ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ရန္ကုန္-မႏၲေလး ကား လမ္းေဘး ပဲခူးၿမိဳ႕ ဆည္းဆာ ေကတီဗီဆိုင္တြင္ သီခ်င္းလာဆို သူခ်င္း ခိုက္ရန္ျဖစ္ပြားရာ ႏွစ္ ေလာင္းၿပိဳင္လူသတ္မႈ ျဖစ္ပြားခဲ့ ေၾကာင္း ပဲခူးၿမိဳ႕ အမွတ္(၃) နယ္ ေျမရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

ပဲခူးၿမိဳ႕ ကြၽန္းသာယာရပ္ ကြက္တြင္ေနထုိင္သည့္ အသက္ (၂၃)ႏွစ္အရြယ္ ကိုျမတ္သူႏွင့္ သူငယ္ခ်င္းႏွစ္ဦးသည္ ၾသဂုတ္၁၄ ရက္ နံနက္ ၃ နာရီခန္႔က ဆည္းဆာေကတီဗီ၌ သီခ်င္းဆိုရာက စတင္ျဖစ္ပြားခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။

ထို႔ေနာက္ ေကတီဗီဆိုင္တြင္ အခန္းမ်ား မအားေသးသျဖင့္ ဆုိင္ေရွ႕၌ ေစာင့္ေနစဥ္ ဆိုင္ အတြင္းမွ အမ်ဳိးသားေလးဦးထြက္ လာၿပီး ကိုျမတ္သူတို႔ကို ဆုိင္မွ ဝန္ထမ္းလားဟုေမးရာ မဟုတ္ ေၾကာင္း ျပန္လည္ေျပာဆိုရာမွ စကားမ်ားကာ ေမးျမန္းသူမ်ား ဘက္မွ အမ်ဳိးသားတစ္ဦးက စေကဘာျဖင့္ စတင္ထုိးခဲ့ေၾကာင္း အဆိုပါရဲအရာရွိက ဆက္လက္ရွင္းျပသည္။

ဆိုင္မွထြက္လာသူ ေလးဦး အနက္ အမ်ဳိးသားတစ္ဦးက ကိုျမတ္သူတို႔ကို စေကဘာျဖင့္ စတင္ထုိးခဲ့ၿပီး က်န္သံုးဦးက ဝုိင္း ဝန္းထုိးႀကိတ္ၾကသျဖင့္  အတူပါလာသည့္ အသက္(၁၉)ႏွစ္အရြယ္ သိန္းမင္းထိုက္သည္ ဆိုင္အတြင္းသို႔ ဝင္ေျပးခဲ့ေၾကာင္း အမႈစစ္ရဲအရာရွိက ဆိုသည္။

‘‘စေကဘာနဲ႔ ထုိးတာက ေက်ာ္ႀကီးေပါ့။ သူက အဓိက တရားခံေပါ့။ တရားခံေတြအား လံုးလည္း မိထားၿပီးပါၿပီ။ ေဆး႐ံု တင္ရတဲ့တစ္ေယာက္ကလည္း မစိုးရိမ္ရပါဘူး။ တရားခံေတြကို ေတာ့ ဒီေန႔ ရမန္ယူၿပီး စစ္ေဆး ေနပါတယ္’’ဟု ၎ကဆိုသည္။

ဆိုင္အျပင္တြင္က်န္ခဲ့သည့္ ကိုျမတ္သူႏွင့္ အသက္(၂၇)ႏွစ္ အရြယ္ ကာစင္(ခ)သန္႔ဇင္ဦးတို႔ ထုိးသြင္းဒဏ္ရာမ်ားရရွိကာ ေသ ဆံုးခဲ့ၿပီး ဆုိင္အတြင္း ဝင္ေျပး သည့္ သိန္းမင္းထိုက္လည္း ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ပဲခူးျပည္သူ႔ေဆး႐ံုသို႔ တင္ပို႔ကုသခဲ့ရေၾကာင္း အဆိုပါအမႈစစ္ရဲအရာရွိက ေျပာၾကားသည္။

စေကဘာျဖင့္ထုိး၍ ဝိုင္းဝန္း ႀကိတ္ၾကသူမ်ားသည္ အသက္ (၁၉)ႏွစ္အရြယ္ ေက်ာ္ႀကီး (ခ) ေက်ာ္ထက္လင္း၊ (၁၉)ႏွစ္ အရြယ္ ျပည့္စံုဝင္း၊ (၃၂)ႏွစ္အရြယ္ မင္းသူေအာင္ႏွင့္ (၂၂) ႏွစ္ အရြယ္ ၿဖိဳးဦး(ခ)ပူတူးတို႔ျဖစ္ေၾကာင္း ပဲခူးအမွတ္ (၃)ရဲစခန္း မွ ရဲအရာရွိတစ္ဦးက ဆိုသည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေက်ာ္ႀကီး(ခ) ေက်ာ္ထက္လင္း အပါအဝင္ ေလးဦးကို ပဲခူးအမွတ္ (၃) ရဲစခန္းက လူသတ္မႈပုဒ္မ ၃၀၂၊ ေဘးျဖစ္ေစေသာ လက္ နက္ျဖင့္ နာက်င္ေစမႈပုဒ္မ ၃၂၄ အျပင္ အားေပးကူညီမႈပုဒ္မ ၁၁၄ ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိ သည္။

ၿပီးခဲ့သည့္ ၾသဂုတ္ ၄ ရက္ နံနက္ ၂ နာရီခန္႔ကလည္း ရန္ ကုန္-ပုသိမ္လမ္းမေပၚရွိ DRAGON ေကတီဗီဆိုင္တြင္ သီခ်င္းလာဆိုသူခ်င္း လူခ်င္းတိုက္မိရာမွ စကားမ်ားရန္ျဖစ္ကာပုလင္းကြဲျဖင့္ ထုိးေသာေၾကာင့္ အသက္ (၂၈) ႏွစ္အရြယ္ အမ်ဳိးသားတစ္ဦး ေသဆံုးခဲ့သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
ရန်ကုန်-မန္တလေး ကား လမ်းဘေး ပဲခူးမြို့ ဆည်းဆာ ကေတီဗီဆိုင်တွင် သီချင်းလာဆို သူချင်း ခိုက်ရန်ဖြစ်ပွားရာ နှစ် လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ ကြောင်း ပဲခူးမြို့ အမှတ်(၃) နယ် မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ပဲခူးမြို့ ကျွန်းသာယာရပ် ကွက်တွင်နေထိုင်သည့် အသက် (၂၃)နှစ်အရွယ် ကိုမြတ်သူနှင့် သူငယ်ချင်းနှစ်ဦးသည် သြဂုတ်၁၄ ရက် နံနက် ၃ နာရီခန့်က ဆည်းဆာကေတီဗီ၌ သီချင်းဆိုရာက စတင်ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့နောက် ကေတီဗီဆိုင်တွင် အခန်းများ မအားသေးသဖြင့် ဆိုင်ရှေ့၌ စောင့်နေစဉ် ဆိုင် အတွင်းမှ အမျိုးသားလေးဦးထွက် လာပြီး ကိုမြတ်သူတို့ကို ဆိုင်မှ ဝန်ထမ်းလားဟုမေးရာ မဟုတ် ကြောင်း ပြန်လည်ပြောဆိုရာမှ စကားများကာ မေးမြန်းသူများ ဘက်မှ အမျိုးသားတစ်ဦးက စကေဘာဖြင့် စတင်ထိုးခဲ့ကြောင်း အဆိုပါရဲအရာရှိက ဆက်လက်ရှင်းပြသည်။

ဆိုင်မှထွက်လာသူ လေးဦး အနက် အမျိုးသားတစ်ဦးက ကိုမြတ်သူတို့ကို စကေဘာဖြင့် စတင်ထိုးခဲ့ပြီး ကျန်သုံးဦးက ဝိုင်း ဝန်းထိုးကြိတ်ကြသဖြင့်  အတူပါလာသည့် အသက်(၁၉)နှစ်အရွယ် သိန်းမင်းထိုက်သည် ဆိုင်အတွင်းသို့ ဝင်ပြေးခဲ့ကြောင်း အမှုစစ်ရဲအရာရှိက ဆိုသည်။

‘‘စကေဘာနဲ့ ထိုးတာက ကျော်ကြီးပေါ့။ သူက အဓိက တရားခံပေါ့။ တရားခံတွေအား လုံးလည်း မိထားပြီးပါပြီ။ ဆေးရုံ တင်ရတဲ့တစ်ယောက်ကလည်း မစိုးရိမ်ရပါဘူး။ တရားခံတွေကို တော့ ဒီနေ့ ရမန်ယူပြီး စစ်ဆေး နေပါတယ်’’ဟု ၎င်းကဆိုသည်။

ဆိုင်အပြင်တွင်ကျန်ခဲ့သည့် ကိုမြတ်သူနှင့် အသက်(၂၇)နှစ် အရွယ် ကာစင်(ခ)သန့်ဇင်ဦးတို့ ထိုးသွင်းဒဏ်ရာများရရှိကာ သေ ဆုံးခဲ့ပြီး ဆိုင်အတွင်း ဝင်ပြေး သည့် သိန်းမင်းထိုက်လည်း ဒဏ်ရာများရရှိခဲ့သဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ရကြောင်း အဆိုပါအမှုစစ်ရဲအရာရှိက ပြောကြားသည်။

စကေဘာဖြင့်ထိုး၍ ဝိုင်းဝန်း ကြိတ်ကြသူများသည် အသက် (၁၉)နှစ်အရွယ် ကျော်ကြီး (ခ) ကျော်ထက်လင်း၊ (၁၉)နှစ် အရွယ် ပြည့်စုံဝင်း၊ (၃၂)နှစ်အရွယ် မင်းသူအောင်နှင့် (၂၂) နှစ် အရွယ် ဖြိုးဦး(ခ)ပူတူးတို့ဖြစ်ကြောင်း ပဲခူးအမှတ် (၃)ရဲစခန်း မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ကျော်ကြီး(ခ) ကျော်ထက်လင်း အပါအဝင် လေးဦးကို ပဲခူးအမှတ် (၃) ရဲစခန်းက လူသတ်မှုပုဒ်မ ၃၀၂၊ ဘေးဖြစ်စေသော လက် နက်ဖြင့် နာကျင်စေမှုပုဒ်မ ၃၂၄ အပြင် အားပေးကူညီမှုပုဒ်မ ၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိ သည်။

ပြီးခဲ့သည့် သြဂုတ် ၄ ရက် နံနက် ၂ နာရီခန့်ကလည်း ရန် ကုန်-ပုသိမ်လမ်းမပေါ်ရှိ DRAGON ကေတီဗီဆိုင်တွင် သီချင်းလာဆိုသူချင်း လူချင်းတိုက်မိရာမှ စကားများရန်ဖြစ်ကာပုလင်းကွဲဖြင့် ထိုးသောကြောင့် အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top