လစဉ် (၄.၇၅) သိန်းကျော် သွင်းရုံဖြင့် သိန်း (၉၀၀) တန် ကွန်ဒို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
×








Ye Lin Aung
Source : goo.gl/czkj93
Credit: sunthit

#Unicode Version#
လူနာ မင်းစိုး သည်ဦးခေါင်းဒဏ်ရာကြောင့် ပထမ အခြေအနေမှန် မဟုတ်တော့ပဲ ဆေးရုံမှာကတည်းက ကယောင် ကတ န်းတွေပြောပြီး ဝင်လိုက် ထွက်လိုက်နှင့် ဆေးရုံကနေ ကျွန်တော်ကားပေါ်ရောက်တော့လည်း သနားစရာ ပါ ထိုင်လို့မရ လဲလို့မရ မြန်မာပြည် ပြန်ချင်တယ်ပဲပြောနေခဲ့ပါတယ်။

ညက စက်ရုံရောက်တော့လည်း သူစက်ရုံနေရာကို မသိတော့ဘူး ဖြစ်နေပါတယ် အခုမနက် သူနဲ့အတူ နေထိုင်သူများက ဖုန်းဆက်လာပါတယ် ညကလည်း ကောင်းကောင်း မအိပ်ဘူး အခုမနက်လည်း ပေါက်ကရတွေလည်းပြောတယ် သူကို မြန်ာပြည်ပြန်ပို့ချင်ပါတယ်ဟု အကူအညီကျွန်တော်တို့ထံ တောင်းခံလာခဲ့ကြပါတယ် အခုအတိုင်းဆို ဒီမှာက ကိုယ့်အလု ပ်ကိုယ်ဆိုတော့ ဘယ်သူကမှ သူကိုမကြည့်နိုင်ဘူး မိသားစုကလည်း စိတ်ပူနေကြပါတယ်။

ကျွန်တော်တို့လည်း ဆေးရုံနဲ့ထပ်မှန်တွေ့ဆုံရပါမယ် လူနာ မင်းစိုး၏အလုပ်ရှင်သူဌေးဆီလည်း တွေ့ဆုံဆွေးနွေး၍ ကျန်း မာရေး အတွက် သူမိသားစုထံ ပြန်ပို့နိုင်ရန် ကူညီကြရပါလိမ့်မယ်။ မြန်မာပြည်တာ အပြီးမဟုတ်ပဲ အလည်သဘောနဲ့ ၂လ ၃ လ ခွင့်နဲ့ပြန်နားဖို့ကိုလည်း သူဌေးမှ ခွင့်ပြုပေးပါရန် လူနာ၏အခြေအနေမှာလည်း ဆရာဝန်ပြောကြားချက်အရ ဦးနောက်အတွင်းထဲ ထိခိုက်မူ့မရှိပဲ အချိန်ယူနားလိုက်ရင် ပြန်ကောင်းသွားမဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

မလေးရှာ ဆီးဂိမ်း က မလေးလူမျိုးအချို့ဟာ အခုလိုမင်းမဲ့စရိုက်စံစွာ ပြုလုပ်လိုက်ထာဟာ မင်းစိုး လေးရဲ့ ဦးနောက်ဟာ ပြန်ကောင်းလာရင်တော့ ကောင်းတာပေါ့ ပြန်မကောင်းခဲ့ရင်ဆိုတဲ့စိတ်နဲ့ သူကိုအားကိုးနေရတဲ့ မိသားစု အတွက်လည်း စိတ်မကောင်းဖြစ်ကြရပါတယ်။

လူနာနှင့် ပွဲတွင်ဖြစ်ပျက်ခဲ့သည့် အခြေအနေများအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှလည်း ဆက်သွယ်မေးမြ န်းမူ့တွေရှိ ပါတယ်။ မလေးရှားဆီးဂိမ်း တာဝန်ရှိသူများလည်း ဆေးရုံသို့ လာရောက်တွေ့ဆုံအားပေးခဲ့ကြပါတယ်။

ကျွန်တော်တို့ မြန်မာအသင်း လက်ကျန်ဆီဂိမ်းဘောလုံးပွဲများ အောင်မြင်ပါစေဘောလုံးချစ်မြန်မာပရိတ်သတ် ကြီးလည်း အန္တရယ်အပေါင်းမှ ကင်းဝေးပါစေလို့ ကျွန်တော်တို့အဖွဲ့မှ ဆုတောင်းပေးပါတယ်။

နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူ ရှင်အဖွဲ့ ကွာလာလမ်ပူ.မလေးရှား ( 23.8.2017 )

Ye Lin Aung
Source : goo.gl/czkj93

ဖိုးသူတော် (www.phothutaw.com)
Credit: sunthit
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top