Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ျပည္သူ႔ထံမွ ေကာက္ခံထားေသာ အခြန္အခမ်ားႏွင့္ ထိုက္တန္ေသာ ဝန္ေဆာင္မႈကို အစိုးရက ျပန္ေပးရန္လိုအပ္ေၾကာင္း ရန္ကုန္တုိုင္းေဒသႀကီးသဃၤန္းကြၽန္းၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနဘုန္းလတ္က ေျပာသည္။


ဩဂုတ္ ၁၁ ရက္မွ ၁၂ ရက္ အထိ ရန္ကုန္ၿမိဳ႕ Judson Centre၌ ျပသေနသည့္ ‘ပြင့္လင္းပါေစ ဘ႑ာေငြ ခ်မ္းသာႂကြယ္ဝ ျပည္သူ႔ဘဝ’အမည္ရွိ ကာတြန္းျပပြဲ ဖြင့္ပြဲအခမ္းအနားတြင္ ၎ကေျပာၾကားခဲ့သည္။

‘‘ဖုန္းေျပာရင္ ၾကားလား၊ၾကားလား၊ လိုင္းမေကာင္းတာ ေတြ ျဖစ္တယ္။ International Standard အခြန္ေကာက္ခ်င္ရင္ International Standard Service (ႏိုင္ငံတကာအဆင့္မီ ဝန္ေဆာင္မႈ) ျပည္သူေတြကို ေပးဖို႔လိုပါတယ္’’ဟု ဖုန္းဘီလ္မွ အခြန္ေကာက္ျခင္းကို ဥပမာျပဳ၍ လႊတ္ေတာ္အမတ္က ေထာက္ျပသည္။

ထို႔အျပင္ ျပည္သူမ်ားထံက ရရွိေသာ အခြန္မ်ားကို ပြင့္လင္း ျမင္သာမႈရွိေအာင္ လုပ္ေဆာင္သင့္ေၾကာင္း ၎ကေျပာၾကား သည္။

‘‘ျပည္သူေတြမွ မဟုတ္ပါဘူး။ လႊတ္ေတာ္ကိုယ္စားလွယ္ ေတြလည္း သိသင့္ပါတယ္။ ျပည္သူ႔ဘ႑ာေငြကို ျပည္သူအတြက္ တကယ္အက်ိဳးရွိတဲ့ေနရာေတြမွာ အသံုးခ်ႏုိင္တဲ့ ပံုစံမ်ိဳးျဖစ္ေအာင္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အေနနဲ႔လည္း ႀကိဳးစားသင့္ပါတယ္။ အစိုးရအေနနဲ႔ လႊတ္ေတာ္ကို အေလးထားၿပီးေတာ့ စာရင္းဇယားေတြနဲ႔ တိတိက်က်တင္ဖုိ႔လိုပါ တယ္’’ဟု ဦးေနဘုန္းလတ္က ဆုိ သည္။

အဆုိပါျပပြဲတြင္ ကာတြန္း ဆရာ ၄၀ ဦး၏ အခြန္အခႏွင့္ ပတ္သက္ၿပီး ေထာက္ျပထားေသာ လက္ရာမ်ားကို ျပသထားသည္။

‘‘အခြန္ေဆာင္တဲ့အခါ ျပည္သူေတြက ပိုက္ဆံကို ၾကည္ၾကည္ ျဖဴျဖဴနဲ႔ေပးႏုိင္သလား သံသယေတြရွိေနတယ္။ အဲဒီသံသယ ေတြ၊ ျပႆနာေတြကို ကာတြန္းေလးနဲ႔ အစိုးရသက္ဆုိင္ရာ အုပ္ ခ်ဳပ္တဲ့လူေတြနဲ႔ ျပည္သူေတြကို ပိုၿပီးစိတ္ဝင္စားေအာင္ ပံုေဖာ္ေပးတဲ့ ျပပြဲေလးျဖစ္ပါတယ္’’ဟု ကာတြန္း လိုင္လိုဏ္က ေျပာ ၾကားသည္။

ထို႔အျပင္ ျပည္သူ႔ဘ႑ာေငြ ဆုိသည္မွာ အစိုးရတစ္ခု၊ လႊတ္ ေတာ္တစ္ခုတည္းႏွင့္သာ မဆုိင္ဘဲအမ်ားျပည္သူ
တစ္ရပ္လံုးႏွင့္ ဆုိင္ေၾကာင္း အဆုိပါပြဲသို႔ တက္ ေရာက္သည့္ လႊတ္ေတာ္ကိုယ္ စားလွယ္ေဟာင္း ေဒါက္တာ ညိဳညိဳသင္းက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
ပြည်သူ့ထံမှ ကောက်ခံထားသော အခွန်အခများနှင့် ထိုက်တန်သော ဝန်ဆောင်မှုကို အစိုးရက ပြန်ပေးရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောသည်။


ဩဂုတ် ၁၁ ရက်မှ ၁၂ ရက် အထိ ရန်ကုန်မြို့ Judson Centre၌ ပြသနေသည့် ‘ပွင့်လင်းပါစေ ဘဏ္ဍာငွေ ချမ်းသာကြွယ်ဝ ပြည်သူ့ဘဝ’အမည်ရှိ ကာတွန်းပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် ၎င်းကပြောကြားခဲ့သည်။

‘‘ဖုန်းပြောရင် ကြားလား၊ကြားလား၊ လိုင်းမကောင်းတာ တွေ ဖြစ်တယ်။ International Standard အခွန်ကောက်ချင်ရင် International Standard Service (နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှု) ပြည်သူတွေကို ပေးဖို့လိုပါတယ်’’ဟု ဖုန်းဘီလ်မှ အခွန်ကောက်ခြင်းကို ဥပမာပြု၍ လွှတ်တော်အမတ်က ထောက်ပြသည်။

ထို့အပြင် ပြည်သူများထံက ရရှိသော အခွန်များကို ပွင့်လင်း မြင်သာမှုရှိအောင် လုပ်ဆောင်သင့်ကြောင်း ၎င်းကပြောကြား သည်။

‘‘ပြည်သူတွေမှ မဟုတ်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ် တွေလည်း သိသင့်ပါတယ်။ ပြည်သူ့ဘဏ္ဍာငွေကို ပြည်သူအတွက် တကယ်အကျိုးရှိတဲ့နေရာတွေမှာ အသုံးချနိုင်တဲ့ ပုံစံမျိုးဖြစ်အောင် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့လည်း ကြိုးစားသင့်ပါတယ်။ အစိုးရအနေနဲ့ လွှတ်တော်ကို အလေးထားပြီးတော့ စာရင်းဇယားတွေနဲ့ တိတိကျကျတင်ဖို့လိုပါ တယ်’’ဟု ဦးနေဘုန်းလတ်က ဆို သည်။

အဆိုပါပြပွဲတွင် ကာတွန်း ဆရာ ၄၀ ဦး၏ အခွန်အခနှင့် ပတ်သက်ပြီး ထောက်ပြထားသော လက်ရာများကို ပြသထားသည်။

‘‘အခွန်ဆောင်တဲ့အခါ ပြည်သူတွေက ပိုက်ဆံကို ကြည်ကြည် ဖြူဖြူနဲ့ပေးနိုင်သလား သံသယတွေရှိနေတယ်။ အဲဒီသံသယ တွေ၊ ပြဿနာတွေကို ကာတွန်းလေးနဲ့ အစိုးရသက်ဆိုင်ရာ အုပ် ချုပ်တဲ့လူတွေနဲ့ ပြည်သူတွေကို ပိုပြီးစိတ်ဝင်စားအောင် ပုံဖော်ပေးတဲ့ ပြပွဲလေးဖြစ်ပါတယ်’’ဟု ကာတွန်း လိုင်လိုဏ်က ပြော ကြားသည်။

ထို့အပြင် ပြည်သူ့ဘဏ္ဍာငွေ ဆိုသည်မှာ အစိုးရတစ်ခု၊ လွှတ် တော်တစ်ခုတည်းနှင့်သာ မဆိုင်ဘဲအများပြည်သူ
တစ်ရပ်လုံးနှင့် ဆိုင်ကြောင်း အဆိုပါပွဲသို့ တက် ရောက်သည့် လွှတ်တော်ကိုယ် စားလှယ်ဟောင်း ဒေါက်တာ ညိုညိုသင်းက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top