Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သန္႔ရွင္းေမြးပ်ံ႕ေနတာ သိပ္ေကာင္းတာေပါ့။ ဒါေပမယ့္လည္း အရမ္းကို အသန္႔ႀကိဳက္လြန္းလို႔ သင္ ေန႔စဥ္လုပ္ေနမိတဲ့ တစ္ကိုယ္ရည္သန္႔ရွင္းေရးေတြထဲမွာ သင္မသိလိုက္ေပမယ့္ သင့္ကို တရားလြန္သန္႔ရွင္းမႈျဖစ္သြားေစမယ့္ အခ်က္ေတြ ရွိေနပါေသးတယ္။ ဒါေတြကိုေတာ့ အသန္႔ဘယ္ေလာက္ႀကိဳက္ႀကိဳက္ သတိထားဖို႔လိုေနလို႔ ေျပာပါရေစဦး။
သြားသန္႔ရွင္းေရး

အရင္တုန္းက သြားတိုက္တဲ့အခါ သီခ်င္းတစ္ပုဒ္စာ တိုက္ရမယ္လို႔ ၾကားဖူးပါတယ္။ သူတို႔ဆိုလိုတာကေတာ့ သံုးမိနစ္ေလာက္ အခ်ိန္ေပးဖို႔ေပါ့ေနာ္။ ဒါေပမယ့္ သြားကို သံုးမိနစ္ထက္ ပိုၿပီး တိုက္တာကေတာ့ တားပါရေစ။ အခုေနာက္ပိုင္းေခတ္မွာ ေခတ္မီတဲ့ Eletronic သြားတိုက္တံေတြ သံုးမယ္ဆိုရင္ေတာ့ သံုးမိနစ္ေတာင္ တိုက္ဖို႔ မလိုအပ္ပါဘူး။ အခ်ိန္ယူၿပီး သြားတိုက္လိုက္ရင္ တစ္ေနကုန္ ေမြးႀကိဳင္သင္းပ်ံ႕ေနဦးမယ္လို႔ ထင္ပါသလား။ တကယ္ေတာ့ ဒါက အေတြးမွားတစ္ခုပါပဲ။ သြားေတြကို က်န္းမာႀကံ႕ခိုင္ေနေစခ်င္ေသးရင္ အမ်ားဆံုးသံုးမိနစ္ထက္ ပိုမတိုက္ဖို႔ရယ္၊ ေနာက္ၿပီး သံုးလ ဒါမွမဟုတ္ ေလးလတစ္ခါ သြားတိုက္တံကို အသစ္လဲလွယ္ေပးဖို႔ရယ္ တိုက္တြန္းပါရေစ။
မ်က္ႏွာသန္႔ရွင္းေရး

ေရေႏြးပူပူေလးက သင့္ရဲ႕မ်က္ႏွာေလးကို ပိုၿပီးႏူးညံ့သန္႔ရွင္းသြားမယ္လို႔ ထင္ပါသလား။ ေရေႏြးေလးက ေရေအးေတြထက္ မ်က္ႏွာကို ပိုၿပီးစိတ္ေက်နပ္မႈရရွိေအာင္ လုပ္ေပးႏိုင္တာ မွန္ေပမယ့္လည္း ေန႔စဥ္ေန႔တိုင္း ေရေႏြးကို မ်က္ႏွာအတြက္ အသံုးျပဳတာကိုေတာ့ မလုပ္သင့္ပါဘူး။ မ်က္ႏွာေလး ႏုနယ္လန္းဆန္းေနေစခ်င္တယ္ဆိုရင္ေတာ့ မ်က္ႏွာကို တစ္ေန႔ႏွစ္ႀကိမ္ပဲ သန္႔ရွင္းေပးဖုိ႔ရယ္၊ ေရေႏြးေတြကို အခ်ိန္တိုင္း မသံုးဖို႔ရယ္ တားျမစ္ပါရေစ။
နားသန္႔ရွင္းေရး

နားၾကပ္ေတာင္ေလးေတြနဲ႔ နားကို သန္႔ရွင္းေရးလုပ္ေပးတာ တကယ္ကို လိုအပ္တဲ့သန္႔ရွင္းေရးတစ္ခုပါပဲ။ ဒါေပမယ့္လည္း နားကို နားၾကပ္ေတာင္ေတြနဲ႔ ေနတိုင္းလိုလို၊ ေရခ်ိဳးၿပီးတုိင္းလိုလုိ သန္႔ရွင္းေပးေနတာကေတာ့ မလိုအပ္ပါဘူးေနာ္။ တစ္ခါတစ္ေလ နားသန္႔ရွင္းေရးလုပ္တဲ့အခါ သင္ သတိလက္လြတ္ျဖစ္သြားမယ္ဆိုရင္ေတာ့ အဲဒီ့နားၾကပ္ေတာင္ေလးေတြက ၀ါဂြမ္းအစေတြ နားမွာ က်န္ခဲ့တာမ်ိဳးေတြ၊ နားအတြင္းနက္နက္အထိ ဖိထိုးလိုက္မိတာမ်ိဳးေတြက သင့္ရဲ႕ နားက်န္းမာေရးကိုပါ ထိခိုက္ပါေတာ့မယ္။ ေနာက္ၿပီး နားမွာ သင္ဖယ္ရွားလို႔မလြယ္ႏိုင္တဲ့ အညစ္အေၾကးမ်ိဳး တစ္စံုတစ္ရာ ၀င္ေနၿပီလို႔ သံသယရွိေနၿပီဆိုရင္လည္း ကိုယ့္ဘာသာကိုယ္ ႀကိတ္ႀကိဳးစားထုတ္မေနပဲ နားလည္တတ္ကၽြမ္းတဲ့ ဆရာ၀န္နဲ႔ ျပသဖို႔လည္း အေရးႀကီးပါေသးတယ္။
မိန္းမကိုယ္က်န္းမာေရး

မိန္းမကိုယ္ဆိုတာ ေန႔စဥ္သန္႔ရွင္းေနဖို႔ တကယ္တကယ့္ကို အေရးႀကီးတာပါပဲ။ ဒါေပမယ့္လည္း သင္ သံုးေနက် ေရခ်ိဳးဆပ္ျပာေတြနဲ႔ သင့္ရဲ႕ မိန္းမကိုယ္၀န္းက်င္ကို အိမ္သာ၀င္စဥ္အခ်ိန္တိုင္း တိုက္ခၽြတ္ေဆးေၾကာေနမယ္ဆိုရင္ေတာ့ သိပ္မၾကာခင္မွာ မိန္းမကိုယ္ ယားယံျခင္းနဲ႔ ပြန္းပဲ့ျခင္းေတြ ဒါမွမဟုတ္ ျပင္ပပိုးမႊားေတြ ၀င္ေရာက္မႈေတြ ျဖစ္လာႏိုင္လို႔ပါပဲ။ မ်က္ႏွာကိုင္မွသာ မဟုတ္ပါဘူး။ မိန္မကိုယ္ကို ကိုင္တြယ္ေတာ့မယ္ဆိုရင္ လက္သန္႔ေအာင္လည္း ဂရုစိုက္ၾကပါဦးေနာ္။

တကယ္ေတာ့ တစ္ကိုယ္ရည္ သန္႔ရွင္းေရးက အေရးအႀကီးဆံုး မဟုတ္ပါဘူးေနာ္။ တစ္ကိုယ္ရည္က်န္းမာေရးကလည္း အဓိကေနရာမွာ ေနရာယူေနပါတယ္။ အသန္႔လြန္ၿပီး ေရာဂါျဖစ္ရတာမ်ိဳး မျဖစ္ရေလေအာင္ ဂရုစိုက္ၾကပါဦးေနာ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ ကိုယ္ခႏၵာက ေကာက္ေၾကာင္းတိုင္း၊ အစိတ္အပိုင္းတိုင္းဟာ လူတစ္ေယာက္အတြက္ အဖိုးတန္ပစၥည္းေတြခ်ည္းပဲ မို႔လို႔ပါပဲ။
Editor : Moethae Say
ဖိုးသူေတာ္ (www.phothutaw.com)
Credit: MODA

#Unicode Version#
သန့်ရှင်းမွေးပျံ့နေတာ သိပ်ကောင်းတာပေါ့။ ဒါပေမယ့်လည်း အရမ်းကို အသန့်ကြိုက်လွန်းလို့ သင် နေ့စဉ်လုပ်နေမိတဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးတွေထဲမှာ သင်မသိလိုက်ပေမယ့် သင့်ကို တရားလွန်သန့်ရှင်းမှုဖြစ်သွားစေမယ့် အချက်တွေ ရှိနေပါသေးတယ်။ ဒါတွေကိုတော့ အသန့်ဘယ်လောက်ကြိုက်ကြိုက် သတိထားဖို့လိုနေလို့ ပြောပါရစေဦး။
သွားသန့်ရှင်းရေး

အရင်တုန်းက သွားတိုက်တဲ့အခါ သီချင်းတစ်ပုဒ်စာ တိုက်ရမယ်လို့ ကြားဖူးပါတယ်။ သူတို့ဆိုလိုတာကတော့ သုံးမိနစ်လောက် အချိန်ပေးဖို့ပေါ့နော်။ ဒါပေမယ့် သွားကို သုံးမိနစ်ထက် ပိုပြီး တိုက်တာကတော့ တားပါရစေ။ အခုနောက်ပိုင်းခေတ်မှာ ခေတ်မီတဲ့ Eletronic သွားတိုက်တံတွေ သုံးမယ်ဆိုရင်တော့ သုံးမိနစ်တောင် တိုက်ဖို့ မလိုအပ်ပါဘူး။ အချိန်ယူပြီး သွားတိုက်လိုက်ရင် တစ်နေကုန် မွေးကြိုင်သင်းပျံ့နေဦးမယ်လို့ ထင်ပါသလား။ တကယ်တော့ ဒါက အတွေးမှားတစ်ခုပါပဲ။ သွားတွေကို ကျန်းမာကြံ့ခိုင်နေစေချင်သေးရင် အများဆုံးသုံးမိနစ်ထက် ပိုမတိုက်ဖို့ရယ်၊ နောက်ပြီး သုံးလ ဒါမှမဟုတ် လေးလတစ်ခါ သွားတိုက်တံကို အသစ်လဲလှယ်ပေးဖို့ရယ် တိုက်တွန်းပါရစေ။
မျက်နှာသန့်ရှင်းရေး

ရေနွေးပူပူလေးက သင့်ရဲ့မျက်နှာလေးကို ပိုပြီးနူးညံ့သန့်ရှင်းသွားမယ်လို့ ထင်ပါသလား။ ရေနွေးလေးက ရေအေးတွေထက် မျက်နှာကို ပိုပြီးစိတ်ကျေနပ်မှုရရှိအောင် လုပ်ပေးနိုင်တာ မှန်ပေမယ့်လည်း နေ့စဉ်နေ့တိုင်း ရေနွေးကို မျက်နှာအတွက် အသုံးပြုတာကိုတော့ မလုပ်သင့်ပါဘူး။ မျက်နှာလေး နုနယ်လန်းဆန်းနေစေချင်တယ်ဆိုရင်တော့ မျက်နှာကို တစ်နေ့နှစ်ကြိမ်ပဲ သန့်ရှင်းပေးဖို့ရယ်၊ ရေနွေးတွေကို အချိန်တိုင်း မသုံးဖို့ရယ် တားမြစ်ပါရစေ။
နားသန့်ရှင်းရေး

နားကြပ်တောင်လေးတွေနဲ့ နားကို သန့်ရှင်းရေးလုပ်ပေးတာ တကယ်ကို လိုအပ်တဲ့သန့်ရှင်းရေးတစ်ခုပါပဲ။ ဒါပေမယ့်လည်း နားကို နားကြပ်တောင်တွေနဲ့ နေတိုင်းလိုလို၊ ရေချိုးပြီးတိုင်းလိုလို သန့်ရှင်းပေးနေတာကတော့ မလိုအပ်ပါဘူးနော်။ တစ်ခါတစ်လေ နားသန့်ရှင်းရေးလုပ်တဲ့အခါ သင် သတိလက်လွတ်ဖြစ်သွားမယ်ဆိုရင်တော့ အဲဒီ့နားကြပ်တောင်လေးတွေက ဝါဂွမ်းအစတွေ နားမှာ ကျန်ခဲ့တာမျိုးတွေ၊ နားအတွင်းနက်နက်အထိ ဖိထိုးလိုက်မိတာမျိုးတွေက သင့်ရဲ့ နားကျန်းမာရေးကိုပါ ထိခိုက်ပါတော့မယ်။ နောက်ပြီး နားမှာ သင်ဖယ်ရှားလို့မလွယ်နိုင်တဲ့ အညစ်အကြေးမျိုး တစ်စုံတစ်ရာ ဝင်နေပြီလို့ သံသယရှိနေပြီဆိုရင်လည်း ကိုယ့်ဘာသာကိုယ် ကြိတ်ကြိုးစားထုတ်မနေပဲ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသဖို့လည်း အရေးကြီးပါသေးတယ်။
မိန်းမကိုယ်ကျန်းမာရေး

မိန်းမကိုယ်ဆိုတာ နေ့စဉ်သန့်ရှင်းနေဖို့ တကယ်တကယ့်ကို အရေးကြီးတာပါပဲ။ ဒါပေမယ့်လည်း သင် သုံးနေကျ ရေချိုးဆပ်ပြာတွေနဲ့ သင့်ရဲ့ မိန်းမကိုယ်ဝန်းကျင်ကို အိမ်သာဝင်စဉ်အချိန်တိုင်း တိုက်ချွတ်ဆေးကြောနေမယ်ဆိုရင်တော့ သိပ်မကြာခင်မှာ မိန်းမကိုယ် ယားယံခြင်းနဲ့ ပွန်းပဲ့ခြင်းတွေ ဒါမှမဟုတ် ပြင်ပပိုးမွှားတွေ ဝင်ရောက်မှုတွေ ဖြစ်လာနိုင်လို့ပါပဲ။ မျက်နှာကိုင်မှသာ မဟုတ်ပါဘူး။ မိန်မကိုယ်ကို ကိုင်တွယ်တော့မယ်ဆိုရင် လက်သန့်အောင်လည်း ဂရုစိုက်ကြပါဦးနော်။

တကယ်တော့ တစ်ကိုယ်ရည် သန့်ရှင်းရေးက အရေးအကြီးဆုံး မဟုတ်ပါဘူးနော်။ တစ်ကိုယ်ရည်ကျန်းမာရေးကလည်း အဓိကနေရာမှာ နေရာယူနေပါတယ်။ အသန့်လွန်ပြီး ရောဂါဖြစ်ရတာမျိုး မဖြစ်ရလေအောင် ဂရုစိုက်ကြပါဦးနော်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်ခန္ဒာက ကောက်ကြောင်းတိုင်း၊ အစိတ်အပိုင်းတိုင်းဟာ လူတစ်ယောက်အတွက် အဖိုးတန်ပစ္စည်းတွေချည်းပဲ မို့လို့ပါပဲ။
Editor : Moethae Say

ဖိုးသူတော် (www.phothutaw.com)
Credit: MODA
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top