ ထုိအခါ ရဟန္းေတာ္မ်ား အေနျဖင့္မည္သို႕ မည္ပံု က်င့္ၾကံ၊ ဆက္ဆံရပါမည္နည္းဘုရား။

ေျဖ။ ။ ခ်စ္သား အာနႏၵာ၊ ကိေလသာကို ပယ္ခြာလုိေသာ ရဟန္းသည္ စည္းေစာင့္ရန္ လံုျခံဳရာ ၌ေနေသာ ႏြားကဲ့သို႕ တံခါးလံုျခံဳေသာေက်ာင္း၌ ကိန္းေအာင္း၍ ေနရာ၏။ မာတုဂါမတို႕ေရာက္လာေသာ္ လည္း အၾကင္မွ်ေလာက္ေသာ ကာလပတ္လံုး မာတုဂါမတုိ႕၏ အဆင္း ပံုသ႑ာန္ကို မျမင္ရေသး။ ထုိမွ်ေလာက္ေသာ ကာလပတ္လံုး (မျမင္ေတြ႕ရေသးသေရြ႕) မာတုဂါမတို႕၏ရုပ္အဆင္းကို မျမင္မခ်င္း ရုန္းရင္းတပ္မက္ေသာ ရာဂသည္ျဖစ္လြယ္၏။ ထုိေၾကာင့္ မာတုဂါမကို မျမင္ရာ၌ ေနျခင္းသည္သာလွ်င္ ပဋိပတ္က်င့္စဥ္ ျဖစ္သတည္း။ မာတုဂါမတို႕ႏွင့္ မေတြ႕မျမင္ေအာင္ေနၾကကုန္ေလာ့။

ေမး။ ။ အရွင္ဘုရား၊ အကယ္၍ ဆြမ္းခံေလေသာ အခါမ်ိဳး၊ လွဴဖြယ္ ဝတၳဳကို လွဴလာေသာ အခါမ်ိဳးတို႕ ၌ ျမင္ေခ်မူကား အဘယ္သုိ႕က်င့္အပ္ပါသနည္း ဘုရား။

ေျဖ။ ။ ခ်စ္သားအာနႏၵာ၊ အကယ္၍ မာတုဂါမကို ျမင္ေတြ႕ျငားအံ့၊ စကားမေျပာပဲ ေနျခင္းသည္ ပင္ ျမတ္ေသာ ပဋိပတ္၊ ျမတ္ေသာဆက္ဆံေရးက်င့္စဥ္ျဖစ္၏။ ခ်စ္သား အာနႏၵာ၊ ေယာက္်ားတစ္ေယာက္ သည္ ထက္စြာေသာ သံလ်က္(ဓါး) ကိုကုိင္လ်က္ “ငါႏွင့္ စကားေျပာခဲ့ေသာ္၊ ဆိုခဲ့ေသာ္၊ သင့္ေခါင္း ကို ျဖတ္ပစ္မည္၊ (သင့္ကိုသတ္ပစ္မည္)၊” ဟူ၍ဆုိေလအံ့။ ဦးေခါင္းကို အျဖတ္ခံ၍ စကားေျပာျခင္းသည္၊ ဆုိျခင္းက ျမတ္ေသး၏။ မာတုဂါမတို႕အား စကားေျပာျခင္းသည္ မျမတ္ေလ။ တစ္ဖန္ ငါ့ကို ေခၚေျပာျခင္း မျပဳပါလွ်င္ သင္၏အသားကို လွီး၍စားပစ္မည္ ဟုဆို၍ အနားသို႕တြင္လာရပ္ေသာ ဘီလူးမအား စကားေျပာျခင္းသည္ ျမတ္ေသး၏။ ခ်စ္ဖြယ္ရွိေသာ မာတုဂါမတို႕အား စကားေျပာျခင္းသည္ မျမတ္။

ခ်စ္သားအာနႏၵာ၊ အဘယ္ေၾကာင့္ဆုိေသာ္၊ မာတုဂါမတုိ႕ႏွင့္ စကားေျပာရသည္ရွိေသာ္ ခ်စ္ကၽြမ္း ဝင္ျခင္းသည္ျဖစ္၏။ ခ်စ္ကၽြမ္းတဝင္ ရာဂျဖစ္လာသည္ရွိေသာ္၊ အထူးထူးေသာကိစၥကုိ ၾကံျခင္းဟူေသာ- သကၤပၸ ရာဂျဖစ္၏။ ယင္း သကၤပၸရာဂျဖစ္သည္ရွိေသာ္ တဏွာ ဥပါဒါန္တို႕သည္ျဖစ္လာကုန္၏။ ထုိတဏွာ၊ ဥပါဒါန္တုိ႕ျဖစ္လာကုန္သည္ရွိေသာ္ သီလပ်က္စီးျခင္း၊ ညစ္ႏြမ္းျခင္းေရာက္၍ အပါယ္ေလးပါးသို႕လားရ မည္ျဖစ္သည္။ ထုိ႕ေၾကာင့္ မာတုဂါမတုိ႕အား စကားေျပာျခင္းသည္ မျမတ္ ဟု ငါဘုရားမိန္႕ေတာ္မူသ တည္း။

ေမး ။ ။အရွင္ဘုရား၊ မာတုဂါမတုိ႕သည္ သူတို႕သိလုိ၊ စပ္စုလို၊ ေမးျမန္းလိုေသာျပႆနာ အေထြေထြ တို႕ကို ေမးေလွ်ာက္ရန္ ေက်ာင္းသို႕ လာၾကပါကုန္လိမ့္မည္။ ေက်ာင္းမွ မျပန္ဘဲ တစ္ေနကုန္ တစ္ေနခန္း ေမးျမန္းျခင္းျပဳခ်င္ ျပဳၾကပါကုန္လိမ့္မည္။ ဥပုသ္သီတင္း ေစာင့္သံုးေဆာက္တည္လိုၾက၍ သီလေတာင္းခ်င္လည္း ေတာင္းပန္ၾကပါလိမ့္မည္။ ရဟန္းတို႕၏ ျပဳဖြယ္ကိစၥအဝဝကိုလည္း ကူညီ၍ လုပ္ကိုင္ေပးျခင္းျပဳခ်င္လည္း ျပဳၾကပါလိမ့္မည္။ ထုိအခါမ်ိဳးတြင္ စကားမေျပာ၊ တံုဏွိေသာ ႏႈတ္ဆိတ္ ၍ေနပါလွ်င္ “ရဟန္းတို႕သည္ ဆြံအကုန္၏၊ နားပင္းကုန္၏၊ ေလာကေရးရာ ေပါင္းသင္း ဆက္ဆံမႈကို ဘာမွ နားမလည္ၾကကုန္” ဟုဆိုၾကပါလိမ့္မည္ ဘုရား၊ သုိ႕ပါေသာေၾကာင့္ မလြဲသာ၍ မာတုဂါမမ်ားႏွင့္ စကားေျပာရေခ်ေသာ္ အဘယ္သို႕ ႏွလံုးသြင္းရပါမည္နည္း ဘုရား။

ေျဖ။ ။ ခ်စ္သား အာနႏၵာ၊ ေက်ာင္းသို႕ ေရာက္လာၾကေသာ မာတုဂါမမ်ားအား စကားေျပာလုိသည္ရွိေသာ္ မိဘအရြယ္ ရွိေသာ၊ အေမအရြယ္ေလာက္ရွိသူမ်ားကို ငါ့မိဘ၊ ငါ့အေမ ဟုႏွလံုးသြင္းၾကကုန္ (စိတ္ကို ထားၾကကုန္)။ ညီမအရြယ္၊ အစ္မအရြယ္ မွ်ေလာက္ရွိသူမ်ားအား “ငါ့ႏွမ၊ ငါ့ညီမ၊ ငါ့အစ္မ” ဟူ၍ လည္းေကာင္း ႏွလံုးသြင္းၾကပါကုန္၊ စိတ္ကုိထားၾကပါကုန္။ သမီးအရြယ္ရွိသူမ်ားအား “ငါ့သမီး” ဟူ၍ အမွတ္ထား၍ ဆက္ဆံ ေျပာဆိုၾကပါကုန္။ ခ်စ္သား အာနႏၵာ၊ မာတုဂါမတို႕ႏွင့္ စကားဆိုေျပာရေသာ အခါမ်ိဳး၌ အထူးသျဖင့္ သတိၾကီးစြာ ထား၍ ဆက္ဆံၾကကုန္ေလာ့။
ဤကား ဗုဒၶ ပရိနိဗၺာန္စံခါနီး ၾသဝါဒေပးထားခဲ့ေသာ မာတုဂါမတို႕ႏွင့္ ေပါင္းသင္းဆက္ဆံနည္း တစ္နည္းပင္ျဖစ္ေလသတည္း။

ရွင္ေစာပုမိဘုရားႀကီးက ဘုန္းႀကီးေက်ာင္းသြားခါနီး သူ႔ အေခြၽအရံမ်ား ကိုေျပာေနသည္မွာ-“ထိပ္ထား တစ္ခုသတိေပးခ်င္ေသးတယ္။ သမီးေတာ္တို႔ေရာ ေသေသ ခ်ာခ်ာနားေထာင္ၾကေနာ္။ ယခုမယ္မယ္တို႔ သြားရမွာက ရဟန္း ေတာ္ေတြ သတင္းသံုးတဲ့ေနရာ၊ မယ္မယ္တို႔ ခ်ယ္သထားတာက တကယ့္ပြဲလမ္း သဘင္သြားမဲ့အတိုင္းပဲ။ မိန္းမတစ္ေယာက္ရဲ႕ ဝတ္စားဆင္ယင္မႈနဲ႔ အမူအရာ ေတြဟာ ဆန္႔က်င္

ဘက္ျဖစ္တဲ့ ပုရိသ ေတြ ကို ဆြဲေဆာင္ႏိုင္စြမ္းရိွတယ္။ အဆန္းတၾကယ္ ျပင္ဆင္မြမ္းမံမႈက ညဳွိ႔ယူလိုက္တဲ့ အတြက္ သူတို႔မွာ ပူေလာင္တဲ့ဆႏၵ ျဖစ္လာႏိုင္တယ္ေလ။
ဒီလို သူ႔စိတ္ကို အေမွာင္လႊမ္းသြားတာနဲ႔ တၿပိဳင္နက္ သူ႔မွာ အျပစ္ ျဖစ္ရသလို သူ႔ကို ပူေလာင္ေအာင္ ဝတ္ဆင္ထားတဲ့မိန္းမမွာလည္း တန္းတူ အျပစ္ျဖစ္ရတယ္။ ဒီေတာ့ ကိုယ့္ရဲ႕အေနအထိုင္ေၾကာင့္ တပါးသူတစ္ဦးကိုဘယ္ေတာ့မွ အေမွာင္မလႊမ္းသြားပါေစနဲ႔။
သမီးေတာ္တို႔…ရဟန္းေတာ္ေတြဆိုတာကလည္း အာသေဝါကုန္ခမ္းၾကေသးတာမဟုတ္ဘူး။ ပုထုဇဥ္ ေတြ ဘဲ့ျဖစ္လို႔ ျပာဖံုးေနတဲ့ မီးခဲေတြပါပဲ။ ဒီမီးခဲေတြကို သမီး ေတာ္တို႔ရဲ႕ တပ္မက္စရာ ႐ူပါရံုဆိုတဲ့ ေလေျပတစ္

ခ်က္ေမြ႔လိုက္ရင္…..ထိပ္ထားမဆက္ပါရေစနဲ႔ေတာ့ကြယ္…..။ ဒါေၾကာင့္ သင့္တင့္ရံုပဲျပင္ဆင္ၾက။ ေခါင္း ကပန္းေတြျဖဳတ္လိုက္။ မႈံနံ႔သာေတြကိုလည္းဖ်က္လိုက္ၾကပါဦး။ လံုလံုျခံဳျခံဳ ဝတ္ဆင္ၿပီး ျမင္ရသူ စိတ္ထဲ မွာ ႏွမငယ္ သမီးငယ္တစ္ေယာက္လို က႐ုဏာပြားလာေအာင္ ေျပာဆိုဆက္ဆံၾကပါကြယ္။”
ဗုဒၶဘာသာအမ်ိဳးသမီးမ်ားသိေစခ်င္သည့္ေစတနာႏွင့္

ျဖည့္စြက္လိုက္ပါသည္။

(႐ွင္ေစာပုအမည္ရိွစာအုပ္မွ)

[ေမေမ့ မုဒိတာ]

FB - Khin Thandar

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ဓမၼပန္းခင္း

#Unicode Version#
မာတုဂါမ(ဗုဒ္ဓဘာသာဝင်အမျိုးသမီးများဖတ်ရန်



မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက ရဟန်းတွေကို မိန်းမတွေနဲ့ ဆက်ဆံရာမှာ ဘယ်လိုဆက်ဆံသင့်တယ်ဆိုတာ အသေအချာလမ်းညွှန်ဟောပြဆုံးမခဲ့ပါတယ်။ ဘာလို့ ဒီလိုဟော ကြားပေးခဲ့ရသလဲလို့ သုံးသပ်ကြည့်ရရင် အရိယာဖြစ်တဲ့ ရဟန်းတွေအတွက် မာတုဂါမဆိုတဲ့ မိန်းမတွေက ပြသနာမဖြစ်နိုင်ပေမဲ့ ပုတုဇဉ်ဖြစ်တဲ့ ရဟန်းတော်တွေအတွက်ကတော့ မိန်းမတွေက အန္တရာယ်တစ်ခုပါပဲ။ အမှိုက်ကစ ပြသာဒ် မီးလောင်ဆိုသလို မဖြစ်ရလေအောင် တင်းတင်းကျပ်ကျပ် တားမြစ်ထားခဲ့တာလို့ ယူဆပါတယ်။


တကယ်တော့ ရဟန်းဆိုပေမဲ့ ပုတုဇဉ်ရဟန်းတပါးဟာ ယောက်ျားတစ်ယောက်နဲ့ သိပ်မခြားနားပါ ဘူး။ စောင့်ထိန်းရမဲ့ သိက္ခာပုဒ်တွေကိုဖယ်လိုက်ရင် ရဟန်းတော်ဟာလဲ ယောက်ျားတစ်ယောက်ပါပဲ။ ဒါကို မာတုဂါမဖြစ်တဲ့ အမျိုးသမီးတွေ သေသေချာချာ သိသင့်ပြီး ထိန်းသိမ်းသင့်ပါတယ်။ ခေတ်အဆက်ဆက်မှာ နာမည်ကြီးလှတဲ့ တရားဟော ဓမ္မာစရိယ ဆရာတော်တွေ လူထွက်ပြီး မိန်းမယူခဲ့တာတွေ သိကြ မြင်ရ ရပါလိမ့်မယ်။


ဒါတွေက ဘာကိုပြသလဲဆိုရင် အမျိုးသမီးတွေက တရားဟော ဓမ္မာစရိယ တွေ တရားဟောပြောကောင်း ပြီဆိုရင် ဘယ်နေရာဖြစ်ဖြစ် လိုက်လံ နာယူကြတာ တွေရှိပါတယ်။ ဟောတာပြောတာကောင်းလို့ ကြည်ညိုလို့ လိုက်လံ နာယူတာကနေ ရင်းနှီးခင်မင်လိုစိတ်တွေ ဖြစ်လာကြပါတယ်။



ဆရာတော်တွေအနားရောက်အောင်သွားပြီး ခင်မင်ခွင့်ရင်းနှီးခွင့်ကို ရအောင်ယူ ခြေဆုပ်လက်နယ်ပြု ကုသိုလ်ယူကြတဲ့ အမျိုးသမီးတွေလဲ အများကြီးပါ။ တစ်ချို့ဆို ကြည်ညိုလို့ဆိုပြီး ခြေစုံကို ဦးတိုက်တဲ့ အမျိုးသမီးတွေ၊ ဆရာတော်လာမယ့်လမ်းမှာ ဆံပင်ဖြန့်ခင်းပြီး ဆရာတော်ကို နင်းလျှောက်စေကာ ပူဇော်တဲ့ အမျိုးသမီးတွေ အများကြီးရှိပါတယ်။ ကိုယ်ကကြည်ညိုစိတ်နဲ့ လုပ်တာ မှန်ပေမဲ့ ဆရာတော်တွေကလဲ ပုတုဇဉ် လူသား ယောက်ျားတွေဆိုတာကို မမေ့သင့်ပါဘူး။ လိုအပ်တာထက် ရင်းနှီးလာပြီဆိုရင် သဒ္ဒါ လွန်တော့ တဏှာကျွံဆိုသလိုတွေ ဖြစ်လာနိုင်ပါတယ်။


ရဟန်းတော်တွေဘက်ကကြည့်ရင်လဲ ငယ်စဉ်ကလေးဘဝကတည်းက ကိုရင်ဝတ် စာဝါလိုက် အသက်၂၀ပြည့်ပြန်တော့ ရဟန်းခံ စာဝါလိုက်ဆိုတော့ မိန်းမအကြောင်း သိဖို့ခဲယဉ်းလှပါတယ်။ ဒီလိုမျိုးနဲ့ ရဟန်းဖြစ်လာခဲ့တဲ့ ငယ်ဖြူဆရာတော်တွေဆိုရင် မိန်းမနဲ့ပက်သက်တဲ့ အတွေ့အကြုံ နည်းလွန်းလှပါတယ်။ တဖက်မှာ အမျိုးသမီးတွေက ကြည်ညိုစိတ်နဲ့ ကိုယ့်ကို အရမ်းရင်းနှီးပက်သက် လာတဲ့ အခါ အမျိုးသမီး ဆန့်ကျင်ဘက်လိင်ဆိုတဲ့ အတွေးမျိုးဝင်သွားတာနဲ့ အမှားတွေကြုံဖို့ များလာပါလိမ့်မယ်။ ဒီလိုမဖြစ်အောင် ရဟန်းတော်တွေဟာ မာတုဂါမတွေနဲ့ အတတ်နိုင်ဆုံး ထိတွေ့ဆက်ဆံမှုမဖြစ်ဖို့ ရှောင်ကြဉ်ကြရပါ တယ်။ ရှောင်ကြဉ်ဖို့လဲ ဝိနည်းသိက္ခာပုဒ်များ ချမှတ်ထားခြင်းရှိပါတယ်။


သာမန်အားဖြင့် ရဟန်းတော်များသည် မာတုဂါမများနှင့် ထိတွေ့ခြင်း၊ တိုးဝှေ့ခြင်း၊ မပြုမိအောင် ရှောင်ကြဉ် ရပါသည်။ ရဟန်းများနှင့် မာတုဂါမတို့ ထိတွေ့တိုးဝှေ့၍ သာယာမိလျှင် အပြစ်ရှိသည်ဟု သိမှတ် ထားကြသည်။ ကာယသံသဂ္ဂ သိက္ခာ ပုဒ်အရ အာပတ်သင့်လျှင် ဂရုကအာပတ် သံဃာဒိသိသ် အာပတ်မျိုးဖြစ်သဖြင့် သာမန်ဒေသနာကြား အာပတ်ဖြေရုံနှင့်မရ၊ ထုံးစံရှိသလောက် ရက်ချိန်ယူ၍ ပရိဝါသ်မာနတ် ဆောက်တည်ရသည်။ အမ္ဘာနတံဆောင် ရသည်။ ထို့ကြောင့် ရဟန်းတော် များသည် မာတုဂါမများနှင့် မထိမိအောင် သတိထားကြရသည်။ သို့သော် အမှတ်တမဲ့ထိခြင်း၊ ကား၊ ရထားပေါ် စသည်တို့၌ တိုးဝှေ့မိခြင်း၊ ခြေတော်စုံကို ဦးခိုက်ရှိခိုးခြင်း၊ အာမိသ ဆက်သရာ ဆွမ်းလောင်းလှူရာ၌ လက်ချင်းထိခြင်းသည် ခြွင်းချက်သဘောနှင့် အာပတ်မှ လွတ်သည်လည်း ရှိပေသည်။


ဝန္ဒနဝတ္ထုသ္မိ ံဣတ္ထိပါဒေ သမ္ပာဟိတွာ ဝန္ဒိတုကာ မာဝါ ရေတဗ္ဗာ၊ ပါဒါဝါပဋိစ္ဆာ ဒေတဗ္ဗာနိစ္စလေနဝါ ဘဝတဗ္ဗံ၊ နိစ္စလဿ ဟိစိတ္တေန သာဒိတောအနာပတ-၁၃၂ ရှိခိုးသောဝတ္ထု၌ မာတုဂါမတစ်ယောက်က ရဟန်း၏ခြေကို ဆုပ်ကိုင်၍ ရှိခိုးသည်ကို တားမြစ်ရ၏။ ရဟန်းက ခြေကိုသော်လည်း ဖုံးထားရမည်။ ဆုပ်ကိုင်ထိတွေ့၍ ရှိခိုးနေလျှင် မတုန်မလှုပ်( မလှုပ် မရှားနေ၍) သော်လည်း နေရမည်။ ခြေထောက်ကို ဆုပ်နယ်၍ ရှိခိုးနေသော မာတုဂါမ၏လက်မှ လွတ်ရန် ရုန်းကန်လှုပ်ရှားသော်လည်း လွတ်မြောက်ရန်သာ လုံ့လထုတ်ခြင်းဖြစ်၍ အပြစ်မရှိဟုဆိုပေသည်။ ထိုအချက်ကို သတိပြု၍ ဆွမ်းခံရာ၌ သပိတ် ကပ်ခြင်း၊ ပေးလှူခြင်းတို့၌ လက်ချင်းထိသောအရာ ၊ ပရိတ်သတ်ထဲ၌ အမှတ်မဲ့လက်ကို ဆန့်တန်းရာ၌ မာတုဂါမ၏ ကိုယ်အင်္ဂါကို ထိမိသောအရာ၊ မိန်းကလေးကို ယောကျ်ားလေးမှတ်၍ ကိုင်မိသောအရာ စသည်တို့၌လည်း အတူတူပင်ဖြစ်ပေသည်။


ဒါကြောင့် ရဟန်းတော်တွေဘက်ကလဲ ဘုရားရှင်ဟောပြခဲ့တဲ့ မာတုဂါမများနဲ့ ဆက်ဆံရမဲ့ နည်းလမ်းတွေ ကို အတိအကျ လိုက်နာကျင့်သုံးဖို့လိုအပ်သလို မာတုဂါမဖြစ်တဲ့ အမျိုးသမီးများအနေနဲ့ကလည်း ကိုယ်ကြည်ညိုပြီး ရင်းနှီးသိကျွမ်းခင်မင် ချင်တာမှန်ပေမဲ့ လိုအပ်တာထက်ပိုတဲ့ ရင်းနှီးမှုမျိုးကို မဖြစ်စေဖို့ သတိထားသင့်ပါတယ်။ နောက်ဆုံးအနေနဲ့ ဘုရားရှင်ဟောကြားခဲ့တာ ပြောကြားခဲ့တာကို အားလုံး သိအောင် ကျနော် အောက်မှာ ရေးသားပေးလိုက်ပါတယ်…. ဖတ်ကြည့်လိုက်ပါ။


“ရှင်အာနန်မှာ
မေးခွန်းတွေတိုးလာခဲ့ပြန်ပေါ့။
ရဟန်းတစ်ပါးနဲ့ အမျိုးသမီးထုဆက်ဆံရေး
နည်းပေးခဲ့ပါဦးတဲ့
တိုတိုရှင်းမိန့်ဆိုတယ်
“မကြည့်နဲ့ အာနန္ဒာ” တဲ့

“မကြည့်လို့ မဖြစ်တဲ့ အခြေအနေမျိုးမှာ ဘုရား” တဲ့
“မပြောနဲ့ကွာ အာနန္ဒာ”တဲ့။
“မပြောလို့လည်း မဖြစ်ဘူးဆိုရင်ကော ဘုရား”တဲ့
“ သတိသာ ထားပေရော အာနန္ဒာ ”တဲ့။”
မူရင်းလေးလည်း ဖော်ပြချင်ပါသေးတယ်။
“ကထံ မယံ ဘန္တေ မာတုဂါမေ ပဋိပဇ္ဇာမ။”
“အဒဿနံ အာနန္ဒ”
“ဒဿနေ ဘဂဝါ သတိ ကထံ ပဋိပဇ္ဇိတဗ္ဗံ။”
“အနာလာပေါ အာနန္ဒ”
“အာလပန္တေန ပန ဘန္တေ ကထံ ပဋိပဇ္ဇိတဗ္ဗံ”
“သတိ အာနန္ဒ ဥပဌာပေတဗ္ဗာ။”

====================================================

အာနန္ဒာသည် အမြော်အမြင်ကြီးစွာဖြင့် ရဟန်းတော်များနှင့် မာတုဂါမတို့ ဆက်ဆံရမည့် နောင်ရေး ကို တွေးမိလာလေသည်။ ရဟန်းတော်များမှာ “ပရူပဇီဝိပုဂ္ဂိုလ်” သူတစ်ပါးကို မှီ၍ အသက်မွေးကြသူ များဖြစ်သောကြောင့် ပေါင်းသင်းဆက်ဆံရေးနှင့် မာတုဂါမများနှင့်ကင်း၍လည်းမဖြစ်နိုင်။ ဆက်ဆံရမည် သာဖြစ်လေရာ ထိုမာတုဂါမများ (မိန်းမများ)နှင့် ဆက်ဆံသောအခါ၌ ရဟန်းတော်များအနေဖြင့် မည်သို့ မည်ပုံကျင့်ကြံရမည်၊ နေထိုင်ရမည်ဟူသောအချက်ကို မြတ်ဘုရားသက်တော်ထင်ရှားရှိခိုက် လျှောက်ထား ထိုက်သည်ဟု တွေးတောမိသဖြင့် နိဗ္ဗာန်စံပျော်တော်မူခါနီး ကာလတွင် အရှင်အာနန္ဒာက ကပ်၍ လျှောက် ထားလေ၏။


မေး။ ။အရှင်ဘုရား၊ ရဟန်းတို့မည်သည် သူတစ်ပါး (ဒကာ ဒကာမများ) ကိုမှီ၍ အသက်မွေးကြရ သူများ ဖြစ်ပါသောကြောင့် မာတုဂါမများသည် ရဟန်းတော်များထံသို့ လာရောက်ဆည်းကပ်ကြ၊ လှူဒါန်းကြပါလိမ့်မည်။ ထိုအခါ ရဟန်းတော်များ အနေဖြင့်မည်သို့ မည်ပုံ ကျင့်ကြံ၊ ဆက်ဆံရပါမည်နည်းဘုရား။


ဖြေ။ ။ ချစ်သား အာနန္ဒာ၊ ကိလေသာကို ပယ်ခွာလိုသော ရဟန်းသည် စည်းစောင့်ရန် လုံခြုံရာ ၌နေသော နွားကဲ့သို့ တံခါးလုံခြုံသောကျောင်း၌ ကိန်းအောင်း၍ နေရာ၏။ မာတုဂါမတို့ရောက်လာသော် လည်း အကြင်မျှလောက်သော ကာလပတ်လုံး မာတုဂါမတို့၏ အဆင်း ပုံသဏ္ဍာန်ကို မမြင်ရသေး။ ထိုမျှလောက်သော ကာလပတ်လုံး (မမြင်တွေ့ရသေးသရွေ့) မာတုဂါမတို့၏ရုပ်အဆင်းကို မမြင်မချင်း ရုန်းရင်းတပ်မက်သော ရာဂသည်ဖြစ်လွယ်၏။ ထိုကြောင့် မာတုဂါမကို မမြင်ရာ၌ နေခြင်းသည်သာလျှင် ပဋိပတ်ကျင့်စဉ် ဖြစ်သတည်း။ မာတုဂါမတို့နှင့် မတွေ့မမြင်အောင်နေကြကုန်လော့။


မေး။ ။ အရှင်ဘုရား၊ အကယ်၍ ဆွမ်းခံလေသော အခါမျိုး၊ လှူဖွယ် ဝတ္ထုကို လှူလာသော အခါမျိုးတို့ ၌ မြင်ချေမူကား အဘယ်သို့ကျင့်အပ်ပါသနည်း ဘုရား။


ဖြေ။ ။ ချစ်သားအာနန္ဒာ၊ အကယ်၍ မာတုဂါမကို မြင်တွေ့ငြားအံ့၊ စကားမပြောပဲ နေခြင်းသည် ပင် မြတ်သော ပဋိပတ်၊ မြတ်သောဆက်ဆံရေးကျင့်စဉ်ဖြစ်၏။ ချစ်သား အာနန္ဒာ၊ ယောက်ျားတစ်ယောက် သည် ထက်စွာသော သံလျက်(ဓါး) ကိုကိုင်လျက် “ငါနှင့် စကားပြောခဲ့သော်၊ ဆိုခဲ့သော်၊ သင့်ခေါင်း ကို ဖြတ်ပစ်မည်၊ (သင့်ကိုသတ်ပစ်မည်)၊” ဟူ၍ဆိုလေအံ့။ ဦးခေါင်းကို အဖြတ်ခံ၍ စကားပြောခြင်းသည်၊ ဆိုခြင်းက မြတ်သေး၏။ မာတုဂါမတို့အား စကားပြောခြင်းသည် မမြတ်လေ။ တစ်ဖန် ငါ့ကို ခေါ်ပြောခြင်း မပြုပါလျှင် သင်၏အသားကို လှီး၍စားပစ်မည် ဟုဆို၍ အနားသို့တွင်လာရပ်သော ဘီလူးမအား စကားပြောခြင်းသည် မြတ်သေး၏။ ချစ်ဖွယ်ရှိသော မာတုဂါမတို့အား စကားပြောခြင်းသည် မမြတ်။

ချစ်သားအာနန္ဒာ၊ အဘယ်ကြောင့်ဆိုသော်၊ မာတုဂါမတို့နှင့် စကားပြောရသည်ရှိသော် ချစ်ကျွမ်း ဝင်ခြင်းသည်ဖြစ်၏။ ချစ်ကျွမ်းတဝင် ရာဂဖြစ်လာသည်ရှိသော်၊ အထူးထူးသောကိစ္စကို ကြံခြင်းဟူသော- သင်္ကပ္ပ ရာဂဖြစ်၏။ ယင်း သင်္ကပ္ပရာဂဖြစ်သည်ရှိသော် တဏှာ ဥပါဒါန်တို့သည်ဖြစ်လာကုန်၏။ ထိုတဏှာ၊ ဥပါဒါန်တို့ဖြစ်လာကုန်သည်ရှိသော် သီလပျက်စီးခြင်း၊ ညစ်နွမ်းခြင်းရောက်၍ အပါယ်လေးပါးသို့လားရ မည်ဖြစ်သည်။ ထို့ကြောင့် မာတုဂါမတို့အား စကားပြောခြင်းသည် မမြတ် ဟု ငါဘုရားမိန့်တော်မူသ တည်း။


မေး ။ ။အရှင်ဘုရား၊ မာတုဂါမတို့သည် သူတို့သိလို၊ စပ်စုလို၊ မေးမြန်းလိုသောပြဿနာ အထွေထွေ တို့ကို မေးလျှောက်ရန် ကျောင်းသို့ လာကြပါကုန်လိမ့်မည်။ ကျောင်းမှ မပြန်ဘဲ တစ်နေကုန် တစ်နေခန်း မေးမြန်းခြင်းပြုချင် ပြုကြပါကုန်လိမ့်မည်။ ဥပုသ်သီတင်း စောင့်သုံးဆောက်တည်လိုကြ၍ သီလတောင်းချင်လည်း တောင်းပန်ကြပါလိမ့်မည်။ ရဟန်းတို့၏ ပြုဖွယ်ကိစ္စအဝဝကိုလည်း ကူညီ၍ လုပ်ကိုင်ပေးခြင်းပြုချင်လည်း ပြုကြပါလိမ့်မည်။ ထိုအခါမျိုးတွင် စကားမပြော၊ တုံဏှိသော နှုတ်ဆိတ် ၍နေပါလျှင် “ရဟန်းတို့သည် ဆွံအကုန်၏၊ နားပင်းကုန်၏၊ လောကရေးရာ ပေါင်းသင်း ဆက်ဆံမှုကို ဘာမှ နားမလည်ကြကုန်” ဟုဆိုကြပါလိမ့်မည် ဘုရား၊ သို့ပါသောကြောင့် မလွဲသာ၍ မာတုဂါမများနှင့် စကားပြောရချေသော် အဘယ်သို့ နှလုံးသွင်းရပါမည်နည်း ဘုရား။


ဖြေ။ ။ ချစ်သား အာနန္ဒာ၊ ကျောင်းသို့ ရောက်လာကြသော မာတုဂါမများအား စကားပြောလိုသည်ရှိသော် မိဘအရွယ် ရှိသော၊ အမေအရွယ်လောက်ရှိသူများကို ငါ့မိဘ၊ ငါ့အမေ ဟုနှလုံးသွင်းကြကုန် (စိတ်ကို ထားကြကုန်)။ ညီမအရွယ်၊ အစ်မအရွယ် မျှလောက်ရှိသူများအား “ငါ့နှမ၊ ငါ့ညီမ၊ ငါ့အစ်မ” ဟူ၍ လည်းကောင်း နှလုံးသွင်းကြပါကုန်၊ စိတ်ကိုထားကြပါကုန်။ သမီးအရွယ်ရှိသူများအား “ငါ့သမီး” ဟူ၍ အမှတ်ထား၍ ဆက်ဆံ ပြောဆိုကြပါကုန်။ ချစ်သား အာနန္ဒာ၊ မာတုဂါမတို့နှင့် စကားဆိုပြောရသော အခါမျိုး၌ အထူးသဖြင့် သတိကြီးစွာ ထား၍ ဆက်ဆံကြကုန်လော့။
ဤကား ဗုဒ္ဓ ပရိနိဗ္ဗာန်စံခါနီး သြဝါဒပေးထားခဲ့သော မာတုဂါမတို့နှင့် ပေါင်းသင်းဆက်ဆံနည်း တစ်နည်းပင်ဖြစ်လေသတည်း။


ရှင်စောပုမိဘုရားကြီးက ဘုန်းကြီးကျောင်းသွားခါနီး သူ့ အချွေအရံများ ကိုပြောနေသည်မှာ-“ထိပ်ထား တစ်ခုသတိပေးချင်သေးတယ်။ သမီးတော်တို့ရော သေသေ ချာချာနားထောင်ကြနော်။ ယခုမယ်မယ်တို့ သွားရမှာက ရဟန်း တော်တွေ သတင်းသုံးတဲ့နေရာ၊ မယ်မယ်တို့ ချယ်သထားတာက တကယ့်ပွဲလမ်း သဘင်သွားမဲ့အတိုင်းပဲ။ မိန်းမတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ အမူအရာ တွေဟာ ဆန့်ကျင်

ဘက်ဖြစ်တဲ့ ပုရိသ တွေ ကို ဆွဲဆောင်နိုင်စွမ်းရှိတယ်။ အဆန်းတကြယ် ပြင်ဆင်မွမ်းမံမှုက ညုှိ့ယူလိုက်တဲ့ အတွက် သူတို့မှာ ပူလောင်တဲ့ဆန္ဒ ဖြစ်လာနိုင်တယ်လေ။
ဒီလို သူ့စိတ်ကို အမှောင်လွှမ်းသွားတာနဲ့ တပြိုင်နက် သူ့မှာ အပြစ် ဖြစ်ရသလို သူ့ကို ပူလောင်အောင် ဝတ်ဆင်ထားတဲ့မိန်းမမှာလည်း တန်းတူ အပြစ်ဖြစ်ရတယ်။ ဒီတော့ ကိုယ့်ရဲ့အနေအထိုင်ကြောင့် တပါးသူတစ်ဦးကိုဘယ်တော့မှ အမှောင်မလွှမ်းသွားပါစေနဲ့။
သမီးတော်တို့…ရဟန်းတော်တွေဆိုတာကလည်း အာသဝေါကုန်ခမ်းကြသေးတာမဟုတ်ဘူး။ ပုထုဇဉ် တွေ ဘဲ့ဖြစ်လို့ ပြာဖုံးနေတဲ့ မီးခဲတွေပါပဲ။ ဒီမီးခဲတွေကို သမီး တော်တို့ရဲ့ တပ်မက်စရာ ရူပါရုံဆိုတဲ့ လေပြေတစ်

ချက်မွေ့လိုက်ရင်…..ထိပ်ထားမဆက်ပါရစေနဲ့တော့ကွယ်…..။ ဒါကြောင့် သင့်တင့်ရုံပဲပြင်ဆင်ကြ။ ခေါင်း ကပန်းတွေဖြုတ်လိုက်။ မှုံနံ့သာတွေကိုလည်းဖျက်လိုက်ကြပါဦး။ လုံလုံခြုံခြုံ ဝတ်ဆင်ပြီး မြင်ရသူ စိတ်ထဲ မှာ နှမငယ် သမီးငယ်တစ်ယောက်လို ကရုဏာပွားလာအောင် ပြောဆိုဆက်ဆံကြပါကွယ်။”
ဗုဒ္ဓဘာသာအမျိုးသမီးများသိစေချင်သည့်စေတနာနှင့်

ဖြည့်စွက်လိုက်ပါသည်။

(ရှင်စောပုအမည်ရှိစာအုပ်မှ)

[မေမေ့ မုဒိတာ]

FB - Khin Thandar

ဖိုးသူတော် (www.phothutaw.com)
Credit:  ဓမ္မပန်းခင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top