Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

  YBS (၁၄) ယာဥ္​လုိင္​းတြင္​ အ​ေႂကြလဲလွယ္​​ေပးေနစဥ္ (ဓာတ္ပံု − ေအာင္ေဇာ္ထြန္း)
 ေငြစကၠဴအေႂကြမ်ားကို ယာဥ္လိုင္းအမ်ားစုက လဲလွယ္ ေနေသာ္လည္း လိုအပ္ခ်က္မ်ား ေန၍ ေတာင္းဆုိသည့္ အေရအတြက္အတုိင္း လဲေပးႏုိင္ျခင္းမရွိေသးေၾကာင္း အဆိုပါ ယာဥ္လိုင္းတာ၀န္ရွိသူမ်ားက ေျပာသည္။

YBS ယာဥ္လိုင္းမ်ားတြင္ ေငြထည့္ပံုး (Cash Box) မ်ား ထားရွိၿပီးေနာက္ ေငြစကၠဴအေႂကြ ရွားပါးသည့္ျပႆနာ ႀကံဳေတြ႕ ေနရသျဖင့္ ယာဥ္လိုင္းအမ်ားစု က အေႂကြမ်ား ျပန္လည္လဲလွယ္ေပးေနသည္။

‘‘ကၽြန္ေတာ္တို႔က ျပန္လဲေပး ႏုိင္တာ တစ္ရက္ကို သိန္းေလး ရာေလာက္ဆိုရင္ အေႂကြလဲဖို႔ လာၿပီးေလွ်ာက္တဲ့ပမာဏက သိန္းေျခာက္ရာေလာက္ရွိတယ္။ ဒါေၾကာင့္ လုိသေလာက္ ေပးႏုိင္ ဖို႔ခက္တယ္။ ၁၀ သိန္းေလာက္ လိုခ်င္တဲ့သူဆုိရင္ ငါးသိန္း ေလာက္ပဲထုတ္ေပးႏုိင္တယ္’’ဟု ရန္ကုန္ၿမိဳ႕ အမ်ားျပည္သူသယ္ယူ ပို႔ေဆာင္ေရးအမ်ားပိုင္ ကုမၸဏီ (YUPT)မွ CEO ဦးေမာင္ေမာင္လြင္က ေျပာသည္။

ထိုသုိ႔ ေငြအေႂကြမ်ားကို နီး စပ္ရာပတ္၀န္းက်င္တြင္ ေနထိုင္ သူမ်ားက အမ်ားဆံုးလာေရာက္ လဲလွယ္ေနၾကၿပီး ယာဥ္လိုင္းဂိတ္အနီး ေနထိုင္သူမ်ားကုိပင္ လံုေလာက္ေအာင္လဲေပးႏိုင္ျခင္းမရွိေၾကာင္း YBS (၁၄) ယာဥ္လိုင္း ဒုတိယတာ၀န္ခံ ဦးမ်ိဳးမင္းသန္႔က ေျပာသည္။

‘‘ေငြအေႂကြက ရွိသေလာက္ ကို ထုတ္လဲေပးေနတာပါ။ ကၽြန္ ေတာ္တုိ႔ လိုင္းဆုိ တစ္ရက္ကုိ သိန္းႏွစ္ဆယ္ေလာက္ ၀င္တယ္။ ပတ္၀န္းက်င္က လူေတြလာလဲ တာနဲ႔ေတာင္မေလာက္ဘူး။ တ ခ်ိဳ႕ေတြဆုိရင္ ၁၀ သိန္း၊ ၁၅ သိန္းဖိုးေလာက္ လာလဲၾကပါ တယ္။ ဒီေလာက္အမ်ားႀကီး ဘာ ေၾကာင့္လဲတာလဲဆုိတာေတာ့ မ သိဘူး’’ဟု ၎က ေျပာသည္။

ထုိသို႔ ေငြအေႂကြရွားပါးရ ျခင္းသည္ ေငြစကၠဴအေႂကြအသစ္ မ်ားကို ဗဟိုဘဏ္က ထုတ္ေပးႏုိင္ မႈနည္းပါးေနျခင္းေၾကာင့္ ျဖစ္ႏုိင္သည္ဟု ယာဥ္လိုင္းတာ၀န္ရွိသူမ်ားက ဆုိသည္။

ယခင္ မထသစနစ္ က်င့္သံုး ခဲ့စဥ္က ျမန္မာ့စီးပြားေရးဘဏ္မွ တစ္လလွ်င္ ႏွစ္ႀကိမ္ႏႈန္းျဖင့္ တစ္ ႀကိမ္လွ်င္ ေငြစကၠဴအေႂကြသစ္ က်ပ္သိန္း ၂၀ ဖိုးခန္႔ကို ယာဥ္လိုင္း အားလံုးသို႔ ခဲြေ၀ထုတ္ေပးျခင္း ျဖင့္ အေႂကြရွားပါးမႈမျဖစ္ေအာင္ ေဆာင္ရြက္ႏုိင္ခဲ့ေၾကာင္း ၎တို႔ က ေျပာသည္။

‘‘ေငြအေႂကြေတြကိုလည္း သက္ဆုိုင္ရာကထုတ္ေပးႏုိင္ မယ္။ လက္ရွိအေႂကြစီးဆင္းမႈကို လည္း အဆက္မျပတ္ေအာင္လုပ္ ေပးႏုိင္မယ္ဆုိရင္ေတာ့ အေႂကြ ျပႆနာေျပလည္ႏုိင္ပါတယ္’’ဟု ဦးေမာင္ေမာင္လြင္ကေျပာသည္။

ထို႔အျပင္ ယာဥ္စီးခအေႂကြ မ်ားထဲမွ သံုးမရေအာင္ စုတ္ၿပဲေန သည့္ ေငြစကၠဴမ်ားရွိေနျခင္း ေၾကာင့္ ေငြစကၠဴအေႂကြဆံုး႐ႈံးမႈ မ်ားျဖစ္ေပၚေစသည္ဟု ယာဥ္လိုုင္းတာ၀န္ခံတစ္ဦးက ေျပာသည္။

‘‘ကၽြန္ေတာ္တုိ႔ ကုမၸဏီမွာ ေတာ့ တစ္လကို သံုးမရေအာင္ စုတ္ၿပဲေနတဲ့ ေငြစကၠဴအေႂကြ က ၁၂ သိန္းဖိုးေက်ာ္ေလာက္ရ တယ္။ ဒီအေႂကြအၿပဲေတြကို မီးပူ တိုက္၊ တိပ္ကပ္ၿပီး ဗဟိုဘဏ္ ျပန္အပ္ရတယ္။ ဗဟိုဘဏ္က တန္ဖိုးအတုိင္းေတာ့ ျပန္ထုတ္ ေပးတယ္’’ဟု ဦးေမာင္ေမာင္လြင္ က ေျပာသည္။

လက္ရွိ YBS ယာဥ္လိုင္းမ်ား တြင္ (Cash Box) အတြင္း ကိုယ္ တိုင္ထည့္၍ စီးနင္းရျခင္းေၾကာင့္ ေငြစကၠဴအေႂကြ မပါသူမ်ားအ တြက္ အခက္အခဲမ်ားရွိေနသည့္ အျပင္ ေစ်း၀ယ္ရာတြင္လည္း ယင္းအေႂကြျပႆနာမ်ားရွိေန သည္ဟု ခရီးသြားမ်ားကဆုိသည္။

‘‘ေစ်း၀ယ္ရင္ေတာင္ အ ေႂကြပါလားဆိုၿပီး ေစ်းသည္က စ ေမးတယ္။ အေႂကြေတြကလည္း အေဟာင္းအၿပဲေတြပဲရွိေတာ့တာ ေတြ႕ရတယ္။ အသစ္ေတြထပ္မ ထုတ္ေတာ့ဘူးလားမသိဘူး’’ဟု ေျမာက္ဥကၠလာပ ၿမိဳ႕နယ္ေန မခိုင္ဇင္သက္က ေျပာသည္။

ေငြစကၠဴအေႂကြ ရွားပါးမႈ မ်ား မႀကံဳေတြ႕ရေစရန္ ယာဥ္ လိုင္းတာ၀န္ရွိသူမ်ားက ေျဖရွင္းေဆာင္ရြက္ေပးေနၿပီး ယင္းျပႆနာကို ထိန္းခ်ဳပ္ႏုိင္ရန္ ႀကိဳတင္ေငြေပးကတ္စနစ္ကို လုပ္ေဆာင္မည္ဟု ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖဲြ႕(YRTA)အတြင္းေရးမွဴး ေဒါက္တာေမာင္ ေအာင္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
YBS (၁၄) ယာဉ်လိုင်းတွင် အကြွေလဲလှယ်ပေးနေစဉ် (ဓာတ်ပုံ − အောင်ဇော်ထွန်း)

 ငွေစက္ကူအကြွေများကို ယာဉ်လိုင်းအများစုက လဲလှယ် နေသော်လည်း လိုအပ်ချက်များ နေ၍ တောင်းဆိုသည့် အရေအတွက်အတိုင်း လဲပေးနိုင်ခြင်းမရှိသေးကြောင်း အဆိုပါ ယာဉ်လိုင်းတာဝန်ရှိသူများက ပြောသည်။

YBS ယာဉ်လိုင်းများတွင် ငွေထည့်ပုံး (Cash Box) များ ထားရှိပြီးနောက် ငွေစက္ကူအကြွေ ရှားပါးသည့်ပြဿနာ ကြုံတွေ့ နေရသဖြင့် ယာဉ်လိုင်းအများစု က အကြွေများ ပြန်လည်လဲလှယ်ပေးနေသည်။

‘‘ကျွန်တော်တို့က ပြန်လဲပေး နိုင်တာ တစ်ရက်ကို သိန်းလေး ရာလောက်ဆိုရင် အကြွေလဲဖို့ လာပြီးလျှောက်တဲ့ပမာဏက သိန်းခြောက်ရာလောက်ရှိတယ်။ ဒါကြောင့် လိုသလောက် ပေးနိုင် ဖို့ခက်တယ်။ ၁၀ သိန်းလောက် လိုချင်တဲ့သူဆိုရင် ငါးသိန်း လောက်ပဲထုတ်ပေးနိုင်တယ်’’ဟု ရန်ကုန်မြို့ အများပြည်သူသယ်ယူ ပို့ဆောင်ရေးအများပိုင် ကုမ္ပဏီ (YUPT)မှ CEO ဦးမောင်မောင်လွင်က ပြောသည်။

ထိုသို့ ငွေအကြွေများကို နီး စပ်ရာပတ်ဝန်းကျင်တွင် နေထိုင် သူများက အများဆုံးလာရောက် လဲလှယ်နေကြပြီး ယာဉ်လိုင်းဂိတ်အနီး နေထိုင်သူများကိုပင် လုံလောက်အောင်လဲပေးနိုင်ခြင်းမရှိကြောင်း YBS (၁၄) ယာဉ်လိုင်း ဒုတိယတာဝန်ခံ ဦးမျိုးမင်းသန့်က ပြောသည်။

‘‘ငွေအကြွေက ရှိသလောက် ကို ထုတ်လဲပေးနေတာပါ။ ကျွန် တော်တို့ လိုင်းဆို တစ်ရက်ကို သိန်းနှစ်ဆယ်လောက် ဝင်တယ်။ ပတ်ဝန်းကျင်က လူတွေလာလဲ တာနဲ့တောင်မလောက်ဘူး။ တ ချို့တွေဆိုရင် ၁၀ သိန်း၊ ၁၅ သိန်းဖိုးလောက် လာလဲကြပါ တယ်။ ဒီလောက်အများကြီး ဘာ ကြောင့်လဲတာလဲဆိုတာတော့ မ သိဘူး’’ဟု ၎င်းက ပြောသည်။

ထိုသို့ ငွေအကြွေရှားပါးရ ခြင်းသည် ငွေစက္ကူအကြွေအသစ် များကို ဗဟိုဘဏ်က ထုတ်ပေးနိုင် မှုနည်းပါးနေခြင်းကြောင့် ဖြစ်နိုင်သည်ဟု ယာဉ်လိုင်းတာဝန်ရှိသူများက ဆိုသည်။

ယခင် မထသစနစ် ကျင့်သုံး ခဲ့စဉ်က မြန်မာ့စီးပွားရေးဘဏ်မှ တစ်လလျှင် နှစ်ကြိမ်နှုန်းဖြင့် တစ် ကြိမ်လျှင် ငွေစက္ကူအကြွေသစ် ကျပ်သိန်း ၂၀ ဖိုးခန့်ကို ယာဉ်လိုင်း အားလုံးသို့ ခွဲဝေထုတ်ပေးခြင်း ဖြင့် အကြွေရှားပါးမှုမဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ၎င်းတို့ က ပြောသည်။

‘‘ငွေအကြွေတွေကိုလည်း သက်ဆိုင်ရာကထုတ်ပေးနိုင် မယ်။ လက်ရှိအကြွေစီးဆင်းမှုကို လည်း အဆက်မပြတ်အောင်လုပ် ပေးနိုင်မယ်ဆိုရင်တော့ အကြွေ ပြဿနာပြေလည်နိုင်ပါတယ်’’ဟု ဦးမောင်မောင်လွင်ကပြောသည်။

ထို့အပြင် ယာဉ်စီးခအကြွေ များထဲမှ သုံးမရအောင် စုတ်ပြဲနေ သည့် ငွေစက္ကူများရှိနေခြင်း ကြောင့် ငွေစက္ကူအကြွေဆုံးရှုံးမှု များဖြစ်ပေါ်စေသည်ဟု ယာဉ်လိုုင်းတာဝန်ခံတစ်ဦးက ပြောသည်။

‘‘ကျွန်တော်တို့ ကုမ္ပဏီမှာ တော့ တစ်လကို သုံးမရအောင် စုတ်ပြဲနေတဲ့ ငွေစက္ကူအကြွေ က ၁၂ သိန်းဖိုးကျော်လောက်ရ တယ်။ ဒီအကြွေအပြဲတွေကို မီးပူ တိုက်၊ တိပ်ကပ်ပြီး ဗဟိုဘဏ် ပြန်အပ်ရတယ်။ ဗဟိုဘဏ်က တန်ဖိုးအတိုင်းတော့ ပြန်ထုတ် ပေးတယ်’’ဟု ဦးမောင်မောင်လွင် က ပြောသည်။

လက်ရှိ YBS ယာဉ်လိုင်းများ တွင် (Cash Box) အတွင်း ကိုယ် တိုင်ထည့်၍ စီးနင်းရခြင်းကြောင့် ငွေစက္ကူအကြွေ မပါသူများအ တွက် အခက်အခဲများရှိနေသည့် အပြင် ဈေးဝယ်ရာတွင်လည်း ယင်းအကြွေပြဿနာများရှိနေ သည်ဟု ခရီးသွားများကဆိုသည်။

‘‘ဈေးဝယ်ရင်တောင် အ ကြွေပါလားဆိုပြီး ဈေးသည်က စ မေးတယ်။ အကြွေတွေကလည်း အဟောင်းအပြဲတွေပဲရှိတော့တာ တွေ့ရတယ်။ အသစ်တွေထပ်မ ထုတ်တော့ဘူးလားမသိဘူး’’ဟု မြောက်ဥက္ကလာပ မြို့နယ်နေ မခိုင်ဇင်သက်က ပြောသည်။

ငွေစက္ကူအကြွေ ရှားပါးမှု များ မကြုံတွေ့ရစေရန် ယာဉ် လိုင်းတာဝန်ရှိသူများက ဖြေရှင်းဆောင်ရွက်ပေးနေပြီး ယင်းပြဿနာကို ထိန်းချုပ်နိုင်ရန် ကြိုတင်ငွေပေးကတ်စနစ်ကို လုပ်ဆောင်မည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)အတွင်းရေးမှူး ဒေါက်တာမောင် အောင်က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top