ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ျပင္သစ္လီဂူးဝမ္း နိ႔စ္အသင္းမွ အုိင္ဗရီကို႔စ္ကြင္း လယ္လူ ဂ်ိန္းမိုက္ကယ္ဆာရီကုိ ဘာစီလိုနာက ယူ႐ုိသန္း ၄၀ ျဖင့္ လာမည့္သီတင္းပတ္တြင္ စာခ်ဳပ္ ခ်ဳပ္ဆုိမည္ျဖစ္ေၾကာင္း Mundo Deportivo ႏွင့္ Radio Montecarlo သတင္းဌာနတို႔က ေဖာ္ျပသည္။

ဆာရီ (၂၆)ႏွစ္အတြက္ နိ႔စ္အသင္းႏွင့္ သေဘာတူထားေသာေၾကးကုိ ဘာစီလိုနာက ေပးမည္ဟု သေဘာတူၿပီး လာမည့္သီ တင္းပတ္အကုန္တြင္ ဘာစီလိုနာ ကစားသမားျဖစ္လာေတာ့မည္ ဟု ယင္းသတင္းမ်ားက ေဖာ္ျပ သည္။

ဇာဗီလက္သစ္အျဖစ္ တင္ စားခံရသူ ဆာရီ ဘာစီလိုနာသို႔ ေရာက္လာပါက ၎တို႔၏ အဓိကကြင္းလယ္လူ အင္နီေယစတာ သည္ တ႐ုတ္ (သုိ႔မဟုတ္) ေမဂ်ာ လိဂ္သုိ႔ ေျပာင္းေရႊ႕ႏုိင္ေၾကာင္း ယင္းသတင္းက ဆက္လက္ေဖာ္ ျပသည္။

အင္နီေယစတာကုိ တ႐ုတ္ စူပါလိဂ္က ႀကီးမားေသာ ကမ္း လွမ္းမႈျပဳလုပ္ထားၿပီး ၎ကုိယ္ တုိင္က ဘာစီလိုနာႏွင့္ စာခ်ဳပ္ သက္တမ္းတုိးႏိုင္ျခင္းမရိွေသးဟု ေျပာၾကားထားသည္။

ဘာစီလိုနာက လီဗာပူးကြင္း လယ္လူ ေကာ္တင္ဟုိကုိ ေခၚယူ ရန္ ဆက္လက္ႀကိဳးပမ္းေနၿပီး လီဗာပူးက ၎တို႔၏ ကမ္းလွမ္းမႈကုိ ပယ္ခ်ထားသည္။ ဘာစီလိုနာက ဆာရီႏွင့္ ေကာ္တင္ဟုိတုိ႔ ကုိ ကြင္းလယ္တြင္ တဲြကစားရန္ ေမွ်ာ္လင့္ေနသည္။

ဆာရီသည္ ၿပီးခဲ့သည့္ ရာသီက နိ႔စ္အသင္း ခ်န္ပီယံလိဂ္ဝင္ခြင့္ရရိွရာတြင္ အေရးပါေသာေနရာက ပါဝင္ကူညီခ့ဲသည္။

ဘာစီလိုနာက ေကာ္တင္ဟုိ ကုိ ယူ႐ုိ ၁၂၅ သန္းအထိ တုိး၍ ကမ္းလွမ္းထားေသာ္လည္း လီဗာ ပူးက ပယ္ခ်ထားသည္။ သို႔ေသာ္ ဘာစီလိုနာက ေနာက္ထပ္ေၾကး ပုိေပး၍ ကမ္းလွမ္းလာဖြယ္ရိွ သည္။

—Ref:AS

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
  ပြင်သစ်လီဂူးဝမ်း နိ့စ်အသင်းမှ အိုင်ဗရီကို့စ်ကွင်း လယ်လူ ဂျိန်းမိုက်ကယ်ဆာရီကို ဘာစီလိုနာက ယူရိုသန်း ၄၀ ဖြင့် လာမည့်သီတင်းပတ်တွင် စာချုပ် ချုပ်ဆိုမည်ဖြစ်ကြောင်း Mundo Deportivo နှင့် Radio Montecarlo သတင်းဌာနတို့က ဖော်ပြသည်။

ဆာရီ (၂၆)နှစ်အတွက် နိ့စ်အသင်းနှင့် သဘောတူထားသောကြေးကို ဘာစီလိုနာက ပေးမည်ဟု သဘောတူပြီး လာမည့်သီ တင်းပတ်အကုန်တွင် ဘာစီလိုနာ ကစားသမားဖြစ်လာတော့မည် ဟု ယင်းသတင်းများက ဖော်ပြ သည်။


ဇာဗီလက်သစ်အဖြစ် တင် စားခံရသူ ဆာရီ ဘာစီလိုနာသို့ ရောက်လာပါက ၎င်းတို့၏ အဓိကကွင်းလယ်လူ အင်နီယေစတာ သည် တရုတ် (သို့မဟုတ်) မေဂျာ လိဂ်သို့ ပြောင်းရွှေ့နိုင်ကြောင်း ယင်းသတင်းက ဆက်လက်ဖော် ပြသည်။

အင်နီယေစတာကို တရုတ် စူပါလိဂ်က ကြီးမားသော ကမ်း လှမ်းမှုပြုလုပ်ထားပြီး ၎င်းကိုယ် တိုင်က ဘာစီလိုနာနှင့် စာချုပ် သက်တမ်းတိုးနိုင်ခြင်းမရှိသေးဟု ပြောကြားထားသည်။

ဘာစီလိုနာက လီဗာပူးကွင်း လယ်လူ ကော်တင်ဟိုကို ခေါ်ယူ ရန် ဆက်လက်ကြိုးပမ်းနေပြီး လီဗာပူးက ၎င်းတို့၏ ကမ်းလှမ်းမှုကို ပယ်ချထားသည်။ ဘာစီလိုနာက ဆာရီနှင့် ကော်တင်ဟိုတို့ ကို ကွင်းလယ်တွင် တွဲကစားရန် မျှော်လင့်နေသည်။

ဆာရီသည် ပြီးခဲ့သည့် ရာသီက နိ့စ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရာတွင် အရေးပါသောနေရာက ပါဝင်ကူညီခဲ့သည်။

ဘာစီလိုနာက ကော်တင်ဟို ကို ယူရို ၁၂၅ သန်းအထိ တိုး၍ ကမ်းလှမ်းထားသော်လည်း လီဗာ ပူးက ပယ်ချထားသည်။ သို့သော် ဘာစီလိုနာက နောက်ထပ်ကြေး ပိုပေး၍ ကမ်းလှမ်းလာဖွယ်ရှိ သည်။

—Ref:AS


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top